HomeCelebs Update NewsInternationalWalk of Fame မှာ ကိုယ်ပိုင်ကြယ်ပွင့် ရရှိတော့မယ့် Norman Reedus

Walk of Fame မှာ ကိုယ်ပိုင်ကြယ်ပွင့် ရရှိတော့မယ့် Norman Reedus

The Walking Dead ဇာတ်လမ်းတွဲထဲမှာ Daryl Dixon အနေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင် Norman Reedus ဟာ ယခုလအတွင်းမှာပဲ ဟောလိဝုဒ်ရဲ့ Walk of Fame မှာ ကြယ်ပွင့်ရရှိတော့မယ်လို့ သိရပါတယ်။ The Walking Dead ဇာတ်လမ်းတွဲကတော့ AMC ရုပ်သံလိုင်းကနေ ၂၀၁၀ ခုနှစ်မှာ စတင်ပြသခဲ့တဲ့ ဇွန်ဘီဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ကောမစ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး ရုပ်ရှင်သမိုင်းရဲ့ အအောင်မြင်ဆုံး ဇွန်ဘီဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Season (၁၁)ခု ရှိပြီး လာမယ့် အောက်တိုဘာလ (၂)ရက်နေ့မှာတော့ Final Part ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Season 11 အတွင်းမှာ ဇာတ်ကောင်အသစ်တွေများစွာ ပါဝင်လာသလို ဆက်လက် မပါဝင်နိုင်တော့တဲ့ မူလဇာတ်ကောင်တွေလည်း များစွာရှိပါတယ်။ ယခုအချိန်မှာတော့ ဇာတ်လမ်းအစကတည်းက ပါဝင်ခဲ့တဲ့ မူလဇာတ်ကောင် နှစ်ယောက်သာ ကျန်ရှိတော့ပြီး အဲဒီနှစ်ယောက်ကတော့ Melissa McBride သရုပ်ဆောင်ထားတဲ့ Carol Peletier နဲ့ Norman Reedus သရုပ်ဆောင်ထားတဲ့ Daryl Dixon တို့ပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲ ပြီးဆုံးဖို့ နီးစပ်လာတဲ့ အချိန်မှာတော့ Norman Reedus ကို ယခုလအတွင်းမှာပဲ Walk of Fame မှာ ကြယ်ပွင့် ပေးအပ်သွားမယ်လို့ Hollywood Walk of Fame အဖွဲ့အစည်းက ကြေညာလိုက်ပါတယ်။ Norman Reedus ကတော့ လာမယ့် (၂၇)ရက်နေ့မှာ Walk of Fame ရဲ့ (၂၇၃၄)ခုမြောက် ကြယ်ပွင့်ကို ရရှိသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ The Walking Dead သရုပ်ဆောင်တွေထဲက Walk of Fame ကို ရရှိခဲ့တဲ့ တစ်ဦးတည်းသော သရုပ်ဆောင် ဖြစ်လာပါတယ်။

photo via screenrant

Hollywood Walk of Fame ရဲ့ Producer ဖြစ်တဲ့ Ana Martinez ရဲ့ ပြောဆိုချက်အရ Norman Reedus ရဲ့ ကြယ်ပွင့်ဟာ Night of the Living Dead ဆိုတဲ့ ဇွန်ဘီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ George A. Romero ရဲ့ ကြယ်ပွင့်အနားမှာ ရှိနေမယ်လို့ သိရပါတယ်။ Walk of Fame ရဲ့ ဖွင့်ပွဲနေ့မှာတော့ The Walking Dead ဇာတ်လမ်းတွဲ ဖန်တီးသူ ဖြစ်တဲ့ Greg Nicotero နဲ့ Horror ရုပ်ရှင်ဒါရိုက်တာ Guillermo del Toro တို့က Norman Reedus ရဲ့ ကြယ်ပွင့်ကို ဖွင့်လှစ်ပေးသွားမယ်လို့လည်း သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular