HomeEntertainmentFilm၂၀၂၂ ခုနှစ်ကို ရုံတင်ရက် ရွှေ့ဆိုင်းသွားတဲ့ Venom: Let There Be Carnage

၂၀၂၂ ခုနှစ်ကို ရုံတင်ရက် ရွှေ့ဆိုင်းသွားတဲ့ Venom: Let There Be Carnage

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Venom: Let There Be Carnage ဟာ မူလကတော့ ယခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားတာပါ။ သို့ပေမယ့်လည်း Sony ဟာ ဒီရုပ်ရှင်ကို ၂၀၂၂ ခုနှစ်အထိ ရုံတင်ရက် ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Venom ရုပ်ရှင်ကားဟာ ပရိသတ်တွေအကြိုက် ဖြစ်ခဲ့သလို Box Office မှာလည်း ဝင်ငွေ ဒေါ်လာ (၈၅၆)သန်းကျော် ရရှိခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် Venom 2 ထဲမှာတော့ Venom ဟာ Carnage နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo via IMDb

Venom 2 ထဲမှာတော့ ကောမစ်ထဲက Venom ရဲ့ နာမည်ကြီးဗီလိန် ဖြစ်တဲ့ Carnage ကို ပထမဆုံးအနေနဲ့ Live Action ဗားရှင်းအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Carnage ဟာ Marvel ကောမစ်ပရိသတ်တွေရဲ့ အကြိုက်နှစ်သက်ဆုံး ဗီလိန်တစ်ယောက်လည်း ဖြစ်တာကြောင့် ပရိသတ်အများစုဟာ ဒီရုပ်ရှင်ကို စောင့်မျှော်နေကြပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ကိုဗစ်ကြောင့် ဒီရုပ်ရှင်ဟာ အကြိမ်ကြိမ် နှောင့်နှေးမှုတွေ ဖြစ်နေရပါတယ်။

photo via screenrant

အခုတစ်ခေါက်မှာလည်း ကိုဗစ်ကြောင့်ပဲ Venom: Let There Be Carnage ဟာ နောက်ထပ်တစ်ကြိမ် ရုံတင်ရက် ရွှေ့ဆိုင်းသွားပြန်ပါပြီ။ Vulture သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၅)ရက်ကနေ ၂၀၂၂ ခုနှစ်ကို ရုံတင်ရက် နောက်ဆုတ်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Sony ကပဲ ထုတ်လုပ်သွားမယ့် Morbius ရုပ်ရှင်ဟာလည်း မူလတုန်းက ယခုနှစ်ထဲမှာ ထွက်ရှိလာဖို့ စီစဉ်ထားပေမယ့်လည်း အလားတူပဲ ၂၀၂၂ ခုနှစ်ကို ရုံတင်ရက် ရွှေ့ထားပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

Venom: Let There Be Carnage ဟာ မူလကေတာ့ ယခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္ေန႔မွာ ႐ုံတင္ဖို႔ စီစဥ္ထားတာပါ။ သို႔ေပမယ့္လည္း Sony ဟာ ဒီ႐ုပ္ရွင္ကို ၂၀၂၂ ခုႏွစ္အထိ ႐ုံတင္ရက္ ေ႐ႊ႕ဆိုင္းလိုက္တယ္လို႔ သိရပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Venom ႐ုပ္ရွင္ကားဟာ ပရိသတ္ေတြအႀကိဳက္ ျဖစ္ခဲ့သလို Box Office မွာလည္း ဝင္ေငြ ေဒၚလာ (၈၅၆)သန္းေက်ာ္ ရရွိခဲ့ပါတယ္။ အသစ္ထြက္ရွိလာမယ့္ Venom 2 ထဲမွာေတာ့ Venom ဟာ Carnage နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

Photo via IMDb

Venom 2 ထဲမွာေတာ့ ေကာမစ္ထဲက Venom ရဲ႕ နာမည္ႀကီးဗီလိန္ ျဖစ္တဲ့ Carnage ကို ပထမဆုံးအေနနဲ႔ Live Action ဗားရွင္းအျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Carnage ဟာ Marvel ေကာမစ္ပရိသတ္ေတြရဲ႕ အႀကိဳက္ႏွစ္သက္ဆုံး ဗီလိန္တစ္ေယာက္လည္း ျဖစ္တာေၾကာင့္ ပရိသတ္အမ်ားစုဟာ ဒီ႐ုပ္ရွင္ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။ ဒါေပမယ့္လည္း ထုံးစံအတိုင္း ကိုဗစ္ေၾကာင့္ ဒီ႐ုပ္ရွင္ဟာ အႀကိမ္ႀကိမ္ ေႏွာင့္ေႏွးမႈေတြ ျဖစ္ေနရပါတယ္။

photo via screenrant

အခုတစ္ေခါက္မွာလည္း ကိုဗစ္ေၾကာင့္ပဲ Venom: Let There Be Carnage ဟာ ေနာက္ထပ္တစ္ႀကိမ္ ႐ုံတင္ရက္ ေ႐ႊ႕ဆိုင္းသြားျပန္ပါၿပီ။ Vulture သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဒီ႐ုပ္ရွင္ဟာ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္ကေန ၂၀၂၂ ခုႏွစ္ကို ႐ုံတင္ရက္ ေနာက္ဆုတ္သြားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Sony ကပဲ ထုတ္လုပ္သြားမယ့္ Morbius ႐ုပ္ရွင္ဟာလည္း မူလတုန္းက ယခုႏွစ္ထဲမွာ ထြက္ရွိလာဖို႔ စီစဥ္ထားေပမယ့္လည္း အလားတူပဲ ၂၀၂၂ ခုႏွစ္ကို ႐ုံတင္ရက္ ေ႐ႊ႕ထားပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular