HomeEntertainmentFilmSpider-Man 3 ထဲမှာ Scarlet Witch ပါဝင်လာနိုင်ကြောင်းကို ပြောသွားတဲ့ Elizabeth Olsen

Spider-Man 3 ထဲမှာ Scarlet Witch ပါဝင်လာနိုင်ကြောင်းကို ပြောသွားတဲ့ Elizabeth Olsen

‌ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man 3 ထဲမှာ ပါဝင်မယ်လို့ သတင်းထွက်ထားတဲ့ ဇာတ်ကောင်တွေ အကုန်ပါဝင်လာမယ် ဆိုရင်တော့ Scarlet Witch လည်း ပါဝင်လာနိုင်ပါတယ်လို့ Elizabeth Olsen ဟာ ပြောခဲ့ပါတယ်။ Elizabeth Olsen ဟာ Disney+ ကနေ ပြသနေတဲ့ WandaVision ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်ခဲ့ပြီး လောလောဆယ်မှာတော့ လန်ဒန်မြို့မှာ Doctor Strange in the Multiverse of Madness ကို ရိုက်ကူးနေပါတယ်။ ဒါကြောင့်ပဲ Olsen ဟာ အခုချိန်မှာ အလွန်ကိုအလုပ်ရှုပ်နေပါတယ်။

photo via screenrant

ဒါပေမယ့်လည်း Olsen ဟာ သူမရဲ့ အားလပ်တဲ့ အချိန်အနည်းငယ်အတွင်းမှာ Capital FM သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးမှာတော့ Doctor Strange ဟာလည်း Spider-Man 3 ထဲမှာ ပါဝင်လာမှာ ဖြစ်တာကြောင့် Scarlet Witch ရော ပါဝင်လာနိုင်လား ဆိုပြီးတော့ သူမကို မေးမြန်းခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ Olsen ဟာ သူမကိုယ်တိုင်လည်း သေချာမသိပါဘူးလို့ ပြောခဲ့ပေမယ့်လည်း ဖြစ်နိုင်ချေ ရှိပါတယ်လို့ ဖြေခဲ့ပါတယ်။ Spider-Man 3 ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်ထားတဲ့ ဇာတ်ကောင်တွေ အကုန်ပါဝင်လာမယ် ဆိုရင်တော့ Scarlet Witch လည်း ပါဝင်လာနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။

Elizabeth Olsen ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်ထားတဲ့ ဇာတ်ကောင်တွေ အကုန်ပါဝင်လာမယ် ဆိုရင်တော့ ပရိသတ်တွေလည်း Scarlet Witch ကို မြင်ရနိုင်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်မကိုယ်တိုင်လည်း ဒီရုပ်ရှင်ထဲမှာ သေချာပေါက် ပါဝင်သရုပ်ဆောင်ရမယ်လို့ မသိသေးပါဘူး ” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

photo via screenrant

Olsen ပြောသွားတဲ့ စကားအရ ဆိုရင်တော့ Spider-Man 3 ဟာ ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ ကောင်းလာပါပြီ။ အကြောင်းကတော့ သတင်းတွေအကုန်လုံးသာ အမှန်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ မြင်ချင်နေကြတဲ့ ဇာတ်ကောင်တွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဇာတ်ကောင်တွေက ပုံမှန်ထက် များပြားနေတာကြောင့် ဇာတ်လမ်းကလည်း ကျွန်တော်တို့အတွက် မထင်ထားတဲ့ လှည့်ကွက်တွေများစွာကို မြင်တွေ့ရမယ်လို့ ထင်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Spider-Man 3 ထဲမွာ ပါဝင္မယ္လို႔ သတင္းထြက္ထားတဲ့ ဇာတ္ေကာင္ေတြ အကုန္ပါဝင္လာမယ္ ဆိုရင္ေတာ့ Scarlet Witch လည္း ပါဝင္လာႏိုင္ပါတယ္လို႔ Elizabeth Olsen ဟာ ေျပာခဲ့ပါတယ္။ Elizabeth Olsen ဟာ Disney+ ကေန ျပသေနတဲ့ WandaVision ဇာတ္လမ္းတြဲထဲမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး ေလာေလာဆယ္မွာေတာ့ လန္ဒန္ၿမိဳ႕မွာ Doctor Strange in the Multiverse of Madness ကို ႐ိုက္ကူးေနပါတယ္။ ဒါေၾကာင့္ပဲ Olsen ဟာ အခုခ်ိန္မွာ အလြန္ကိုအလုပ္ရႈပ္ေနပါတယ္။

photo via screenrant

ဒါေပမယ့္လည္း Olsen ဟာ သူမရဲ႕ အားလပ္တဲ့ အခ်ိန္အနည္းငယ္အတြင္းမွာ Capital FM သတင္းဌာနနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီအင္တာဗ်ဴးမွာေတာ့ Doctor Strange ဟာလည္း Spider-Man 3 ထဲမွာ ပါဝင္လာမွာ ျဖစ္တာေၾကာင့္ Scarlet Witch ေရာ ပါဝင္လာႏိုင္လား ဆိုၿပီးေတာ့ သူမကို ေမးျမန္းခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Olsen ဟာ သူမကိုယ္တိုင္လည္း ေသခ်ာမသိပါဘူးလို႔ ေျပာခဲ့ေပမယ့္လည္း ျဖစ္ႏိုင္ေခ် ရွိပါတယ္လို႔ ေျဖခဲ့ပါတယ္။ Spider-Man 3 ထဲမွာ ပါဝင္လာမယ္လို႔ သတင္းထြက္ထားတဲ့ ဇာတ္ေကာင္ေတြ အကုန္ပါဝင္လာမယ္ ဆိုရင္ေတာ့ Scarlet Witch လည္း ပါဝင္လာႏိုင္ပါတယ္လို႔ ေျပာခဲ့ပါတယ္။

Elizabeth Olsen ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ္လို႔ သတင္းထြက္ထားတဲ့ ဇာတ္ေကာင္ေတြ အကုန္ပါဝင္လာမယ္ ဆိုရင္ေတာ့ ပရိသတ္ေတြလည္း Scarlet Witch ကို ျမင္ရႏိုင္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ကြၽန္မကိုယ္တိုင္လည္း ဒီ႐ုပ္ရွင္ထဲမွာ ေသခ်ာေပါက္ ပါဝင္သ႐ုပ္ေဆာင္ရမယ္လို႔ မသိေသးပါဘူး ” ဆိုၿပီးေတာ့ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

photo via screenrant

Olsen ေျပာသြားတဲ့ စကားအရ ဆိုရင္ေတာ့ Spider-Man 3 ဟာ ပိုၿပီးေတာ့ေတာင္ စိတ္ဝင္စားဖို႔ ေကာင္းလာပါၿပီ။ အေၾကာင္းကေတာ့ သတင္းေတြအကုန္လုံးသာ အမွန္ျဖစ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ ျမင္ခ်င္ေနၾကတဲ့ ဇာတ္ေကာင္ေတြကိုလည္း ျမင္ေတြ႕ရမွာပါ။ ဒါ့အျပင္ ဇာတ္ေကာင္ေတြက ပုံမွန္ထက္ မ်ားျပားေနတာေၾကာင့္ ဇာတ္လမ္းကလည္း ကြၽန္ေတာ္တို႔အတြက္ မထင္ထားတဲ့ လွည့္ကြက္ေတြမ်ားစြာကို ျမင္ေတြ႕ရမယ္လို႔ ထင္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular