HomeEntertainmentFilmSpider-Man: Far From Home မတိုင်ခင်အချိန်မှာ ဇာတ်အိမ်တည်ထားတဲ့ WandaVision

Spider-Man: Far From Home မတိုင်ခင်အချိန်မှာ ဇာတ်အိမ်တည်ထားတဲ့ WandaVision

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WandaVision ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ အပိုင်း (၄) ထဲမှာတော့ ဒီဇာတ်လမ်းတွဲဟာ MCU ရဲ့ ဘယ်အချိန်ကာလမှာ ဇာတ်အိမ်တည်ထားတာလည်း ဆိုတာကို သိခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေ မျှော်လင့်ထားတာထက် ပိုပြီး Avengers: Endgame နဲ့ နီးကပ်နေပါတယ်။ Marvel စတူဒီယိုဟာ Wanda နဲ့ Vision အဓိကပါဝင်လာမယ့် ဇာတ်လမ်းတွဲ ထွက်လာမယ်လို့ ကြေညာလိုက်တဲ့ အချိန်မှာတော့ ပရိသတ်တွေဟာ အတော်လေး စိတ်ဝင်စားခဲ့ကြပါတယ်။ အကြောင်းကတော့ Vision ဟာ Infinity War ထဲမှာ သေဆုံးသွားပြီး Endgame အပြီးထိတောင် အသက်ပြန်ဝင်လာတဲ့ လူတွေထဲမှာ မပါဝင်ခဲ့လို့ပါ။

photo via screenrant

နောက်ပိုင်းမှာတော့ ဒီဇာတ်လမ်းဟာ Endgame ပြီးသွားတဲ့ အချိန်မှာ ဇာတ်အိမ်တည်ထားတယ်လို့ သိရပေမယ့်လည်း ကြားထဲမှာ အချိန်ဘယ်လောက် ကွာခြားလည်း ဆိုတာကိုတော့ သေချာမသိခဲ့ရပါဘူး။ ပထမဆုံး ထွက်ရှိခဲ့တဲ့ သုံးပိုင်းထဲမှာ ပါဝင်ခဲ့တဲ့ easter egg တွေကလည်း ဒီအချက်ကို အတည်မပြုပေးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် အဲ့ဒီသုံးပိုင်းလုံးဟာ ၁၉၅၀၊ ၆၀ နဲ့ ၇၀ ခုနှစ်တို့က sitcom ပုံစံအတိုင်း ရိုက်ကူးထားပြီး MCU ထဲက အဖြစ်အပျက်တွေလည်း မပါဝင်ခဲ့တာကြောင့် ဒီဇာတ်လမ်းဟာ ဘယ်အချိန်မှာ ဇာတ်အိမ်တည်ထားတယ် ဆိုတာကို အတိအကျ မပြောနိုင်ခဲ့ပါဘူး။

မနေ့က အသစ်ထွက်လာတဲ့ အပိုင်း (၄) ထဲမှာတော့ Wanda နဲ့ Vision ကို သိပ်မပြခဲ့ဘဲ အပြင်လောကကြီးမှာ ရှိနေတဲ့ Monica Rambeau ၊ Jimmy Woo နဲ့ Darcy Lewis တို့ အကြောင်းကို ပြသသွားခဲ့ပါတယ်။ အပိုင်း (၄) ရဲ့အစမှာတော့ Monica ဟာ Hulk ရဲ့ လက်ဖျောက်တီးမှုကြောင့် ပြန်လည်ရှင်သန်လာတာကို ပြသခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နောက်ထပ်သုံးပတ် ထပ်ကြာသွားပြီး Monica က SWORD မှာ အလုပ်လုပ်ဖို့ ပြန်သွားတာကို ပြသခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ Westview ကို ရောက်လာပြီး စုံစမ်းခဲ့ပါတယ်။

photo via screenrant

ဒီလိုမျိူး ကွာဟသွားတဲ့ သုံးပတ်ကြောင့်ပဲ ဒီဇာတ်လမ်းတွဲဟာ ဘယ်အချိန်မှာ ဇာတ်အိမ်တည်ထားတာလည်း ဆိုတာကို သိခဲ့ရပါတယ်။ ဒါကြောင့်ပဲ WandaVision ဇာတ်လမ်းတွဲဟာ Endgame နဲ့ Spider-Man: Far From Home ကြားထဲမှာ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ခုနှစ်အနေနဲ့ ပြောရမယ် ဆိုရင်တော့ ၂၀၂၃ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အတိအကျပြောရမယ် ဆိုရင်တော့ Endgame အဖြစ်အပျက် ပြီးဆုံးသွားပြီး သုံးပတ်ကြာတဲ့အချိန်မှာ WandaVision ဇာတ်လမ်း ဖြစ်ပေါ်လာတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် WandaVision ကတော့ ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါပြီ။

Legos

Source : Screenrant

(Zawgyi Version)

WandaVision ရဲ႕ ေနာက္ဆုံး ထြက္ရွိထားတဲ့ အပိုင္း (၄) ထဲမွာေတာ့ ဒီဇာတ္လမ္းတြဲဟာ MCU ရဲ႕ ဘယ္အခ်ိန္မွာ ဇာတ္အိမ္တည္ထားတာလည္း ဆိုတာကို သိခဲ့ရပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ပရိသတ္ေတြ ေမွ်ာ္လင့္ထားတာထက္ ပိုၿပီး Avengers: Endgame နဲ႔ နီးကပ္ေနပါတယ္။ Marvel စတူဒီယိုဟာ Wanda နဲ႔ Vision အဓိကပါဝင္လာမယ့္ ဇာတ္လမ္းတြဲ ထြက္လာမယ္လို႔ ေၾကညာလိုက္တဲ့ အခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ အေတာ္ေလး စိတ္ဝင္စားခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ Vision ဟာ Infinity War ထဲမွာ ေသဆုံးသြားၿပီး Endgame အၿပီးထိေတာင္ အသက္ျပန္ဝင္လာတဲ့ လူေတြထဲမွာ မပါဝင္ခဲ့ပါဘူး။

photo via screenrant

ေနာက္ပိုင္းမွာေတာ့ ဒီဇာတ္လမ္းဟာ Endgame ၿပီးသြားတဲ့ အခ်ိန္မွာ ဇာတ္အိမ္တည္ထားတယ္လို႔ သိရေပမယ့္လည္း ၾကားထဲမွာ အခ်ိန္ဘယ္ေလာက္ ကြာျခားလည္း ဆိုတာကိုေတာ့ ေသခ်ာမသိခဲ့ရပါဘူး။ ပထမဆုံး ထြက္ရွိခဲ့တဲ့ သုံးပိုင္းထဲမွာ ပါဝင္ခဲ့တဲ့ easter egg ေတြကလည္း ဒီအခ်က္ကို အတည္မျပဳေပးႏိုင္ခဲ့ပါဘူး။ ဒါ့အျပင္ အဲ့ဒီသုံးပိုင္းလုံးဟာ ၁၉၅၀၊ ၆၀ နဲ႔ ၇၀ ခုႏွစ္တို႔က sitcom ပုံစံအတိုင္း ႐ိုက္ကူးထားၿပီး MCU ထဲက အျဖစ္အပ်က္ေတြလည္း မပါဝင္ခဲ့တာေၾကာင့္ ဒီဇာတ္လမ္းဟာ ဘယ္အခ်ိန္မွာ ဇာတ္အိမ္တည္ထားတယ္ ဆိုတာကို အတိအက် မေျပာႏိုင္ခဲ့ပါဘူး။

မေန႔က အသစ္ထြက္လာတဲ့ အပိုင္း (၄) ထဲမွာေတာ့ Wanda နဲ႔ Vision ကို သိပ္မျပခဲ့ဘဲ အျပင္ေလာကႀကီးမွာ ရွိေနတဲ့ Monica Rambeau ၊ Jimmy Woo နဲ႔ Darcy Lewis တို႔ အေၾကာင္းကို ျပသသြားခဲ့ပါတယ္။ အပိုင္း (၄) ရဲ႕အစမွာေတာ့ Monica ဟာ Hulk ရဲ႕ လက္ေဖ်ာက္တီးမႈေၾကာင့္ ျပန္လည္ရွင္သန္လာတာကို ျပသခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေနာက္ထပ္သုံးပတ္ ထပ္ၾကာသြားၿပီး Monica က SWORD မွာ အလုပ္လုပ္ဖို႔ ျပန္သြားတာကို ျပသခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ Westview ကို ေရာက္လာၿပီး စုံစမ္းခဲ့ပါတယ္။

photo via screenrant

ဒီလိုမ်ိဴး ကြာဟသြားတဲ့ သုံးပတ္ေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲဟာ ဘယ္အခ်ိန္မွာ ဇာတ္အိမ္တည္ထားတာလည္း ဆိုတာကို သိခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ WandaVision ဇာတ္လမ္းတြဲဟာ Endgame နဲ႔ Spider-Man: Far From Home ၾကားထဲမွာ ျဖစ္ပ်က္ခဲ့တယ္ ဆိုတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ ခုႏွစ္အေနနဲ႔ ေျပာရမယ္ ဆိုရင္ေတာ့ ၂၀၂၃ ခုႏွစ္မွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ ဒီထက္ပိုၿပီး အတိအက်ေျပာရမယ္ ဆိုရင္ေတာ့ Endgame အျဖစ္အပ်က္ ၿပီးဆုံးသြားၿပီး သုံးပတ္ၾကာတဲ့အခ်ိန္မွာ WandaVision ဇာတ္လမ္း ျဖစ္ေပၚလာတာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ WandaVision ကေတာ့ ပိုပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းလာပါၿပီ။

Legos

Source : Screenrant

RELATED ARTICLES

Most Popular