HomeEntertainmentFilmလာမယ့် ဖေဖော်ဝါရီလမှာ စတင်ထွက်ရှိလာမယ့် Vikings: Valhalla ဇာတ်လမ်းတွဲ

လာမယ့် ဖေဖော်ဝါရီလမှာ စတင်ထွက်ရှိလာမယ့် Vikings: Valhalla ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Vikings: Valhalla ဇာတ်လမ်းတွဲကတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာ Netflix ကနေ စတင်ပြသသွားတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ History ရုပ်သံလိုင်းကနေ ၂၀၁၃ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့တဲ့ Vikings ဇာတ်လမ်းတွဲရဲ့ Spin-Off ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ Vikings ဇာတ်လမ်းတွဲကတော့ Viking ခေတ်ရဲ့ နာမည်ကြီးသူရဲကောင်းတစ်ယောက် ဖြစ်တဲ့ Ragnar Lothbrok အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

photo via screenrant

Vikings: Valhalla ဇာတ်လမ်းတွဲကတော့ Vikings ထဲက အဖြစ်အပျက်တွေ ပြီးဆုံးသွားတဲ့နောက် နှစ်တစ်ရာလောက် ကြာမြင့်တဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ Vikings: Valhalla ထဲမှာတော့ Viking တွေဟာ အင်္ဂလန်ရဲ့ နေရာအများစုကို သိမ်းပိုက်ထားနိုင်သလို ပြင်သစ်မှာရှိတဲ့ Normandy ကမ်းခြေကိုလည်း သိမ်းပိုက်ထားတာ တွေ့မြင်ရမှာပါ။ ဒါ့အပြင် အဲ့ဒီအချိန်ကာလမှာ နာမည်ကြီးခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ Leif Eriksson ၊ Freydis Eiriksdottir ၊ Harald Hardrada နဲ့ William the Conqueror တို့ကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

မကြာသေးခင်ကပဲ Vikings: Valhalla ဇာတ်လမ်းတွဲဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ စတင်ပြသသွားမယ်လို့ Netflix က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Viking တွေဟာ အင်္ဂလိပ်လူမျိူးတွေနဲ့ တိုက်ခိုက်တာတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အစောပိုင်းမှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ The Witcher: Blood Origin နဲ့ Stranger Things Season 4 တို့လည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ Vikings ဇာတ်လမ်းတွဲအပြီး နှစ်တစ်ရာမှာ ဇာတ်အိမ်တည်ထားပေမယ့်လည်း Ragnar နဲ့ သူ့သားတွေရဲ့ အမွေအနှစ်တွေကို မြင်တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Vikings ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ Michael Hirst ဟာလည်း ဒီဇာတ်လမ်းတွဲရဲ့ Showrunner အဖြစ် ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Michael Hirst ကတော့ Vikings ဇာတ်လမ်းတွဲအတွက် လေ့လာမှုတွေများစွာ ပြုလုပ်ခဲ့ပြီး အဲ့ဒီဇာတ်လမ်းတွဲထဲမှာ ပြသခဲ့တဲ့အကြောင်းအရာတွေကလည်း တကယ့်သမိုင်းထဲက အဖြစ်အပျက်တွေနဲ့ အနီးစပ်ဆုံး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Vikings: Valhalla ကလည်း ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာဦးမှာ သေချာပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Vikings: Valhalla ဇာတ္လမ္းတြဲကေတာ့ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလထဲမွာ Netflix ကေန စတင္ျပသသြားေတာ့မယ္လို႔ သိရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ History ႐ုပ္သံလိုင္းကေန ၂၀၁၃ ခုႏွစ္မွာ စတင္ထုတ္လႊင့္ခဲ့တဲ့ Vikings ဇာတ္လမ္းတြဲရဲ့ Spin-Off ဇာတ္လမ္းတြဲပဲ ျဖစ္ပါတယ္။ Vikings ဇာတ္လမ္းတြဲကေတာ့ Viking ေခတ္ရဲ့ နာမည္ႀကီးသူရဲေကာင္းတစ္ေယာက္ ျဖစ္တဲ့ Ragnar Lothbrok အေၾကာင္းကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။

photo via screenrant

Vikings: Valhalla ဇာတ္လမ္းတြဲကေတာ့ Vikings ထဲက အျဖစ္အပ်က္ေတြ ၿပီးဆုံးသြားတဲ့ေနာက္ ႏွစ္တစ္ရာေလာက္ ၾကာျမင့္တဲ့အခ်ိန္မွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ Vikings: Valhalla ထဲမွာေတာ့ Viking ေတြဟာ အဂၤလန္ရဲ့ ေနရာအမ်ားစုကို သိမ္းပိုက္ထားနိုင္သလို ျပင္သစ္မွာရွိတဲ့ Normandy ကမ္းေျခကိုလည္း သိမ္းပိုက္ထားတာ ေတြ႕ျမင္ရမွာပါ။ ဒါ့အျပင္ အဲ့ဒီအခ်ိန္ကာလမွာ နာမည္ႀကီးခဲ့တဲ့ သမိုင္းဝင္ပုဂၢိဳလ္ေတြျဖစ္တဲ့ Leif Eriksson ၊ Freydis Eiriksdottir ၊ Harald Hardrada နဲ႔ William the Conqueror တို႔ကိုလည္း ျမင္ေတြ႕ရနိုင္ပါတယ္။

မၾကာေသးခင္ကပဲ Vikings: Valhalla ဇာတ္လမ္းတြဲဟာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၅)ရက္ေန႔မွာ စတင္ျပသသြားမယ္လို႔ Netflix က တရားဝင္ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Viking ေတြဟာ အဂၤလိပ္လူမ်ိဴးေတြနဲ႔ တိုက္ခိုက္တာေတြကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္အေစာပိုင္းမွာေတာ့ ပရိသတ္ေတြ ေစာင့္ေမၽွာ္ေနၾကတဲ့ ဇာတ္လမ္းတြဲေတြျဖစ္တဲ့ The Witcher: Blood Origin နဲ႔ Stranger Things Season 4 တို႔လည္း ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲဟာ Vikings ဇာတ္လမ္းတြဲအၿပီး ႏွစ္တစ္ရာမွာ ဇာတ္အိမ္တည္ထားေပမယ့္လည္း Ragnar နဲ႔ သူ႔သားေတြရဲ့ အေမြအႏွစ္ေတြကို ျမင္ေတြ႕ရဦးမွာပဲ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Vikings ဇာတ္လမ္းတြဲကို ဖန္တီးခဲ့တဲ့ Michael Hirst ဟာလည္း ဒီဇာတ္လမ္းတြဲရဲ့ Showrunner အျဖစ္ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

Michael Hirst ကေတာ့ Vikings ဇာတ္လမ္းတြဲအတြက္ ေလ့လာမွုေတြမ်ားစြာ ျပဳလုပ္ခဲ့ၿပီး အဲ့ဒီဇာတ္လမ္းတြဲထဲမွာ ျပသခဲ့တဲ့အေၾကာင္းအရာေတြကလည္း တကယ့္သမိုင္းထဲက အျဖစ္အပ်က္ေတြနဲ႔ အနီးစပ္ဆုံး ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Vikings: Valhalla ကလည္း ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္လာဦးမွာ ေသခ်ာပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular