HomeEntertainmentFilmVikings ဇာတ်လမ်းတွဲ နောက်ကွယ်က လူသိပ်မသိသေးတဲ့အချက်များ

Vikings ဇာတ်လမ်းတွဲ နောက်ကွယ်က လူသိပ်မသိသေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Vikings ဇာတ်လမ်းတွဲဟာ ၂၀၁၃ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး IMDb (8.5) ရရှိထားကာ Season (၆)ခု ထွက်ရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ နာမည်အတိုင်းပဲ Viking တွေအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်သလို သမိုင်းထဲက တကယ့်အဖြစ်အပျက်တွေနဲ့ အနီးစပ်ဆုံး တူညီအောင် ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) Eyeliner အနက်ရောင်ရဲ့နောက်ကွယ်က အကြောင်းရင်း
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Floki အပါအဝင် ဇာတ်ကောင်အချို့ဟာ အနက်ရောင် Eyeliner တွေကို လိမ်းခြယ်ထားလေ့ ရှိပါတယ်။ ဒီလို လိမ်းခြယ်ထားခြင်းကြောင့် သူတို့ရဲ့ပုံစံဟာ ပိုပြီးကြမ်းတမ်းတဲ့ပုံစံ ဖြစ်လာပေမယ့်လည်း အဓိကအကြောင်းရင်းကတော့ အဲ့ဒါကြောင့် မဟုတ်ပါဘူး။ တကယ့် Viking တွေဟာ Kohl လို့ခေါ်တဲ့ Eyeliner လိုမျိူး အရာတွေကို အသုံးပြုလေ့ရှိပါတယ်။ Kohl ကတော့ ပစ္စည်းတွေများစွာကို စုပေါင်းဖန်တီးထားတဲ့ အနက်ရောင်အမှုန့်တွေပဲ ဖြစ်ပါတယ်။ ဒီလိုလိမ်းခြယ်ထားခြင်းအားဖြင့် နေရောင်ခြည်ကနေ သူတို့ရဲ့ မျက်လုံးတွေကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

(2) Katheryn Winnick ဟာ အပြင်မှာလည်း ကိုယ်ခံပညာ တတ်မြောက်ပါတယ်။
photo via screenrant

Katheryn Winnick ဟာ ဒီဇာတ်လမ်းတွဲထဲမှာတော့ Lagertha အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာဆိုရင်လည်း သူမဟာ အမျိူးသမီးတိုင်း အားကျရတဲ့ Shield-Maiden တစ်ယောက် ဖြစ်ပါတယ်။ အလားတူပဲ တကယ့်အပြင် လက်တွေ့ဘဝမှာလည်း သူမဟာ ကိုယ်ခံပညာရပ်တွေကို ကျွမ်းကျင်စွာ တတ်မြောက်ထားပါတယ်။

သူမဟာ ကရာတေးမှာ ဒုတိယအဆင့် ခါးပတ်အနက် ရရှိထားသလို တိုက်ကွမ်ဒိုမှာလည်း တတိယအဆင့် ခါးပတ်အနက် ရရှိထားပါတယ်။ ဒါ့အပြင် သူမဟာ ဟောလိဝုဒ်သရုပ်ဆောင်တွေအတွက် တိုက်ကွမ်ဒိုသင်တန်းနဲ့ Self-Defense သင်တန်းတွေမှာလည်း ထရိန်နာအဖြစ် သင်ကြားပေးခဲ့ဖူးပါသေးတယ်။ ဒါတင်မကသေးဘဲ သူမဟာ တရားဝင်လိုင်စင်ရထားတဲ့ သက်တော်စောင့်တစ်ယောက်လည်း ဖြစ်ပါတယ်။

(3) တိုက်ပွဲတစ်ခုစီတိုင်းအတွက် သွေးအတု(၅၀)လီတာလောက် အသုံးပြုခဲ့ရပါတယ်။
photo via screenrant

Viking တွေရဲ့ တိုက်ပွဲဟာ သွေးထွက်သံယိုတွေများစွာနဲ့ ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတွေကို ပိုမိုအသက်ဝင်အောင် ပြုလုပ်ပေးရသူကတော့ ရိုက်ကွင်းမှာသုံးတဲ့ အထူးမိတ်ကပ်ကျွမ်းကျင်သူ Tom McInerney ပဲ ဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ သူဟာ ဒီဇာတ်လမ်းတွဲထဲက တိုက်ပွဲတစ်ခုချင်းစီအတွက် ခန့်မှန်းချေ သွေးတု (၅၀)လီတာလောက် အသုံးပြုခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ ဒီနေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲကတော့ အဝတ်အစားတွေနဲ့ သရုပ်ဆောင်တွေရဲ့ အရေပြားတွေမှာ အဲ့ဒီသွေးတွေက စွန်းထင်းမနေဘဲ ဖျက်ရလွယ်ကူအောင် ပြုလုပ်ရတာပါပဲ။ ဒါကြောင့်ပဲ သွေးတုအမျိူးအစား အသစ်တစ်ခု တီထွင်ဖန်တီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

(4) မတူညီတဲ့ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ချင်ခဲ့သူများ
photo via screenrant

ဇာတ်လမ်းတွဲအများစုမှာတော့ သရုပ်ဆောင်တွေဟာ လူရွေးပွဲဝင်ပြိုင်တုန်းက သရုပ်ဆောင်ချင်တဲ့ ဇာတ်ကောင်နဲ့ တကယ် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်က မတူညီတာမျိူးတွေ ရှိတတ်ပါတယ်။ Vikings ထဲမှာလည်း ဒီလိုမျိူး အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ Floki နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Gustaf Skarsgard နဲ့ Rollo နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Clive Standen တို့ဟာ Ragnar နေရာမှာ သရုပ်ဆောင်ဖို့ ဝင်ရောက်အရွေးခံခဲ့ကြတာ ဖြစ်ပါတယ်။ Ragnar နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Travis Fimmel ကတော့ Floki နေရာမှာ ပါဝင်ဖို့ လူရွေးပွဲဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

(5) ဇာတ်ဝင်သီချင်းတွေကို ရှေးဟောင်း Viking တူရိယာတွေနဲ့ပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

အပေါ်မှာ‌ဖော်ပြခဲ့သလိုပဲ ဒီဇာတ်လမ်းတွဲဟာ သမိုင်းထဲက အဖြစ်အပျက်တွေနဲ့ အနီးစပ်ဆုံး တူညီအောင် ဖန်တီးထားတာ ဖြစ်ပြီး Viking ခေတ်နဲ့ ပိုပြီးဆင်တူသွားအောင် ဒီဇာတ်လမ်းတွဲထဲက သီချင်းတွေကို ရှေးဟောင်း Viking တူရိယာတွေနဲ့ပဲ ဖန်တီးခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်သီချင်းတွေကို ဖန်တီးခဲ့သူကတော့ နော်ဝေလူမျိူး သီချင်းရေးဆရာဖြစ်တဲ့ Einar Selvik ပဲ ဖြစ်ပါတယ်။ သူဟာ တောင်ဆိတ်ရဲ့ ဦးချိုနဲ့ ပြုလုပ်ထားတဲ့ Bukkehorn နဲ့ မြင်းမွှေးကို ကြိုးအဖြစ် ပြုလုပ်ထားတဲ့ Tagelharpa တို့လို တူရိယာတွေကို အသုံးပြုခဲ့ပါတယ်။

(6) လူတွေအသုံးမပြုတော့တဲ့ ဘာသာစကားတွေကို အသုံးပြုခဲ့ပါတယ်။
photo via screenrant

Viking‌ တွေဟာ သူတို့ရဲ့ဘဝတွေနဲ့ ပတ်သက်ပြီး စာတမ်းပြုစုထားတာမျိူး သိပ်မရှိတာကြောင့် အဲ့ဒီခေတ်တုန်းက သူတို့တွေ ဘယ်ဘာသာစကားကို ပြောတယ်ဆိုတာ သေချာမသိနိုင်ပါဘူး။ အဲ့ဒီခေတ်တုန်းက တည်ရှိခဲ့တဲ့ ဘာသာစကားတွေ အများစုဟာ အခုချိန်မှာ ပျောက်ကွယ်ကုန်ကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲကို ဖန်တီးသူဟာ ယနေ့ခေတ်မှာ လူတွေ အသုံးမပြုကြတော့တဲ့ ဘာသာစကားလေးမျိုးကို အသုံးပြုခဲ့ပါတယ်။ အဲ့ဒီဘာသာစကားတွေကတော့ Anglo-Saxon ၊ Old Norse ၊ Latin နဲ့ Old Frankish တို့ပဲ ဖြစ်ပါတယ်။

(7) Ragnar Lothbrok ဟာ စိတ်ကူးယဉ်သက်သက် ဖြစ်နေနိုင်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲထဲက Ragnar Lothbrok ဟာ Denmark နဲ့ Sweden နိုင်ငံရဲ့ ဘုရင်ဖြစ်ခဲ့တဲ့ Viking Ragnar Lodbrok ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Ragnar ဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူတစ်ယောက် မဟုတ်ဘဲ စိတ်ကူးယဉ်သက်သက် ဖြစ်နေနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမိုင်းပညာရှင်များစွာဟာ အခုချိန်ထိ ငြင်းခုန်နေဆဲပဲ ဖြစ်ပါတယ်။

သမိုင်းပညာရှင် Katherin Holeman ရေးသားခဲ့တဲ့ Historical Dictionary of the Vikings ဆိုတဲ့ စာအုပ်ထဲမှာတော့ ” Ragnar ရဲ့ သားတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်တွေ ဖြစ်ကြပေမယ့်လည်း Ragnar တည်ရှိခဲ့တယ်ဆိုတဲ့ သက်သေတွေကိုတော့ လုံးဝမတွေ့ခဲ့ရပါဘူး။ ဒါကြောင့်ပဲ Ragnar ဟာ လူသားတွေ ဖန်တီးထားတဲ့ စိတ်ကူးယဉ်ပုံပြင်တစ်ခု ဖြစ်နေနိုင်ပါတယ် … ” လို့ ရေးသားထားပါတယ်။

(8) မူလတုန်းက Jarl Borg ကို ဆွီဒင်လူမျိူးအဖြစ် ဖန်တီးခဲ့တာပါ။
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Jarl Borg ဟာ Gotaland ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ အစတုန်းကတော့ ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူ Michael Hirst ဟာ သူ့ကို ဆွီဒင်လူမျိူးအဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြဿနာတစ်ခုကတော့ ဒီဇာတ်လမ်းတွဲကို ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလတုန်းက ဆွီဒင်နိုင်ငံတောင် မတည်ရှိသေးပါဘူး။ ဆွီဒင်လူမျိူးသရုပ်ဆောင် ဖြစ်တဲ့ Gustaf Skarsgard (Floki) ကတော့ ဇာတ်ညွှန်းဖတ်နေရင်း အဲ့ဒီအချက်ကို သတိထားမိသွားပြီး Michael Hirst ကို သွားရောက်သတိပေးခဲ့တာ ဖြစ်ပါတယ်။

(9) လန်ဒန်မြို့မှာ ကားမတော်တဆမှုတွေ ဖြစ်စေခဲ့တဲ့ Travis Fimmel
photo via screenrant

Travis Fimmel ဟာ ကြမ်းတမ်းတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Ragnar နေရာမှာ သရုပ်ဆောင်ခဲ့ပေမယ့်လည်း ၁၉၉၀ ကျော်လောက်တုန်းကတော့ သူဟာ လူကြိုက်အများဆုံး Underwear Model တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Calvin Klein က ဒေါ်လာသိန်းဂဏန်းပေးပြီး ကမ်းလှမ်းခဲ့ရတဲ့ ပထမဆုံး အမျိူးသားမော်ဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ကြော်ငြာဆိုင်းဘုတ်တွေကြောင့် အမျိူးသမီးကားမောင်းသူတွေဟာ စိတ်တွေ ပျံ့လွင့်ပြီး ကားမတော်တဆမှုတွေများစွာ ဖြစ်စေခဲ့တယ်လို့လည်း ကောလာဟလတွေ ရှိပါသေးတယ်။ ၂၀၀၂ ခုနှစ်မှာတော့ People မဂ္ဂဇင်းဟာ သူ့ကို “World’s Sexiest Bachelors” အဖြစ် သတ်မှတ်ခဲ့ပါသေးတယ်။

စာဖတ်သူက Vikings ပရိသတ်ဆိုရင် ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ ကြိုက်နှစ်သက်တဲ့အချက်တွေကိုလည်း ပြန်လည်ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Vikings ဇာတ္လမ္းတြဲဟာ ၂၀၁၃ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့ၿပီး IMDb (8.5) ရရွိထားကာ Season (၆)ခု ထြက္ရွိထားပါတယ္။ ဒီဇာတ္လမ္းတြဲဟာ နာမည္အတိုင္းပဲ Viking ေတြအေၾကာင္းကို ရိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္သလို သမိုင္းထဲက တကယ့္အျဖစ္အပ်က္ေတြနဲ႔ အနီးစပ္ဆုံး တူညီေအာင္ ရိုက္ကူးထားပါတယ္။ ဒီဇာတ္လမ္းတြဲရဲ့ ေနာက္ကြယ္က စိတ္ဝင္စားဖို႔ေကာင္းတဲ့အေၾကာင္းေတြကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရွုနိုင္ပါတယ္။

(1) Eyeliner အနက္ေရာင္ရဲ့ေနာက္ကြယ္က အေၾကာင္းရင္း
photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Floki အပါအဝင္ ဇာတ္ေကာင္အခ်ိဳ႕ဟာ အနက္ေရာင္ Eyeliner ေတြကို လိမ္းျခယ္ထားေလ့ ရွိပါတယ္။ ဒီလို လိမ္းျခယ္ထားျခင္းေၾကာင့္ သူတို႔ရဲ့ပုံစံဟာ ပိုၿပီးၾကမ္းတမ္းတဲ့ပုံစံ ျဖစ္လာေပမယ့္လည္း အဓိကအေၾကာင္းရင္းကေတာ့ အဲ့ဒါေၾကာင့္ မဟုတ္ပါဘူး။ တကယ့္ Viking ေတြဟာ Kohl လို႔ေခၚတဲ့ Eyeliner လိုမ်ိဴး အရာေတြကို အသုံးျပဳေလ့ရွိပါတယ္။ Kohl ကေတာ့ ပစၥည္းေတြမ်ားစြာကို စုေပါင္းဖန္တီးထားတဲ့ အနက္ေရာင္အမွုန႔္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုလိမ္းျခယ္ထားျခင္းအားျဖင့္ ေနေရာင္ျခည္ကေန သူတို႔ရဲ့ မ်က္လုံးေတြကို ကာကြယ္ေပးနိုင္တယ္လို႔ ယုံၾကည္ၾကပါတယ္။

(2) Katheryn Winnick ဟာ အျပင္မွာလည္း ကိုယ္ခံပညာ တတ္ေျမာက္ပါတယ္။
photo via screenrant

Katheryn Winnick ဟာ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Lagertha အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာဆိုရင္လည္း သူမဟာ အမ်ိဴးသမီးတိုင္း အားက်ရတဲ့ Shield-Maiden တစ္ေယာက္ ျဖစ္ပါတယ္။ အလားတူပဲ တကယ့္အျပင္ လက္ေတြ႕ဘဝမွာလည္း သူမဟာ ကိုယ္ခံပညာရပ္ေတြကို ကၽြမ္းက်င္စြာ တတ္ေျမာက္ထားပါတယ္။

သူမဟာ ကရာေတးမွာ ဒုတိယအဆင့္ ခါးပတ္အနက္ ရရွိထားသလို တိုက္ကြမ္ဒိုမွာလည္း တတိယအဆင့္ ခါးပတ္အနက္ ရရွိထားပါတယ္။ ဒါ့အျပင္ သူမဟာ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြအတြက္ တိုက္ကြမ္ဒိုသင္တန္းနဲ႔ Self-Defense သင္တန္းေတြမွာလည္း ထရိန္နာအျဖစ္ သင္ၾကားေပးခဲ့ဖူးပါေသးတယ္။ ဒါတင္မကေသးဘဲ သူမဟာ တရားဝင္လိုင္စင္ရထားတဲ့ သက္ေတာ္ေစာင့္တစ္ေယာက္လည္း ျဖစ္ပါတယ္။

(3) တိုက္ပြဲတစ္ခုစီတိုင္းအတြက္ ေသြးအတု(၅၀)လီတာေလာက္ အသုံးျပဳခဲ့ရပါတယ္။
photo via screenrant

Viking ေတြရဲ့ တိုက္ပြဲဟာ ေသြးထြက္သံယိုေတြမ်ားစြာနဲ႔ ေၾကာက္စရာေကာင္းတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲက ဇာတ္ဝင္ခန္းေတြကို ပိုမိုအသက္ဝင္ေအာင္ ျပဳလုပ္ေပးရသူကေတာ့ ရိုက္ကြင္းမွာသုံးတဲ့ အထူးမိတ္ကပ္ကၽြမ္းက်င္သူ Tom McInerney ပဲ ျဖစ္ပါတယ္။

အင္တာဗ်ဴးတစ္ခုမွာေတာ့ သူဟာ ဒီဇာတ္လမ္းတြဲထဲက တိုက္ပြဲတစ္ခုခ်င္းစီအတြက္ ခန႔္မွန္းေခ် ေသြးတု (၅၀)လီတာေလာက္ အသုံးျပဳခဲ့ရတယ္လို႔ ေျပာျပခဲ့ပါတယ္။ ဒီေနရာမွာ ၾကဳံေတြ႕ရတဲ့ အခက္အခဲကေတာ့ အဝတ္အစားေတြနဲ႔ သ႐ုပ္ေဆာင္ေတြရဲ့ အေရျပားေတြမွာ အဲ့ဒီေသြးေတြက စြန္းထင္းမေနဘဲ ဖ်က္ရလြယ္ကူေအာင္ ျပဳလုပ္ရတာပါပဲ။ ဒါေၾကာင့္ပဲ ေသြးတုအမ်ိဴးအစား အသစ္တစ္ခု တီထြင္ဖန္တီးခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

(4) မတူညီတဲ့ဇာတ္ေကာင္ေတြမွာ သ႐ုပ္ေဆာင္ခ်င္ခဲ့သူမ်ား
photo via screenrant

ဇာတ္လမ္းတြဲအမ်ားစုမွာေတာ့ သ႐ုပ္ေဆာင္ေတြဟာ လူေရြးပြဲဝင္ၿပိဳင္တုန္းက သ႐ုပ္ေဆာင္ခ်င္တဲ့ ဇာတ္ေကာင္နဲ႔ တကယ္ သ႐ုပ္ေဆာင္ရတဲ့ ဇာတ္ေကာင္က မတူညီတာမ်ိဴးေတြ ရွိတတ္ပါတယ္။ Vikings ထဲမွာလည္း ဒီလိုမ်ိဴး အျဖစ္အပ်က္ေတြ ရွိခဲ့ပါတယ္။ Floki ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Gustaf Skarsgard နဲ႔ Rollo ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Clive Standen တို႔ဟာ Ragnar ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ဝင္ေရာက္အေရြးခံခဲ့ၾကတာ ျဖစ္ပါတယ္။ Ragnar ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား Travis Fimmel ကေတာ့ Floki ေနရာမွာ ပါဝင္ဖို႔ လူေရြးပြဲဝင္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။

(5) ဇာတ္ဝင္သီခ်င္းေတြကို ေရွးေဟာင္း Viking တူရိယာေတြနဲ႔ပဲ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

အေပၚမွာ‌ေဖာ္ျပခဲ့သလိုပဲ ဒီဇာတ္လမ္းတြဲဟာ သမိုင္းထဲက အျဖစ္အပ်က္ေတြနဲ႔ အနီးစပ္ဆုံး တူညီေအာင္ ဖန္တီးထားတာ ျဖစ္ၿပီး Viking ေခတ္နဲ႔ ပိုၿပီးဆင္တူသြားေအာင္ ဒီဇာတ္လမ္းတြဲထဲက သီခ်င္းေတြကို ေရွးေဟာင္း Viking တူရိယာေတြနဲ႔ပဲ ဖန္တီးခဲ့ပါတယ္။ အဲ့ဒီဇာတ္ဝင္သီခ်င္းေတြကို ဖန္တီးခဲ့သူကေတာ့ ေနာ္ေဝလူမ်ိဴး သီခ်င္းေရးဆရာျဖစ္တဲ့ Einar Selvik ပဲ ျဖစ္ပါတယ္။ သူဟာ ေတာင္ဆိတ္ရဲ့ ဦးခ်ိဳနဲ႔ ျပဳလုပ္ထားတဲ့ Bukkehorn နဲ႔ ျမင္းေမႊးကို ႀကိဳးအျဖစ္ ျပဳလုပ္ထားတဲ့ Tagelharpa တို႔လို တူရိယာေတြကို အသုံးျပဳခဲ့ပါတယ္။

(6) လူေတြအသုံးမျပဳေတာ့တဲ့ ဘာသာစကားေတြကို အသုံးျပဳခဲ့ပါတယ္။
photo via screenrant

Viking‌ ေတြဟာ သူတို႔ရဲ့ဘဝေတြနဲ႔ ပတ္သက္ၿပီး စာတမ္းျပဳစုထားတာမ်ိဴး သိပ္မရွိတာေၾကာင့္ အဲ့ဒီေခတ္တုန္းက သူတို႔ေတြ ဘယ္ဘာသာစကားကို ေျပာတယ္ဆိုတာ ေသခ်ာမသိနိုင္ပါဘူး။ အဲ့ဒီေခတ္တုန္းက တည္ရွိခဲ့တဲ့ ဘာသာစကားေတြ အမ်ားစုဟာ အခုခ်ိန္မွာ ေပ်ာက္ကြယ္ကုန္ၾကၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲကို ဖန္တီးသူဟာ ယေန႔ေခတ္မွာ လူေတြ အသုံးမျပဳၾကေတာ့တဲ့ ဘာသာစကားေလးမ်ိဳးကို အသုံးျပဳခဲ့ပါတယ္။ အဲ့ဒီဘာသာစကားေတြကေတာ့ Anglo-Saxon ၊ Old Norse ၊ Latin နဲ႔ Old Frankish တို႔ပဲ ျဖစ္ပါတယ္။

(7) Ragnar Lothbrok ဟာ စိတ္ကူးယဥ္သက္သက္ ျဖစ္ေနနိုင္ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတြဲထဲက Ragnar Lothbrok ဟာ Denmark နဲ႔ Sweden နိုင္ငံရဲ့ ဘုရင္ျဖစ္ခဲ့တဲ့ Viking Ragnar Lodbrok ကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Ragnar ဟာ အျပင္မွာ တကယ္ရွိခဲ့တဲ့ လူတစ္ေယာက္ မဟုတ္ဘဲ စိတ္ကူးယဥ္သက္သက္ ျဖစ္ေနနိုင္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး သမိုင္းပညာရွင္မ်ားစြာဟာ အခုခ်ိန္ထိ ျငင္းခုန္ေနဆဲပဲ ျဖစ္ပါတယ္။

သမိုင္းပညာရွင္ Katherin Holeman ေရးသားခဲ့တဲ့ Historical Dictionary of the Vikings ဆိုတဲ့ စာအုပ္ထဲမွာေတာ့ ” Ragnar ရဲ့ သားေတြဟာ သမိုင္းဝင္ပုဂၢိဳလ္ေတြ ျဖစ္ၾကေပမယ့္လည္း Ragnar တည္ရွိခဲ့တယ္ဆိုတဲ့ သက္ေသေတြကိုေတာ့ လုံးဝမေတြ႕ခဲ့ရပါဘူး။ ဒါေၾကာင့္ပဲ Ragnar ဟာ လူသားေတြ ဖန္တီးထားတဲ့ စိတ္ကူးယဥ္ပုံျပင္တစ္ခု ျဖစ္ေနနိုင္ပါတယ္ … ” လို႔ ေရးသားထားပါတယ္။

(8) မူလတုန္းက Jarl Borg ကို ဆြီဒင္လူမ်ိဴးအျဖစ္ ဖန္တီးခဲ့တာပါ။
photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Jarl Borg ဟာ Gotaland ရဲ့ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ အစတုန္းကေတာ့ ဒီဇာတ္လမ္းတြဲရဲ့ ဖန္တီးသူ Michael Hirst ဟာ သူ႔ကို ဆြီဒင္လူမ်ိဴးအျဖစ္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ျပႆနာတစ္ခုကေတာ့ ဒီဇာတ္လမ္းတြဲကို ဇာတ္အိမ္တည္ထားတဲ့ အခ်ိန္ကာလတုန္းက ဆြီဒင္နိုင္ငံေတာင္ မတည္ရွိေသးပါဘူး။ ဆြီဒင္လူမ်ိဴးသ႐ုပ္ေဆာင္ ျဖစ္တဲ့ Gustaf Skarsgard (Floki) ကေတာ့ ဇာတ္ညႊန္းဖတ္ေနရင္း အဲ့ဒီအခ်က္ကို သတိထားမိသြားၿပီး Michael Hirst ကို သြားေရာက္သတိေပးခဲ့တာ ျဖစ္ပါတယ္။

(9) လန္ဒန္ၿမိဳ႕မွာ ကားမေတာ္တဆမွုေတြ ျဖစ္ေစခဲ့တဲ့ Travis Fimmel
photo via screenrant

Travis Fimmel ဟာ ၾကမ္းတမ္းတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တဲ့ Ragnar ေနရာမွာ သ႐ုပ္ေဆာင္ခဲ့ေပမယ့္လည္း ၁၉၉၀ ေက်ာ္ေလာက္တုန္းကေတာ့ သူဟာ လူႀကိဳက္အမ်ားဆုံး Underwear Model တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Calvin Klein က ေဒၚလာသိန္းဂဏန္းေပးၿပီး ကမ္းလွမ္းခဲ့ရတဲ့ ပထမဆုံး အမ်ိဴးသားေမာ္ဒယ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူ႔ရဲ့ ေၾကာ္ျငာဆိုင္းဘုတ္ေတြေၾကာင့္ အမ်ိဴးသမီးကားေမာင္းသူေတြဟာ စိတ္ေတြ ပ်ံ႕လြင့္ၿပီး ကားမေတာ္တဆမွုေတြမ်ားစြာ ျဖစ္ေစခဲ့တယ္လို႔လည္း ေကာလာဟလေတြ ရွိပါေသးတယ္။ ၂၀၀၂ ခုႏွစ္မွာေတာ့ People မဂၢဇင္းဟာ သူ႔ကို “World’s Sexiest Bachelors” အျဖစ္ သတ္မွတ္ခဲ့ပါေသးတယ္။

စာဖတ္သူက Vikings ပရိသတ္ဆိုရင္ ဒီဇာတ္လမ္းတြဲနဲ႔ ပတ္သက္တဲ့ အမွတ္တရေတြ၊ ႀကိဳက္ႏွစ္သက္တဲ့အခ်က္ေတြကိုလည္း ျပန္လည္ေဆြးေႏြးေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular