HomeCharacterလူသိပ်မသိလောက်သေးတဲ့ Venom ရဲ့ အမိုက်ဆုံး စွမ်းအားတစ်ခု

လူသိပ်မသိလောက်သေးတဲ့ Venom ရဲ့ အမိုက်ဆုံး စွမ်းအားတစ်ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ရဲ့ anti-hero တစ်ယောက်ဖြစ်တဲ့ Venom ဟာ ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်းနဲ့ ခွန်အားကြီးမားမှုတွေလိုမျိူး စွမ်းအားတွေကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အမိုက်ဆုံး စွမ်းအားတစ်ခုကိုတော့ လူတွေ သိပ်ပြီးမသိကြသေးပါဘူး။ ဒါ့အပြင် သူဟာ Deadpool အပါအဝင် သူနဲ့ သင့်တော်မယ်လို့ထင်တဲ့ လက်ခံသူကို တွေ့ရင်လည်း အလွယ်တကူပဲ ပူးကပ်ပြီးတော့ ထိန်းချုပ်လို့ရပါသေးတယ်။

အပေါ်မှာ ပြောထားတဲ့ သူ့ရဲ့အမိုက်ဆုံး စွမ်းအားတစ်ခု ဆိုတာကတော့ သူ့ရဲ့ပုံစံကို အလိုရှိသလို ပြောင်းလဲလို့ရပြီး ရုပ်ဖျက်လို့ရတဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ အဲ့ဒီစွမ်းအားဟာ သူတစ်ယောက်တည်းမှာ ရှိတာမဟုတ်ဘဲ Carnage အပါအဝင် သူတို့ရဲ့ symbiotes မျိူးနွယ်တွေ အကုန်လုံး ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ Carnage ဟာ Spider-Man/Venom Free Comic Book Day Special 2019 ထဲမှာဆိုရင် သူ့ကိုယ်သူ Eddie Brook အဖြစ် ရုပ်ဖျက်ပြီး ဟန်ဆောင်ခဲ့ဖူးပါသေးတယ်။ Venom Annual Vol.1 #1 ထဲမှာတော့ Venom ဟာ ရုပ်ဖျက်ပြီးတော့ ဗီလိန်တစ်ယောက်ဖြစ်တဲ့ Scorpion (ခေါ်) Mac Gargan ကို သတ်ဖြတ်ခဲ့ပါတယ်။

photo via screenrant

အဲ့ဒီဇာတ်လမ်းအပြည့်အစုံကတော့ Scorpion ၊ Shocker ၊ Jack O’ Lantern ၊ Black Cat နဲ့ တစ်ခြားဗီလိန်တွေဟာ ဘားတစ်ခုမှာ လူစုပြီးတော့ ကြောက်ဖို့ကောင်းတဲ့ Venom ရဲ့ အကြောင်းတွေကို ပြောနေခဲ့ကြပါတယ်။ ပထမဆုံးမှာတော့ Black Cat ဟာ Venom ကို သူမကိုယ်တိုင် တိုက်ခိုက်ပြီးနောက်ပိုင်းမှာ Venom ကို ဘယ်တော့မှ လျှော့မတွက်ဖို့အတွက် သင်ခန်းစာ ရသွားတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ bartender က သူ့ရဲ့ဘားထဲမှာ Venom နဲ့ Wolverine တို့ တိုက်ခိုက်ခဲ့ကြတဲ့အကြောင်းကို ပြောပြလာပါတယ်။ Venom နဲ့ Wolverine တို့နှစ်ယောက်ဟာ ဘားထဲမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးတဲ့နောက် Wolverine က သူ့ရဲ့လက်သည်းတွေနဲ့ Venom ရဲ့ခေါင်းကို ထိုးမလို့လုပ်ပြီးမှ လက်သည်းတွေကို ပြန်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်မှာတော့ Wolverine ဟာ Venom ကို ဗီလိန်တစ်ယောက်ထက် သာလွန်တဲ့သူတစ်ယောက် ဖြစ်လာဖို့အတွက် အခွင့်အရေးပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အနက်ရောင်ဝတ်ရုံကို ခြုံထားတဲ့ အမည်မသိသူတစ်ယောက်ဟာ Juggernaut က Venom ကို အနိုင်ယူနိုင်ခဲ့ပါတယ် ဆိုပြီးတော့ လိမ်ပြောလိုက်ပါတယ်။ တကယ့် အဖြစ်အပျက်ကတော့ Venom နဲ့ Juggernaut ဟာ တိုက်ခိုက်နေရင်းနဲ့ နောက်ဆုံးမှာ Juggernaut က မောပန်းပြီးတော့ မတိုက်ခိုက်နိုင်တော့တဲ့ အဆင့်ထိ ဖြစ်သွားခဲ့တာပါ။ ဒီလိုနဲ့ လူတိုင်းက တစ်ယောက်တစ်မျိူးစီ Venom နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြောနေတဲ့အချိန်မှာ Scorpion ကတော့ “Venom ဟာ ဟိတ်ဟန်ပဲ ရှိပြီးတော့ တကယ်က ဘာမှကြောက်ဖို့ မကောင်းပါဘူး…” ဆိုပြီးတော့ ပြောလိုက်ပါတယ်။

အဲ့ဒီနောက်မှာတော့ Scorpion ဟာ တစ်ခြားဗီလိန်တွေဘက်ကို လှည့်ပြီးတော့ Venom ဟာ လုံးဝကြောက်ဖို့မကောင်းသလို ခုနက ပြောသွားကြတဲ့ ကောလာဟလတွေကလည်း အမှန်မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ခုနက လူတိုင်း ပြောသွားကြတဲ့ “Venom က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလည်းဆိုတဲ့ ဇာတ်လမ်းတွေကို နားထောင်ပြီးတာတောင်မှ Venom ကို ကြောက်ဖို့ အကြောင်းပြချက် မရှိသေးပါဘူး…” ဆိုပြီးတော့ပါ ပြောလာပါတယ်။

ဒီလိုနဲ့ သူဟာ ခုနက Venom အကြောင်းကို ပြောနေတဲ့ အနက်ရောင်ဝတ်ရုံနဲ့ လူကို ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ လုံးဝအံ့ဩစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အဲ့ဒီအနက်ရောင်ဝတ်ရုံကို ခြုံထားတဲ့ လူဟာ ရုပ်ဖျက်ထားတာကို ဖျောက်လိုက်တဲ့အခါမှာတော့ Venom ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

photo via screenrant

အဲ့ဒီနောက်မှာတော့ Venom ဟာ Scorpion ကို ကြောက်ရွံ့၊ တုန်လှုပ်သွားစေချင်တဲ့အတွက် သူ့ရဲ့နားနားကို ကပ်ပြီးတော့ “Venom က ဘာလို့ ကြောက်ဖို့ကောင်းလည်းဆိုတာ သိချင်လား Mac ?… ” ဆိုပြီး မေးလိုက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကြီးမားတဲ့ သွားတွေနဲ့ လျှာကြီးကလည်း Scorpion ရဲ့ ခေါင်းပတ်ပတ်လည်မှာ ရှိနေပါတယ်။ အဲ့ဒီနောက်မှာတော့ Venom က Scorpion ရဲ့ ခေါင်းကို ကိုက်ဖြတ်လိုက်တာမျိုးကိုတော့ ကောမစ်ထဲမှာ မပြသထားဘဲ ဘားထဲက လူတွေအကုန်လုံး ကြောက်လန့်ပြီးတော့ လမ်းပေါ် ပြေးထွက်လာတဲ့ပုံကို ပြသပြီး အဲ့ဒီကောမစ်ဟာ ပြီးဆုံးသွားခဲ့ပါတယ်။

Venom ရဲ့ စွမ်းအားတစ်ခုဖြစ်တဲ့ အခုလို ရုပ်ဖျက်နိုင်တဲ့ စွမ်းအားဟာ တော်တော်လေးကို အသုံးဝင်ပါတယ်။ စူပါဟီးရိုးတွေရဲ့ ဘေးနားမှာ မတ်တပ်ရပ်နေရင်တောင် သူ့ကို Venom မှန်း ဘယ်သူမှ သိကြမှာ မဟုတ်ပါဘူး။ ဒါ့အပြင် စိတ်ဝင်စားစရာတစ်ခုကတော့ သူဟာ အခုလိုမျိူး ရုပ်ဖျက်ဖို့အတွက် လက်ခံကောင် မလိုအပ်ဘဲ သူတစ်ယောက်တည်းနဲ့ ပြုလုပ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ရဲ႕ anti-hero တစ္ေယာက္ျဖစ္တဲ့ Venom ဟာ ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္စြမ္းနဲ႔ ခြန္အားႀကီးမားမႈေတြလိုမ်ိဴး စြမ္းအားေတြကို ပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕ အမိုက္ဆုံး စြမ္းအားတစ္ခုကိုေတာ့ လူေတြ သိပ္ၿပီးမသိၾကေသးပါဘူး။ ဒါ့အျပင္ သူဟာ Deadpool အပါအဝင္ သူနဲ႔ သင့္ေတာ္မယ္လို႔ထင္တဲ့ လက္ခံသူကို ေတြ႕ရင္လည္း အလြယ္တကူပဲ ပူးကပ္ၿပီးေတာ့ ထိန္းခ်ဳပ္လို႔ရပါေသးတယ္။

အေပၚမွာ ေျပာထားတဲ့ သူ႔ရဲ႕အမိုက္ဆုံး စြမ္းအားတစ္ခု ဆိုတာကေတာ့ သူ႔ရဲ႕ပုံစံကို အလိုရွိသလို ေျပာင္းလဲလို႔ရၿပီး ႐ုပ္ဖ်က္လို႔ရတဲ့ စြမ္းရည္ပဲ ျဖစ္ပါတယ္။ အဲ့ဒီစြမ္းအားဟာ သူတစ္ေယာက္တည္းမွာ ရွိတာမဟုတ္ဘဲ Carnage အပါအဝင္ သူတို႔ရဲ႕ symbiotes မ်ိဴးႏြယ္ေတြ အကုန္လုံး ပိုင္ဆိုင္ထားတဲ့ စြမ္းရည္တစ္ခု ျဖစ္ပါတယ္။ Carnage ဟာ Spider-Man/Venom Free Comic Book Day Special 2019 ထဲမွာဆိုရင္ သူ႔ကိုယ္သူ Eddie Brook အျဖစ္ ႐ုပ္ဖ်က္ၿပီး ဟန္ေဆာင္ခဲ့ဖူးပါေသးတယ္။ Venom Annual Vol.1 #1 ထဲမွာေတာ့ Venom ဟာ ႐ုပ္ဖ်က္ၿပီးေတာ့ ဗီလိန္တစ္ေယာက္ျဖစ္တဲ့ Scorpion (ေခၚ) Mac Gargan ကို သတ္ျဖတ္ခဲ့ပါတယ္။

photo via screenrant

အဲ့ဒီဇာတ္လမ္းအျပည့္အစုံကေတာ့ Scorpion ၊ Shocker ၊ Jack O’ Lantern ၊ Black Cat နဲ႔ တစ္ျခားဗီလိန္ေတြဟာ ဘားတစ္ခုမွာ လူစုၿပီးေတာ့ ေၾကာက္ဖို႔ေကာင္းတဲ့ Venom ရဲ႕ အေၾကာင္းေတြကို ေျပာေနခဲ့ၾကပါတယ္။ ပထမဆုံးမွာေတာ့ Black Cat ဟာ Venom ကို သူမကိုယ္တိုင္ တိုက္ခိုက္ၿပီးေနာက္ပိုင္းမွာ Venom ကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္ဖို႔အတြက္ သင္ခန္းစာ ရသြားတဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ bartender က သူ႔ရဲ႕ဘားထဲမွာ Venom နဲ႔ Wolverine တို႔ တိုက္ခိုက္ခဲ့ၾကတဲ့အေၾကာင္းကို ေျပာျပလာပါတယ္။ Venom နဲ႔ Wolverine တို႔ႏွစ္ေယာက္ဟာ ဘားထဲမွာ ျပင္းျပင္းထန္ထန္ တိုက္ခိုက္ၿပီးတဲ့ေနာက္ Wolverine က သူ႔ရဲ႕လက္သည္းေတြနဲ႔ Venom ရဲ႕ေခါင္းကို ထိုးမလို႔လုပ္ၿပီးမွ လက္သည္းေတြကို ျပန္သိမ္းလိုက္တယ္လို႔ ဆိုပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Wolverine ဟာ Venom ကို ဗီလိန္တစ္ေယာက္ထက္ သာလြန္တဲ့သူတစ္ေယာက္ ျဖစ္လာဖို႔အတြက္ အခြင့္အေရးေပးခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ အနက္ေရာင္ဝတ္႐ုံကို ၿခဳံထားတဲ့ အမည္မသိသူတစ္ေယာက္ဟာ Juggernaut က Venom ကို အႏိုင္ယူႏိုင္ခဲ့ပါတယ္ ဆိုၿပီးေတာ့ လိမ္ေျပာလိုက္ပါတယ္။ တကယ့္ အျဖစ္အပ်က္ကေတာ့ Venom နဲ႔ Juggernaut ဟာ တိုက္ခိုက္ေနရင္းနဲ႔ ေနာက္ဆုံးမွာ Juggernaut က ေမာပန္းၿပီးေတာ့ မတိုက္ခိုက္ႏိုင္ေတာ့တဲ့ အဆင့္ထိ ျဖစ္သြားခဲ့တာပါ။ ဒီလိုနဲ႔ လူတိုင္းက တစ္ေယာက္တစ္မ်ိဴးစီ Venom နဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြကို ေျပာေနတဲ့အခ်ိန္မွာ Scorpion ကေတာ့ “Venom ဟာ ဟိတ္ဟန္ပဲ ရွိၿပီးေတာ့ တကယ္က ဘာမွေၾကာက္ဖို႔ မေကာင္းပါဘူး…” ဆိုၿပီးေတာ့ ေျပာလိုက္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Scorpion ဟာ တစ္ျခားဗီလိန္ေတြဘက္ကို လွည့္ၿပီးေတာ့ Venom ဟာ လုံးဝေၾကာက္ဖို႔မေကာင္းသလို ခုနက ေျပာသြားၾကတဲ့ ေကာလာဟလေတြကလည္း အမွန္မဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။ ဒါ့အျပင္ သူ႔အေနနဲ႔ ခုနက လူတိုင္း ေျပာသြားၾကတဲ့ “Venom က ဘယ္ေလာက္ထိ ေၾကာက္ဖို႔ေကာင္းလည္းဆိုတဲ့ ဇာတ္လမ္းေတြကို နားေထာင္ၿပီးတာေတာင္မွ Venom ကို ေၾကာက္ဖို႔ အေၾကာင္းျပခ်က္ မရွိေသးပါဘူး…” ဆိုၿပီးေတာ့ပါ ေျပာလာပါတယ္။

ဒီလိုနဲ႔ သူဟာ ခုနက Venom အေၾကာင္းကို ေျပာေနတဲ့ အနက္ေရာင္ဝတ္႐ုံနဲ႔ လူကို ျပန္လွည့္ၾကည့္လိုက္တဲ့အခါမွာေတာ့ လုံးဝအံ့ဩစရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါကေတာ့ အဲ့ဒီအနက္ေရာင္ဝတ္႐ုံကို ၿခဳံထားတဲ့ လူဟာ ႐ုပ္ဖ်က္ထားတာကို ေဖ်ာက္လိုက္တဲ့အခါမွာေတာ့ Venom ျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။

photo via screenrant

အဲ့ဒီေနာက္မွာေတာ့ Venom ဟာ Scorpion ကို ေၾကာက္႐ြံ႕၊ တုန္လႈပ္သြားေစခ်င္တဲ့အတြက္ သူ႔ရဲ႕နားနားကို ကပ္ၿပီးေတာ့ “Venom က ဘာလို႔ ေၾကာက္ဖို႔ေကာင္းလည္းဆိုတာ သိခ်င္လား Mac ?… ” ဆိုၿပီး ေမးလိုက္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ ႀကီးမားတဲ့ သြားေတြနဲ႔ လွ်ာႀကီးကလည္း Scorpion ရဲ႕ ေခါင္းပတ္ပတ္လည္မွာ ရွိေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Venom က Scorpion ရဲ႕ ေခါင္းကို ကိုက္ျဖတ္လိုက္တာမ်ိဳးကိုေတာ့ ေကာမစ္ထဲမွာ မျပသထားဘဲ ဘားထဲက လူေတြအကုန္လုံး ေၾကာက္လန႔္ၿပီးေတာ့ လမ္းေပၚ ေျပးထြက္လာတဲ့ပုံကို ျပသၿပီး အဲ့ဒီေကာမစ္ဟာ ၿပီးဆုံးသြားခဲ့ပါတယ္။

Venom ရဲ႕ စြမ္းအားတစ္ခုျဖစ္တဲ့ အခုလို ႐ုပ္ဖ်က္ႏိုင္တဲ့ စြမ္းအားဟာ ေတာ္ေတာ္ေလးကို အသုံးဝင္ပါတယ္။ စူပါဟီး႐ိုးေတြရဲ႕ ေဘးနားမွာ မတ္တပ္ရပ္ေနရင္ေတာင္ သူ႔ကို Venom မွန္း ဘယ္သူမွ သိၾကမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ စိတ္ဝင္စားစရာတစ္ခုကေတာ့ သူဟာ အခုလိုမ်ိဴး ႐ုပ္ဖ်က္ဖို႔အတြက္ လက္ခံေကာင္ မလိုအပ္ဘဲ သူတစ္ေယာက္တည္းနဲ႔ ျပဳလုပ္ႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular