HomeEntertainmentFilmVenom 3 ထွက်ရှိလာဦးမယ်လို့ ကြေညာလိုက်တဲ့ Sony

Venom 3 ထွက်ရှိလာဦးမယ်လို့ ကြေညာလိုက်တဲ့ Sony

မကြာသေးခင်ကပဲ Venom 3 ဆက်လက် ထွက်ရှိလာမယ့်အကြောင်းကို Sony က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Sony ဟာ Spider-Man Universe ကို ဒုတိယအကြိမ် ထပ်မံဖန်တီးတဲ့ အချိန်မှာတော့ Venom ကို ပထမဆုံး ပွဲဦးထွက်စေခဲ့ပြီး ပရိသတ်တွေရဲ့ အကြိုက်နဲ့ ကိုက်ညီခဲ့ပါတယ်။ ပထမရုပ်ရှင်ကတော့ ဝေဖန်ချက်မျိူးစုံ ရရှိခဲ့ပေမယ့်လည်း Box-Office မှာ ဝင်ငွေအရ အခြေအနေ ကောင်းခဲ့တာကြောင့် Venom: Let There Be Carnage ကို ဆက်လက် ဖန်တီးခဲ့ပါတယ်။

photo via screenrant

Let There Be Carnage ရုပ်ရှင်ထဲက အဖြစ်အပျက်တွေဟာလည်း နောက်ထပ် Sequel ကို ထပ်မံ ဖန်တီးဖို့အတွက် လမ်းစဖွင့်ပေးထားပြီး Tom Hardy ဟာလည်း No Way Home ထဲမှာ Cameo အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်ဟာလည်း ဝေဖန်ချက်မျိူးစုံကို ရရှိခဲ့ပေမယ့် Box-Office မှာတော့ ဝင်ငွေ ဒေါ်လာသန်းငါးရာကျော် ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ယခုအချိန်မှာတော့ Sony ဟာ နောက်ထပ် Sequel ကို ထပ်မံဖန်တီးသွားဦးမှာ ဖြစ်ပါတယ်။

CinemaCon ပွဲ အဆုံးသတ်မှာတော့ Sony ရဲ့ အသစ်ထွက်ရှိလာမယ့် ပရောဂျက်တွေကို ပြသသွားပါတယ်။ အဲဒီအချိန်မှာပဲ Venom 3 ထပ်မံထွက်ရှိလာဦးမယ် ဆိုတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး Tom Hardy ပဲ ဆက်လက် ပါဝင်မယ် ဆိုတာကလွဲရင် ဒီရုပ်ရှင်ထဲမှာ ဘယ်သူတွေ ပါဝင်လာမယ်ဆိုတာနဲ့ ဘယ်လိုဇာတ်လမ်းတွေကို မြင်တွေ့ရမယ် ဆိုတာတွေကိုတော့ မသိရသေးပါဘူး။

photo via screenrant

ယခုနှစ်ထဲမှာတော့ Sony ဟာ Mobius ရုပ်ရှင်ကို ရုံတင်ပြသထားပြီး ဒီနှစ်ကုန်တဲ့အထိ Sony ရဲ့ တခြား Marvel ရုပ်ရှင်တွေတော့ ထွက်လာဦးမှာ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်မှာတော့ Kraven the Hunter နဲ့ Madame Web တို့အပြင် Spider-Man: Across the Spider-Verse တို့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Venom 3 ကတော့ ၂၀၂၄ ခုနှစ်၊ ဒါမှမဟုတ် ၂၀၂၅ ခုနှစ်လောက်မှာ ထွက်ရှိလာနိုင်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Venom 3 ထဲမှာတော့ MCU နဲ့ ဘယ်လို ချိတ်ဆက်မှုမျိူးတွေ ရှိလာဦးမလည်းဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular