HomeCelebs Update NewsInternationalပွဲဦးထွက် တစ်ကိုယ်တော်တေးအယ်လ်ဘမ် ပြုလုပ်နေတယ်ဆိုတဲ့ Vin Diesel

ပွဲဦးထွက် တစ်ကိုယ်တော်တေးအယ်လ်ဘမ် ပြုလုပ်နေတယ်ဆိုတဲ့ Vin Diesel

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Fast & Furious ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများတဲ့ အက်ရှင်မင်းသား Vin Diesel ဟာ သရုပ်ဆောင်တာအပြင် သီချင်းခွေတစ်ခွေ ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း ပြောပြလာပါတယ်။

Vin Diesel ဟာ မကြာသေးခင်က James Corden ရဲ့ The Late Late Show အစီအစဉ်ကို အလည်လာသွားခဲ့ပြီး သရုပ်ဆောင်တာအပြင် ဂီတပိုင်းမှာလည်း တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း ပြောပြသွားတာပါ။ Vin က သူ့မှာ ကိုယ်ပိုင်သီချင်းကောင်းတွေရှိပြီး သူ့ရဲ့ကလေး(၃)ယောက်လုံးကလည်း သီချင်းတွေကို ကြိုက်နှစ်သက်ကြလို့ အခွေထုတ်ဖို့အထိ ယုံကြည်ချက်ရှိလာတာလို့ ဆိုပါတယ်။

Photo: vindiesel/ Instagram

“James ရေ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော်သီချင်းဆိုတာကို ကျွန်တော့်ကလေးတွေက သိပ်ကြိုက်ကြတာဗျ။ ကျွန်တော့်သီချင်းအားလုံးကို ခင်ဗျားကို ဆိုပြ၊တီးပြချင်ပါတယ်ဗျာ။ ကိုယ်ပိုင်သီချင်းကောင်းကောင်းလေးတေွ ရှိနေတာကလည်း တကယ်ကံကောင်းတယ်လို့ ပြောရမယ်။ ကျွန်တော်ဆိုနေ၊တီးနေတဲ့ သီချင်းတွေကို ကျွန်တော့်ရဲ့လေးနှစ်အရွယ်သမီးလေးက အိမ်ထဲမှာလျှောက်သွားရင်း ဆိုနေတာကို ကြည့်ရတာလောက် တစ်ခြားကောင်းတဲ့အရာ ဒီကမ္ဘာမှာ ရှိမယ်တောင် မထင်ပါဘူး။ ကျွန်တော့်အထင် ကမ္ဘာပေါ်မှာတော့ အလှဆုံးမြင်ကွင်းတစ်ခုပဲ။ ပြီးတော့ အဲ့ဒါကို လူအများကြီးဆီ ပြန်ဝေမျှပေးရမယ်ဆိုတာကလည်း အရမ်းမိုက်နေပြန်ရောဗျာ …” လို့ ပြောထားပါတယ်။

Photo: vindiesel/ Instagram

Vin ဟာ သူ့ရဲ့တစ်ကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ပတ်သက်လို့ ဒီ့ထက် အသေးစိတ်ကျကျ ပြောပြထားတာတော့ မရှိသေးပါဘူး။ သရုပ်ဆောင်တဲ့အပိုင်းမှာဆိုရင်တော့ သူ့ရဲ့နာမည်ကျော် franchise ရုပ်ရှင်ဖြစ်တဲ့ F9 ဟာ ကိုရိုနာဗိုင်းရပ်စကြောင့် ရုံတင်ပြသမယ့်ရက်ကို ရှေ့နှစ် ဧပြီလအထိ ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

LaNina
(Zawgyi Version)

Fast & Furious ဇာတ္ကားေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ လူသိမ်ားတဲ့ အက္ရွင္မင္းသား Vin Diesel ဟာ သ႐ုပ္ေဆာင္တာအျပင္ သီခ်င္းေခြတစ္ေခြ ထုတ္လုပ္ဖို႔ ႀကိဳးစားေနေၾကာင္း ေျပာျပလာပါတယ္။

Vin Diesel ဟာ မၾကာေသးခင္က James Corden ရဲ႕ The Late Late Show အစီအစဥ္ကို အလည္လာသြားခဲ့ၿပီး သ႐ုပ္ေဆာင္တာအျပင္ ဂီတပိုင္းမွာလည္း တစ္ကိုယ္ေတာ္ ေတးအယ္လ္ဘမ္ ထုတ္လုပ္ဖို႔ ႀကိဳးစားေနေၾကာင္း ေျပာျပသြားတာပါ။ Vin က သူ႔မွာ ကိုယ္ပိုင္သီခ်င္းေကာင္းေတြရွိၿပီး သူ႔ရဲ႕ကေလး(၃)ေယာက္လုံးကလည္း သီခ်င္းေတြကို ႀကိဳက္ႏွစ္သက္ၾကလို႔ အေခြထုတ္ဖို႔အထိ ယုံၾကည္ခ်က္ရွိလာတာလို႔ ဆိုပါတယ္။

Photo: vindiesel/ Instagram

“James ေရ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္သီခ်င္းဆိုတာကို ကြၽန္ေတာ့္ကေလးေတြက သိပ္ႀကိဳက္ၾကတာဗ်။ ကြၽန္ေတာ့္သီခ်င္းအားလုံးကို ခင္ဗ်ားကို ဆိုျပ၊တီးျပခ်င္ပါတယ္ဗ်ာ။ ကိုယ္ပိုင္သီခ်င္းေကာင္းေကာင္းေလးေတြ ရွိေနတာကလည္း တကယ္ကံေကာင္းတယ္လို႔ ေျပာရမယ္။ ကြၽန္ေတာ္ဆိုေန၊တီးေနတဲ့ သီခ်င္းေတြကို ကြၽန္ေတာ့္ရဲ႕ေလးႏွစ္အ႐ြယ္သမီးေလးက အိမ္ထဲမွာေလွ်ာက္သြားရင္း ဆိုေနတာကို ၾကည့္ရတာေလာက္ တစ္ျခားေကာင္းတဲ့အရာ ဒီကမာၻမွာ ရွိမယ္ေတာင္ မထင္ပါဘူး။ ကြၽန္ေတာ့္အထင္ ကမာၻေပၚမွာေတာ့ အလွဆုံးျမင္ကြင္းတစ္ခုပဲ။ ၿပီးေတာ့ အဲ့ဒါကို လူအမ်ားႀကီးဆီ ျပန္ေဝမွ်ေပးရမယ္ဆိုတာကလည္း အရမ္းမိုက္ေနျပန္ေရာဗ်ာ …” လို႔ ေျပာထားပါတယ္။

Photo: vindiesel/ Instagram

Vin ဟာ သူ႔ရဲ႕တစ္ကိုယ္ေတာ္ ေတးအယ္လ္ဘမ္နဲ႔ ပတ္သက္လို႔ ဒီ့ထက္ အေသးစိတ္က်က် ေျပာျပထားတာေတာ့ မရွိေသးပါဘူး။ သ႐ုပ္ေဆာင္တဲ့အပိုင္းမွာဆိုရင္ေတာ့ သူ႔ရဲ႕နာမည္ေက်ာ္ franchise ႐ုပ္ရွင္ျဖစ္တဲ့ F9 ဟာ ကို႐ိုနာဗိုင္းရပ္စေၾကာင့္ ႐ုံတင္ျပသမယ့္ရက္ကို ေရွ႕ႏွစ္ ဧၿပီလအထိ ေျပာင္းေ႐ႊ႕လိုက္တယ္လို႔ သိရပါတယ္။

LaNina

 

RELATED ARTICLES

Most Popular