HomeCharacterDC Universe ထဲက ဂေါ်သမ်မြို့ကို အောင်မြင်စွာ သိမ်းယူခဲ့ဖူးတဲ့ ဗီလိန်(၁၀)ယောက်

DC Universe ထဲက ဂေါ်သမ်မြို့ကို အောင်မြင်စွာ သိမ်းယူခဲ့ဖူးတဲ့ ဗီလိန်(၁၀)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Bruce Wayne ဟာ သူ့ရဲ့လူငယ်ဘဝကို Batman ဖြစ်လာဖို့အတွက် လေ့ကျင့်လာခဲ့ပြီး သူ့ရဲ့တစ်ဘဝလုံးနီးပါးကိုလည်း ဂေါ်သမ်မြို့ကို ကာကွယ်ဖို့အတွက် ကုန်ဆုံးလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်း ဂေါ်သမ်မြို့ကတော့ ရာဇဝတ်မှုတွေ အလွန်များပြားတဲ့ မြို့တစ်မြို့ ဖြစ်ပြီး ဒုစရိုက်ဂိုဏ်းတွေ၊ ရာဇဝတ်သားတွေနဲ့ ဗီလိန်တွေ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ Batman ဟာ အလွန်အန္တရာယ်များတဲ့ ဂေါ်သမ်မြို့ကို အချိန်တွေအကြာကြီး စောင့်ရှောက်နိုင်ခဲ့ပေမယ့်လည်း တခါတရံမှာတော့ တချို့ဗီလိန်တွေဟာ ဂေါ်သမ်မြို့ကို အောင်အောင်မြင်မြင် သိမ်းယူနိုင်ခဲ့တာတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ဂေါ်သမ်မြို့ကို ဒီလိုသိမ်းယူနိုင်ခဲ့တဲ့ ဗီလိန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Bane
photo via cbr

Batman ရဲ့ ဗီလိန်တွေထဲက အင်အားကြီးလွန်းသူတစ်ယောက်ဖြစ်တဲ့ Bane က‌တော့ ဂေါ်သမ်မြို့ကို အကြိမ်အနည်းငယ်လောက် ထိန်းချုပ်နိုင်ခဲ့ဖူးပါတယ်။ ပထမဆုံး တစ်ကြိမ်ကတော့ Knightfall ဆိုတဲ့ ကောမစ်စီးရီးထဲမှာ Bane က Batman ရဲ့ခါးကို ချိူးပြီး အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဂေါ်သမ်မြို့ရဲ့ ရာဇဝတ်မှုတွေ ပေါက်ဖွားရာ မြေအောက်လောကကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ Arkham War ကာလမှာ ဂေါ်သမ်မြို့ကို ထိန်းချုပ်ခွင့်ရအောင် Scarecrow နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ခေါက်မှာတော့ အပေါ်မှာ ဖော်ပြခဲ့သလိုမဟုတ်ဘဲ ဂေါ်သမ်မြို့တစ်ခုလုံးကို လုံးဝထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကတော့ City of Bane ကောမစ်ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Bane ဟာ နျူကလီးယား စက်ပစ္စည်းတစ်ခုနဲ့ ဂေါ်သမ်မြို့တစ်ခုလုံးကို ဓားစာခံ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် Alfred ကိုလည်း ပြန်ပေးဆွဲပြီး Bat-family တွေကို ဂေါ်သမ်မြို့ပြင် ရောက်အောင် အကွက်ဆင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အားလုံးသိကြတဲ့အတိုင်း Batman ဟာ Bane ကို အနိုင်ယူသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Bane ဟာ မရှုံးနိမ့်ခင်မှာ Alfred ကို သတ်ပစ်ခဲ့ပါတယ်။

(2) Azrael
photo via cbr

Bane က Batman ရဲ့ခါးကိုချိူးပြီး အနိုင်ယူခဲ့တဲ့ Knightfall ကောမစ်ထဲမှာတော့ Bruce ဟာ ခါးကျိူးသွားတာကြောင့် မဖြစ်မနေ သူ့နေရာကို အစားထိုးဖို့ လိုအပ်လာပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Jean-Paul Valley (ခေါ်) Azrael ကို Tim Drake ရဲ့ ကြီးကြပ်မှုအောက်မှာ Batman အဖြစ် ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

Valley ဟာ Bane ကို Batman အသစ်အနေနဲ့ အနိုင်ယူနိုင်ခဲ့တဲ့အချိန်မှာပဲ သူ့ရဲ့စိတ်အခြေအနေကြောင့် Azrael လို့ခေါ်တဲ့ Batman ဗီလိန်ဗားရှင်း ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဂေါ်သမ်မြို့ကြီးကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ပြီး Batman နေရာကလည်း မဖယ်ပေးခဲ့ပါဘူး။ နောက်ဆုံး Bruce Wayne ဟာ သူ့ရဲ့ဒဏ်ရာတွေက သက်သာလာတဲ့အချိန်မှာတော့ Azrael ကို အနိုင်ယူခဲ့ပြီး ဂေါ်သမ်မြို့ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

(3) Swamp Thing
photo via cbr

Swamp Thing ကတော့ သူ့ရဲ့မကောင်းဆိုးဝါးဆန်တဲ့ ပုံစံကြောင့် မကြာခဏ ဗီလိန်တစ်ယောက်လို့ အထင်ခံရလေ့ ရှိပါတယ်။ များသောအားဖြင့်တော့ သူဟာ တစ်ခြားကိစ္စတွေမှာ ဝင်ပါလေ့မရှိဘဲ သူ့ဘာသာ နေထိုင်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ကောမစ်တစ်ခုထဲမှာတော့ သူဟာ ဂေါ်သမ်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့ဖူးပါတယ်။ အဲ့ဒီလိုဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ သူရဲ့ချစ်သူ Abby ဟာ ဂေါ်သမ်မြို့ထဲမှာ အဖမ်းခံထားရတာကြောင့် ဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ သူဟာ ဂေါ်သမ်မြို့တစ်ခုလုံးကို သစ်ပင်တွေနဲ့ ဖုံးလွှမ်းသွားစေပြီး Abby ကို ပြန်မလွှတ်ပေးရင် ဂေါ်သမ်မြို့တစ်ခုလုံးကို တောကြီးရဲ့အောက် ရောက်သွားအောင် ပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါ့အပြင် တောင်းဆိုမှုတွေ ပြုလုပ်ဖို့အတွက် အလွန်ကြီးမားတဲ့ မကောင်းဆိုးဝါးကြီးကိုလည်း ဖန်တီးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Batman ဟာ Abby ကို လွှတ်ပေးဖို့အတွက် ဂေါ်သမ်မြို့တော်ဝန်ကို နားချနိုင်ခဲ့ပါတယ်။

(4) Black Mask
photo via cbr

Batman: War Games ဆိုတဲ့ ကောမစ်ထဲမှာတော့ Stephanie Brown (ခေါ်) Robin လည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ အချက်အလက်တွေကို မတော်တဆ ပေါက်ကြားလေ့ရှိတာကြောင့် Spoiler လို့လည်း ခေါ်ကြပါတယ်။ ဒီကောမစ်ထဲမှာတော့ သူမဟာ အကြောင်းတစ်ခုကြောင့် Robin အဖြစ်ကနေ အထုတ်ခံလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ Batman ရဲ့ သဘောကျမှုကို ပြန်လည်ရယူနိုင်ဖို့အတွက် ဂေါ်သမ်မြို့မှာ ဖြစ်နေတဲ့ ဂိုဏ်းတွေရဲ့ စစ်ပွဲတွေကို ရပ်တန့်စေမယ့် Batman ရဲ့ အစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီအစီအစဉ်တွေရဲ့ တချို့အချက်အလက်တွေကို ပေါက်ကြားခဲ့တာကြောင့် ရာဇဝတ်သားတွေ အချင်းချင်း တိုက်ခိုက်ရင်း လူတွေအများကြီး သေကြေခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Black Mask ဟာ သူမကို ပြန်ပေးဆွဲခဲ့ပြီး နှိပ်စက်ကာ အစီအစဉ်တွေ အကုန်လုံးကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Black Mask ဟာ အဲ့ဒီအစီအစဉ်တွေကို အသုံးပြုပြီးတော့ ဂိုဏ်းတွေရဲ့ စစ်ပွဲတွေကို ရပ်တန့်စေကာ ဂေါ်သမ်ရဲ့ မြေအောက်လောကကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

(5) Lex Luthor
photo via cbr

No Man’s Land ဆိုတဲ့ ကောမစ်ထဲမှာတော့ ငလျင်အကြီးစားတစ်ခုကြောင့် ဂေါ်သမ်တစ်မြို့လုံးနီးပါးဟာ ပျက်စီးသွားပါတယ်။ အဲ့ဒါကြောင့်ပဲ အစိုးရကလည်း ဂေါ်သမ်မြို့ကို လုံးဝစွန့်ပစ်ဖို့အတွက် စီစဉ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Lex Luthor က ဝင်ရောက်လာပါတယ်။ သူဟာ ဂေါ်သမ်မြို့ကို စွန့်ပစ်မယ့်အစီအစဉ်ကို မဖြစ်အောင် တားခဲ့ရုံတင်မဟုတ်ဘဲ တစ်မြို့လုံးကို ပြန်လည် တည်ဆောက်ပေးခဲ့ပါတယ်။

အကြောင်းကတော့ အဲ့ဒီအချိန်တုန်းက သူဟာ အမေရိကန်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ထားတာကြောင့်ပါပဲ။ ဂေါ်သမ်မြို့ကို ပြန်လည်တည်ဆောက်နေတဲ့ အချိန်မှာတော့ သူဟာ ဂေါ်သမ်မြို့ရဲ့ မြေပိုင်ခွင့်အတုကြီးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် အမေရိကန်သမ္မတ ဖြစ်သွားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ Superman နဲ့ Batman က ပူးပေါင်းပြီးတော့ သက်သေတွေနဲ့တကွ Lex ကို သမ္မတနေရာက ဖြုတ်ချခဲ့ရပါတယ်။

(6) The Mutant Gang
photo via cbr

ဒီအဖြစ်အပျက်ကတော့ The Dark Knight Returns ကောမစ်ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး ဂေါ်သမ်မြို့ရဲ့ အနာဂတ်ကာလတစ်ခုမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ The Mutant လို့ခေါ်တဲ့ အဖွဲ့တစ်ခုဟာ ဂေါ်သမ်မြို့ကို အကြမ်းဖက်ပြီး ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် Bruce Wayne ကလည်း အဲ့ဒီအချိန်မှာ အသက်ကြီးနေပြီ ဖြစ်တာကြောင့် Batman အဖြစ်ကနေ အနားယူနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီအဖွဲ့ဟာ အလွန်သောင်းကျန်းနေကြတာကြောင့် Bruce ကလည်း Batman အနေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ လူကြားထဲမှာပဲ Batman ကို အနိုင်ယူနိုင်ခဲ့သလို ဂေါ်သမ်မြို့ရဲ့ မြို့တော်ဝန်ကိုလည်း သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ရုပ်သံလိုင်းတစ်ခုကနေတစ်ဆင့် ဂေါ်သမ်မြို့ဟာ သူတို့ရဲ့အပိုင် ဖြစ်သွားပြီလို့ ကြေညာခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ Bruce ဟာ ပြန်လည်သက်သာလာပြီး အဲ့ဒီအဖွဲ့ခေါင်းဆောင်ကို ပြန်လည်အနိုင်ယူခဲ့ပါတယ်။

(7) The Riddler
photo via cbr

Batman: Zero Year ကောမစ်ထဲမှာတော့  Riddler ဟာ ဂေါ်သမ်မြို့ကြီးကို ရေကြီးစေခဲ့ပြီး အသက်ရှင်ကျန်သူတွေကို အုပ်ချုပ်ခဲ့ပါတယ်။ ဒီလိုမျိူး ရေကြီးအောင် မလုပ်ခင်မှာတော့ မြို့တစ်ခုလုံးကို မီးဖြတ်ခဲ့ပြီး တစ်ခြားမြို့တွေနဲ့ ဆက်သွယ်လို့ မရအောင် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မြို့သူမြို့သားတွေကလည်း Riddler ရဲ့ အုပ်ချုပ်မှုအောက်မှာ အသက်ရှင်သန်နိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး ဂေါ်သမ်မြို့ကလည်း မြို့ပျက်ကြီးလို ဖြစ်သွားပါတယ်။ နောက်ဆုံးမှာတော့ Batman ၊ Lucious Fox နဲ့ ရဲမှူး Gordon တို့ ပူးပေါင်းကာ Ridtdler ကို အနိုင်ယူခဲ့ပြီး ဂေါ်သမ်မြို့ကြီးကိုလည်း ပြန်လည်ကယ်ဆယ်ခဲ့ပါတယ်။

(8) The Court of Owls
photo via cbr

New 52 ထဲမှာတော့ Batman ဟာ ဂေါ်သမ်မြို့မှာရှိတဲ့ လျှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ The Court of Owls အကြောင်းကို သိလိုက်ရတဲ့အချိန်မှာ ဂေါ်သမ်မြို့အတွက် ဆိုးရွားတဲ့အန္တရာယ်မှန်း သိသွားပါတယ်။ Bruce ဟာ သူ့ရဲ့မိဘတွေ သေဆုံးသွားပြီး သိပ်မကြာခင်မှာ အဲ့ဒီလျှို့ဝှက်အဖွဲ့အစည်းကို စုံစမ်းခဲ့ပါသေးတယ်။ အဲ့ဒီအဖွဲ့အစည်းကတော့ ဂေါ်သမ်ရဲ့ အချမ်းသာဆုံးလူတွေ စုပေါင်းထားကာ ဂေါ်သမ်မြို့ကို လျှို့ဝှက်ကြိုးကိုင်နေကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် Talons လို့ခေါ်တဲ့ undead စစ်တပ်ကြီးက သူတို့တွေကို ကာကွယ်ပေးထားပါသေးတယ်။ သူတို့အဖွဲ့ကတော့ ဂေါ်သမ်မြို့ကို ရာစုနှစ်ပေါင်းများစွာ ကြိုးကိုင်ထားနိုင်ခဲ့ပါတယ်။

(9) The Joker
photo via cbr

Joker ဟာ Batman ရဲ့ secret identity ကို သိထားတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပေမယ့်လည်း Joker War ကောမစ်ထဲမှာတော့ အဲ့ဒီအချက်ကို ပထမဆုံးအကြိမ်အဖြစ် အသုံးချခဲ့ပါတယ်။ သူဟာ အဲ့ဒီအချက်ကို အသုံးပြုပြီးတော့ Bruce ရဲ့ ပိုက်ဆံကို ခိုးယူဖို့နဲ့ Wayne Enterprises ကို သိမ်းယူဖို့အတွက် အစီအစဉ်တွေ ချခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ Bruce ရဲ့ ပိုက်ဆံတွေကို အသုံးပြုပြီး ဂေါ်သမ်မှာရှိသမျှ လူမိုက်တွေအားလုံးကို ပိုက်ဆံပေးပြီးတော့ Joker Army အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီပိုက်ဆံတွေကို အသုံးပြုပြီးတော့ နည်းပညာမြင့်လက်နက်တွေကိုလည်း ထောက်ပံ့ပေးကာ ဂေါ်သမ်မြို့ကြီးမှာ သောင်းကျန်းခိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Batman ဟာ သူ့ရဲ့မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ Joker ကို အနိုင်ယူကာ ဂေါ်သမ်မြို့ကို ကယ်တင်ခဲ့ပါတယ်။

(10) Bruce Wayne
photo via cbr

Dark Knights: Death Metal ကောမစ်ထဲမှာတော့ The Batman Who Laughs ဟာ DC universe ကို ဖရိုဖရဲဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ တစ်ခြား universe တွေထဲက Batman ဗီလိန်ဗားရှင်းတေွကို စုစည်းခဲ့ပါသေးတယ်။ အဲ့ဒီထဲမှာမှ ထူးခြားတာ တစ်ခုကတော့ Castle Bat ပဲ ဖြစ်ပါတယ်။

Castle Bat ကတော့ တစ်ခြား universe က Bruce Wayne တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီ Bruce ကတော့ သူ့ကိုယ်သူ ဂေါ်သမ်မြို့နဲ့ ပေါင်းစပ်ဖို့အတွက် ယဇ်ပူဇော်ပွဲမှာ သူ့ရဲ့သားဖြစ်သူ Damian ကို ယဇ်ပူဇော်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Castle Bat ဖြစ်သွားပြီး ဂေါ်သမ်မြို့တစ်ခုလုံးနဲ့ ပေါင်းစပ်သွားပါတယ်။ ဒါ့အပြင် သူ့ရဲ့ရန်သူတွေနဲ့ တိုက်ခိုက်ဖို့အတွက် မြို့တစ်ခုစာလောက်ရှိတဲ့ လက်နက်တွေကိုလည်း အသုံးပြုခဲ့ပါတယ်။

ဒါကတော့ DC Universe ထဲမှာ ဂေါ်သမ်မြို့ကို ထိန်းချုပ်နိုင်ခဲ့တဲ့ ဗီလိန်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတေွ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Bruce Wayne ဟာ သူ႔ရဲ႕လူငယ္ဘဝကို Batman ျဖစ္လာဖို႔အတြက္ ေလ့က်င့္လာခဲ့ၿပီး သူ႔ရဲ႕တစ္ဘဝလုံးနီးပါးကိုလည္း ေဂၚသမ္ၿမိဳ႕ကို ကာကြယ္ဖို႔အတြက္ ကုန္ဆုံးလာခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အားလုံးသိၾကတဲ့အတိုင္း ေဂၚသမ္ၿမိဳ႕ကေတာ့ ရာဇဝတ္မႈေတြ အလြန္မ်ားျပားတဲ့ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ၿပီး ဒုစ႐ိုက္ဂိုဏ္းေတြ၊ ရာဇဝတ္သားေတြနဲ႔ ဗီလိန္ေတြ ျပည့္ႏွက္ေနတဲ့ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ပါတယ္။ Batman ဟာ အလြန္အႏၲရာယ္မ်ားတဲ့ ေဂၚသမ္ၿမိဳ႕ကို အခ်ိန္ေတြအၾကာႀကီး ေစာင့္ေရွာက္ႏိုင္ခဲ့ေပမယ့္လည္း တခါတရံမွာေတာ့ တခ်ိဳ႕ဗီလိန္ေတြဟာ ေဂၚသမ္ၿမိဳ႕ကို ေအာင္ေအာင္ျမင္ျမင္ သိမ္းယူႏိုင္ခဲ့တာေတြလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ ေဂၚသမ္ၿမိဳ႕ကို ဒီလိုသိမ္းယူႏိုင္ခဲ့တဲ့ ဗီလိန္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) Bane
photo via cbr

Batman ရဲ႕ ဗီလိန္ေတြထဲက အင္အားႀကီးလြန္းသူတစ္ေယာက္ျဖစ္တဲ့ Bane က‌ေတာ့ ေဂၚသမ္ၿမိဳ႕ကို အႀကိမ္အနည္းငယ္ေလာက္ ထိန္းခ်ဳပ္ႏိုင္ခဲ့ဖူးပါတယ္။ ပထမဆုံး တစ္ႀကိမ္ကေတာ့ Knightfall ဆိုတဲ့ ေကာမစ္စီးရီးထဲမွာ Bane က Batman ရဲ႕ခါးကို ခ်ိဴးၿပီး အႏိုင္ယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ေဂၚသမ္ၿမိဳ႕ရဲ႕ ရာဇဝတ္မႈေတြ ေပါက္ဖြားရာ ေျမေအာက္ေလာကကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒုတိယအႀကိမ္ကေတာ့ Arkham War ကာလမွာ ေဂၚသမ္ၿမိဳ႕ကို ထိန္းခ်ဳပ္ခြင့္ရေအာင္ Scarecrow နဲ႔ တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္တစ္ေခါက္မွာေတာ့ အေပၚမွာ ေဖာ္ျပခဲ့သလိုမဟုတ္ဘဲ ေဂၚသမ္ၿမိဳ႕တစ္ခုလုံးကို လုံးဝထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ကေတာ့ City of Bane ေကာမစ္ထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Bane ဟာ န်ဴကလီးယား စက္ပစၥည္းတစ္ခုနဲ႔ ေဂၚသမ္ၿမိဳ႕တစ္ခုလုံးကို ဓားစာခံ ျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ Alfred ကိုလည္း ျပန္ေပးဆြဲၿပီး Bat-family ေတြကို ေဂၚသမ္ၿမိဳ႕ျပင္ ေရာက္ေအာင္ အကြက္ဆင္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ အားလုံးသိၾကတဲ့အတိုင္း Batman ဟာ Bane ကို အႏိုင္ယူသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Bane ဟာ မရႈံးနိမ့္ခင္မွာ Alfred ကို သတ္ပစ္ခဲ့ပါတယ္။

(2) Azrael
photo via cbr

Bane က Batman ရဲ႕ခါးကိုခ်ိဴးၿပီး အႏိုင္ယူခဲ့တဲ့ Knightfall ေကာမစ္ထဲမွာေတာ့ Bruce ဟာ ခါးက်ိဴးသြားတာေၾကာင့္ မျဖစ္မေန သူ႔ေနရာကို အစားထိုးဖို႔ လိုအပ္လာပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Jean-Paul Valley (ေခၚ) Azrael ကို Tim Drake ရဲ႕ ႀကီးၾကပ္မႈေအာက္မွာ Batman အျဖစ္ ျပဳလုပ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

Valley ဟာ Bane ကို Batman အသစ္အေနနဲ႔ အႏိုင္ယူႏိုင္ခဲ့တဲ့အခ်ိန္မွာပဲ သူ႔ရဲ႕စိတ္အေျခအေနေၾကာင့္ Azrael လို႔ေခၚတဲ့ Batman ဗီလိန္ဗားရွင္း ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ေဂၚသမ္ၿမိဳ႕ႀကီးကို အေၾကာက္တရားနဲ႔ အုပ္ခ်ဳပ္ခဲ့ၿပီး Batman ေနရာကလည္း မဖယ္ေပးခဲ့ပါဘူး။ ေနာက္ဆုံး Bruce Wayne ဟာ သူ႔ရဲ႕ဒဏ္ရာေတြက သက္သာလာတဲ့အခ်ိန္မွာေတာ့ Azrael ကို အႏိုင္ယူခဲ့ၿပီး ေဂၚသမ္ၿမိဳ႕ကိုလည္း ကယ္တင္ႏိုင္ခဲ့ပါတယ္။

(3) Swamp Thing
photo via cbr

Swamp Thing ကေတာ့ သူ႔ရဲ႕မေကာင္းဆိုးဝါးဆန္တဲ့ ပုံစံေၾကာင့္ မၾကာခဏ ဗီလိန္တစ္ေယာက္လို႔ အထင္ခံရေလ့ ရွိပါတယ္။ မ်ားေသာအားျဖင့္ေတာ့ သူဟာ တစ္ျခားကိစၥေတြမွာ ဝင္ပါေလ့မရွိဘဲ သူ႔ဘာသာ ေနထိုင္ေလ့ရွိပါတယ္။ ဒါေပမယ့္လည္း ေကာမစ္တစ္ခုထဲမွာေတာ့ သူဟာ ေဂၚသမ္ၿမိဳ႕တစ္ခုလုံးကို ထိန္းခ်ဳပ္ထားခဲ့ဖူးပါတယ္။ အဲ့ဒီလိုျဖစ္သြားရတဲ့ အေၾကာင္းရင္းကေတာ့ သူရဲ႕ခ်စ္သူ Abby ဟာ ေဂၚသမ္ၿမိဳ႕ထဲမွာ အဖမ္းခံထားရတာေၾကာင့္ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူဟာ ေဂၚသမ္ၿမိဳ႕တစ္ခုလုံးကို သစ္ပင္ေတြနဲ႔ ဖုံးလႊမ္းသြားေစၿပီး Abby ကို ျပန္မလႊတ္ေပးရင္ ေဂၚသမ္ၿမိဳ႕တစ္ခုလုံးကို ေတာႀကီးရဲ႕ေအာက္ ေရာက္သြားေအာင္ ျပဳလုပ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။ ဒါ့အျပင္ ေတာင္းဆိုမႈေတြ ျပဳလုပ္ဖို႔အတြက္ အလြန္ႀကီးမားတဲ့ မေကာင္းဆိုးဝါးႀကီးကိုလည္း ဖန္တီးခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ Batman ဟာ Abby ကို လႊတ္ေပးဖို႔အတြက္ ေဂၚသမ္ၿမိဳ႕ေတာ္ဝန္ကို နားခ်ႏိုင္ခဲ့ပါတယ္။

(4) Black Mask
photo via cbr

Batman: War Games ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ Stephanie Brown (ေခၚ) Robin လည္း ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ သူမဟာ အခ်က္အလက္ေတြကို မေတာ္တဆ ေပါက္ၾကားေလ့ရွိတာေၾကာင့္ Spoiler လို႔လည္း ေခၚၾကပါတယ္။ ဒီေကာမစ္ထဲမွာေတာ့ သူမဟာ အေၾကာင္းတစ္ခုေၾကာင့္ Robin အျဖစ္ကေန အထုတ္ခံလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ Batman ရဲ႕ သေဘာက်မႈကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ ေဂၚသမ္ၿမိဳ႕မွာ ျဖစ္ေနတဲ့ ဂိုဏ္းေတြရဲ႕ စစ္ပြဲေတြကို ရပ္တန႔္ေစမယ့္ Batman ရဲ႕ အစီအစဥ္ေတြကို ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲ့ဒီအစီအစဥ္ေတြရဲ႕ တခ်ိဳ႕အခ်က္အလက္ေတြကို ေပါက္ၾကားခဲ့တာေၾကာင့္ ရာဇဝတ္သားေတြ အခ်င္းခ်င္း တိုက္ခိုက္ရင္း လူေတြအမ်ားႀကီး ေသေၾကခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ Black Mask ဟာ သူမကို ျပန္ေပးဆြဲခဲ့ၿပီး ႏွိပ္စက္ကာ အစီအစဥ္ေတြ အကုန္လုံးကို ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Black Mask ဟာ အဲ့ဒီအစီအစဥ္ေတြကို အသုံးျပဳၿပီးေတာ့ ဂိုဏ္းေတြရဲ႕ စစ္ပြဲေတြကို ရပ္တန႔္ေစကာ ေဂၚသမ္ရဲ႕ ေျမေအာက္ေလာကကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

(5) Lex Luthor
photo via cbr

No Man’s Land ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ ငလ်င္အႀကီးစားတစ္ခုေၾကာင့္ ေဂၚသမ္တစ္ၿမိဳ႕လုံးနီးပါးဟာ ပ်က္စီးသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ အစိုးရကလည္း ေဂၚသမ္ၿမိဳ႕ကို လုံးဝစြန႔္ပစ္ဖို႔အတြက္ စီစဥ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Lex Luthor က ဝင္ေရာက္လာပါတယ္။ သူဟာ ေဂၚသမ္ၿမိဳ႕ကို စြန႔္ပစ္မယ့္အစီအစဥ္ကို မျဖစ္ေအာင္ တားခဲ့႐ုံတင္မဟုတ္ဘဲ တစ္ၿမိဳ႕လုံးကို ျပန္လည္ တည္ေဆာက္ေပးခဲ့ပါတယ္။

အေၾကာင္းကေတာ့ အဲ့ဒီအခ်ိန္တုန္းက သူဟာ အေမရိကန္သမၼတအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ထားတာေၾကာင့္ပါပဲ။ ေဂၚသမ္ၿမိဳ႕ကို ျပန္လည္တည္ေဆာက္ေနတဲ့ အခ်ိန္မွာေတာ့ သူဟာ ေဂၚသမ္ၿမိဳ႕ရဲ႕ ေျမပိုင္ခြင့္အတုႀကီးကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ သူ႔ရဲ႕လုပ္ရပ္ေၾကာင့္ အေမရိကန္သမၼတ ျဖစ္သြားခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ Superman နဲ႔ Batman က ပူးေပါင္းၿပီးေတာ့ သက္ေသေတြနဲ႔တကြ Lex ကို သမၼတေနရာက ျဖဳတ္ခ်ခဲ့ရပါတယ္။

(6) The Mutant Gang
photo via cbr

ဒီအျဖစ္အပ်က္ကေတာ့ The Dark Knight Returns ေကာမစ္ထဲမွာ ပါဝင္ခဲ့တာ ျဖစ္ၿပီး ေဂၚသမ္ၿမိဳ႕ရဲ႕ အနာဂတ္ကာလတစ္ခုမွာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ The Mutant လို႔ေခၚတဲ့ အဖြဲ႕တစ္ခုဟာ ေဂၚသမ္ၿမိဳ႕ကို အၾကမ္းဖက္ၿပီး ထိန္းခ်ဳပ္ထားပါတယ္။ ဒါ့အျပင္ Bruce Wayne ကလည္း အဲ့ဒီအခ်ိန္မွာ အသက္ႀကီးေနၿပီ ျဖစ္တာေၾကာင့္ Batman အျဖစ္ကေန အနားယူေနၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲ့ဒီအဖြဲ႕ဟာ အလြန္ေသာင္းက်န္းေနၾကတာေၾကာင့္ Bruce ကလည္း Batman အေနနဲ႔ ျပန္လည္တိုက္ခိုက္ခဲ့ပါတယ္။ အဲ့ဒီအဖြဲ႕ရဲ႕ ေခါင္းေဆာင္ကေတာ့ လူၾကားထဲမွာပဲ Batman ကို အႏိုင္ယူႏိုင္ခဲ့သလို ေဂၚသမ္ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ကိုလည္း သတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ႐ုပ္သံလိုင္းတစ္ခုကေနတစ္ဆင့္ ေဂၚသမ္ၿမိဳ႕ဟာ သူတို႔ရဲ႕အပိုင္ ျဖစ္သြားၿပီလို႔ ေၾကညာခဲ့ပါတယ္။ သိပ္မၾကာခင္မွာေတာ့ Bruce ဟာ ျပန္လည္သက္သာလာၿပီး အဲ့ဒီအဖြဲ႕ေခါင္းေဆာင္ကို ျပန္လည္အႏိုင္ယူခဲ့ပါတယ္။

(7) The Riddler
photo via cbr

Batman: Zero Year ေကာမစ္ထဲမွာေတာ့  Riddler ဟာ ေဂၚသမ္ၿမိဳ႕ႀကီးကို ေရႀကီးေစခဲ့ၿပီး အသက္ရွင္က်န္သူေတြကို အုပ္ခ်ဳပ္ခဲ့ပါတယ္။ ဒီလိုမ်ိဴး ေရႀကီးေအာင္ မလုပ္ခင္မွာေတာ့ ၿမိဳ႕တစ္ခုလုံးကို မီးျဖတ္ခဲ့ၿပီး တစ္ျခားၿမိဳ႕ေတြနဲ႔ ဆက္သြယ္လို႔ မရေအာင္ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ၿမိဳ႕သူၿမိဳ႕သားေတြကလည္း Riddler ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ အသက္ရွင္သန္ႏိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီး ေဂၚသမ္ၿမိဳ႕ကလည္း ၿမိဳ႕ပ်က္ႀကီးလို ျဖစ္သြားပါတယ္။ ေနာက္ဆုံးမွာေတာ့ Batman ၊ Lucious Fox နဲ႔ ရဲမႉး Gordon တို႔ ပူးေပါင္းကာ Ridtdler ကို အႏိုင္ယူခဲ့ၿပီး ေဂၚသမ္ၿမိဳ႕ႀကီးကိုလည္း ျပန္လည္ကယ္ဆယ္ခဲ့ပါတယ္။

(8) The Court of Owls
photo via cbr

New 52 ထဲမွာေတာ့ Batman ဟာ ေဂၚသမ္ၿမိဳ႕မွာရွိတဲ့ လွ်ိဳ႕ဝွက္အဖြဲ႕အစည္းျဖစ္တဲ့ The Court of Owls အေၾကာင္းကို သိလိုက္ရတဲ့အခ်ိန္မွာ ေဂၚသမ္ၿမိဳ႕အတြက္ ဆိုး႐ြားတဲ့အႏၲရာယ္မွန္း သိသြားပါတယ္။ Bruce ဟာ သူ႔ရဲ႕မိဘေတြ ေသဆုံးသြားၿပီး သိပ္မၾကာခင္မွာ အဲ့ဒီလွ်ိဳ႕ဝွက္အဖြဲ႕အစည္းကို စုံစမ္းခဲ့ပါေသးတယ္။ အဲ့ဒီအဖြဲ႕အစည္းကေတာ့ ေဂၚသမ္ရဲ႕ အခ်မ္းသာဆုံးလူေတြ စုေပါင္းထားကာ ေဂၚသမ္ၿမိဳ႕ကို လွ်ိဳ႕ဝွက္ႀကိဳးကိုင္ေနၾကသူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ Talons လို႔ေခၚတဲ့ undead စစ္တပ္ႀကီးက သူတို႔ေတြကို ကာကြယ္ေပးထားပါေသးတယ္။ သူတို႔အဖြဲ႕ကေတာ့ ေဂၚသမ္ၿမိဳ႕ကို ရာစုႏွစ္ေပါင္းမ်ားစြာ ႀကိဳးကိုင္ထားႏိုင္ခဲ့ပါတယ္။

(9) The Joker
photo via cbr

Joker ဟာ Batman ရဲ႕ secret identity ကို သိထားတာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီ ျဖစ္ေပမယ့္လည္း Joker War ေကာမစ္ထဲမွာေတာ့ အဲ့ဒီအခ်က္ကို ပထမဆုံးအႀကိမ္အျဖစ္ အသုံးခ်ခဲ့ပါတယ္။ သူဟာ အဲ့ဒီအခ်က္ကို အသုံးျပဳၿပီးေတာ့ Bruce ရဲ႕ ပိုက္ဆံကို ခိုးယူဖို႔နဲ႔ Wayne Enterprises ကို သိမ္းယူဖို႔အတြက္ အစီအစဥ္ေတြ ခ်ခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ Bruce ရဲ႕ ပိုက္ဆံေတြကို အသုံးျပဳၿပီး ေဂၚသမ္မွာရွိသမွ် လူမိုက္ေတြအားလုံးကို ပိုက္ဆံေပးၿပီးေတာ့ Joker Army အျဖစ္ ဖြဲ႕စည္းခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီပိုက္ဆံေတြကို အသုံးျပဳၿပီးေတာ့ နည္းပညာျမင့္လက္နက္ေတြကိုလည္း ေထာက္ပံ့ေပးကာ ေဂၚသမ္ၿမိဳ႕ႀကီးမွာ ေသာင္းက်န္းခိုင္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Batman ဟာ သူ႔ရဲ႕မဟာမိတ္ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ Joker ကို အႏိုင္ယူကာ ေဂၚသမ္ၿမိဳ႕ကို ကယ္တင္ခဲ့ပါတယ္။

(10) Bruce Wayne
photo via cbr

Dark Knights: Death Metal ေကာမစ္ထဲမွာေတာ့ The Batman Who Laughs ဟာ DC universe ကို ဖ႐ိုဖရဲျဖစ္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ တစ္ျခား universe ေတြထဲက Batman ဗီလိန္ဗားရွင္းေတြကို စုစည္းခဲ့ပါေသးတယ္။ အဲ့ဒီထဲမွာမွ ထူးျခားတာ တစ္ခုကေတာ့ Castle Bat ပဲ ျဖစ္ပါတယ္။

Castle Bat ကေတာ့ တစ္ျခား universe က Bruce Wayne တစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီ Bruce ကေတာ့ သူ႔ကိုယ္သူ ေဂၚသမ္ၿမိဳ႕နဲ႔ ေပါင္းစပ္ဖို႔အတြက္ ယဇ္ပူေဇာ္ပြဲမွာ သူ႔ရဲ႕သားျဖစ္သူ Damian ကို ယဇ္ပူေဇာ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Castle Bat ျဖစ္သြားၿပီး ေဂၚသမ္ၿမိဳ႕တစ္ခုလုံးနဲ႔ ေပါင္းစပ္သြားပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ရန္သူေတြနဲ႔ တိုက္ခိုက္ဖို႔အတြက္ ၿမိဳ႕တစ္ခုစာေလာက္ရွိတဲ့ လက္နက္ေတြကိုလည္း အသုံးျပဳခဲ့ပါတယ္။

ဒါကေတာ့ DC Universe ထဲမွာ ေဂၚသမ္ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ဗီလိန္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular