HomeCharacterMCU ရဲ့ အနာဂတ်ရုပ်ရှင်တွေထဲမှာ ပါဝင်လာသင့်တဲ့ ကောမစ်ထဲက ဗီလိန်များ
MCU ရဲ့ အနာဂတ်ရုပ်ရှင်တွေထဲမှာ ပါဝင်လာသင့်တဲ့ ကောမစ်ထဲက ဗီလိန်များ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
Marvel Cinematic Universe ဟာ အခုချိန်မှာတော့ ဟောလိဝုဒ်ရုပ်ရှင် လောကမှာတင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးရဲ့ ရုပ်ရှင်လောကမှာပါ အောင်မြင်နေပြီ ဖြစ်ပါတယ်။ MCU ဟာ စတင်ဖန်တီးခဲ့တဲ့ အချိန်ကစပြီး အခုထိ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်များစွာကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Marvel ကောမစ်ကတော့ တည်ထောင်ထားတာ အလွန်ကြာပြီ ဖြစ်သလို ဇာတ်ကောင်တွေလည်းများစွာ ရှိတာကြောင့် Live-Action အနေနဲ့ မဖန်တီးရသေးတဲ့ ဇာတ်ကောင်တွေလည်း များစွာကျန်ရှိနေပါသေးတယ်။ ဒါကြောင့် Marvel ကောမစ်ထဲမှာ အထင်ကရဗီလိန်တွေ ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ MCU ထဲကို ရောက်လာသင့်တဲ့ ဗီလိန်တွေကို ဖော်ပြပေးချင်ပါတယ်။
(7) Mister Negative
photo via cbr
Mister Negative ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Amazing Spider-Man #1 ထဲမှာမှ Marvel ကောမစ်လောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်အရင်းကတော့ Martin Li ဖြစ်ပြီးတော့ နယူးယော့ခ်တစ်မြို့လုံးမှာ နေထိုင်သူတွေကို သူတတ်နိုင်သလောက် ကူညီတတ်တဲ့ လူကောင်းတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ လူတစ်ကိုယ်စိတ်နှစ်မျိူး ဖြစ်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။
အဲ့ဒါကြောင့် သူ့ရဲ့ နောက်ထပ် စိတ်တစ်မျိူးကတော့ Mister Negative ဖြစ်ပြီး ရာဇဝတ်ဂိုဏ်းတွေကို ကြီးစိုးထားသူလည်း ဖြစ်ပါတယ်။ အဲ့ဒီအချက်အပါအဝင် သူ့ရဲ့ထူးခြားတဲ့ ဒီဇိုင်းကြောင့်လည်း သူဟာ Spider-Man ရဲ့ အထူးခြားဆုံးဗီလိန်တွေထဲက တစ်ယောက် ဖြစ်နေပါတယ်။ ဒါ့အပြင် PS4 နဲ့ PS5 ဂိမ်းဖြစ်တဲ့ Marvel’s Spider-Man ထဲမှာ အဓိကဗီလိန်အနေနဲ့ ပါဝင်ခဲ့တာကြောင့် ပိုပြီးတော့ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် သူသာ Spider-Man 3 ထဲမှာ ပါဝင်လာမယ် ဆိုရင်တော့ အတော်လေး ကြည့်ကောင်းမှာ ဖြစ်ပါတယ်။
(6) Lady Death
photo via cbr
Death ကတော့ Marvel ကောမစ်ထဲက အမျိူးသမီး ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး Thanos ရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။ MCU ထဲမှာ Lady Death မပါဝင်သေးဘဲ Thanos က အရင်ပါဝင်ခဲ့တာကြောင့် ဇာတ်လမ်းတွေကလည်း ပြောင်းလဲသွားပါတယ်။ အခုချိန်မှာတော့ Deadpool 3 ထွက်လာဖို့အတွက်လည်း ပြင်ဆင်နေပြီ ဖြစ်ပြီး အဲ့ဒီရုပ်ရှင်ထဲမှာတော့ Lady Death လည်း ပါဝင်လာနိုင်ကာ Deadpool နဲ့ သူမရဲ့ အချစ်ဇာတ်လမ်းတွေကို ပြသသွားနိုင်ပါတယ်။
(5) Kraven The Hunter
photo via cbr
လောလောဆယ်မှာတော့ Tom Holland ရဲ့ Spider-Man 3 ထဲမှာ ပါဝင်လာမယ့် သရုပ်ဆောင်တွေကိုလည်း သိခဲ့ရပြီး Spider-Verse ကို Live-Action အဖြစ် မြင်ရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်ချေတွေကတော့ အများကြီးရှိနေပြီး Kraven ကလည်း MCU ထဲကို ရောက်လာနိုင်ပါတယ်။ ဒါ့အပြင် Spider-Man 3 ထဲမှာ Kraven ပါဝင်လာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ထားတာ ရှိပါတယ်။ အဲ့ဒါကြောင့် သူ့ကိုတော့ သိပ်မကြာခင်မှာ MCU ထဲမှာ မြင်ရတော့မယ်လို့ မျှော်လင့်လို့ ရပါတယ်။
(4) Fin Fang Foom
photo via cbr
ဒီဗီလိန်ကတော့ တရုတ်ဒဏ္ဍာရီထဲက နဂါးနဲ့ဆင်တူတဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပြီး Mandarin က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ MCU ဟာ အခုချိန်မှာတော့ ကောမစ်ထဲက အကြောင်းအရာတွေကို ပိုပြီးအာရုံစိုက်နေတာ ဖြစ်တာကြောင့် အခုအခြေအနေနဲ့ Fin Fang Foom ကတော့ အတော်လေးကို သင့်တော်တယ်လို့ ပြောလို့ရပါတယ်။ သူ့ကို ထိန်းချုပ်နေတဲ့သူက Mandarin ဖြစ်တာကြောင့် Shang-Chi ထဲမှာ ပါဝင်လာနိုင်သလို Armor Wars နဲ့ Ironheart တို့ထဲမှာလည်း ပါဝင်လာနိုင်ပါတယ်။
(3) Mr. Sinister
photo via cbr
အခုချိန်မှာ X-Men တွေဟာ MCU ကို ရောက်လာပြီဖြစ်ပြီး လောလောဆယ်မှာတော့ MCU ရဲ့ X-Men တွေဟာ ဘယ်လိုအနာဂတ်တွေ ရှိလည်းဆိုတာကို မသိရသေးပါဘူး။ အထူးသဖြင့် X-Men တွေရဲ့ အဓိကဗီလိန်နေရာမှာ ဘယ်သူပါဝင်လာမလည်း ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ Magneto ဟာ ပရိသတ် အားပေးမှုကို ရရှိထားပေမယ့်လည်း အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ပြီးပါပြီ။ Apocalypse ကလည်း Live Action ထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။
အဲ့ဒါကြောင့်ပဲ MCU ရဲ့ X-Men ဗားရှင်းမှာတော့ သုံးဖူးပြီးသား ဗီလိန်တွေကို ထပ်သုံးမယ့်အစား တစ်ခါမှ LA ထဲမှာ မပါဝင်ခဲ့ဖူးတဲ့ Mr. Sinister ကို အသုံးပြုလိမ့်မယ်လို့ ပရိသတ်အများစုက ယူဆထားကြပါတယ်။ သူကတော့ ပုံသဏ္ဍာန်  ပြောင်းလဲနိုင်ပြီး ကြီးမားတဲ့ခွန်အားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် သူဟာ မျိူးရိုးဗီဇတွေကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ သူဟာ မူလက သာမန်လူသားဖြစ်ပြီး သူ့ရဲ့မျိူးရိုးဗီဇကို ပြောင်းလဲခဲ့တာကြောင့် သန္ဓေပြောင်းလူသား ဖြစ်လာတာပါ။
(2) MODOK
photo via cbr
သူ့ရဲ့နာမည်အရင်းကတော့ George Tarleton ဖြစ်ပြီး Advanced Ideas Mechanics အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ စမ်းသပ်မှုတွေ မှားယွင်းသွားတာကြောင့် သူ့ရဲ့ခေါင်းဟာ အလွန်အမင်း ကြီးသွားပြီး လေပေါ်ပျံနေတဲ့ ခုံပေါ်မှာ ပိတ်မိသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သတ်ဖြတ်ပစ်ဖို့အတွက်ပဲ ဒီဇိုင်းဆွဲထားတဲ့ စက်ပစ္စည်းတစ်ခုလိုတောင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ကြောင်တောင်တောင်နိုင်တဲ့ ပုံစံကြောင့် ပရိသတ်တွေဟာ နှစ်ပေါင်းများစွာ လှောင်ပြောင်ခဲ့ကြပါတယ်။ သူကလည်း အသစ်ထွက်လာမယ့် Avengers ရုပ်ရှင်တွေထဲမှာ ပါဝင်လာနိုင်ချေရှိတဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။
(1) Annihilus
photo via cbr
အခုချိန်မှာ MCU ဟာ Multiverse တွေအကြောင်းကို သေချာဖန်တီးတော့မယ်လို့ ယူဆနိုင်ပါတယ်။ Disney ရဲ့ Investor Day တုန်းကတော့ Fantastic Four ရုပ်ရှင်အသစ် ထွက်လာမယ်လို့လည်း ကြေညာခဲ့ပါတယ်။ ဒါကြောင့်ပဲ Fantastic Four နဲ့ Avengers တွေကို ပေါင်းစပ်ပေးဖို့အတွက် သင့်တော်တဲ့ ဗီလိန်တစ်ယောက်ကို ထည့်သွင်းသွားမယ်လို့ ယူဆလို့ရပါတယ်။
အဲ့ဒီနေရာမှာ သင့်တော်သူကတော့ Annihilus ဖြစ်ပြီး အန္တရာယ်များတဲ့နေရာမှာတော့ Thanos နဲ့တောင် ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါ့အပြင် Cosmic Control Rod လို့ ခေါ်တဲ့ သူ့ရဲ့ ကိုယ်ပိုင်လက်နက်လည်း ရှိပါသေးတယ်။ အသစ်ထွက်လာမယ့် Fantastic Four ရုပ်ရှင်ထဲမှာ Doctor Doom ကို သုံးကြိမ်မြောက် ပြန်မြင်ရမှာထက် Annihilus ကို မြင်ရတာက ပိုပြီးတော့ အသစ်အဆန်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
ဒါကတော့ MCU ရဲ့ ရှေ့လာမယ့် ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်လာသင့်တဲ့ ကောမစ်ထဲက ဗီလိန်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။
Legos
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)
(7) Mister Negative
photo via cbr
(6) Lady Death
photo via cbr
(5) Kraven The Hunter
photo via cbr
(4) Fin Fang Foom
photo via cbr
(3) Mr. Sinister
photo via cbr
(2) MODOK
photo via cbr
(1) Annihilus
photo via cbr
Legos
RELATED ARTICLES
Most Popular