HomeCelebs Update NewsInternationalKygo နဲ့ ပွဲဦးထွက် ဆင်ဂယ်လ်သီချင်းတစ်ပုဒ် ထုတ်လိုက်တဲ့ Vin Diesel 

Kygo နဲ့ ပွဲဦးထွက် ဆင်ဂယ်လ်သီချင်းတစ်ပုဒ် ထုတ်လိုက်တဲ့ Vin Diesel 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်မင်းသား Vin Diesel ဟာ အနုပညာလှုပ်ရှားမှု အသစ်တစ်ခုအနေနဲ့ ပွဲဦးထွက် ဆင်ဂယ်လ်သီချင်းတစ်ပုဒ်ကို ထုတ်လုပ်လိုက်ပါတယ်။ သီချင်းရဲ့အမည်ကတော့ Feel Like I Do လို့ အမည်ရပြီး Kygo နဲ့ တွဲဖက် ဖန်တီးထားတာ ဖြစ်ပါတယ်။

Vin Diesel ဟာ The Fast and the Furious ရဲ့မင်းသားလို့ လူသိများပေမယ့် Guardians of the Galaxy လိုဇာတ်ကားထဲမှာ Groot ဇာတ်ကောင်နေရာက အသံသရုပ်ဆောင်ထားတာမျိုးလည်းရှိပါတယ်။ သိပ်မကြာသေးခင်ကထွက်ရှိခဲ့တဲ့ Bloodshot ရုပ်ရှင်ဇာတ်ကားမှာဆိုရင်တော့ စူပါဟီးရိုး စစ်သားတစ်ယောက်ပုံစံ သရုပ်ဆောင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကံမကောင်းစွာနဲ့ပဲ Vin Diesel ရဲ့ Bloodshot ရုပ်ရှင်ဟာ ကိုဗစ်ကပ်ရောဂါ စဖြစ်ချိန်နဲ့ တိုက်ဆိုင်‌ပြီး ရက်ပိုင်းပဲ ရုံတင်ပြသခဲ့ရပါတယ်။

photo via: vindiesel instagram

Vin Diesel ဟာ သန်မာပြီး အကြမ်းခံတဲ့ အက်ရှင်ဟီးရိုးတစ်ယောက်ပုံစံနဲ့ အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်ပေမယ့် သူ့မှာ အနုပညာကို ချစ်တဲ့စိတ် အမြဲရှိနေခဲ့သူ ဖြစ်ပါတယ်။ အက်ရှင်ခန်းတွေအပြင် နောက်ခံဇာတ်လမ်းပြော စွမ်းရည်မှာလည်း အံ့မခန်းပါပဲ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က Screen Rant နဲ့ အင်တာဗျူးမှာတော့ Dungeons & Dragons ကို ဘယ်လောက်တောင် ကြိုက်နှစ်သက်ကြောင်းနဲ့ ဇာတ်ကောင်စရိုက်တွေ ရွေးချယ်တိုင်း D&D က သူ့အပေါ် အမြဲတမ်း လွှမ်းမိုးမှုရှိနေတယ်လို့လည်း ပြောခဲ့ဖူးပါသေးတယ်။ အခုလည်း ဂီတအနုပညာအပေါ်ထားတဲ့ သူ့ရဲ့ချစ်မြတ်နိုးစိတ်နဲ့ သူ့ရဲ့ career နောက်တစ်ဆင့်ကို တက်လှမ်းပြလိုက်ပါပြီ။

Vin Diesel ဟာ သူ့ရဲ့သီချင်းအသစ် Feel Like I Do ကို ယခုတစ်ပတ် The Kelly Clarkson Show မှာ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Kelly Clarkson ဟာ ဂီတလောကမှာ အောင်မြင်မှုမှတ်တိုင်ကြီးတစ်ခုကို စိုက်ထူထားနိုင်သူဖြစ်လို့ သူမရဲ့ရှိုးမှာ သူ့ရဲ့သီချင်းအသစ်ကို အခုလို ဖော်ထုတ်တင်ဆက်ခွင့် ရတဲ့အတွက် အလွန်ဂုဏ်ယူကြောင်း Vin  Diesel က ပြောထားပါသေးတယ်။

Photo: vindiesel/ Instagram

Feel Like I Do ဟာ နာမည်ကြီး music producer ဖြစ်တဲ့ Kygo နဲ့အတူ ပူးပေါင်းဖန်တီးထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ အနိမ့်သံကို ချောမွေ့ပြေပြစ်စွာ သီဆိုထားတဲ့ ဒီသီချင်းဟာ upbeat လေးဖြစ်လို့ မြူးမြူးကြွကြွနဲ့ နားထောင်လို့ကောင်းမယ့် electro dance pop အမျိုးအစား ဖြစ်ပါတယ်။ Zoom ကတစ်ဆင့် ထုတ်လွှင့်ပြသခဲ့တဲ့ အဆိုပါရှိုးမှာတော့ Kelly Clarkson Show က ပရိသတ်တွေကပါ လိုက်ကပြီး တေးသွားနဲ့ တစ်ထပ်တည်း ခံစားခဲ့ကြပါတယ်။

Vin Diesel ဟာ ဂီတဘက်ကို ကူးပြောင်းလာတယ်ဆိုပေမယ့် ဒါမျိုးဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ မြင်သာတဲ့ ဥပမာတစ်ခုအနေနဲ့ ပြောရရင် Disney Channel ကနေ တကယ့်နာမည်ကြီး အဆိုတော် ဖြစ်လာခဲ့ကြသူတွေ မနည်းပါဘူး။ အက်ရှင်မင်းသားကနေ အဆိုတော်ပါ ဖြစ်နေတဲ့သူကတော့ ထင်ထင်ရှားရှား နှိုင်းယှဉ်ပြစရာ သိပ်တော့ မရှိပါဘူး။ သို့ပေမယ့် ဒါဟာ အောင်မြင်ခြင်း၊ ကျရှုံးခြင်းအတွက် အရေးပါတဲ့ အကြောင်းအရာ မဟုတ်ဘဲ သူ့ရဲ့သီချင်း၊ ဂီတရဲ့ အရည်အသွေးကသာ အဓိက အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီသီချင်းကို နားဆင်ကြည့်ရရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်မြူးတူးချင်တဲ့အချိန်မျိုးမှာ နားထောင်သင့်တဲ့ သီချင်းမျိုးလို့ ပြောရမှာပါ။ သို့ပေမယ့် သီချင်းတစ်ပုဒ်တည်းနဲ့တော့ လူတစ်ယောက်ရဲ့ အဆိုစွမ်းရည်၊ အလားအလာတွေကို အဆုံးအဖြတ် ပေးလို့မရသေးတဲ့အတွက် Vin Diesel တစ်ယောက် ရှေ့ဆက် ဘာတွေယူဆောင်လာဦးမလည်းဆိုတာကို ဆက်လက် စောင့်စားကြရမှာ ဖြစ်ပါတယ်။ Vin Diesel ဟာ ရုပ်ရှင်ဘက်မှာ အောင်မြင်ပြီးသား ဖြစ်ပေမယ့် အဆိုတော်တစ်ယောက်အနေနဲ့ပါ ရပ်တည်မယ်ဆိုရင်တော့ ဒီ့ထက်ပိုပြီး အများကြီး ကြိုးစားသွားရဦးမှာ ဖြစ်ပါတယ်လို့ တင်ပြရင်း … ။

C 21

Source: screenrant

(Zawgyi Version)

နာမည္ေက်ာ္မင္းသား Vin Diesel ဟာ အႏုပညာလႈပ္ရွားမႈ အသစ္တစ္ခုအေနနဲ႔ ပြဲဦးထြက္ ဆင္ဂယ္လ္သီခ်င္းတစ္ပုဒ္ကို ထုတ္လုပ္လိုက္ပါတယ္။ သီခ်င္းရဲ႕အမည္ကေတာ့ Feel Like I Do လို႔ အမည္ရၿပီး Kygo နဲ႔ တြဲဖက္ ဖန္တီးထားတာ ျဖစ္ပါတယ္။

Vin Diesel ဟာ The Fast and the Furious ရဲ႕မင္းသားလို႔ လူသိမ်ားေပမယ့္ Guardians of the Galaxy လိုဇာတ္ကားထဲမွာ Groot ဇာတ္ေကာင္ေနရာက အသံသ႐ုပ္ေဆာင္ထားတာမ်ိဳးလည္းရွိပါတယ္။ သိပ္မၾကာေသးခင္ကထြက္ရွိခဲ့တဲ့ Bloodshot ႐ုပ္ရွင္ဇာတ္ကားမွာဆိုရင္ေတာ့ စူပါဟီး႐ိုး စစ္သားတစ္ေယာက္ပုံစံ သ႐ုပ္ေဆာင္ထားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ Vin Diesel ရဲ႕ Bloodshot ႐ုပ္ရွင္ဟာ ကိုဗစ္ကပ္ေရာဂါ စျဖစ္ခ်ိန္နဲ႔ တိုက္ဆိုင္‌ၿပီး ရက္ပိုင္းပဲ ႐ုံတင္ျပသခဲ့ရပါတယ္။

Photo: vindiesel/ Instagram

Vin Diesel ဟာ သန္မာၿပီး အၾကမ္းခံတဲ့ အက္ရွင္ဟီး႐ိုးတစ္ေယာက္ပုံစံနဲ႔ ေအာင္ျမင္ေက်ာ္ၾကားလာခဲ့သူ ျဖစ္ေပမယ့္ သူ႔မွာ အႏုပညာကို ခ်စ္တဲ့စိတ္ အၿမဲရွိေနခဲ့သူ ျဖစ္ပါတယ္။ အက္ရွင္ခန္းေတြအျပင္ ေနာက္ခံဇာတ္လမ္းေျပာ စြမ္းရည္မွာလည္း အံ့မခန္းပါပဲ။ ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္က Screen Rant နဲ႔ အင္တာဗ်ဴးမွာေတာ့ Dungeons & Dragons ကို ဘယ္ေလာက္ေတာင္ ႀကိဳက္ႏွစ္သက္ေၾကာင္းနဲ႔ ဇာတ္ေကာင္စ႐ိုက္ေတြ ေ႐ြးခ်ယ္တိုင္း D&D က သူ႔အေပၚ အၿမဲတမ္း လႊမ္းမိုးမႈရွိေနတယ္လို႔လည္း ေျပာခဲ့ဖူးပါေသးတယ္။ အခုလည္း ဂီတအႏုပညာအေပၚထားတဲ့ သူ႔ရဲ႕ခ်စ္ျမတ္ႏိုးစိတ္နဲ႔ သူ႔ရဲ႕ career ေနာက္တစ္ဆင့္ကို တက္လွမ္းျပလိုက္ပါၿပီ။

Vin Diesel ဟာ သူ႔ရဲ႕သီခ်င္းအသစ္ Feel Like I Do ကို ယခုတစ္ပတ္ The Kelly Clarkson Show မွာ တင္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Kelly Clarkson ဟာ ဂီတေလာကမွာ ေအာင္ျမင္မႈမွတ္တိုင္ႀကီးတစ္ခုကို စိုက္ထူထားႏိုင္သူျဖစ္လို႔ သူမရဲ႕ရႈိးမွာ သူ႔ရဲ႕သီခ်င္းအသစ္ကို အခုလို ေဖာ္ထုတ္တင္ဆက္ခြင့္ ရတဲ့အတြက္ အလြန္ဂုဏ္ယူေၾကာင္း Vin  Diesel က ေျပာထားပါေသးတယ္။

Photo: vindiesel/ Instagram

Feel Like I Do ဟာ နာမည္ႀကီး music producer ျဖစ္တဲ့ Kygo နဲ႔အတူ ပူးေပါင္းဖန္တီးထားတဲ့ သီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။ အနိမ့္သံကို ေခ်ာေမြ႕ေျပျပစ္စြာ သီဆိုထားတဲ့ ဒီသီခ်င္းဟာ upbeat ေလးျဖစ္လို႔ ျမဴးျမဴးႂကြႂကြနဲ႔ နားေထာင္လို႔ေကာင္းမယ့္ electro dance pop အမ်ိဳးအစား ျဖစ္ပါတယ္။ Zoom ကတစ္ဆင့္ ထုတ္လႊင့္ျပသခဲ့တဲ့ အဆိုပါရႈိးမွာေတာ့ Kelly Clarkson Show က ပရိသတ္ေတြကပါ လိုက္ကၿပီး ေတးသြားနဲ႔ တစ္ထပ္တည္း ခံစားခဲ့ၾကပါတယ္။

Vin Diesel ဟာ ဂီတဘက္ကို ကူးေျပာင္းလာတယ္ဆိုေပမယ့္ ဒါမ်ိဳးဟာ အထူးအဆန္းေတာ့ မဟုတ္ပါဘူး။ ျမင္သာတဲ့ ဥပမာတစ္ခုအေနနဲ႔ ေျပာရရင္ Disney Channel ကေန တကယ့္နာမည္ႀကီး အဆိုေတာ္ ျဖစ္လာခဲ့ၾကသူေတြ မနည္းပါဘူး။ အက္ရွင္မင္းသားကေန အဆိုေတာ္ပါ ျဖစ္ေနတဲ့သူကေတာ့ ထင္ထင္ရွားရွား ႏႈိင္းယွဥ္ျပစရာ သိပ္ေတာ့ မရွိပါဘူး။ သို႔ေပမယ့္ ဒါဟာ ေအာင္ျမင္ျခင္း၊ က်ရႈံးျခင္းအတြက္ အေရးပါတဲ့ အေၾကာင္းအရာ မဟုတ္ဘဲ သူ႔ရဲ႕သီခ်င္း၊ ဂီတရဲ႕ အရည္အေသြးကသာ အဓိက အဆုံးအျဖတ္ေပးသြားမွာ ျဖစ္ပါတယ္။

ဒီသီခ်င္းကို နားဆင္ၾကည့္ရရင္ေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္႐ႊင္ျမဴးတူးခ်င္တဲ့အခ်ိန္မ်ိဳးမွာ နားေထာင္သင့္တဲ့ သီခ်င္းမ်ိဳးလို႔ ေျပာရမွာပါ။ သို႔ေပမယ့္ သီခ်င္းတစ္ပုဒ္တည္းနဲ႔ေတာ့ လူတစ္ေယာက္ရဲ႕ အဆိုစြမ္းရည္၊ အလားအလာေတြကို အဆုံးအျဖတ္ ေပးလို႔မရေသးတဲ့အတြက္ Vin Diesel တစ္ေယာက္ ေရွ႕ဆက္ ဘာေတြယူေဆာင္လာဦးမလည္းဆိုတာကို ဆက္လက္ ေစာင့္စားၾကရမွာ ျဖစ္ပါတယ္။ Vin Diesel ဟာ ႐ုပ္ရွင္ဘက္မွာ ေအာင္ျမင္ၿပီးသား ျဖစ္ေပမယ့္ အဆိုေတာ္တစ္ေယာက္အေနနဲ႔ပါ ရပ္တည္မယ္ဆိုရင္ေတာ့ ဒီ့ထက္ပိုၿပီး အမ်ားႀကီး ႀကိဳးစားသြားရဦးမွာ ျဖစ္ပါတယ္လို႔ တင္ျပရင္း … ။

C 21

Source: screenrant

RELATED ARTICLES

Most Popular