HomeEntertainmentFilmWandaVision အပိုင်း(၄)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ easter egg များ

WandaVision အပိုင်း(၄)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ easter egg များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WandaVision ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ အပိုင်း (၄)ထဲမှာတော့ Westview အပြင်ဘက်မှာ ဘာတွေဖြစ်နေလည်း ဆိုတာနဲ့ ဘယ်အချိန်ကာလမှာ ဇာတ်အိမ်တည်ထားတယ်ဆိုတာကို ပြသသွားပါတယ်။ WandaVision ဟာ ဇာတ်လမ်းအစတုန်းကတော့ ဟာသပုံစံနဲ့ ပြသခဲ့ပြီး easter egg တွေ ထည့်သွင်းထားခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ အပိုင်း(၄)မှာလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အချက်တွေများစွာ ပြသသွားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ WandaVision အပိုင်း (၄)ထဲက easter egg တွေိကို ဖော်ပြပေးချင်ပါတယ်။

(1) Thanos လက်ဖျောက်ကနေ ပြန်လည်ရှင်သန်လာခြင်း
photo via screenrant

အပိုင်း(၄)ထဲမှာတော့ MCU ရဲ့ အကြီးမားဆုံး အဖြစ်အပျက်ဖြစ်တဲ့ Infinity War ထဲက Thanos လက်ဖျောက်နဲ့ ဆက်စပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ Monica ကလည်း ဒီအဖြစ်အပျက်ရဲ့ သားကောင်ဖြစ်ခဲ့ပြီး နောက်ထပ် ငါးနှစ်ကြာတဲ့အခါမှာတော့ Hulk ရဲ့ လက်ဖျောက်ကြောင့် ပြန်လည်ရှင်သန်လာခဲ့တာကို ပြသသွားပါတယ်။

စိတ်မကောင်းစရာပဲ Monica ဟာ ဒီလိုမျိူး ပျောက်ကွယ်သွားတဲ့ အချိန်ငါးနှစ်အတွင်းမှာ သူမရဲ့မိခင်ကတော့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ Thanos လက်ဖျောက်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေကိုတော့ ဒီတစ်ကြိမ်ပဲ သေချာပြသသွားတာ ဖြစ်ပါတယ်။ Spider-Man: Far From Home တုန်းကလည်း လက်ဖျောက်ရဲ့ နောက်ဆက်တွဲတွေကို သေချာမပြသွားခဲ့ပါဘူး။

(2) Captain Marvel ရဲ့ အသံ
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Thanos လက်ဖျောက်ကနေ ပြန်လည်ရှင်သန်လာတာကိုတော့ Monica ရဲ့ ရှုထောင့်ကနေ ပြသခဲ့ပါတယ်။ Monica ရဲ့ ခန္ဓာကိုယ်ဟာ ဘာမှမရှိတဲ့နေရာက တဖြည်းဖြည်း ပြန်လည်ဖြစ်တည်လာရုံမကဘဲ သူမရဲ့ မှတ်ဉာဏ်တွေပါ တဖြည်းဖြည်း ဖြစ်တည်လာတာကိုတော့ အသံတွေနဲ့ ဖော်ပြသွားပါတယ်။

အဲ့ဒီအသံတွေရဲ့ နောက်ဆုံးမှာတော့ Lieutenant Trouble လို့ခေါ်လိုက်တဲ့ Captain Marvel ရဲ့ အသံကို ဖော်ပြခဲ့ပါတယ်။ ဒီနာမည်ကတော့ Monica ငယ်ဘဝတုန်းက Captain Marvel က ပေးခဲ့တဲ့ နာမည်ပြောင် ဖြစ်ပြီး ဒီအတွေ့အကြုံတွေဟာ သူမရဲ့ဘဝကို ဖြစ်တည်လာစေခဲ့တယ်ဆိုတာကို ဖော်ပြသွားပါတယ်။

(3) MCU ထဲမှာ ပြောင်းလဲသွားတဲ့ SWORD အဖွဲ့အစည်း
photo via screenrant

ကောမစ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ SWORD အဖွဲ့အစည်းရဲ့ နာမည်အရှည်ကိုတော့ ဒီအပိုင်းထဲမှာ ပြသသွားပြီး ကောမစ်ထဲကနဲ့ အနည်းငယ်လည်း ပြောင်းလဲသွားပါတယ်။ ကောမစ်ထဲမှာတော့ ” Sentient World Observation and Response Department ” လို့ခေါ်ပြီး MCU ထဲမှာတော့ ” Sentient Weapon Observation and Response Division ” ဆိုပြီး ပြောင်းလဲသွားပါတယ်။ သူတို့အဖွဲ့ဟာ အာကာသနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို စိုးရိမ်ပူပန်နေဆဲ ဖြစ်ပြီး စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ လူသားတွေဟာလည်း သူတို့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။

ဒါရိုက်တာ Hayward ရဲ့ ပြောစကားအရ ဆိုရင်တော့ ဒီငါးနှစ်တာအတွင်းမှာ သူတို့ရဲ့ အာရုံစိုက်မှုတွေဟာ ပြောင်းလဲသွားတယ်လို့ သိရပါတယ်။ SWORD ဟာ အထူးသဖြင့် နာနိုနည်းပညာတွေနဲ့ A.I တွေလိုမျိုး အန္တရာယ်ဖြစ်လာနိုင်တဲ့ အရာတွေကို အဓိက စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ Thanos ရဲ့ လက်ချက်ကြောင့် အာကာသယာဉ်မှူးတွေ ပျောက်ဆုံးသွားတာကြောင့် အခုလိုမျိူး ပြောင်းလဲသွားတယ်လို့ ယူဆလို့ရပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Hayward ကိုယ်တိုင်ကလည်း အဖွဲ့သားတွေ ပျောက်ဆုံးနေတယ်လို့ ပြောသွားပါတယ်။ SWORD အဖွဲ့အစည်းကိုတော့ Captain Marvel ရုပ်ရှင်ထဲက အဖြစ်အပျက်အပြီးမှာ Carol Danvers ရဲ့ သူငယ်ချင်းဖြစ်သူ Maria Rambeau က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

(4) Maria “Photon” Rambeau
photo via screenrant

SWORD ရဲ့ အဆောက်အအုံထဲကို Monica ဝင်သွားတဲ့ အချိန်မှာတော့ ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့သူ Maria ကို ဂုဏ်ပြုအနေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီအချက်ကတော့ ကောမစ်ပရိသတ်တွေဆိုရင် သတိထားမိနိုင်တဲ့ easter egg လေး တစ်ခု ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Maria ရဲ့ သမီးဖြစ်သူ Monica ဟာ စူပါဟီးရိုးတစ်ယောက် ဖြစ်လာပြီး Photon ဆိုတာကတော့ သူမ အသုံးပြုခဲ့တဲ့ နာမည်တွေထဲကတစ်ခု ဖြစ်ပါတယ်။

(5) New Jersey မှာ တည်ရှိတဲ့ Westview
photo via screenrant

WandaVision ဟာ Endgame အဖြစ်အပျက်အပြီး သုံးပတ်အကြာမှာ စတင်ဖြစ်ပေါ်လာကြောင်း အပိုင်း (၄)မှာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Westview မြို့ကလည်း New Jersey ပြည်နယ်မှာ တည်ရှိတယ်ဆိုတာနဲ့ ဒီမြို့ဟာ MCU ထဲမှာ တကယ်တည်ရှိတဲ့ မြို့ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီအချက်ဟာလည်း easter egg တစ်ခုလို့ ပြောလို့ရပါတယ်။

အကြောင်းကတော့ ကောမစ်ထဲမှာလည်း Wanda နဲ့ Vision ဟာ မိသားစုဘဝကို စတင်ဖို့အတွက် New Jersey ကို ပြောင်းလာခဲ့ဖူးပါတယ်။ ဒါ့အပြင် Disney+ ကနေ ပြသသွားမယ့် တစ်ခြား Marvel ဇာတ်လမ်းတွဲတွေဟာလည်း New Jersey ပြည်နယ်မှာ ဇာတ်အိမ်တည်သွားနိုင်ပါတယ်။ Ms. Marvel ကတော့ သူမကိုယ်သူမ New Jersey ရဲ့ ကာကွယ်စောင့်ရှောက်သူလို့ သတ်မှတ်ထားတာကြောင့် WandaVision ရဲ့ အဆုံးမှာတော့ Ms. Marvel ဇာတ်လမ်းတွဲနဲ့ ဆက်စပ်သွားနိုင်ပါတယ်။

(6) Jimmy Woo
photo via screenrant

SWORD အဖွဲ့အစည်းကို လှမ်းခေါ်ခဲ့တဲ့ FBI အေးဂျင့်ကတော့ Jimmy Woo ပဲ ဖြစ်ပါတယ်။ Jimmy ကတော့ Ant-Man & the Wasp ထဲမှာ စတင်ပါဝင်လာသူ ဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ Jimmy ဟာ နေအိမ်အကျယ်ချုပ် ကျနေတဲ့ Scott Lang ကို စောင့်ကြည့်နေရပါတယ်။ အခုချိန်မှာတော့ သူဟာ လူပျောက်အမှုကို စုံစမ်းရင်းနဲ့ မြို့တစ်မြို့လုံး ပျောက်ဆုံးနေတဲ့ အမှုနဲ့ပါ ပါဝင်ပတ်သက်မိသွားပါတယ်။

(7) Jimmy Woo ရဲ့ မျက်လှည့်
photo via screenrant

Jimmy ဟာ Monica နဲ့ မိတ်ဆက်တဲ့အချိန် သူ့ရဲ့ business ကတ်ကို ပေးတဲ့အချိန်မှာ မျက်လှည့်တစ်ကွက် ပြသွားပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ Ant-Man & the Wasp နဲ့ တိုက်ရိုက် ချိက်ဆက်ထားပါတယ်။ Scott Lang ဟာ နေအိမ်အကျယ်ချုပ် ကျနေတဲ့အချိန်မှာ သူ့ရဲ့အချိန်တွေကို မျက်လှည့်တွေ လေ့လာရင်း ကုန်ဆုံးခဲ့ပါတယ်။ Jimmy ကလည်း အဲ့ဒီမျက်လှည့်တွေကို မြင်တွေ့ပြီး သဘောကျခဲ့ပါတယ်။ အခုချိန်မှာတော့ သူဟာ ဒီနည်းစနစ်ကို ကျွမ်းကျင်သွားတဲ့ အကြောင်းကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သူဟာ Thanos လက်ဖျောက်ရဲ့ သားကောင်တွေထဲမှာ မပါဝင်ခဲ့ဘူးလို့ ယူဆနိုင်ပါတယ်။

(8) Darcy
photo via screenrant

Darcy ကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင်မှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Darcy ဟာ နိုဘယ်လ်ဆု ရရှိထားတဲ့ ရူပနက္ခတ္တဗေဒရှင်ဖြစ်တဲ့ Jane Foster ရဲ့ လက်အောက်မှာ အလုပ်သင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ Thor နဲ့ ရင်းနှီးမှုတွေကြောင့်လည်း reality ရဲ့ သဘောသဘာဝကို ပိုမိုနားလည်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း သူမဟာ SWORD ရဲ့ အကြံပေးသူနေရာကို ထိုက်တန်ကြောင်း ပြသသွားပါတယ်။

(9) Cosmic Microwave Background Radiation
photo via screenrant

Darcy ဟာ ပုံမှန်မဟုတ်ဘဲ မြင့်တက်နေတဲ့ Cosmic Microwave Background Radiation တွေကို သတိထားမိခဲ့ပါတယ်။ ဒီအချက်ဟာ WandaVision ဇာတ်လမ်းနဲ့ ဘယ်လို ဆက်စပ်နေလည်းဆိုတာကိုတော့ သေချာမပြသွားပါဘူး။ ဒါပေမယ့်လည်း ကောမစ်ပရိသတ်တွေကတော့ ဒီအချက်ကို သတိထားမိသွားပါလိမ့်မယ်။

အကြောင်းကတော့ Fantastic Four အဖွဲ့ကို ဖြစ်ပေါ်လာစေတာကလည်း ဒီစွမ်းအင်တွေကြောင့်ပဲ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကပဲ MCU ဟာ Fantastic Four ရုပ်ရှင် ထွက်လာမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့်ပဲ Fantastic Four အဖွဲ့ဟာ SWORD နဲ့ တစ်နည်းနည်း သက်ဆိုင်နေမယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် SWORD ရဲ့ ဒါရိုက်တာ Hayward ကလည်း ပျောက်ဆုံးနေတဲ့ အာကာသယာဉ်မှူးအဖွဲ့တွေ ရှိတယ်လို့ ပြောခဲ့ပါသေးတယ်။

(10) Jimmy Woo ရဲ့ Whiteboard
photo via screenrant

Jimmy Woo ဟာလည်း SWORD ရဲ့ စုံစမ်းမှုတွေကို ပါဝင်ကူညီပေးခဲ့ပြီး အဖြေမရှိသေးတဲ့ မေးခွန်းတွေကိုလည်း Whiteboard ပေါ်မှာ ရေးသားနေပါတယ်။ အဲ့ဒီWhiteboard ပေါ်က မေးခွန်းတွေ အများစုကတော့ တကယ်ကို အဖြေမသိရသေးတဲ့ မေးခွန်းတွေ ဖြစ်ပေမယ့်လည်း တစ်ခုကတော့ Skrull တွေကို ရည်ညွှန်းထားတဲ့ easter egg ဖြစ်နေပါတယ်။ ဖြစ်နိုင်တာကတော့ သူဟာ အဲ့ဒီစခန်းမှာ ပုံစံပြောင်းလဲနိုင်တဲ့ Skrull တွေအကြောင်းကို ကြားခဲ့ပြီး သူ့ရဲ့စိတ်ထဲမှာ Skrull တွေလည်း ပါဝင်နိုင်တယ်လို့ ယူဆနေတာ ဖြစ်နိုင်ပါတယ်။

(11) SWORD Drone နဲ့ ပျားမွေးမြူရေးဝတ်စုံနဲ့လူ
photo via screenrant

အပိုင်း (၄)ထဲမှာတော့ ယခင်အပိုင်းတွေမှာ ပါဝင်ခဲ့တဲ့ အဖြေမရှိတဲ့ မေးခွန်းတွေကို အဖြေပေးသွားပါတယ်။ အပိုင်း (၂)မှာ Wanda ရှာတွေ့ခဲ့တဲ့ ဟယ်လီကော်ပတာ အရုပ်လေးဟာ တကယ်တော့ Monica လွှတ်လိုက်တဲ့ Drone ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒါ့အပြင် ပျားမွေးမြူရေးဝတ်စုံနဲ့ လူဟာလည်း မြေအောက်ပိုက်လိုင်းကနေတစ်ဆင့် reality bubble ထဲကို ဝင်ဖို့ကြိုးစားခဲ့တဲ့ SWORD အေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် reality bubble ထဲကို ဝင်ရောက်သွားတဲ့ အရာမှန်သမျှဟာ ခေတ်ဟောင်းက ပုံစံမျိူး ပြောင်းလဲသွားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

(12) Vision
photo via screenrant

အပိုင်း (၄)ထဲမှာ ဒီဇာတ်ဝင်ခန်းကတော့ အားလုံးထဲမှာ ရှော့ခ်ရစရာ အဖြစ်ဆုံးတစ်ခုလို့တောင် ပြောလို့ရပါတယ်။ Wanda ဟာ Westview ကနေ Monica ကို နှင်ထုတ်လိုက်ပြီးတဲ့အချိန်မှာ သူမရဲ့ထိန်းချုပ်နိုင်စွမ်းတွေ လျော့သွားခဲ့ပါတယ်။ အကြောင်းကတော့ Vision ကို Infinity War ထဲမှာ Thanos သတ်လိုက်လို့ သေသွားတဲ့ ပုံစံအတိုင်း မြင်တွေ့ခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Westview မှာရှိတဲ့ တစ်ခြားသူတွေကလည်း Wanda ရဲ့ sitcom ထဲမှာ ပါဝင်ဖို့ ထိန်းချုပ်ထားတာကိုလည်း သိခဲ့ရပါတယ်။ ဖြစ်နိုင်ချေတစ်ခုကတော့ Wanda ဟာ Vision အလောင်းကောင်ကြီးကို သူမရဲ့ မှော်ပညာနဲ့ ပြန်လည်အသက်သွင်းတာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

WandaVision ရဲ႕ ေနာက္ဆုံး ထြက္ရွိထားတဲ့ အပိုင္း (၄)ထဲမွာေတာ့ Westview အျပင္ဘက္မွာ ဘာေတြျဖစ္ေနလည္း ဆိုတာနဲ႔ ဘယ္အခ်ိန္ကာလမွာ ဇာတ္အိမ္တည္ထားတယ္ဆိုတာကို ျပသသြားပါတယ္။ WandaVision ဟာ ဇာတ္လမ္းအစတုန္းကေတာ့ ဟာသပုံစံနဲ႔ ျပသခဲ့ၿပီး easter egg ေတြ ထည့္သြင္းထားခဲ့ပါတယ္။ ထုံးစံအတိုင္းပဲ အပိုင္း(၄)မွာလည္း ပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာ အခ်က္ေတြမ်ားစြာ ျပသသြားပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ WandaVision အပိုင္း (၄)ထဲက easter egg ေတြိကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Thanos လက္ေဖ်ာက္ကေန ျပန္လည္ရွင္သန္လာျခင္း
photo via screenrant

အပိုင္း(၄)ထဲမွာေတာ့ MCU ရဲ႕ အႀကီးမားဆုံး အျဖစ္အပ်က္ျဖစ္တဲ့ Infinity War ထဲက Thanos လက္ေဖ်ာက္နဲ႔ ဆက္စပ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ Monica ကလည္း ဒီအျဖစ္အပ်က္ရဲ႕ သားေကာင္ျဖစ္ခဲ့ၿပီး ေနာက္ထပ္ ငါးႏွစ္ၾကာတဲ့အခါမွာေတာ့ Hulk ရဲ႕ လက္ေဖ်ာက္ေၾကာင့္ ျပန္လည္ရွင္သန္လာခဲ့တာကို ျပသသြားပါတယ္။

စိတ္မေကာင္းစရာပဲ Monica ဟာ ဒီလိုမ်ိဴး ေပ်ာက္ကြယ္သြားတဲ့ အခ်ိန္ငါးႏွစ္အတြင္းမွာ သူမရဲ႕မိခင္ကေတာ့ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။ Thanos လက္ေဖ်ာက္ေၾကာင့္ ျဖစ္ေပၚလာတဲ့ ေနာက္ဆက္တြဲေတြကိုေတာ့ ဒီတစ္ႀကိမ္ပဲ ေသခ်ာျပသသြားတာ ျဖစ္ပါတယ္။ Spider-Man: Far From Home တုန္းကလည္း လက္ေဖ်ာက္ရဲ႕ ေနာက္ဆက္တြဲေတြကို ေသခ်ာမျပသြားခဲ့ပါဘူး။

(2) Captain Marvel ရဲ႕ အသံ
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Thanos လက္ေဖ်ာက္ကေန ျပန္လည္ရွင္သန္လာတာကိုေတာ့ Monica ရဲ႕ ရႈေထာင့္ကေန ျပသခဲ့ပါတယ္။ Monica ရဲ႕ ခႏၶာကိုယ္ဟာ ဘာမွမရွိတဲ့ေနရာက တျဖည္းျဖည္း ျပန္လည္ျဖစ္တည္လာ႐ုံမကဘဲ သူမရဲ႕ မွတ္ဉာဏ္ေတြပါ တျဖည္းျဖည္း ျဖစ္တည္လာတာကိုေတာ့ အသံေတြနဲ႔ ေဖာ္ျပသြားပါတယ္။

အဲ့ဒီအသံေတြရဲ႕ ေနာက္ဆုံးမွာေတာ့ Lieutenant Trouble လို႔ေခၚလိုက္တဲ့ Captain Marvel ရဲ႕ အသံကို ေဖာ္ျပခဲ့ပါတယ္။ ဒီနာမည္ကေတာ့ Monica ငယ္ဘဝတုန္းက Captain Marvel က ေပးခဲ့တဲ့ နာမည္ေျပာင္ ျဖစ္ၿပီး ဒီအေတြ႕အႀကဳံေတြဟာ သူမရဲ႕ဘဝကို ျဖစ္တည္လာေစခဲ့တယ္ဆိုတာကို ေဖာ္ျပသြားပါတယ္။

(3) MCU ထဲမွာ ေျပာင္းလဲသြားတဲ့ SWORD အဖြဲ႕အစည္း
photo via screenrant

ေကာမစ္ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားျဖစ္တဲ့ SWORD အဖြဲ႕အစည္းရဲ႕ နာမည္အရွည္ကိုေတာ့ ဒီအပိုင္းထဲမွာ ျပသသြားၿပီး ေကာမစ္ထဲကနဲ႔ အနည္းငယ္လည္း ေျပာင္းလဲသြားပါတယ္။ ေကာမစ္ထဲမွာေတာ့ ” Sentient World Observation and Response Department ” လို႔ေခၚၿပီး MCU ထဲမွာေတာ့ ” Sentient Weapon Observation and Response Division ” ဆိုၿပီး ေျပာင္းလဲသြားပါတယ္။ သူတို႔အဖြဲ႕ဟာ အာကာသနဲ႔ ပတ္သက္တဲ့ ကိစၥရပ္ေတြကို စိုးရိမ္ပူပန္ေနဆဲ ျဖစ္ၿပီး စြမ္းအားေတြ ပိုင္ဆိုင္ထားတဲ့ လူသားေတြဟာလည္း သူတို႔ရဲ႕ ေစာင့္ၾကည့္ျခင္းကို ခံေနရပါတယ္။

ဒါ႐ိုက္တာ Hayward ရဲ႕ ေျပာစကားအရ ဆိုရင္ေတာ့ ဒီငါးႏွစ္တာအတြင္းမွာ သူတို႔ရဲ႕ အာ႐ုံစိုက္မႈေတြဟာ ေျပာင္းလဲသြားတယ္လို႔ သိရပါတယ္။ SWORD ဟာ အထူးသျဖင့္ နာႏိုနည္းပညာေတြနဲ႔ A.I ေတြလိုမ်ိဳး အႏၲရာယ္ျဖစ္လာႏိုင္တဲ့ အရာေတြကို အဓိက ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။ ဒီအခ်က္ဟာ Thanos ရဲ႕ လက္ခ်က္ေၾကာင့္ အာကာသယာဥ္မႉးေတြ ေပ်ာက္ဆုံးသြားတာေၾကာင့္ အခုလိုမ်ိဴး ေျပာင္းလဲသြားတယ္လို႔ ယူဆလို႔ရပါတယ္။ ဒါ့အျပင္ ဒါ႐ိုက္တာ Hayward ကိုယ္တိုင္ကလည္း အဖြဲ႕သားေတြ ေပ်ာက္ဆုံးေနတယ္လို႔ ေျပာသြားပါတယ္။ SWORD အဖြဲ႕အစည္းကိုေတာ့ Captain Marvel ႐ုပ္ရွင္ထဲက အျဖစ္အပ်က္အၿပီးမွာ Carol Danvers ရဲ႕ သူငယ္ခ်င္းျဖစ္သူ Maria Rambeau က တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။

(4) Maria “Photon” Rambeau
photo via screenrant

SWORD ရဲ႕ အေဆာက္အအုံထဲကို Monica ဝင္သြားတဲ့ အခ်ိန္မွာေတာ့ ဒီအဖြဲ႕အစည္းကို တည္ေထာင္ခဲ့သူ Maria ကို ဂုဏ္ျပဳအေနနဲ႔ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဒီအခ်က္ကေတာ့ ေကာမစ္ပရိသတ္ေတြဆိုရင္ သတိထားမိႏိုင္တဲ့ easter egg ေလး တစ္ခု ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Maria ရဲ႕ သမီးျဖစ္သူ Monica ဟာ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္လာၿပီး Photon ဆိုတာကေတာ့ သူမ အသုံးျပဳခဲ့တဲ့ နာမည္ေတြထဲကတစ္ခု ျဖစ္ပါတယ္။

(5) New Jersey မွာ တည္ရွိတဲ့ Westview
photo via screenrant

WandaVision ဟာ Endgame အျဖစ္အပ်က္အၿပီး သုံးပတ္အၾကာမွာ စတင္ျဖစ္ေပၚလာေၾကာင္း အပိုင္း (၄)မွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ Westview ၿမိဳ႕ကလည္း New Jersey ျပည္နယ္မွာ တည္ရွိတယ္ဆိုတာနဲ႔ ဒီၿမိဳ႕ဟာ MCU ထဲမွာ တကယ္တည္ရွိတဲ့ ၿမိဳ႕ဆိုတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ ဒီအခ်က္ဟာလည္း easter egg တစ္ခုလို႔ ေျပာလို႔ရပါတယ္။

အေၾကာင္းကေတာ့ ေကာမစ္ထဲမွာလည္း Wanda နဲ႔ Vision ဟာ မိသားစုဘဝကို စတင္ဖို႔အတြက္ New Jersey ကို ေျပာင္းလာခဲ့ဖူးပါတယ္။ ဒါ့အျပင္ Disney+ ကေန ျပသသြားမယ့္ တစ္ျခား Marvel ဇာတ္လမ္းတြဲေတြဟာလည္း New Jersey ျပည္နယ္မွာ ဇာတ္အိမ္တည္သြားႏိုင္ပါတယ္။ Ms. Marvel ကေတာ့ သူမကိုယ္သူမ New Jersey ရဲ႕ ကာကြယ္ေစာင့္ေရွာက္သူလို႔ သတ္မွတ္ထားတာေၾကာင့္ WandaVision ရဲ႕ အဆုံးမွာေတာ့ Ms. Marvel ဇာတ္လမ္းတြဲနဲ႔ ဆက္စပ္သြားႏိုင္ပါတယ္။

(6) Jimmy Woo
photo via screenrant

SWORD အဖြဲ႕အစည္းကို လွမ္းေခၚခဲ့တဲ့ FBI ေအးဂ်င့္ကေတာ့ Jimmy Woo ပဲ ျဖစ္ပါတယ္။ Jimmy ကေတာ့ Ant-Man & the Wasp ထဲမွာ စတင္ပါဝင္လာသူ ျဖစ္ပါတယ္။ အဲ့ဒီတုန္းကေတာ့ Jimmy ဟာ ေနအိမ္အက်ယ္ခ်ဳပ္ က်ေနတဲ့ Scott Lang ကို ေစာင့္ၾကည့္ေနရပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ လူေပ်ာက္အမႈကို စုံစမ္းရင္းနဲ႔ ၿမိဳ႕တစ္ၿမိဳ႕လုံး ေပ်ာက္ဆုံးေနတဲ့ အမႈနဲ႔ပါ ပါဝင္ပတ္သက္မိသြားပါတယ္။

(7) Jimmy Woo ရဲ႕ မ်က္လွည့္
photo via screenrant

Jimmy ဟာ Monica နဲ႔ မိတ္ဆက္တဲ့အခ်ိန္ သူ႔ရဲ႕ business ကတ္ကို ေပးတဲ့အခ်ိန္မွာ မ်က္လွည့္တစ္ကြက္ ျပသြားပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ Ant-Man & the Wasp နဲ႔ တိုက္႐ိုက္ ခ်ိက္ဆက္ထားပါတယ္။ Scott Lang ဟာ ေနအိမ္အက်ယ္ခ်ဳပ္ က်ေနတဲ့အခ်ိန္မွာ သူ႔ရဲ႕အခ်ိန္ေတြကို မ်က္လွည့္ေတြ ေလ့လာရင္း ကုန္ဆုံးခဲ့ပါတယ္။ Jimmy ကလည္း အဲ့ဒီမ်က္လွည့္ေတြကို ျမင္ေတြ႕ၿပီး သေဘာက်ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ ဒီနည္းစနစ္ကို ကြၽမ္းက်င္သြားတဲ့ အေၾကာင္းကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ သူဟာ Thanos လက္ေဖ်ာက္ရဲ႕ သားေကာင္ေတြထဲမွာ မပါဝင္ခဲ့ဘူးလို႔ ယူဆႏိုင္ပါတယ္။

(8) Darcy
photo via screenrant

Darcy ကေတာ့ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor ႐ုပ္ရွင္မွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Darcy ဟာ ႏိုဘယ္လ္ဆု ရရွိထားတဲ့ ႐ူပနကၡတၱေဗဒရွင္ျဖစ္တဲ့ Jane Foster ရဲ႕ လက္ေအာက္မွာ အလုပ္သင္အျဖစ္ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ သူမရဲ႕ Thor နဲ႔ ရင္းႏွီးမႈေတြေၾကာင့္လည္း reality ရဲ႕ သေဘာသဘာဝကို ပိုမိုနားလည္လာခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာလည္း သူမဟာ SWORD ရဲ႕ အႀကံေပးသူေနရာကို ထိုက္တန္ေၾကာင္း ျပသသြားပါတယ္။

(9) Cosmic Microwave Background Radiation
photo via screenrant

Darcy ဟာ ပုံမွန္မဟုတ္ဘဲ ျမင့္တက္ေနတဲ့ Cosmic Microwave Background Radiation ေတြကို သတိထားမိခဲ့ပါတယ္။ ဒီအခ်က္ဟာ WandaVision ဇာတ္လမ္းနဲ႔ ဘယ္လို ဆက္စပ္ေနလည္းဆိုတာကိုေတာ့ ေသခ်ာမျပသြားပါဘူး။ ဒါေပမယ့္လည္း ေကာမစ္ပရိသတ္ေတြကေတာ့ ဒီအခ်က္ကို သတိထားမိသြားပါလိမ့္မယ္။

အေၾကာင္းကေတာ့ Fantastic Four အဖြဲ႕ကို ျဖစ္ေပၚလာေစတာကလည္း ဒီစြမ္းအင္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ မၾကာေသးခင္တုန္းကပဲ MCU ဟာ Fantastic Four ႐ုပ္ရွင္ ထြက္လာမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Fantastic Four အဖြဲ႕ဟာ SWORD နဲ႔ တစ္နည္းနည္း သက္ဆိုင္ေနမယ္လို႔ ယူဆႏိုင္ပါတယ္။ ဒါ့အျပင္ SWORD ရဲ႕ ဒါ႐ိုက္တာ Hayward ကလည္း ေပ်ာက္ဆုံးေနတဲ့ အာကာသယာဥ္မႉးအဖြဲ႕ေတြ ရွိတယ္လို႔ ေျပာခဲ့ပါေသးတယ္။

(10) Jimmy Woo ရဲ႕ Whiteboard
photo via screenrant

Jimmy Woo ဟာလည္း SWORD ရဲ႕ စုံစမ္းမႈေတြကို ပါဝင္ကူညီေပးခဲ့ၿပီး အေျဖမရွိေသးတဲ့ ေမးခြန္းေတြကိုလည္း Whiteboard ေပၚမွာ ေရးသားေနပါတယ္။ အဲ့ဒီWhiteboard ေပၚက ေမးခြန္းေတြ အမ်ားစုကေတာ့ တကယ္ကို အေျဖမသိရေသးတဲ့ ေမးခြန္းေတြ ျဖစ္ေပမယ့္လည္း တစ္ခုကေတာ့ Skrull ေတြကို ရည္ၫႊန္းထားတဲ့ easter egg ျဖစ္ေနပါတယ္။ ျဖစ္ႏိုင္တာကေတာ့ သူဟာ အဲ့ဒီစခန္းမွာ ပုံစံေျပာင္းလဲႏိုင္တဲ့ Skrull ေတြအေၾကာင္းကို ၾကားခဲ့ၿပီး သူ႔ရဲ႕စိတ္ထဲမွာ Skrull ေတြလည္း ပါဝင္ႏိုင္တယ္လို႔ ယူဆေနတာ ျဖစ္ႏိုင္ပါတယ္။

(11) SWORD Drone နဲ႔ ပ်ားေမြးျမဴေရးဝတ္စုံနဲ႔လူ
photo via screenrant

အပိုင္း (၄)ထဲမွာေတာ့ ယခင္အပိုင္းေတြမွာ ပါဝင္ခဲ့တဲ့ အေျဖမရွိတဲ့ ေမးခြန္းေတြကို အေျဖေပးသြားပါတယ္။ အပိုင္း (၂)မွာ Wanda ရွာေတြ႕ခဲ့တဲ့ ဟယ္လီေကာ္ပတာ အ႐ုပ္ေလးဟာ တကယ္ေတာ့ Monica လႊတ္လိုက္တဲ့ Drone ျဖစ္ေနတာကို သိခဲ့ရပါတယ္။ ဒါ့အျပင္ ပ်ားေမြးျမဴေရးဝတ္စုံနဲ႔ လူဟာလည္း ေျမေအာက္ပိုက္လိုင္းကေနတစ္ဆင့္ reality bubble ထဲကို ဝင္ဖို႔ႀကိဳးစားခဲ့တဲ့ SWORD ေအးဂ်င့္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ reality bubble ထဲကို ဝင္ေရာက္သြားတဲ့ အရာမွန္သမွ်ဟာ ေခတ္ေဟာင္းက ပုံစံမ်ိဴး ေျပာင္းလဲသြားတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

(12) Vision
photo via screenrant

အပိုင္း (၄)ထဲမွာ ဒီဇာတ္ဝင္ခန္းကေတာ့ အားလုံးထဲမွာ ေရွာ့ခ္ရစရာ အျဖစ္ဆုံးတစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ Wanda ဟာ Westview ကေန Monica ကို ႏွင္ထုတ္လိုက္ၿပီးတဲ့အခ်ိန္မွာ သူမရဲ႕ထိန္းခ်ဳပ္ႏိုင္စြမ္းေတြ ေလ်ာ့သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ Vision ကို Infinity War ထဲမွာ Thanos သတ္လိုက္လို႔ ေသသြားတဲ့ ပုံစံအတိုင္း ျမင္ေတြ႕ခဲ့ရလို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Westview မွာရွိတဲ့ တစ္ျခားသူေတြကလည္း Wanda ရဲ႕ sitcom ထဲမွာ ပါဝင္ဖို႔ ထိန္းခ်ဳပ္ထားတာကိုလည္း သိခဲ့ရပါတယ္။ ျဖစ္ႏိုင္ေခ်တစ္ခုကေတာ့ Wanda ဟာ Vision အေလာင္းေကာင္ႀကီးကို သူမရဲ႕ ေမွာ္ပညာနဲ႔ ျပန္လည္အသက္သြင္းတာပဲ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular