HomeEntertainmentFilmVenom 2 ထွေလာထဲက စိတ်ဝင်စားစရာ အသေးစိတ်အချက်များ

Venom 2 ထွေလာထဲက စိတ်ဝင်စားစရာ အသေးစိတ်အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကျွန်တော်တို့ စောင့်မျှော်နေတဲ့ Venom: Let There Be Carnage ရဲ့ ထွေလာဟာ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Venom ရုပ်ရှင်ကတော့ box office မှာ ဝင်ငွေအရ အောင်မြင်ခဲ့ပေမယ့်လည်း ရုပ်ရှင်ဝေဖန်ရေးအနေနဲ့ ဆိုရင်တော့ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ Venom 2 ကတော့ ၂၀၂၁ခုနှစ် စက်တင်ဘာလထဲမှာ ရုံတင်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်ကားကို မကြည့်ရသေးခင် အခုထွေလာထဲမှာ ပါဝင်ထားတဲ့ စိတ်ဝင်စားစရာ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Eddie Brock နဲ့ Venom တို့ကြားက စည်းကမ်း
photo via screenrant

အတူနေကြတဲ့ အခန်းဖော်တွေ အများစုဟာ ဘယ်သူက ပန်းကန်တွေ ဆေးရမယ်၊ ဒါမှမဟုတ် တစ်ခြားသူတွေရဲ့ အစားအစာတွေကို ယူမစားရဘူးဆိုတဲ့ စည်းကမ်းတွေ ထားလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း Eddie နဲ့ Venom တို့ကြားက စည်းကမ်းကတော့ သာမန်ထက် အနည်းငယ် ထူးခြားပါတယ်။ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Venom ရုပ်ရှင်ရဲ့ အဆုံးမှာတော့ Eddie နဲ့ Venom တို့ဟာ အဆင်ပြေပြေနဲ့ အတူယှဉ်တွဲ နေထိုင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် Eddie ကတော့ လူတွေကို စားသုံးတာနဲ့ ပတ်သက်လာရင် အလွန်စည်းကမ်းတင်းကြပ်လေ့ ရှိပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ တိုက်ခန်းနံရံမှာ လူတွေကို မစားသုံးရဘူးလို့ စည်းကမ်း ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အနည်းငယ် ရယ်ချင်စရာ ကောင်းနေပေမယ့်လည်း သူတို့နှစ်ယောက်ကြားက ယုံကြည်မှုနဲ့ ဆက်သွယ်မှုကို ပြသထားတာ ဆိုရင်လည်း မမှားပါဘူး။ Venom 2 ထဲမှာတော့ အရင်လောက် မကြမ်းတမ်းတော့တဲ့ Venom ကို မြင်တွေ့ရမှာ ဖြစ်ပြီး ဒုတိယရုပ်ရှင်ဟာ ပထမရုပ်ရှင်အပြီး အချိန်တစ်နှစ်ခွဲအကြာမှာ ဇာတ်အိမ်တည်ထားတာလို့ သိရပါတယ်။

(2) နံနက်စာ ပြင်ဆင်နေတဲ့ အခန်း
photo via screenrant

Venom 2 ရဲ့ ထွေလာအစမှာတော့ Eddie နဲ့ Venom တို့ နံနက်စာ ပြင်ဆင်နေတာကို ဟာသဆန်ဆန် ပြသသွားပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Eddie ရဲ့ တိုက်ခန်းဟာ ရှုပ်ပွနေတာကို မြင်တွေ့ခဲ့ရသလို တိရစာ္ဆန်တွေလည်း လျှောက်သွားနေတာကို မြင်ခဲ့ရပါတယ်။ အဲ့ဒီတိရစာ္ဆန်တွေကတော့ Venom အတွက် ညစာ ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ တိုက်ခန်းဟာ ဘာကြောင့် အခုလိုရှုပ်ပွနေလည်း ဆိုတာကိုတော့ ဒီဇာတ်ဝင်ခန်း တစ်ခုတည်းနဲ့ နားလည်နိုင်ပါတယ်။ ဒါ့အပြင် Eddie ဟာ Venom ကို သူ့ရဲ့ လက်တံတွေနဲ့ နံနက်စာ ပြင်ဆင်ဖို့ ခွင့်ပြုထားတာကို မြင်တွေ့ရပါတယ်။ ဒါ့အပြင် ဒီပုံစံဟာ သူ့ရဲ့ဘဝအသစ် ဖြစ်နေပြီလို့ Eddie က လက်ခံထားတဲ့ ပုံစံကိုလည်း မြင်ရပါတယ်။

(3) Cletus Kasady ရဲ့ ဖိတ်ကြားမှု
photo via screenrant

Eddie ဟာ နံနက်စာစားဖို့ စားပွဲမှာ ထိုင်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့လက်ထဲမှာ ကတ်တစ်ခုကို ကိုင်ထားတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ Cletus ဟာ သူ့ရဲ့အကျဉ်းခန်းထဲမှာ ကတ်တစ်ခုပေါ်မှာ တစ်ခုခုကို ရေးသားနေတဲ့ ပုံစံကို မြင်ခဲ့ရပြီး အဲ့ဒီကတ်ဟာ Eddie ကိုင်ထားတဲ့ကတ် ဖြစ်နေနိုင်ပါတယ်။ ဒီအချက်သာ အမှန်တကယ် ဖြစ်နေမယ် ဆိုရင်တော့ Cletus ဟာ Eddie ကို တစ်နည်းနည်းနဲ့ ဆက်သွယ်နေတာ ဖြစ်နိုင်ပါတယ်။

(4) Mrs. Chen
photo via screenrant

အဲ့ဒီနောက်မှာတော့ Eddie ဟာ စတိုးဆိုင်တစ်ခုထဲကို ဝင်သွားတာ မြင်ရပါတယ်။ အဲ့ဒီစတိုးဆိုင်ထဲမှာတော့ ပထမရုပ်ရှင်ကားထဲမှာလည်း ပါဝင်ခဲ့တဲ့ Mrs. Chen ကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ Venom ကိုယ်တိုင်က Mrs. Chen ကို နှုတ်ဆက်ခဲ့ပြီး Mrs. Chen ကလည်း အေးအေးဆေးဆေး ဖြစ်နေတာကို တွေ့ရပါတယ်။ ပထမရုပ်ရှင်ထဲမှာတော့ Eddie ဟာ Mrs. Chen ကို အဲ့ဒီစတိုးဆိုင်မှာ ဓားပြလာတိုက်တဲ့ လူဆိုးတစ်ယောက်ရဲ့ ရန်ကနေ သူ့ရဲ့ symbiote အစွမ်းနဲ့ ကယ်တင်ခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့်လည်း Mrs. Chen ဟာ Eddie နဲ့ Venom တို့ကို မကြောက်ရွံ့တာ ဖြစ်နိုင်ပါတယ်။

(5) Stan Lee Easter Egg
photo via screenrant

ဝမ်းနည်းစွာနဲ့ပဲ Stan Lee ဟာ ကျွန်တော်တို့နဲ့အတူ မရှိတော့တာတောင် ဒီရုပ်ရှင်ထဲမှာတော့ cameo အနေနဲ့ ဆက်လက်ပါဝင်ခဲ့ပါတယ်။ Eddie ဟာ စတိုးဆိုင်ထဲကို ဝင်လာတဲ့အချိန်မှာ Stan Lee ရဲ့ပုံကို မဂ္ဂဇင်းမျက်နှာဖုံးမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Eddie က လမ်းလျှောက်သွားတဲ့ အချိန်မှာလည်း Venom ရဲ့ လက်ချောင်းတွေက အဲ့ဒီမဂ္ဂဇင်းကို ညွှန်ပြခဲ့ပါတယ်။

(6) Cletus အဖမ်းခံထားရတဲ့ အကျဉ်းထောင်
photo via screenrant

၂၀၁၈တုန်းက ထွက်ရှိခဲ့တဲ့ Venom ရဲ့ credit scene ကို မှတ်မိတဲ့သူတွေကတော့ ပုံထဲမှာ ပြထားတဲ့ အဆောက်အအုံကို ရင်းနှီးနေပါလိမ့်မယ်။ အကြောင်းကတော့ အဲ့ဒီအဆောက်အအုံဟာ Cletus ကို ဖမ်းဆီးထားတဲ့ အကျဉ်းထောင် ဖြစ်နေလို့ပါ။ ဒါ့အပြင် ဒီထွေလာထဲမှာ ပြသသွားတဲ့အတိုင်း ဆိုရင်တော့ Eddie နဲ့ Cletus တို့ဟာ တစ်နှစ်ခွဲဆိုတဲ့ ကာလအတွင်းမှာ ရင်းနှီးမှု ရရှိလာတယ်လို့ ယူဆနိုင်ပါတယ်။

(7) Cletus Kasady
photo via screenrant

Cletus Kasady ကတော့ ၂၀၁၈တုန်းက ထွက်ရှိခဲ့တဲ့ Venom ရဲ့ credit scene ထဲမှာ စတင်ပါဝင်ခဲ့ပြီး Venom 2 ထဲမှာတော့ အဓိကဗီလိန်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒီထွေလာထဲမှာတော့ Cletus ဟာ အရင်လို ခေါင်းမွေးစုပ်ဖွားနဲ့ မဟုတ်တော့သလို သူနေထိုင်တဲ့ အကျဉ်းခန်းထဲမှာလည်း နံရံကို ထုထွင်းပြီး အလှဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၁၈ ထွက် Venom ထဲကလို စကားပြောတဲ့အချိန်မှာ စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့ ပုံစံလည်း သိပ်မမြင်ရတော့ပါဘူး။

(8) You & I Are The Same
photo via screenrant

ဒီထွေလာထဲက တစ်နေရာမှာတော့ Cletus ဟာ သူနဲ့ Eddie တို့ကြားမှာ တူညီတဲ့ ပင်ကိုစရိုက်တွေ ရှိနေကြတယ်လို့ ယုံကြည်နေပါတယ်။ အဲ့ဒီအချိန်မှာတော့ Cletus ဟာ symbiote ပူးကပ်နေတဲ့ ပုံစံမျိုး မမြင်ခဲ့ရပါဘူး။ ဒါကြောင့်ပဲ Cletus ပြောချင်တာက သူတို့နှစ်ယောက်ဟာ symbiote ပူးကပ်ခံထားရတာကြောင့် တူညီနေတယ်လို့ ပြောတာ  မဟုတ်လောက်ပါဘူး။ သူ ပြောချင်တာကတော့ Eddie နဲ့ သူတို့နှစ်ယောက်လုံးရဲ့ ပင်ကိုစရိုက်တွေက တူညီနေတယ်လို့ ပြောချင်တာ ဖြစ်နိုင်ပါတယ်။

(9) Venom အဖြစ် ပြောင်းလဲသွားခြင်း
photo via screenrant

ဒီထွေလာထဲမှာတော့ Venom ရဲ့ လက်တံတွေနဲ့ နံနက်စာ ပြုလုပ်နေတာနဲ့ Mrs. Chen ကို နှုတ်ဆက်တာအပြင် Venom အဖြစ် လုံးဝပြောင်းလဲသွားတာကိုလည်း မြင်ရပါတယ်။ Eddie ဟာ Venom အဖြစ် ပြောင်းလဲပြီးတော့ လမ်းကြားလေး တစ်ခုထဲမှာ လူဆိုးတစ်ယောက်ကို ခြေချင်းဝတ်က ကိုင်ပြီး ဆွဲမြှောက်ကာ တိုက်ခိုက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီဇာတ်ဝင်ခန်း အစမှာတော့ အဝါရောင်ဝတ်စုံ ဝတ်ထားတဲ့ အမျိူးသမီးတစ်ယောက်ကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ အဲ့ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Venom ဟာ anti-hero ဆန်ဆန် ရာဇဝတ်မှုတွေကို တိုက်ဖျက်နေတယ်လို့ ပြောနိုင်ပါတယ်။

(10) Cletus ကို စုံစမ်းနေတဲ့ Eddie
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ မှောင်မိုက်နေတဲ့ အခန်းကျဉ်းထဲမှာ Eddie ဟာ laptop တစ်လုံးနဲ့ စာရွက်တွေ တပုံကြီးကို လေ့လာနေတာ မြင်ခဲ့ရပါတယ်။ အဲ့ဒီစာရွက်ရဲ့ အသေးစိတ် အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Eddie ဟာ Cletus ရဲ့အမှုတွေကို စုံစမ်းနေတယ်လို့ ပြောနိုင်ပါတယ်။ Cletus ဟာ လူသတ်မှုတွေ ကျူးလွန်ခဲ့ပေမယ့်လည်း အလောင်းတွေကတော့ ဘယ်နားမှာ ရှိနေမှန်း မသိပါဘူး။ ဒါကြောင့်ပဲ Eddie ဟာ အလောင်းတွေရဲ့ တည်နေရာတွေကို ရှာဖွေဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။

(11) Toxin
photo via screenrant

Venom 2 ရဲ့ ထွေလာထဲမှာတော့ Mulligan ဆိုတဲ့ ဇာတ်ကောင်အသစ်ကို ပြသသွားပါတယ်။ Mulligan ကတော့ ဒီထွေလာထဲမှာ သတင်းစာဖတ်နေတဲ့ရဲ ဖြစ်ပြီးတော့ Cletus ရဲ့ အမှုကို စုံစမ်းနေတဲ့ ရဲတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Eddie ဟာ Cletus ရဲ့ အမှုကို စုံစမ်းနေတာကလည်း Mulligan ရဲ့ တောင်းဆိုမှုကြောင့် ဖြစ်နိုင်ပါတယ်။ ကောမစ်ထဲမှာတော့ Mulligan ဟာ Carnage ကြောင့် ဖြစ်ပေါ်လာတဲ့ Toxin ဆိုတဲ့ symbiote ရဲ့ လက်ခံကောင် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်ကားထဲမှာ၊ ဒါမဟုတ် အသစ်ထွက်လာမယ့် ရုပ်ရှင်တွေထဲမှာတော့ Mulligan ကို Toxin အနေနဲ့ မြင်တွေ့ရနိုင်ချေ ရှိပါတယ်။

(12) The Daily Bugle နဲ့ ပတ်သက်တဲ့ Easter Egg
photo via screenrant

ဒီထွေလာထဲမှာ သတင်းစာဖတ်နေတဲ့ အခန်းကတော့ စိတ်ဝင်စားစရာ အချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ အကြောင်းကတော့ Mulligan ဖတ်နေတဲ့ သတင်းစာဟာ The Daily Bugle ဖြစ်နေပြီး Peter Parker အလုပ်လုပ်နေတဲ့ သတင်းစာဌာန ဆိုရင်လည်း မမှားပါဘူး။ ဒါတင် မကသေးဘဲ The Daily Bugle ရဲ့ လိုဂိုကလည်း Tobey Maguire ရဲ့ Spider-Man ရုပ်ရှင်ထဲက လိုဂိုနဲ့ တစ်ထေရာတည်းကို တူညီနေပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုကတော့ Mulligan က သတင်းစာကို ဒေါသတကြီးနဲ့ ပိတ်လိုက်တဲ့ အချိန်မှာ အင်္ဂလိပ်စကားလုံးအချို့ကို မြင်လိုက်ရပါတယ်။ အဲ့ဒီစာလုံးတွေကတော့ ” ENGERS နဲ့ NIGHTM ” တို့ပဲ ဖြစ်ပါတယ်။ ဒီစာလုံးတွေရဲ့ အပြည့်အစုံကတော့ AVENGERS နဲ့ NIGHTMARE တို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ Venom ဟာ MCU universe နဲ့ ပူးပေါင်းသွားတော့မှာလား ဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

(13) ပြန်လည်ပါဝင်လာတဲ့ Eddie ရဲ့ ရည်းစားဟောင်း
photo via screenrant

Eddie ရဲ့ ရည်းစားဟောင်း ဖြစ်သူ Anne Weying ဟာလည်း ဒီထွေလာထဲမှာ ခဏတာ ပါဝင်ခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ သူတို့နှစ်ယောက်ဟာ ဘားတစ်ခုလိုနေရာမှာ ပြန်လည်တွေ့ဆုံနေတာကို ပြသသွားပါတယ်။ အဲ့ဒီနောက်မှာ  Eddie ဟာ အဲ့ဒီဘားထဲမှာပဲ ဒေါသထွက်နေတဲ့ ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံမှုဟာ အဆင်မပြေခဲ့ဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့်လည်း Venom 2 ထဲမှာတော့ Eddie နဲ့ Anne တို့ ပြန်တွဲဖြစ်သွားမှာလား၊ အရင်လိုပဲလား ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

(14) Ravencroft
photo via screenrant

ဒီထွေလာထဲမှာတော့ Ravencroft လို့ ခေါ်တဲ့ အဆောက်အအုံတစ်ခုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Ravencroft ကတော့ Arkham Asylum ရဲ့ Marvel ဗားရှင်းလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်ပဲ Ravencroft ဟာ ရာဇဝတ်သားတွေကို ထိန်းချုပ်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Ravencroft ထဲမှာပဲ symbiote တွေကို လက်ခံနိုင်မယ့် လူသားတွေကို စမ်းသပ်နေတဲ့ နေရာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ဒီအချက်သာ မှန်မယ်ဆိုရင်တော့ အသစ်ထွက်လာမယ့် Venom ရုပ်ရှင်တွေမှာ နောက်ထပ် symbiote ဗီလိန်တွေလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

(15) Shriek
photo via screenrant

Ravencroft ကို ရိုက်ပြသွားတဲ့ အခန်းမှာတော့ ကောင်မလေးတစ်ယောက်ကို ဖမ်းထားတဲ့ အခန်းကိုလည်း ပြသသွားပါတယ်။ အဲ့ဒီကောင်မလေးကတော့ Frances Barrison ဖြစ်ပြီး Shriek လို့လည်း ခေါ်ကြပါတယ်။ ကောမစ်ထဲမှာ ဆိုရင်တော့ သူမဟာလည်း symbiote နဲ့အတူ ယှဉ်တွဲနေထိုင်သူတစ်ယောက် ဖြစ်သလို Cletus ရဲ့ ရည်းစားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Cletus နဲ့ပူးပေါင်းပြီး ဗီလိန်အဖြစ် အတူတူ နေထိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Live Action ထဲမှာလည်း သူမဟာ ကောမစ်ထဲကလို ဗီလိန်တစ်ယောက် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

(16) တစ်ယောက်ယောက်ကို ထောင်ဖောက်ပေးမယ့် Venom
photo via screenrant

ဒီထွေလာထဲက ဇာတ်ဝင်ခန်း အများစုဟာ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြသဖို့ထက် အထူးပြုလုပ်ချက်တွေကို အသားပေး ပြသသွားပါတယ်။ ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်နေရာမှာတော့ Venom ဟာ အဆောက်အအုံတစ်ခုရဲ့ ထောင့်စွန်းလေးမှာ စူပါဟီးရိုး အများစု ပြုလုပ်လေ့ရှိတဲ့ ပုံစံကို ပြုလုပ်နေတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီအဆောက်အအုံကတော့ Ravencroft ဖြစ်နေနိုင်ပြီး သူ့ရဲ့လက်ထဲမှာလည်း တုတ်ချောင်းလို လက်နက်တစ်ခုကို ကိုင်ဆောင်ထားတာ တွေ့ရပါသေးတယ်။ ဒီဇာတ်ဝင်ခန်း လာတဲ့အချိန်မှာပဲ အနောက်ကနေ ” rescue ” ဆိုတဲ့ စကားလည်း ပြောသွားတာကြောင့် ဖြစ်နိုင်တာကတော့ Venom ဟာ တစ်ယောက်ယောက်ကို ထောင်ထဲကနေ ကယ်ထုတ်ပေးမယ်လို့ ယူဆနိုင်ပါတယ်။

(17) Spider-Man cameo
photo via screenrant

ပရိသတ်အများစုဟာ Spider-Man cameo ကို မြင်ချင်နေကြပါတယ်။ ဒါပေမယ့်လည်း Spider-Man ကို မမြင်ခဲ့ရဘဲ ပင့်ကူတစ်ကောင်နဲ့ လူတစ်ယောက်ကိုတော့ မြင်ခဲ့ရပါတယ်။ အဲ့ဒီလူရဲ့ မျက်နှာကိုတော့ မပြသွားပေမယ့်လည်း Cletus ဖြစ်နေနိုင်ချေ များပါတယ်။ ဒီဇာတ်ဝင်ခန်းမှာတော့ အဲ့ဒီလူဟာ ပင့်ကူကို ပြားကပ်သွားအောင် လက်နဲ့ရိုက်ချလိုက်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ ဘာကိုဆိုလိုချင်တာမှန်း မသေချာပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခု ဆိုတာတော့ ငြင်းလို့မရပါဘူး။

(18) Cletus ရဲ့ ကွပ်မျက်မှု
photo via screenrant

Cletus ကို ကွပ်မျက်နေတဲ့ အချိန်မှာတော့ ကျွန်တော်တို့တွေ စောင့်စားနေတဲ့ Carnage ကို ပထမဆုံး မြင်တွေ့ခဲ့ရပါတယ်။ Cletus ရဲ့ ခန္ဓာကိုယ်ထဲကို သေစေနိုင်တဲ့ အဆိပ်တွေ ထိုးသွင်းလိုက်ချိန်မှာတော့ Cletus ဟာ Carnage အဖြစ် ပထမဆုံးအကြိမ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ကိုချုပ်ထားတဲ့ အထိန်းအချုပ်တွေက ရုန်းထွက်နိုင်ပြီး ထောင်ထဲကတောင် လွတ်မြောက်သွားတယ်လို့ ယူဆရပါတယ်။

ဒီအဖြစ်အပျက်အတွက် ဖြစ်နိုင်ချေ နှစ်ခု ရှိပါတယ်။ ပထမတစ်ခုကတော့ Cletus ကို ကွပ်မျက်မယ့်အချိန်မှာ အဆိပ်အစား symbiote ကို တစ်ယောက်ယောက်က အစားထိုးလိုက်တာ ဖြစ်နိုင်ပါတယ်။ ဒုတိယတစ်ခုကတော့ Cletus ဟာ အစောကြီးကတည်းက Carnage ပူးကပ်တာကို ခံထားရပြီး အဆိပ်ကို ထိုးသွင်းလိုက်တဲ့ အချိန်မှာမှ Carnage ကို နှိုးလိုက်သလို ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။

(19) မီးလောင်ကျွမ်းနေသော အဆောက်အအုံတစ်ခု
photo via screenrant

ဒီထွေလာထဲမှာတော့ မီးလောင်ကျွမ်းနေတဲ့ အဆောက်အအုံတစ်ခုကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီအဆောက်အအုံထဲကနေ လူနှစ်ယောက် ထွက်လာတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းအတွက် ဖြစ်နိုင်ချေကလည်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ Ravencroft ကနေ Cletus လွတ်မြောက်သွားတဲ့အချိန် မီးလောင်ကျွမ်းနေတာ ဖြစ်နိုင်ပြီး လမ်းလျှောက်ထွက်လာတဲ့ လူနှစ်ယောက်ကတော့ Cletus နဲ့ Shriek တို့ ဖြစ်နိုင်ပါတယ်။ ဒုတိယတစ်ခုကတော့ Cletus ကို စိတ်ဒဏ်ရာရသွားစေတဲ့ သူ့ရဲ့အတိတ်ဘဝက ဖြစ်ရပ်ကို ပြသထားတာ ဖြစ်နိုင်ပါတယ်။

(20) Shriek ရဲ့ စွမ်းအားများ
photo via screenrant

Shriek ဟာ Venom 2 ထဲမှာ symbiote လက်ခံသူ ဖြစ်လာနိုင်ချေကတော့ ငါးဆယ်ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ အကြောင်းကတော့ သူမဟာ အသံတွေကို လိုသလို ပြုပြင်ပြောင်းလဲနိုင်တဲ့အစွမ်း ရရှိထားတဲ့ သန္ဓေပြောင်း လူသားတစ်ယောက် ဖြစ်နေလို့ပါ။ အဲ့ဒီအချက်ကိုတော့ ဒီထွေလာထဲမှာ ရှင်းရှင်းလင်းလင်းကို ပြသသွားပါတယ်။ ဒါကြောင့်ပဲ Venom 2 ထဲမှာတော့ Shriek ကို ဘယ်လိုပုံစံမျိူး ပုံဖော်သွားမလည်း ဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

(21) ကားတွေနဲ့ လေယာဉ်ကို ဖျက်ဆီးနေတဲ့ Carnage
photo via screenrant

ဒီထွေလာထဲမှာတော့ Carnage ဟာ ကားတွေကို ဘာမှမဟုတ်သလို ဖျက်ဆီးနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ ခဏတာလေးပဲ ပြသသွားပေမယ့်လည်း Carnage ဟာ ဒီရုပ်ရှင်ထဲမှာ ဘယ်လောက်တောင် စွမ်းအားကြီးလည်း ဆိုတာကို ပြသသွားပါတယ်။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်းဟာ Ravencroft ရဲ့ အပြင်မှာ ဖြစ်ပျက်နေတာကြောင့် Cletus ထောင်ဖောက်ပြေးတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာလို့ ယူဆနိုင်ပါတယ်။

(22) Carnage first look
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ ကျွန်တော်တို့တွေ စောင့်မျှော်နေကြတဲ့ Carnage ရဲ့ ပုံစံကို သေချာမြင်တွေ့ခဲ့ရပါတယ်။ Carnage ရဲ့ ပုံစံကတော့ အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းမွန်နေပြီး မျှော်လင့်ထားတဲ့ ပုံစံနဲ့ ထပ်တူကျတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် Carnage ဟာ အရွယ်အစားအရလည်း အတော်လေး ကြီးမားပြီး အားရစရာကောင်းတဲ့ ဗီလိန်တစ်ယောက်ရဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းတစ်ခုတည်းကတင် ပရိသတ်တွေအနေနဲ့ Venom 2 ကိုကြည့်ရှုရဖို့ မစောင့်နိုင်လောက်အောင် ဖြစ်သွားစေခဲ့ပါတယ်။

(23) Eddie ရဲ့ ချောကလက်အော်ဒါ
photo via screenrant

ဒီဇာတ်ဝင်ခန်းမှာတော့ Mrs. Chen ရဲ့ စတိုးဆိုင်ထဲကို ပြန်လည်ရောက်ရှိသွားပြီး Eddie ဟာ သူ မှာထားတဲ့ ချောကလက်တွေ ရောက်ပြီလားလို့ မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အော်ဒါဟာ မရောက်သေးတာကြောင့် Venom ဟာ Mrs. Chen ကို စားဖို့တောင် ပြောခဲ့ပါသေးတယ်။ Eddie က စားလို့မရဘူးလို့ ပြောလိုက်တော့မှ ငြိမ်သွားပါတယ်။ ဒါ့အပြင် Mrs. Chen ရဲ့ ပြောစကားအရ ဆိုရင်တော့ Eddie ဟာ Mrs. Chen ရဲ့ စတိုးကို လူဆိုးတွေရဲ့ရန်က ကာကွယ်ပေးနေတယ်လို့လည်း သိရပါတယ်။ ကောမစ်ထဲမှာဆိုရင် Venom ဟာ သူ့ရဲ့လူသားစားချင်စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ချောကလက်ကို စားသုံးတာ ဖြစ်ပါတယ်။

(24) Hype ချင်စရာ အကောင်းဆုံး ဇာတ်ဝင်ခန်း
photo via screenrant

ဒီထွေလာထဲမှာ ပရိသတ်တွေအတွက် Hype ချင်စရာ အကောင်းဆုံး ဇာတ်ဝင်ခန်းကတော့ ရောင်စုံမှန်တွေ တပ်ဆင်ထားတဲ့ ပြတင်းပေါက်ရှေ့မှာ ရပ်နေတဲ့ Carnage ကို မြင်တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။ ရောင်စုံမှန်တွေဟာ ပုံမှန်အားဖြင့် church ကျောင်းတွေမှာပဲ တပ်ဆင်လေ့ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်ဝင်ခန်းကို ကြည့်ရတာကတော့ Carnage နဲ့ Venom တို့ဟာ church တစ်ခုခုထဲမှာ တိုက်ခိုက်ကြမယ်လို့ ယူဆနိုင်ပါတယ်။

ဒါကတော့ Venom 2 ရဲ့ ထွေလာအပေါ် အသေးစိတ် သုံးသပ်ချက်ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ စိတ်ဝင်စားတယ်ဆိုရင် မိတ်ဆွေတွေကိုလည်း မျှဝေပေးလိုက်ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကြၽန္ေတာ္တို႔ ေစာင့္ေမွ်ာ္ေနတဲ့ Venom: Let There Be Carnage ရဲ႕ ေထြလာဟာ မၾကာေသးခင္ကပဲ ထြက္ရွိလာခဲ့ပါတယ္။ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Venom ႐ုပ္ရွင္ကေတာ့ box office မွာ ဝင္ေငြအရ ေအာင္ျမင္ခဲ့ေပမယ့္လည္း ႐ုပ္ရွင္ေဝဖန္ေရးအေနနဲ႔ ဆိုရင္ေတာ့ လိုအပ္ခ်က္ေတြ ရွိခဲ့ပါတယ္။ Venom 2 ကေတာ့ ၂၀၂၁ခုႏွစ္ စက္တင္ဘာလထဲမွာ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ ဒီဇာတ္ကားကို မၾကည့္ရေသးခင္အခုေထြလာထဲမွာ ပါဝင္ထားတဲ့ စိတ္ဝင္စားစရာအခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Eddie Brock နဲ႔ Venom တို႔ၾကားက စည္းကမ္း
photo via screenrant

အတူေနၾကတဲ့ အခန္းေဖာ္ေတြ အမ်ားစုဟာ ဘယ္သူက ပန္းကန္ေတြ ေဆးရမယ္၊ ဒါမွမဟုတ္ တစ္ျခားသူေတြရဲ႕ အစားအစာေတြကို ယူမစားရဘူးဆိုတဲ့ စည္းကမ္းေတြ ထားေလ့ ရွိၾကပါတယ္။ ဒါေပမယ့္လည္း Eddie နဲ႔ Venom တို႔ၾကားက စည္းကမ္းကေတာ့ သာမန္ထက္ အနည္းငယ္ ထူးျခားပါတယ္။ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Venom ႐ုပ္ရွင္ရဲ႕ အဆုံးမွာေတာ့ Eddie နဲ႔ Venom တို႔ဟာ အဆင္ေျပေျပနဲ႔ အတူယွဥ္တြဲ ေနထိုင္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္ Eddie ကေတာ့ လူေတြကို စားသုံးတာနဲ႔ ပတ္သက္လာရင္ အလြန္စည္းကမ္းတင္းၾကပ္ေလ့ ရွိပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ရဲ႕ တိုက္ခန္းနံရံမွာ လူေတြကို မစားသုံးရဘူးလို႔ စည္းကမ္း ထုတ္ထားတာ ျဖစ္ပါတယ္။ ဒီအခ်က္ဟာ အနည္းငယ္ ရယ္ခ်င္စရာ ေကာင္းေနေပမယ့္လည္း သူတို႔ႏွစ္ေယာက္ၾကားက ယုံၾကည္မႈနဲ႔ ဆက္သြယ္မႈကို ျပသထားတာ ဆိုရင္လည္း မမွားပါဘူး။ Venom 2 ထဲမွာေတာ့ အရင္ေလာက္ မၾကမ္းတမ္းေတာ့တဲ့ Venom ကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး ဒုတိယ႐ုပ္ရွင္ဟာ ပထမ႐ုပ္ရွင္အၿပီး အခ်ိန္တစ္ႏွစ္ခြဲအၾကာမွာ ဇာတ္အိမ္တည္ထားတာလို႔ သိရပါတယ္။

(2) နံနက္စာ ျပင္ဆင္ေနတဲ့ အခန္း
photo via screenrant

Venom 2 ရဲ႕ ေထြလာအစမွာေတာ့ Eddie နဲ႔ Venom တို႔ နံနက္စာ ျပင္ဆင္ေနတာကို ဟာသဆန္ဆန္ ျပသသြားပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Eddie ရဲ႕ တိုက္ခန္းဟာ ရႈပ္ပြေနတာကို ျမင္ေတြ႕ခဲ့ရသလို တိရစာၦန္ေတြလည္း ေလွ်ာက္သြားေနတာကို ျမင္ခဲ့ရပါတယ္။ အဲ့ဒီတိရစာၦန္ေတြကေတာ့ Venom အတြက္ ညစာ ျဖစ္ႏိုင္ပါတယ္။

သူ႔ရဲ႕ တိုက္ခန္းဟာ ဘာေၾကာင့္ အခုလိုရႈပ္ပြေနလည္း ဆိုတာကိုေတာ့ ဒီဇာတ္ဝင္ခန္း တစ္ခုတည္းနဲ႔ နားလည္ႏိုင္ပါတယ္။ ဒါ့အျပင္ Eddie ဟာ Venom ကို သူ႔ရဲ႕ လက္တံေတြနဲ႔ နံနက္စာ ျပင္ဆင္ဖို႔ ခြင့္ျပဳထားတာကို ျမင္ေတြ႕ရပါတယ္။ ဒါ့အျပင္ ဒီပုံစံဟာ သူ႔ရဲ႕ဘဝအသစ္ ျဖစ္ေနၿပီလို႔ Eddie က လက္ခံထားတဲ့ ပုံစံကိုလည္း ျမင္ရပါတယ္။

(3) Cletus Kasady ရဲ႕ ဖိတ္ၾကားမႈ
photo via screenrant

Eddie ဟာ နံနက္စာစားဖို႔ စားပြဲမွာ ထိုင္လိုက္တဲ့ အခ်ိန္မွာေတာ့ သူ႔ရဲ႕လက္ထဲမွာ ကတ္တစ္ခုကို ကိုင္ထားတာ ေတြ႕ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ Cletus ဟာ သူ႔ရဲ႕အက်ဥ္းခန္းထဲမွာ ကတ္တစ္ခုေပၚမွာ တစ္ခုခုကို ေရးသားေနတဲ့ ပုံစံကို ျမင္ခဲ့ရၿပီး အဲ့ဒီကတ္ဟာ Eddie ကိုင္ထားတဲ့ကတ္ ျဖစ္ေနႏိုင္ပါတယ္။ ဒီအခ်က္သာ အမွန္တကယ္ ျဖစ္ေနမယ္ ဆိုရင္ေတာ့ Cletus ဟာ Eddie ကို တစ္နည္းနည္းနဲ႔ ဆက္သြယ္ေနတာ ျဖစ္ႏိုင္ပါတယ္။

(4) Mrs. Chen
photo via screenrant

အဲ့ဒီေနာက္မွာေတာ့ Eddie ဟာ စတိုးဆိုင္တစ္ခုထဲကို ဝင္သြားတာ ျမင္ရပါတယ္။ အဲ့ဒီစတိုးဆိုင္ထဲမွာေတာ့ ပထမ႐ုပ္ရွင္ကားထဲမွာလည္း ပါဝင္ခဲ့တဲ့ Mrs. Chen ကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ Venom ကိုယ္တိုင္က Mrs. Chen ကို ႏႈတ္ဆက္ခဲ့ၿပီး Mrs. Chen ကလည္း ေအးေအးေဆးေဆး ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ပထမ႐ုပ္ရွင္ထဲမွာေတာ့ Eddie ဟာ Mrs. Chen ကို အဲ့ဒီစတိုးဆိုင္မွာ ဓားျပလာတိုက္တဲ့ လူဆိုးတစ္ေယာက္ရဲ႕ ရန္ကေန သူ႔ရဲ႕ symbiote အစြမ္းနဲ႔ ကယ္တင္ခဲ့ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္လည္း Mrs. Chen ဟာ Eddie နဲ႔ Venom တို႔ကို မေၾကာက္႐ြံ႕တာ ျဖစ္ႏိုင္ပါတယ္။

(5) Stan Lee Easter Egg
photo via screenrant

ဝမ္းနည္းစြာနဲ႔ပဲ Stan Lee ဟာ ကြၽန္ေတာ္တို႔နဲ႔အတူ မရွိေတာ့တာေတာင္ ဒီ႐ုပ္ရွင္ထဲမွာေတာ့ cameo အေနနဲ႔ ဆက္လက္ပါဝင္ခဲ့ပါတယ္။ Eddie ဟာ စတိုးဆိုင္ထဲကို ဝင္လာတဲ့အခ်ိန္မွာ Stan Lee ရဲ႕ပုံကို မဂၢဇင္းမ်က္ႏွာဖုံးမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ Eddie က လမ္းေလွ်ာက္သြားတဲ့ အခ်ိန္မွာလည္း Venom ရဲ႕ လက္ေခ်ာင္းေတြက အဲ့ဒီမဂၢဇင္းကို ၫႊန္ျပခဲ့ပါတယ္။

(6) Cletus အဖမ္းခံထားရတဲ့ အက်ဥ္းေထာင္
photo via screenrant

၂၀၁၈တုန္းက ထြက္ရွိခဲ့တဲ့ Venom ရဲ႕ credit scene ကို မွတ္မိတဲ့သူေတြကေတာ့ ပုံထဲမွာ ျပထားတဲ့ အေဆာက္အအုံကို ရင္းႏွီးေနပါလိမ့္မယ္။ အေၾကာင္းကေတာ့ အဲ့ဒီအေဆာက္အအုံဟာ Cletus ကို ဖမ္းဆီးထားတဲ့ အက်ဥ္းေထာင္ ျဖစ္ေနလို႔ပါ။ ဒါ့အျပင္ ဒီေထြလာထဲမွာ ျပသသြားတဲ့အတိုင္း ဆိုရင္ေတာ့ Eddie နဲ႔ Cletus တို႔ဟာ တစ္ႏွစ္ခြဲဆိုတဲ့ ကာလအတြင္းမွာ ရင္းႏွီးမႈ ရရွိလာတယ္လို႔ ယူဆႏိုင္ပါတယ္။

(7) Cletus Kasady
photo via screenrant

Cletus Kasady ကေတာ့ ၂၀၁၈တုန္းက ထြက္ရွိခဲ့တဲ့ Venom ရဲ႕ credit scene ထဲမွာ စတင္ပါဝင္ခဲ့ၿပီး Venom 2 ထဲမွာေတာ့ အဓိကဗီလိန္တစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။ ဒီေထြလာထဲမွာေတာ့ Cletus ဟာ အရင္လို ေခါင္းေမြးစုပ္ဖြားနဲ႔ မဟုတ္ေတာ့သလို သူေနထိုင္တဲ့ အက်ဥ္းခန္းထဲမွာလည္း နံရံကို ထုထြင္းၿပီး အလွဆင္ထားတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ ၂၀၁၈ ထြက္ Venom ထဲကလို စကားေျပာတဲ့အခ်ိန္မွာ စိတၱဇလူသတ္သမားတစ္ေယာက္ရဲ႕ ပုံစံလည္း သိပ္မျမင္ရေတာ့ပါဘူး။

(8) You & I Are The Same
photo via screenrant

ဒီေထြလာထဲက တစ္ေနရာမွာေတာ့ Cletus ဟာ သူနဲ႔ Eddie တို႔ၾကားမွာ တူညီတဲ့ ပင္ကိုစ႐ိုက္ေတြ ရွိေနၾကတယ္လို႔ ယုံၾကည္ေနပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Cletus ဟာ symbiote ပူးကပ္ေနတဲ့ ပုံစံမ်ိဳး မျမင္ခဲ့ရပါဘူး။ ဒါေၾကာင့္ပဲ Cletus ေျပာခ်င္တာက သူတို႔ႏွစ္ေယာက္ဟာ symbiote ပူးကပ္ခံထားရတာေၾကာင့္ တူညီေနတယ္လို႔ ေျပာတာ  မဟုတ္ေလာက္ပါဘူး။ သူ ေျပာခ်င္တာကေတာ့ Eddie နဲ႔ သူတို႔ႏွစ္ေယာက္လုံးရဲ႕ ပင္ကိုစ႐ိုက္ေတြက တူညီေနတယ္လို႔ ေျပာခ်င္တာ ျဖစ္ႏိုင္ပါတယ္။

(9) Venom အျဖစ္ ေျပာင္းလဲသြားျခင္း
photo via screenrant

ဒီေထြလာထဲမွာေတာ့ Venom ရဲ႕ လက္တံေတြနဲ႔ နံနက္စာ ျပဳလုပ္ေနတာနဲ႔ Mrs. Chen ကို ႏႈတ္ဆက္တာအျပင္ Venom အျဖစ္ လုံးဝေျပာင္းလဲသြားတာကိုလည္း ျမင္ရပါတယ္။ Eddie ဟာ Venom အျဖစ္ ေျပာင္းလဲၿပီးေတာ့ လမ္းၾကားေလး တစ္ခုထဲမွာ လူဆိုးတစ္ေယာက္ကို ေျခခ်င္းဝတ္က ကိုင္ၿပီး ဆြဲေျမႇာက္ကာ တိုက္ခိုက္ေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ အဲ့ဒီဇာတ္ဝင္ခန္း အစမွာေတာ့ အဝါေရာင္ဝတ္စုံ ဝတ္ထားတဲ့ အမ်ိဴးသမီးတစ္ေယာက္ကိုလည္း ျမင္ေတြ႕ခဲ့ရပါေသးတယ္။ အဲ့ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ Venom ဟာ anti-hero ဆန္ဆန္ ရာဇဝတ္မႈေတြကို တိုက္ဖ်က္ေနတယ္လို႔ ေျပာႏိုင္ပါတယ္။

(10) Cletus ကို စုံစမ္းေနတဲ့ Eddie
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ ေမွာင္မိုက္ေနတဲ့ အခန္းက်ဥ္းထဲမွာ Eddie ဟာ laptop တစ္လုံးနဲ႔ စာ႐ြက္ေတြ တပုံႀကီးကို ေလ့လာေနတာ ျမင္ခဲ့ရပါတယ္။ အဲ့ဒီစာ႐ြက္ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကို ၾကည့္ျခင္းအားျဖင့္ Eddie ဟာ Cletus ရဲ႕အမႈေတြကို စုံစမ္းေနတယ္လို႔ ေျပာႏိုင္ပါတယ္။ Cletus ဟာ လူသတ္မႈေတြ က်ဴးလြန္ခဲ့ေပမယ့္လည္း အေလာင္းေတြကေတာ့ ဘယ္နားမွာ ရွိေနမွန္း မသိပါဘူး။ ဒါေၾကာင့္ပဲ Eddie ဟာ အေလာင္းေတြရဲ႕ တည္ေနရာေတြကို ရွာေဖြဖို႔ ႀကိဳးစားေနတာ ျဖစ္ႏိုင္ပါတယ္။

(11) Toxin
photo via screenrant

Venom 2 ရဲ႕ ေထြလာထဲမွာေတာ့ Mulligan ဆိုတဲ့ ဇာတ္ေကာင္အသစ္ကို ျပသသြားပါတယ္။ Mulligan ကေတာ့ ဒီေထြလာထဲမွာ သတင္းစာဖတ္ေနတဲ့ရဲ ျဖစ္ၿပီးေတာ့ Cletus ရဲ႕ အမႈကို စုံစမ္းေနတဲ့ ရဲတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Eddie ဟာ Cletus ရဲ႕ အမႈကို စုံစမ္းေနတာကလည္း Mulligan ရဲ႕ ေတာင္းဆိုမႈေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Mulligan ဟာ Carnage ေၾကာင့္ ျဖစ္ေပၚလာတဲ့ Toxin ဆိုတဲ့ symbiote ရဲ႕ လက္ခံေကာင္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီဇာတ္ကားထဲမွာ၊ ဒါမဟုတ္ အသစ္ထြက္လာမယ့္ ႐ုပ္ရွင္ေတြထဲမွာေတာ့ Mulligan ကို Toxin အေနနဲ႔ ျမင္ေတြ႕ရႏိုင္ေခ် ရွိပါတယ္။

(12) The Daily Bugle နဲ႔ ပတ္သက္တဲ့ Easter Egg
photo via screenrant

ဒီေထြလာထဲမွာ သတင္းစာဖတ္ေနတဲ့ အခန္းကေတာ့ စိတ္ဝင္စားစရာ အခ်က္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ အေၾကာင္းကေတာ့ Mulligan ဖတ္ေနတဲ့ သတင္းစာဟာ The Daily Bugle ျဖစ္ေနၿပီး Peter Parker အလုပ္လုပ္ေနတဲ့ သတင္းစာဌာန ဆိုရင္လည္း မမွားပါဘူး။ ဒါတင္ မကေသးဘဲ The Daily Bugle ရဲ႕ လိုဂိုကလည္း Tobey Maguire ရဲ႕ Spider-Man ႐ုပ္ရွင္ထဲက လိုဂိုနဲ႔ တစ္ေထရာတည္းကို တူညီေနပါတယ္။

ေနာက္ထပ္ စိတ္ဝင္စားစရာ တစ္ခုကေတာ့ Mulligan က သတင္းစာကို ေဒါသတႀကီးနဲ႔ ပိတ္လိုက္တဲ့ အခ်ိန္မွာ အဂၤလိပ္စကားလုံးအခ်ိဳ႕ကို ျမင္လိုက္ရပါတယ္။ အဲ့ဒီစာလုံးေတြကေတာ့ ” ENGERS နဲ႔ NIGHTM ” တို႔ပဲ ျဖစ္ပါတယ္။ ဒီစာလုံးေတြရဲ႕ အျပည့္အစုံကေတာ့ AVENGERS နဲ႔ NIGHTMARE တို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ Venom ဟာ MCU universe နဲ႔ ပူးေပါင္းသြားေတာ့မွာလား ဆိုတာေတာ့ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

(13) ျပန္လည္ပါဝင္လာတဲ့ Eddie ရဲ႕ ရည္းစားေဟာင္း
photo via screenrant

Eddie ရဲ႕ ရည္းစားေဟာင္း ျဖစ္သူ Anne Weying ဟာလည္း ဒီေထြလာထဲမွာ ခဏတာ ပါဝင္ခဲ့ပါတယ္။ ဒီေထြလာထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ဘားတစ္ခုလိုေနရာမွာ ျပန္လည္ေတြ႕ဆုံေနတာကို ျပသသြားပါတယ္။ အဲ့ဒီေနာက္မွာ  Eddie ဟာ အဲ့ဒီဘားထဲမွာပဲ ေဒါသထြက္ေနတဲ့ ပုံစံကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ရဲ႕ ျပန္လည္ေတြ႕ဆုံမႈဟာ အဆင္မေျပခဲ့ဘူးလို႔ ယူဆႏိုင္ပါတယ္။ ဒါေပမယ့္လည္း Venom 2 ထဲမွာေတာ့ Eddie နဲ႔ Anne တို႔ ျပန္တြဲျဖစ္သြားမွာလား၊ အရင္လိုပဲလား ဆိုတာကိုေတာ့ မေျပာႏိုင္ေသးပါဘူး။

(14) Ravencroft
photo via screenrant

ဒီေထြလာထဲမွာေတာ့ Ravencroft လို႔ ေခၚတဲ့ အေဆာက္အအုံတစ္ခုကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ Ravencroft ကေတာ့ Arkham Asylum ရဲ႕ Marvel ဗားရွင္းလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒါေၾကာင့္ပဲ Ravencroft ဟာ ရာဇဝတ္သားေတြကို ထိန္းခ်ဳပ္ထားတဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Ravencroft ထဲမွာပဲ symbiote ေတြကို လက္ခံႏိုင္မယ့္ လူသားေတြကို စမ္းသပ္ေနတဲ့ ေနရာတစ္ခုလည္း ျဖစ္ေနႏိုင္ပါတယ္။ ဒီအခ်က္သာ မွန္မယ္ဆိုရင္ေတာ့ အသစ္ထြက္လာမယ့္ Venom ႐ုပ္ရွင္ေတြမွာ ေနာက္ထပ္ symbiote ဗီလိန္ေတြလည္း ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

(15) Shriek
photo via screenrant

Ravencroft ကို ႐ိုက္ျပသြားတဲ့ အခန္းမွာေတာ့ ေကာင္မေလးတစ္ေယာက္ကို ဖမ္းထားတဲ့ အခန္းကိုလည္း ျပသသြားပါတယ္။ အဲ့ဒီေကာင္မေလးကေတာ့ Frances Barrison ျဖစ္ၿပီး Shriek လို႔လည္း ေခၚၾကပါတယ္။ ေကာမစ္ထဲမွာ ဆိုရင္ေတာ့ သူမဟာလည္း symbiote နဲ႔အတူ ယွဥ္တြဲေနထိုင္သူတစ္ေယာက္ ျဖစ္သလို Cletus ရဲ႕ ရည္းစားလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ Cletus နဲ႔ပူးေပါင္းၿပီး ဗီလိန္အျဖစ္ အတူတူ ေနထိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Live Action ထဲမွာလည္း သူမဟာ ေကာမစ္ထဲကလို ဗီလိန္တစ္ေယာက္ ျဖစ္လာႏိုင္ဖြယ္ ရွိပါတယ္။

(16) တစ္ေယာက္ေယာက္ကို ေထာင္ေဖာက္ေပးမယ့္ Venom
photo via screenrant

ဒီေထြလာထဲက ဇာတ္ဝင္ခန္း အမ်ားစုဟာ ဇာတ္လမ္းအက်ဥ္းခ်ဳပ္ကို ျပသဖို႔ထက္ အထူးျပဳလုပ္ခ်က္ေတြကို အသားေပး ျပသသြားပါတယ္။ ဒီေထြလာထဲက ဇာတ္ဝင္ခန္းတစ္ေနရာမွာေတာ့ Venom ဟာ အေဆာက္အအုံတစ္ခုရဲ႕ ေထာင့္စြန္းေလးမွာ စူပါဟီး႐ိုး အမ်ားစု ျပဳလုပ္ေလ့ရွိတဲ့ ပုံစံကို ျပဳလုပ္ေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအေဆာက္အအုံကေတာ့ Ravencroft ျဖစ္ေနႏိုင္ၿပီး သူ႔ရဲ႕လက္ထဲမွာလည္း တုတ္ေခ်ာင္းလို လက္နက္တစ္ခုကို ကိုင္ေဆာင္ထားတာ ေတြ႕ရပါေသးတယ္။ ဒီဇာတ္ဝင္ခန္း လာတဲ့အခ်ိန္မွာပဲ အေနာက္ကေန ” rescue ” ဆိုတဲ့ စကားလည္း ေျပာသြားတာေၾကာင့္ ျဖစ္ႏိုင္တာကေတာ့ Venom ဟာ တစ္ေယာက္ေယာက္ကို ေထာင္ထဲကေန ကယ္ထုတ္ေပးမယ္လို႔ ယူဆႏိုင္ပါတယ္။

(17) Spider-Man cameo
photo via screenrant

ပရိသတ္အမ်ားစုဟာ Spider-Man cameo ကို ျမင္ခ်င္ေနၾကပါတယ္။ ဒါေပမယ့္လည္း Spider-Man ကို မျမင္ခဲ့ရဘဲ ပင့္ကူတစ္ေကာင္နဲ႔ လူတစ္ေယာက္ကိုေတာ့ ျမင္ခဲ့ရပါတယ္။ အဲ့ဒီလူရဲ႕ မ်က္ႏွာကိုေတာ့ မျပသြားေပမယ့္လည္း Cletus ျဖစ္ေနႏိုင္ေခ် မ်ားပါတယ္။ ဒီဇာတ္ဝင္ခန္းမွာေတာ့ အဲ့ဒီလူဟာ ပင့္ကူကို ျပားကပ္သြားေအာင္ လက္နဲ႔႐ိုက္ခ်လိုက္တာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းဟာ ဘာကိုဆိုလိုခ်င္တာမွန္း မေသခ်ာေပမယ့္ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္ဝင္ခန္းတစ္ခု ဆိုတာေတာ့ ျငင္းလို႔မရပါဘူး။

(18) Cletus ရဲ႕ ကြပ္မ်က္မႈ
photo via screenrant

Cletus ကို ကြပ္မ်က္ေနတဲ့ အခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ေတြ ေစာင့္စားေနတဲ့ Carnage ကို ပထမဆုံး ျမင္ေတြ႕ခဲ့ရပါတယ္။ Cletus ရဲ႕ ခႏၶာကိုယ္ထဲကို ေသေစႏိုင္တဲ့ အဆိပ္ေတြ ထိုးသြင္းလိုက္ခ်ိန္မွာေတာ့ Cletus ဟာ Carnage အျဖစ္ ပထမဆုံးအႀကိမ္ ေျပာင္းလဲသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူ႔ကိုခ်ဳပ္ထားတဲ့ အထိန္းအခ်ဳပ္ေတြက ႐ုန္းထြက္ႏိုင္ၿပီး ေထာင္ထဲကေတာင္ လြတ္ေျမာက္သြားတယ္လို႔ ယူဆရပါတယ္။

ဒီအျဖစ္အပ်က္အတြက္ ျဖစ္ႏိုင္ေခ် ႏွစ္ခု ရွိပါတယ္။ ပထမတစ္ခုကေတာ့ Cletus ကို ကြပ္မ်က္မယ့္အခ်ိန္မွာ အဆိပ္အစား symbiote ကို တစ္ေယာက္ေယာက္က အစားထိုးလိုက္တာ ျဖစ္ႏိုင္ပါတယ္။ ဒုတိယတစ္ခုကေတာ့ Cletus ဟာ အေစာႀကီးကတည္းက Carnage ပူးကပ္တာကို ခံထားရၿပီး အဆိပ္ကို ထိုးသြင္းလိုက္တဲ့ အခ်ိန္မွာမွ Carnage ကို ႏႈိးလိုက္သလို ျဖစ္သြားတာလည္း ျဖစ္ႏိုင္ပါတယ္။

(19) မီးေလာင္ကြၽမ္းေနေသာ အေဆာက္အအုံတစ္ခု
photo via screenrant

ဒီေထြလာထဲမွာေတာ့ မီးေလာင္ကြၽမ္းေနတဲ့ အေဆာက္အအုံတစ္ခုကို ျမင္ေတြ႕ခဲ့ရၿပီး အဲ့ဒီအေဆာက္အအုံထဲကေန လူႏွစ္ေယာက္ ထြက္လာတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းအတြက္ ျဖစ္ႏိုင္ေခ်ကလည္း ႏွစ္ခုရွိပါတယ္။ ပထမတစ္ခုကေတာ့ Ravencroft ကေန Cletus လြတ္ေျမာက္သြားတဲ့အခ်ိန္ မီးေလာင္ကြၽမ္းေနတာ ျဖစ္ႏိုင္ၿပီး လမ္းေလွ်ာက္ထြက္လာတဲ့ လူႏွစ္ေယာက္ကေတာ့ Cletus နဲ႔ Shriek တို႔ ျဖစ္ႏိုင္ပါတယ္။ ဒုတိယတစ္ခုကေတာ့ Cletus ကို စိတ္ဒဏ္ရာရသြားေစတဲ့ သူ႔ရဲ႕အတိတ္ဘဝက ျဖစ္ရပ္ကို ျပသထားတာ ျဖစ္ႏိုင္ပါတယ္။

(20) Shriek ရဲ႕ စြမ္းအားမ်ား
photo via screenrant

Shriek ဟာ Venom 2 ထဲမွာ symbiote လက္ခံသူ ျဖစ္လာႏိုင္ေခ်ကေတာ့ ငါးဆယ္ရာခိုင္ႏႈန္းေလာက္ ရွိေနပါတယ္။ အေၾကာင္းကေတာ့ သူမဟာ အသံေတြကို လိုသလို ျပဳျပင္ေျပာင္းလဲႏိုင္တဲ့အစြမ္း ရရွိထားတဲ့ သေႏၶေျပာင္း လူသားတစ္ေယာက္ ျဖစ္ေနလို႔ပါ။ အဲ့ဒီအခ်က္ကိုေတာ့ ဒီေထြလာထဲမွာ ရွင္းရွင္းလင္းလင္းကို ျပသသြားပါတယ္။ ဒါေၾကာင့္ပဲ Venom 2 ထဲမွာေတာ့ Shriek ကို ဘယ္လိုပုံစံမ်ိဴး ပုံေဖာ္သြားမလည္း ဆိုတာေတာ့ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

(21) ကားေတြနဲ႔ ေလယာဥ္ကို ဖ်က္စီးေနတဲ့ Carnage
photo via screenrant

ဒီေထြလာထဲမွာေတာ့ Carnage ဟာ ကားေတြကို ဘာမွမဟုတ္သလို ဖ်က္ဆီးေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းဟာ ခဏတာေလးပဲ ျပသသြားေပမယ့္လည္း Carnage ဟာ ဒီ႐ုပ္ရွင္ထဲမွာ ဘယ္ေလာက္ေတာင္ စြမ္းအားႀကီးလည္း ဆိုတာကို ျပသသြားပါတယ္။ ဒါ့အျပင္ ဒီဇာတ္ဝင္ခန္းဟာ Ravencroft ရဲ႕ အျပင္မွာ ျဖစ္ပ်က္ေနတာေၾကာင့္ Cletus ေထာင္ေဖာက္ေျပးတဲ့အခ်ိန္မွာ ျဖစ္ပ်က္ခဲ့တာလို႔ ယူဆႏိုင္ပါတယ္။

(22) Carnage first look
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ ကြၽန္ေတာ္တို႔ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Carnage ရဲ႕ ပုံစံကို ေသခ်ာျမင္ေတြ႕ခဲ့ရပါတယ္။ Carnage ရဲ႕ ပုံစံကေတာ့ အျပစ္ေျပာစရာ မရွိေလာက္ေအာင္ ေကာင္းမြန္ေနၿပီး ေမွ်ာ္လင့္ထားတဲ့ ပုံစံနဲ႔ ထပ္တူက်တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါ့အျပင္ Carnage ဟာ အ႐ြယ္အစားအရလည္း အေတာ္ေလး ႀကီးမားၿပီး အားရစရာေကာင္းတဲ့ ဗီလိန္တစ္ေယာက္ရဲ႕ ပုံစံ ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းတစ္ခုတည္းကတင္ ပရိသတ္ေတြအေနနဲ႔ Venom 2 ကိုၾကည့္ရႈရဖို႔ မေစာင့္ႏိုင္ေလာက္ေအာင္ ျဖစ္သြားေစခဲ့ပါတယ္။

(23) Eddie ရဲ႕ ေခ်ာကလက္ေအာ္ဒါ
photo via screenrant

ဒီဇာတ္ဝင္ခန္းမွာေတာ့ Mrs. Chen ရဲ႕ စတိုးဆိုင္ထဲကို ျပန္လည္ေရာက္ရွိသြားၿပီး Eddie ဟာ သူ မွာထားတဲ့ ေခ်ာကလက္ေတြ ေရာက္ၿပီလားလို႔ ေမးျမန္းခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ေအာ္ဒါဟာ မေရာက္ေသးတာေၾကာင့္ Venom ဟာ Mrs. Chen ကို စားဖို႔ေတာင္ ေျပာခဲ့ပါေသးတယ္။ Eddie က စားလို႔မရဘူးလို႔ ေျပာလိုက္ေတာ့မွ ၿငိမ္သြားပါတယ္။ ဒါ့အျပင္ Mrs. Chen ရဲ႕ ေျပာစကားအရ ဆိုရင္ေတာ့ Eddie ဟာ Mrs. Chen ရဲ႕ စတိုးကို လူဆိုးေတြရဲ႕ရန္က ကာကြယ္ေပးေနတယ္လို႔လည္း သိရပါတယ္။ ေကာမစ္ထဲမွာဆိုရင္ Venom ဟာ သူ႔ရဲ႕လူသားစားခ်င္စိတ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ေခ်ာကလက္ကို စားသုံးတာ ျဖစ္ပါတယ္။

(24) Hype ခ်င္စရာ အေကာင္းဆုံး ဇာတ္ဝင္ခန္း
photo via screenrant

ဒီေထြလာထဲမွာ ပရိသတ္ေတြအတြက္ Hype ခ်င္စရာ အေကာင္းဆုံး ဇာတ္ဝင္ခန္းကေတာ့ ေရာင္စုံမွန္ေတြ တပ္ဆင္ထားတဲ့ ျပတင္းေပါက္ေရွ႕မွာ ရပ္ေနတဲ့ Carnage ကို ျမင္ေတြ႕လိုက္ရတာပဲ ျဖစ္ပါတယ္။ ေရာင္စုံမွန္ေတြဟာ ပုံမွန္အားျဖင့္ church ေက်ာင္းေတြမွာပဲ တပ္ဆင္ေလ့ ရွိပါတယ္။ ဒါေၾကာင့္ပဲ ဒီဇာတ္ဝင္ခန္းကို ၾကည့္ရတာကေတာ့ Carnage နဲ႔ Venom တို႔ဟာ church တစ္ခုခုထဲမွာ တိုက္ခိုက္ၾကမယ္လို႔ ယူဆႏိုင္ပါတယ္။

ဒါကေတာ့ Venom 2 ရဲ႕ ေထြလာအေပၚ အေသးစိတ္ သုံးသပ္ခ်က္ကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ စိတ္ဝင္စားတယ္ဆိုရင္ မိတ္ေဆြေတြကိုလည္း မွ်ေဝေပးလိုက္ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular