HomeEntertainmentFilmVenom: Let There Be Carnage ဒုတိယထွေလာထဲက အသေးစိတ်အချက်များ 

Venom: Let There Be Carnage ဒုတိယထွေလာထဲက အသေးစိတ်အချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ပရိသတ်အများစုဟာ Spider-Man: No Way Home ရဲ့ ထွေလာကို စောင့်မျှော်နေကြပေမယ့်လည်း မကြာသေးခင်ကတော့ Venom: Let There Be Carnage ရဲ့ ဒုတိယမြောက်ထွေလာ ထပ်မံထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ Carnage ပါဝင်တဲ့ ဇာတ်ဝင်ခန်းအသစ်တွေကို ထပ်မံမြင်တွေ့ခဲ့ရသလို ဒီရုပ်ရှင်ကားကလည်း ပရိသတ်တွေအတွက် ကြည့်ရှုရတာ စိတ်ကျေနပ်စေမယ့် ဇာတ်လမ်းတစ်ခု ဖြစ်မှာပါ။ ဒီထွေလာထဲမှာ ပါဝင်တွေတဲ့ တခြားစိတ်ဝင်စားစရာ အချက်တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) Cletus Kasady
photo via screenrant

ဒီထွေလာကိုတော့ Cletus Kasady က Carnage အဖြစ် ပြောင်းလဲသွားတဲ့ ဇာတ်ဝင်ခန်းနဲ့ စတင်သွားပါတယ်။ ဒါ့အပြင် နောက်ခံစကားပြောကလည်း “ဒီကမ္ဘာကြီးထဲမှာ ငါလိုချင်တဲ့ တစ်ခုတည်းသောအရာက လူတွေ အစုလိုက် အပြုံလိုက် သတ်ပစ်ဖို့ပဲ … ” ဆိုပြီး ပြောသွားပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ ခရစ်ယာန် ဘုရားကျောင်းတစ်ခုထဲမှာ ဖြစ်ပြီး ဒီထွေလာထဲက တခြားဇာတ်ဝင်ခန်းတွေကလည်း ဒီဘုရားကျောင်းထဲမှာပဲ ဖြစ်ပျက်နေတာကို မြင်တွေ့ရပါတယ်။

(2) Venom ကို ထိန်းချုပ်ဖို့ ကြိုးစားနေရတဲ့ Eddie Brock
photo via screenrant

ဒီထွေလာထဲမှာတော့ Eddie နဲ့ Venom တို့ဟာ သိပ်ပြီး အဆင်မပြေဖြစ်နေတာကို မြင်တွေ့ရပါတယ်။ Venom ရဲ့ ပြောစကားအရ အဓိကပြဿနာကတော့ သူရဲ့ အသိစိတ်တွေ အားလုံးက သားကောင်ကို စားသောက်ဖို့ပဲ တွန်းအားပေးနေပြီး Eddie ကတော့ Venom ကို လူသားတွေအတွက် ကောင်းကျိူးရအောင် အသုံးပြုနေချင်ပါတယ်။

ဒါ့အပြင် Eddie ဟာ Venom ကို ဒီလိုအသုံးပြုနေရင်းနဲ့လည်း Venom ရဲ့ သွေးဆာမှုတွေကို ပိုဆိုးမသွားစေချင်ပါဘူး။ Eddie က အခုလို ပြဿနာနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာတော့ Cletus ဟာ သူ ကိုယ်တိုင်က ကွင်းဆက်လူသတ်သမား တစ်ယောက် ဖြစ်သလို Carnage ကလည်း သွေးဆာနေတဲ့သတ္တဝါ ဖြစ်တာကြောင့် သူတို့နှစ်ယောက်ကတော့ ထိန်းချုပ်လို့မရအောင် သောင်းကျန်းတော့မှာ ဖြစ်ပါတယ်။

(3) San Francisco မြို့ရဲ့ ကာကွယ်စောင့်ရှောက်သူ
photo via screenrant

ပထမရုပ်ရှင်ရဲ့ အဆုံးမှာတော့ Venom ဟာ San Francisco မြို့ရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီထွေလာထဲမှာလည်း Venom ဟာ အပေါ်စီးကနေ မြို့ကြီးကို စောင့်ကြည့်နေပြီး ဒီမြို့ကို ကာကွယ်ကာ လူဆိုးတွေကို စားသုံးဖို့ စိတ်အားထက်သန်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

Venom ဟာ သူ့ရဲ့သဘာဝအရကို လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ Phenethylamine ဆိုတဲ့ ဓာတုဒြပ်ပေါင်းကို စားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း Symbiote တွေဟာ အဲ့ဒီဒြပ်ပေါင်းကို မထုတ်လုပ်နိုင်တာကြောင့် လူဦးနှောက်နဲ့ ချောကလက်တို့ကို စားသုံးတာ ဖြစ်ပါတယ်။ Eddie ကတော့ Venom ကို လူတွေကို မစားသုံးဖို့ တားမြစ်ထားပြီး အဲ့ဒီအချက်ကြောင့်ပဲ သူတို့နှစ်ယောက် ပြဿနာတက်နေတာပါ။

(4) Ravencroft
photo via screenrant

Ravencroft ကတော့ Arkham Asylum ရဲ့ Marvel ဗားရှင်းလို့ ပြောလို့ရပြီး ဒီအဆောက်အအုံဟာ Venom 2 ထဲမှာ စတင်ပါဝင်လာတော့မှာပါ။ Arkham Asylum လိုပဲ Ravencroft ဟာ ဒုစရိုက်သမားတွေကို ဖမ်းဆီးထားတဲ့ အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ကောမစ်ထဲမှာဆိုရင် Ravencroft တည်ဆောက်ထားတဲ့ မြေနေရာက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျိန်စာမိနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Ravencroft ရဲ့ မြေအောက်ထဲမှာဆိုရင် Symbiote တွေရဲ့ နတ်ဘုရားဖြစ်တဲ့ Knull ကို ကိုးကွယ်တဲ့ နေရာ ဖြစ်နေပါသေးတယ်။

(5) Shriek
photo via screenrant

Venom 2 ထဲမှာတော့ Carnage ဟာ တစ်ဦးတည်းသော ဗီလိန်အဖြစ် ပါဝင်လာမှာ မဟုတ်ဘဲ Venom ဟာ Ravencroft ထဲမှာ ဖမ်းဆီးခံထားရတဲ့ Shriek နဲ့လည်း ရင်ဆိုင်ရဦးမှာပါ။ Shriek ကတော့ အသံလှိုင်းတွေကို လိုသလို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ Shriek နဲ့ Cletus တို့ နှစ်ယောက်လုံးဟာ Ravencroft ထဲမှာ ဖမ်းဆီးခံထားရတာ ဖြစ်ပြီး Cletus က Carnage အဖြစ်‌ ပြောင်းလဲပြီး ထောင်ဖောက်သွားတဲ့အချိန်မှာ Shriek ကလည်း Cletus နဲ့ ပူးပေါင်းသွားနိုင်ပါတယ်။

ဒါ့အပြင် Shriek ဟာ Venom အတွက် ရင်ဆိုင်ရတာ ခက်ခဲမယ့်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အကြောင်းကတော့ Venom တို့လို Symbiote တွေရဲ့ အားနည်းချက်ဟာ အသံလှိုင်းတွေ ဖြစ်ပြီး Shriek ကတော့ အသံလှိုင်းတွေကို ထိန်းချုပ်နိုင်သူ ဖြစ်နေလို့ပါ။ ဒါ့အပြင် Venom 2 ရဲ့ ဒါရိုက်တာဖြစ်သူကလည်း ဒီရုပ်ရှင်ထဲမှာ Shriek ရဲ့ Dark Side ကို မြင်တွေ့ရမယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။

(6) Eddie နဲ့ ပြဿာနာတက်နေတဲ့ Venom
photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Eddie နဲ့ Venom တို့ နှစ်ယောက်ဟာ ပြဿနာတက်နေကြပြီး ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် Venom က Eddie ကို အကြိမ်ကြိမ် ခေါင်းနဲ့တိုက်ပြီး ” အရှုံးသမား ” လို့ ခေါ်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ကြားက ပြဿနာဟာ တဖြည်းဖြည်းနဲ့ ကြီးမားလာပြီး အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းသွားမလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီရုပ်ရှင်တစ်ကားလုံးမှာ Eddie နဲ့ Venom နှစ်ယောက်က အဲ့ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ နောက်ပိုင်းမှာ Venom က Host အသစ် ပြောင်းလဲသွားနိုင်ပါတယ်။

(7) Carnage ရဲ့ Origin
photo via screenrant

Eddie ဟာ ဂျာနယ်လစ်တစ်ယောက် ဖြစ်ပြီး သတင်းရရှိဖို့အတွက် Cletus ကို လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Cletus ဟာ Eddie ရဲ့ လက်ကို ကိုက်လိုက်တာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Cletus က Eddie ကို ကိုက်လိုက်တဲ့အချိန်မှာ Eddie ရဲ့ သွေးထဲမှာ Venom ရဲ့ အပိုင်းအစလေးတွေ ပါဝင်သွားတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီနောက်မှသာ Cletus ရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတဲ့ အဲ့ဒီအပိုင်းအစလေးက တဖြည်းဖြည်းချင်း ပွားများလာပြီး Carnage ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ဒီသီအိုရီကတော့ ကောမစ်ထဲက အချက်တွေနဲ့ များစွာကွာခြားနေပြီး သီအိုရီသက်သက်ပဲ ဖြစ်တာကြောင့် မှားယွင်းနေနိုင်ပါတယ်။

(8) Ravencroft က လွတ်မြောက်လာတဲ့ Carnage
photo via screenrant

ကောမစ်ထဲကလိုပဲ Carnage ဟာ Ravencroft က လွတ်လာကတည်းက တွေ့သမျှ လူတိုင်းကို သတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် Carnage ဟာ Venom နဲ့ မတူတဲ့ စွမ်းအားတွေကိုလည်း ပြသသွားပါသေးတယ်။ အဲ့ဒီစွမ်းအားတွေကတော့ ကျည်ဆန်တွေက သူ့ရဲ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသလို လက်တွေလည်း ထပ်ထွက်လာပါတယ်။

Venom ကတော့ လူသားတွေကို Host အနေနဲ့ အသုံးပြုနေတဲ့ Symbiote ဖြစ်ပြီး Carnage ကတော့ သူကိုယ်တိုင်က လူတစ်ပိုင်း Symbiote တစ်ပိုင်းအဖြစ် ပြောင်းလဲသွားပုံ ရပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ ဒါရိုက်တာ Andy Serkis ဟာ ” Carnage က သူ့ရဲ့လက်တံတွေကို ပုံစံမျိူးစုံ ပြောင်းလဲနိုင်ပြီး လက်နက်တွေအဖြစ်တောင် အသုံးပြုနိုင်ပါတယ် … ” လို့ ပြောထားပါတယ်။

(9) ထောင်စောင့်တစ်ယောက်ကို ရက်စက်စွာ သတ်လိုက်တဲ့ Carnage
photo via screenrant

ဒီထွေလာထဲက တစ်နေရာမှာတော့ Carnage ဟာ ထောင်စောင့်တစ်ယောက်ကို ရက်ရက်စက်စက် သတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Venom 2 ထဲမှာတော့ သေချာပေါက် သေဆုံးမှုတွေများစွာ ပါဝင်လာမှာပါ။ အဲ့ဒီထောင်စောင့်ကို သတ်တဲ့အချိန်မှာတော့ Carnage ဟာ အပိုင်းပိုင်း ခုတ်ဖြတ်ပြီး မသတ်ခဲ့ဘဲ သူ့ရဲ့လျှာကို ထောင်စောင့်ရဲ့ လည်ပင်းထဲကို ထိုးထည့်ကာ သတ်ပစ်ခဲ့ပါတယ်။

ကောမစ်ထဲမှာဆိုရင်တော့ Carnage ဟာ တခြားလူတွေကို သူ့ရဲ့ဆန္ဒအတိုင်း ခိုင်းစေလို့ရတဲ့ စွမ်းအားတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Carnage ဟာ သူ့ရဲ့အပိုင်းအစတွေကို တခြားလူရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းပြီး ခိုင်းစေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇာတ်ဝင်ခန်းထဲမှာ Carnage က အဲ့ဒီထောင်စောင့်ကို သတ်နေတာ မဟုတ်ဘဲ ထိန်းချုပ်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်။

(10) Carnage နဲ့ ပတ်သက်မှုတွေ ရှိနေနိုင်တဲ့ Anne
photo via screenrant

ဒီထွေလာထဲက အနည်းငယ် ထူးဆန်းတဲ့ ဇာတ်ဝင်ခန်းတစ်ခုကတော့ Cletus ဟာ Eddie ရဲ့ ဇနီးဟောင်းဖြစ်သူ Anne Weying ရဲ့ ဓာတ်ပုံကို ကြည့်နေတာပဲ ဖြစ်ပါတယ်။ Cletus ဟာ Eddie ကို ဒုက္ခပေးချင်လို့ Anne ကို ပစ်မှတ်ထားတာ ဖြစ်နေနိုင်သလို Cletus နဲ့ Anne တို့ဟာ ပတ်သက်မှုတွေလည်း ရှိနေနိုင်ပါတယ်။ Anne ဟာ ရှေ့နေတစ်ယောက် ဖြစ်တာကြောင့် သူမဟာ Cletus ရဲ့ အမှုမှာ ပါဝင်ပတ်သက်ခဲ့ပြီး လက်စားချေဖို့ စီစဉ်နေတာလည်း ဖြစ်နိုင်ပါတယ်။

(11) That is a red one!
photo via screenrant

ဒီထွေလာထဲမှာတော့ Venom နဲ့ Carnage တို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို မြင်တွေ့လိုက်ရပါတယ်။ ဒီအချိန်မှာတော့ Venom ဟာ ထိတ်လန့်သွားပြီး ” အဲ့ဒါအနီကောင်ပဲ … ” လို့ ပြောကာ Eddie ရဲ့ ကိုယ်ထဲကို ပြန်လည် ဝင်ရောက်သွားပါတယ်။ ကောမစ်ထဲမှာတော့ Symbiote တွေရဲ့ အရောင်ဟာ ထူးထူးခြားခြား အဓိပ္ပာယ်တွေ မရှိပါဘူး။ ဒါပေမယ့်လည်း ဒီ Live Action ထဲမှာတော့ Symbiote တွေရဲ့အရောင်ဟာ သူတို့ရဲ့ စွမ်းအားတွေကို ခွဲခြားပေးထားတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Carnage ရဲ့ စွမ်းအားတွေကလည်း Venom နဲ့ ကွာခြားနေတာကြောင့် ဒီအချက်က ဖြစ်နိုင်ချေများတယ်လို့ ပြောနိုင်ပါတယ်။

(12) Venom နဲ့ သဘောတူညီမှု ပြုလုပ်ခဲ့တဲ့ Eddie
photo via screenrant

အပေါ်မှာ ဖော်ပြထားသလို Venom က Eddie ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်လည် ဝင်ရောက်သွားတာကြောင့် Eddie ဟာ Carnage နဲ့ ရင်ဆိုင်ဖို့အတွက် Venom နဲ့ သဘောတူညီမှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီသဘောတူညီမှုကတော့ Eddie က Venom ကို လူတိုင်းကို စားခွင့်ပေးမယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကျမှ Venom က ပြန်လည် ထွက်ပေါ်လာပြီး Carnage နဲ့ တိုက်ခိုက်ပါတော့တယ်။

ဒီဇာတ်ဝင်ခန်းထဲမှာတော့ အရေးပေါ်အခြေအနေ ဖြစ်နေတာကြောင့် Eddie က အခုလို သဘောတူညီမှု ပြုလုပ်ခဲ့ပေမယ့်လည်း သူက Venom ကို တကယ်ပဲ လူတိုင်းကို စားခွင့်ပေးမှာတော့ မဟုတ်ပါဘူး။ Eddie နဲ့ Venom တို့ဟာ အစောကတည်းက ပြဿနာတွေ ရှိနေပြီးသား ဖြစ်နေသလို ဒီသဘောတူညီချက်ကြောင့်လည်း နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ ယုံကြည်မှု ပျက်စီးသွားနိုင်ပါတယ်။

(13) စွမ်းအားတွေကို အသုံးပြုနေတဲ့ Shriek
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Shriek ဟာ ကားရဲ့ လေကာမှန်ကို ခွဲဖို့အတွက် သူမရဲ့ စွမ်းအားတွေကို အသုံးပြုနေတာ တွေ့ရပါတယ်။ ပြသသွားတဲ့ ပုံစံအရ ဒီဇာတ်ဝင်ခန်းဟာ ဘယ်လိုနေရာမှာ ပါဝင်လာမလည်းဆိုတာကို ခန့်မှန်းဖို့တော့ မဖြစ်နိုင်ပါဘူး။ သူမဟာ Ravencroft ရဲ့ ယူနီဖောင်းကို ဝတ်ဆင်ထားတာ မြင်တွေ့ရတာကြောင့် Ravencroft ကနေ လွတ်မြောက်လာကာစ အချိန်လို့တော့ ခန့်မှန်းနိုင်ပါတယ်။

(14) စေ့စပ်သွားပြီ ဖြစ်တဲ့ Anne
photo via screenrant

ဒီထွေလာရဲ့ အဆုံးမှာတော့ Anne ဟာ ဒေါက်တာ Dan Lewis နဲ့ စေ့စပ်သွားတာကို တွေ့ရပါတယ်။ Eddie ကတော့ သူ့ရဲ့ ဇနီးဟောင်းကို ဂုဏ်ပြုပေးနိုင်ခဲ့ပေမယ့်လည်း Venom ကတော့ ဒါကို မကျေနပ်ဘဲ ဒေါက်တာ Dan ကို ပါးရိုက်လိုက်တဲ့ ဇာတ်ဝင်ခန်းတောင် ပါဝင်ခဲ့ပါသေးတယ်။

ဒါကတော့ Venom: Let There Be Carnage ရဲ့ ဒုတိယထွေလာအတွက် အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

MCU ပရိသတ္အမ်ားစုဟာ Spider-Man: No Way Home ရဲ႕ ေထြလာကို ေစာင့္ေမွ်ာ္ေနၾကေပမယ့္လည္း မၾကာေသးခင္ကေတာ့ Venom: Let There Be Carnage ရဲ႕ ဒုတိယေျမာက္ေထြလာ ထပ္မံထြက္ရွိလာပါတယ္။ ဒီေထြလာထဲမွာေတာ့ Carnage ပါဝင္တဲ့ ဇာတ္ဝင္ခန္းအသစ္ေတြကို ထပ္မံျမင္ေတြ႕ခဲ့ရသလို ဒီ႐ုပ္ရွင္ကားကလည္း ပရိသတ္ေတြအတြက္ ၾကည့္ရႈရတာ စိတ္ေက်နပ္ေစမယ့္ ဇာတ္လမ္းတစ္ခု ျဖစ္မွာပါ။ ဒီေထြလာထဲမွာ ပါဝင္ေတြတဲ့ တျခားစိတ္ဝင္စားစရာ အခ်က္ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

(1) Cletus Kasady
photo via screenrant

ဒီေထြလာကိုေတာ့ Cletus Kasady က Carnage အျဖစ္ ေျပာင္းလဲသြားတဲ့ ဇာတ္ဝင္ခန္းနဲ႔ စတင္သြားပါတယ္။ ဒါ့အျပင္ ေနာက္ခံစကားေျပာကလည္း “ဒီကမာၻႀကီးထဲမွာ ငါလိုခ်င္တဲ့ တစ္ခုတည္းေသာအရာက လူေတြ အစုလိုက္ အၿပဳံလိုက္ သတ္ပစ္ဖို႔ပဲ … ” ဆိုၿပီး ေျပာသြားပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ ခရစ္ယာန္ ဘုရားေက်ာင္းတစ္ခုထဲမွာ ျဖစ္ၿပီး ဒီေထြလာထဲက တျခားဇာတ္ဝင္ခန္းေတြကလည္း ဒီဘုရားေက်ာင္းထဲမွာပဲ ျဖစ္ပ်က္ေနတာကို ျမင္ေတြ႕ရပါတယ္။

(2) Venom ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနရတဲ့ Eddie Brock
photo via screenrant

ဒီေထြလာထဲမွာေတာ့ Eddie နဲ႔ Venom တို႔ဟာ သိပ္ၿပီး အဆင္မေျပျဖစ္ေနတာကို ျမင္ေတြ႕ရပါတယ္။ Venom ရဲ႕ ေျပာစကားအရ အဓိကျပႆနာကေတာ့ သူရဲ႕ အသိစိတ္ေတြ အားလုံးက သားေကာင္ကို စားေသာက္ဖို႔ပဲ တြန္းအားေပးေနၿပီး Eddie ကေတာ့ Venom ကို လူသားေတြအတြက္ ေကာင္းက်ိဴးရေအာင္ အသုံးျပဳေနခ်င္ပါတယ္။

ဒါ့အျပင္ Eddie ဟာ Venom ကို ဒီလိုအသုံးျပဳေနရင္းနဲ႔လည္း Venom ရဲ႕ ေသြးဆာမႈေတြကို ပိုဆိုးမသြားေစခ်င္ပါဘူး။ Eddie က အခုလို ျပႆနာနဲ႔ ႀကဳံေတြ႕ေနရတဲ့ အခ်ိန္မွာေတာ့ Cletus ဟာ သူ ကိုယ္တိုင္က ကြင္းဆက္လူသတ္သမား တစ္ေယာက္ ျဖစ္သလို Carnage ကလည္း ေသြးဆာေနတဲ့သတၱဝါ ျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ကေတာ့ ထိန္းခ်ဳပ္လို႔မရေအာင္ ေသာင္းက်န္းေတာ့မွာ ျဖစ္ပါတယ္။

(3) San Francisco ၿမိဳ႕ရဲ႕ ကာကြယ္ေစာင့္ေရွာက္သူ
photo via screenrant

ပထမ႐ုပ္ရွင္ရဲ႕ အဆုံးမွာေတာ့ Venom ဟာ San Francisco ၿမိဳ႕ရဲ႕ ကာကြယ္ေစာင့္ေရွာက္သူ ျဖစ္လာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီေထြလာထဲမွာလည္း Venom ဟာ အေပၚစီးကေန ၿမိဳ႕ႀကီးကို ေစာင့္ၾကည့္ေနၿပီး ဒီၿမိဳ႕ကို ကာကြယ္ကာ လူဆိုးေတြကို စားသုံးဖို႔ စိတ္အားထက္သန္ေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

Venom ဟာ သူ႔ရဲ႕သဘာဝအရကို လူ႔ခႏၶာကိုယ္ထဲမွာ ရွိတဲ့ Phenethylamine ဆိုတဲ့ ဓာတုျဒပ္ေပါင္းကို စားသုံးဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္လည္း Symbiote ေတြဟာ အဲ့ဒီျဒပ္ေပါင္းကို မထုတ္လုပ္ႏိုင္တာေၾကာင့္ လူဦးေႏွာက္နဲ႔ ေခ်ာကလက္တို႔ကို စားသုံးတာ ျဖစ္ပါတယ္။ Eddie ကေတာ့ Venom ကို လူေတြကို မစားသုံးဖို႔ တားျမစ္ထားၿပီး အဲ့ဒီအခ်က္ေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ ျပႆနာတက္ေနတာပါ။

(4) Ravencroft
photo via screenrant

Ravencroft ကေတာ့ Arkham Asylum ရဲ႕ Marvel ဗားရွင္းလို႔ ေျပာလို႔ရၿပီး ဒီအေဆာက္အအုံဟာ Venom 2 ထဲမွာ စတင္ပါဝင္လာေတာ့မွာပါ။ Arkham Asylum လိုပဲ Ravencroft ဟာ ဒုစ႐ိုက္သမားေတြကို ဖမ္းဆီးထားတဲ့ အေဆာက္အအုံတစ္ခု ျဖစ္ပါတယ္။ ေကာမစ္ထဲမွာဆိုရင္ Ravencroft တည္ေဆာက္ထားတဲ့ ေျမေနရာက လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက က်ိန္စာမိေနတဲ့ ေနရာတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ Ravencroft ရဲ႕ ေျမေအာက္ထဲမွာဆိုရင္ Symbiote ေတြရဲ႕ နတ္ဘုရားျဖစ္တဲ့ Knull ကို ကိုးကြယ္တဲ့ ေနရာ ျဖစ္ေနပါေသးတယ္။

(5) Shriek
photo via screenrant

Venom 2 ထဲမွာေတာ့ Carnage ဟာ တစ္ဦးတည္းေသာ ဗီလိန္အျဖစ္ ပါဝင္လာမွာ မဟုတ္ဘဲ Venom ဟာ Ravencroft ထဲမွာ ဖမ္းဆီးခံထားရတဲ့ Shriek နဲ႔လည္း ရင္ဆိုင္ရဦးမွာပါ။ Shriek ကေတာ့ အသံလႈိင္းေတြကို လိုသလို ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းအားကို ပိုင္ဆိုင္ထားပါတယ္။ Shriek နဲ႔ Cletus တို႔ ႏွစ္ေယာက္လုံးဟာ Ravencroft ထဲမွာ ဖမ္းဆီးခံထားရတာ ျဖစ္ၿပီး Cletus က Carnage အျဖစ္‌ ေျပာင္းလဲၿပီး ေထာင္ေဖာက္သြားတဲ့အခ်ိန္မွာ Shriek ကလည္း Cletus နဲ႔ ပူးေပါင္းသြားႏိုင္ပါတယ္။

ဒါ့အျပင္ Shriek ဟာ Venom အတြက္ ရင္ဆိုင္ရတာ ခက္ခဲမယ့္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Venom တို႔လို Symbiote ေတြရဲ႕ အားနည္းခ်က္ဟာ အသံလႈိင္းေတြ ျဖစ္ၿပီး Shriek ကေတာ့ အသံလႈိင္းေတြကို ထိန္းခ်ဳပ္ႏိုင္သူ ျဖစ္ေနလို႔ပါ။ ဒါ့အျပင္ Venom 2 ရဲ႕ ဒါ႐ိုက္တာျဖစ္သူကလည္း ဒီ႐ုပ္ရွင္ထဲမွာ Shriek ရဲ႕ Dark Side ကို ျမင္ေတြ႕ရမယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာထားပါတယ္။

(6) Eddie နဲ႔ ျပႆာနာတက္ေနတဲ့ Venom
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုပဲ Eddie နဲ႔ Venom တို႔ ႏွစ္ေယာက္ဟာ ျပႆနာတက္ေနၾကၿပီး ဇာတ္ဝင္ခန္းတစ္ခုမွာဆိုရင္ Venom က Eddie ကို အႀကိမ္ႀကိမ္ ေခါင္းနဲ႔တိုက္ၿပီး ” အရႈံးသမား ” လို႔ ေခၚခဲ့ပါေသးတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ၾကားက ျပႆနာဟာ တျဖည္းျဖည္းနဲ႔ ႀကီးမားလာၿပီး အဲ့ဒီျပႆနာကို ဘယ္လိုေျဖရွင္းသြားမလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဒီ႐ုပ္ရွင္တစ္ကားလုံးမွာ Eddie နဲ႔ Venom ႏွစ္ေယာက္က အဲ့ဒီျပႆနာကို မေျဖရွင္းႏိုင္ဘူးဆိုရင္ေတာ့ ေနာက္ပိုင္းမွာ Venom က Host အသစ္ ေျပာင္းလဲသြားႏိုင္ပါတယ္။

(7) Carnage ရဲ႕ Origin
photo via screenrant

Eddie ဟာ ဂ်ာနယ္လစ္တစ္ေယာက္ ျဖစ္ၿပီး သတင္းရရွိဖို႔အတြက္ Cletus ကို လာေရာက္ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Cletus ဟာ Eddie ရဲ႕ လက္ကို ကိုက္လိုက္တာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Cletus က Eddie ကို ကိုက္လိုက္တဲ့အခ်ိန္မွာ Eddie ရဲ႕ ေသြးထဲမွာ Venom ရဲ႕ အပိုင္းအစေလးေတြ ပါဝင္သြားတာ ျဖစ္ႏိုင္ပါတယ္။ အဲ့ဒီေနာက္မွသာ Cletus ရဲ႕ ခႏၶာကိုယ္ထဲေရာက္သြားတဲ့ အဲ့ဒီအပိုင္းအစေလးက တျဖည္းျဖည္းခ်င္း ပြားမ်ားလာၿပီး Carnage ျဖစ္လာတာ ျဖစ္ႏိုင္ပါတယ္။ ဒီသီအိုရီကေတာ့ ေကာမစ္ထဲက အခ်က္ေတြနဲ႔ မ်ားစြာကြာျခားေနၿပီး သီအိုရီသက္သက္ပဲ ျဖစ္တာေၾကာင့္ မွားယြင္းေနႏိုင္ပါတယ္။

(8) Ravencroft က လြတ္ေျမာက္လာတဲ့ Carnage
photo via screenrant

ေကာမစ္ထဲကလိုပဲ Carnage ဟာ Ravencroft က လြတ္လာကတည္းက ေတြ႕သမွ် လူတိုင္းကို သတ္ပစ္ခဲ့ပါတယ္။ ဒါ့အျပင္ Carnage ဟာ Venom နဲ႔ မတူတဲ့ စြမ္းအားေတြကိုလည္း ျပသသြားပါေသးတယ္။ အဲ့ဒီစြမ္းအားေတြကေတာ့ က်ည္ဆန္ေတြက သူ႔ရဲ႕ခႏၶာကိုယ္ကို ေဖာက္ထြက္သြားသလို လက္ေတြလည္း ထပ္ထြက္လာပါတယ္။

Venom ကေတာ့ လူသားေတြကို Host အေနနဲ႔ အသုံးျပဳေနတဲ့ Symbiote ျဖစ္ၿပီး Carnage ကေတာ့ သူကိုယ္တိုင္က လူတစ္ပိုင္း Symbiote တစ္ပိုင္းအျဖစ္ ေျပာင္းလဲသြားပုံ ရပါတယ္။ အင္တာဗ်ဴးတစ္ခုမွာေတာ့ ဒါ႐ိုက္တာ Andy Serkis ဟာ ” Carnage က သူ႔ရဲ႕လက္တံေတြကို ပုံစံမ်ိဴးစုံ ေျပာင္းလဲႏိုင္ၿပီး လက္နက္ေတြအျဖစ္ေတာင္ အသုံးျပဳႏိုင္ပါတယ္ … ” လို႔ ေျပာထားပါတယ္။

(9) ေထာင္ေစာင့္တစ္ေယာက္ကို ရက္စက္စြာ သတ္လိုက္တဲ့ Carnage
photo via screenrant

ဒီေထြလာထဲက တစ္ေနရာမွာေတာ့ Carnage ဟာ ေထာင္ေစာင့္တစ္ေယာက္ကို ရက္ရက္စက္စက္ သတ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Venom 2 ထဲမွာေတာ့ ေသခ်ာေပါက္ ေသဆုံးမႈေတြမ်ားစြာ ပါဝင္လာမွာပါ။ အဲ့ဒီေထာင္ေစာင့္ကို သတ္တဲ့အခ်ိန္မွာေတာ့ Carnage ဟာ အပိုင္းပိုင္း ခုတ္ျဖတ္ၿပီး မသတ္ခဲ့ဘဲ သူ႔ရဲ႕လွ်ာကို ေထာင္ေစာင့္ရဲ႕ လည္ပင္းထဲကို ထိုးထည့္ကာ သတ္ပစ္ခဲ့ပါတယ္။

ေကာမစ္ထဲမွာဆိုရင္ေတာ့ Carnage ဟာ တျခားလူေတြကို သူ႔ရဲ႕ဆႏၵအတိုင္း ခိုင္းေစလို႔ရတဲ့ စြမ္းအားတစ္ခု ရွိပါတယ္။ အဲ့ဒါကေတာ့ Carnage ဟာ သူ႔ရဲ႕အပိုင္းအစေတြကို တျခားလူရဲ႕ ခႏၶာကိုယ္ထဲကို ထည့္သြင္းၿပီး ခိုင္းေစႏိုင္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီဇာတ္ဝင္ခန္းထဲမွာ Carnage က အဲ့ဒီေထာင္ေစာင့္ကို သတ္ေနတာ မဟုတ္ဘဲ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ႏိုင္ပါတယ္။

(10) Carnage နဲ႔ ပတ္သက္မႈေတြ ရွိေနႏိုင္တဲ့ Anne
photo via screenrant

ဒီေထြလာထဲက အနည္းငယ္ ထူးဆန္းတဲ့ ဇာတ္ဝင္ခန္းတစ္ခုကေတာ့ Cletus ဟာ Eddie ရဲ႕ ဇနီးေဟာင္းျဖစ္သူ Anne Weying ရဲ႕ ဓာတ္ပုံကို ၾကည့္ေနတာပဲ ျဖစ္ပါတယ္။ Cletus ဟာ Eddie ကို ဒုကၡေပးခ်င္လို႔ Anne ကို ပစ္မွတ္ထားတာ ျဖစ္ေနႏိုင္သလို Cletus နဲ႔ Anne တို႔ဟာ ပတ္သက္မႈေတြလည္း ရွိေနႏိုင္ပါတယ္။ Anne ဟာ ေရွ႕ေနတစ္ေယာက္ ျဖစ္တာေၾကာင့္ သူမဟာ Cletus ရဲ႕ အမႈမွာ ပါဝင္ပတ္သက္ခဲ့ၿပီး လက္စားေခ်ဖို႔ စီစဥ္ေနတာလည္း ျဖစ္ႏိုင္ပါတယ္။

(11) That is a red one!
photo via screenrant

ဒီေထြလာထဲမွာေတာ့ Venom နဲ႔ Carnage တို႔ရဲ႕ ပထမဆုံးအႀကိမ္ ေတြ႕ဆုံမႈကို ျမင္ေတြ႕လိုက္ရပါတယ္။ ဒီအခ်ိန္မွာေတာ့ Venom ဟာ ထိတ္လန႔္သြားၿပီး ” အဲ့ဒါအနီေကာင္ပဲ … ” လို႔ ေျပာကာ Eddie ရဲ႕ ကိုယ္ထဲကို ျပန္လည္ ဝင္ေရာက္သြားပါတယ္။ ေကာမစ္ထဲမွာေတာ့ Symbiote ေတြရဲ႕ အေရာင္ဟာ ထူးထူးျခားျခား အဓိပၸာယ္ေတြ မရွိပါဘူး။ ဒါေပမယ့္လည္း ဒီ Live Action ထဲမွာေတာ့ Symbiote ေတြရဲ႕အေရာင္ဟာ သူတို႔ရဲ႕ စြမ္းအားေတြကို ခြဲျခားေပးထားတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ Carnage ရဲ႕ စြမ္းအားေတြကလည္း Venom နဲ႔ ကြာျခားေနတာေၾကာင့္ ဒီအခ်က္က ျဖစ္ႏိုင္ေခ်မ်ားတယ္လို႔ ေျပာႏိုင္ပါတယ္။

(12) Venom နဲ႔ သေဘာတူညီမႈ ျပဳလုပ္ခဲ့တဲ့ Eddie
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလို Venom က Eddie ရဲ႕ ခႏၶာကိုယ္ထဲကို ျပန္လည္ ဝင္ေရာက္သြားတာေၾကာင့္ Eddie ဟာ Carnage နဲ႔ ရင္ဆိုင္ဖို႔အတြက္ Venom နဲ႔ သေဘာတူညီမႈ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီသေဘာတူညီမႈကေတာ့ Eddie က Venom ကို လူတိုင္းကို စားခြင့္ေပးမယ္ဆိုတာပဲ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္က်မွ Venom က ျပန္လည္ ထြက္ေပၚလာၿပီး Carnage နဲ႔ တိုက္ခိုက္ပါေတာ့တယ္။

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ အေရးေပၚအေျခအေန ျဖစ္ေနတာေၾကာင့္ Eddie က အခုလို သေဘာတူညီမႈ ျပဳလုပ္ခဲ့ေပမယ့္လည္း သူက Venom ကို တကယ္ပဲ လူတိုင္းကို စားခြင့္ေပးမွာေတာ့ မဟုတ္ပါဘူး။ Eddie နဲ႔ Venom တို႔ဟာ အေစာကတည္းက ျပႆနာေတြ ရွိေနၿပီးသား ျဖစ္ေနသလို ဒီသေဘာတူညီခ်က္ေၾကာင့္လည္း ေနာက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္ဟာ ယုံၾကည္မႈ ပ်က္စီးသြားႏိုင္ပါတယ္။

(13) စြမ္းအားေတြကို အသုံးျပဳေနတဲ့ Shriek
photo via screenrant

ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Shriek ဟာ ကားရဲ႕ ေလကာမွန္ကို ခြဲဖို႔အတြက္ သူမရဲ႕ စြမ္းအားေတြကို အသုံးျပဳေနတာ ေတြ႕ရပါတယ္။ ျပသသြားတဲ့ ပုံစံအရ ဒီဇာတ္ဝင္ခန္းဟာ ဘယ္လိုေနရာမွာ ပါဝင္လာမလည္းဆိုတာကို ခန႔္မွန္းဖို႔ေတာ့ မျဖစ္ႏိုင္ပါဘူး။ သူမဟာ Ravencroft ရဲ႕ ယူနီေဖာင္းကို ဝတ္ဆင္ထားတာ ျမင္ေတြ႕ရတာေၾကာင့္ Ravencroft ကေန လြတ္ေျမာက္လာကာစ အခ်ိန္လို႔ေတာ့ ခန႔္မွန္းႏိုင္ပါတယ္။

(14) ေစ့စပ္သြားၿပီ ျဖစ္တဲ့ Anne
photo via screenrant

ဒီေထြလာရဲ႕ အဆုံးမွာေတာ့ Anne ဟာ ေဒါက္တာ Dan Lewis နဲ႔ ေစ့စပ္သြားတာကို ေတြ႕ရပါတယ္။ Eddie ကေတာ့ သူ႔ရဲ႕ ဇနီးေဟာင္းကို ဂုဏ္ျပဳေပးႏိုင္ခဲ့ေပမယ့္လည္း Venom ကေတာ့ ဒါကို မေက်နပ္ဘဲ ေဒါက္တာ Dan ကို ပါး႐ိုက္လိုက္တဲ့ ဇာတ္ဝင္ခန္းေတာင္ ပါဝင္ခဲ့ပါေသးတယ္။

ဒါကေတာ့ Venom: Let There Be Carnage ရဲ႕ ဒုတိယေထြလာအတြက္ အေသးစိတ္အခ်က္အလက္ေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular