HomeEntertainmentFilmBox-office မှာ ဝင်ငွေအများဆုံး ရရှိထားတဲ့ နာမည်ကျော်စစ်ကား(၅)ကား 

Box-office မှာ ဝင်ငွေအများဆုံး ရရှိထားတဲ့ နာမည်ကျော်စစ်ကား(၅)ကား 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

စစ်ကားတွေဟာ စစ်ရဲ့ အနိဌာရုံ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ လူသားတွေရဲ့ အတ္တ၊ လောဘတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ တချို့ကတော့ စစ်အကြောင်း သီးသန့်ရိုက်ပြတဲ့ကားတွေ ရှိသလို၊ တချို့ကတော့ လူမှုဘဝထဲက အချစ်၊အလွမ်း ဒရာမာတွေနဲ့ စစ်နောက်ခံသမိုင်းကြောင်းကို တင်ဆက်ပြတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ ဒီထဲကမှ ဝင်ငွေအများဆုံး ရရှိထားတဲ့ စစ်ကား(၅)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(5) 1917 (ဒေါ်လာ ၃၈၄ သန်းကျော်)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.3) ရရှိထားပါတယ်။ ပထမကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပြီး ဗြိတိသျှစစ်သားနှစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြုလုပ်ဖို့ မဖြစ်နိုင်တဲ့ အမိန့်ကို ရရှိခဲ့ပါတယ်။ အဲ့ဒီအမိန့်ကတော့ ရန်သူရဲ့ စခန်းဆီကို သွားပြီး စစ်သားပေါင်း (၁၆၀၀)လောက်ရဲ့ အသက်ကို ကယ်တင်နိုင်မယ့် သတင်းစကားကို သွားပြောရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ George MacKay ၊ Richard Madden နဲ့ Benedict Cumberbatch တို့ ပါဝင်ထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။

(4) Pearl Harbor (ဒေါ်လာ ၄၄၉ သန်းကျော်)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.2) ရရှိထားပါတယ်။ Rafe နဲ့ Danny တို့ နှစ်ယောက်ဟာ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပြီး လေတပ်သားတွေ ဖြစ်လာကြပါတယ်။ အဲ့ဒီနောက် သူတို့နှစ်ယောက်ဟာ Evelyn ဆိုတဲ့ စစ်သူနာပြုတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ သူတို့သုံးယောက်လုံးဟာ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ben Affleck ၊ Kate Beckinsale နဲ့ Josh Hartnett တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(3) Saving Private Ryan (ဒေါ်လာ ၄၈၂ သန်းကျော်)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပြီး Captain John Miller ဟာ တပ်သား James Ryan ကို ရှာဖွေပြီး ကယ်တင်ဖို့ အမိန့်ကျလာပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ Ryan ကို ကယ်တင်ဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Hanks ၊ Vin Diesel ၊ Matt Damon နဲ့ Edward Burns တို့ ပါဝင်ထားပြီး အော်စကာငါးဆု ရရှိထားပါတယ်။

(2) Dunkirk (ဒေါ်လာ ၅၂၆ သန်းကျော်)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.8) ရရှိထားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပြီး ဂျာမနီတပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မဟာမိတ်တပ်တွေအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျာမနီတွေနဲ့ ရင်ဆိုင်နေရတဲ့ မဟာမိတ်တွေဟာ Dunkirk မြို့ကနေ ဆုတ်ခွာဖို့ ကြိုးစားကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Harry Styles ၊ Tom Hardy နဲ့ Cillian Murphy တို့ ပါဝင်ထားပြီး အော်စကာသုံးဆု ရရှိထားပါတယ်။

(1) American Sniper (ဒေါ်လာ ၅၄၇ သန်းကျော်)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အီရတ်စစ်ပွဲကနေ အိမ်ပြန်လာတဲ့ စနိုက်ပါတစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူဟာ စစ်ပွဲကနေ အိမ်ပြန်ရောက်လာပေမယ့်လည်း စစ်ပွဲအတွင်းမှာ မြင်တွေ့ခဲ့ရတဲ့ သွေးထွက်သံယိုတွေကြောင့် စိတ်ဒဏ်ရာရနေပြီး အဲ့ဒီအချက်ကြောင့်ပဲ သူ့ရဲ့အိမ်ထောင်ရေးနဲ့ဘဝကို ထိခိုက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Bradley Cooper ၊ Sienna Miller နဲ့ Luke Grimes တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

ဒါကတော့ ဇာတ်လမ်းလည်းကောင်းပြီး ဝင်ငွေအရလည်း အအောင်မြင်ဆုံးဖြစ်တဲ့ စစ်ကားငါးကား ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားတွေရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

စစ္ကားေတြဟာ စစ္ရဲ့ အနိဌာ႐ုံ၊ ေဘးထြက္ဆိုးက်ိဳးေတြနဲ႔ လူသားေတြရဲ့ အတၱ၊ ေလာဘေတြကို မီးေမာင္းထိုးျပေနတဲ့ ႐ုပ္ရွင္အမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္။ တခ်ိဳ႕ကေတာ့ စစ္အေၾကာင္း သီးသန႔္ရိုက္ျပတဲ့ကားေတြ ရွိသလို၊ တခ်ိဳ႕ကေတာ့ လူမွုဘဝထဲက အခ်စ္၊အလြမ္း ဒရာမာေတြနဲ႔ စစ္ေနာက္ခံသမိုင္းေၾကာင္းကို တင္ဆက္ျပတဲ့ ဇာတ္ကားေတြ ျဖစ္ပါတယ္။ ဒီထဲကမွ ဝင္ေငြအမ်ားဆုံး ရရွိထားတဲ့ စစ္ကား(၅)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

(5) 1917 (ေဒၚလာ ၃၈၄ သန္းေက်ာ္)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.3) ရရွိထားပါတယ္။ ပထမကမၻာစစ္အတြင္းမွာ ဇာတ္အိမ္တည္ထားၿပီး ၿဗိတိသၽွစစ္သားႏွစ္ေယာက္အေၾကာင္းကို ရိုက္ျပထားတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ျပဳလုပ္ဖို႔ မျဖစ္နိုင္တဲ့ အမိန႔္ကို ရရွိခဲ့ပါတယ္။ အဲ့ဒီအမိန႔္ကေတာ့ ရန္သူရဲ့ စခန္းဆီကို သြားၿပီး စစ္သားေပါင္း (၁၆၀၀)ေလာက္ရဲ့ အသက္ကို ကယ္တင္နိုင္မယ့္ သတင္းစကားကို သြားေျပာရမွာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ George MacKay ၊ Richard Madden နဲ႔ Benedict Cumberbatch တို႔ ပါဝင္ထားၿပီး ေအာ္စကာသုံးဆု ရရွိထားပါတယ္။

(4) Pearl Harbor (ေဒၚလာ ၄၄၉ သန္းေက်ာ္)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၁ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.2) ရရွိထားပါတယ္။ Rafe နဲ႔ Danny တို႔ ႏွစ္ေယာက္ဟာ ငယ္သူငယ္ခ်င္းေတြ ျဖစ္ၾကၿပီး ေလတပ္သားေတြ ျဖစ္လာၾကပါတယ္။ အဲ့ဒီေနာက္ သူတို႔ႏွစ္ေယာက္ဟာ Evelyn ဆိုတဲ့ စစ္သူနာျပဳတစ္ေယာက္နဲ႔ ဆုံေတြ႕ခဲ့ၾကၿပီး သိပ္မၾကာခင္မွာပဲ သူတို႔သုံးေယာက္လုံးဟာ ပုလဲဆိပ္ကမ္းတိုက္ခိုက္မွုနဲ႔ ၾကဳံေတြ႕ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Ben Affleck ၊ Kate Beckinsale နဲ႔ Josh Hartnett တို႔ ပါဝင္ထားၿပီး ေအာ္စကာတစ္ဆု ရရွိထားပါတယ္။

(3) Saving Private Ryan (ေဒၚလာ ၄၈၂ သန္းေက်ာ္)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၉၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.6) ရရွိထားပါတယ္။ ဒုတိယကမၻာစစ္အတြင္းမွာ ဇာတ္အိမ္တည္ထားၿပီး Captain John Miller ဟာ တပ္သား James Ryan ကို ရွာေဖြၿပီး ကယ္တင္ဖို႔ အမိန႔္က်လာပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ဟာ Ryan ကို ကယ္တင္ဖို႔ ႀကိဳးစားရင္း ဘယ္လိုအခက္အခဲေတြ ၾကဳံေတြ႕ရမလည္းဆိုတာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Tom Hanks ၊ Vin Diesel ၊ Matt Damon နဲ႔ Edward Burns တို႔ ပါဝင္ထားၿပီး ေအာ္စကာငါးဆု ရရွိထားပါတယ္။

(2) Dunkirk (ေဒၚလာ ၅၂၆ သန္းေက်ာ္)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.8) ရရွိထားပါတယ္။ ဒုတိယကမၻာစစ္အတြင္းမွာ ဇာတ္အိမ္တည္ထားၿပီး ဂ်ာမနီတပ္ေတြနဲ႔ ရင္ဆိုင္ေနရတဲ့ မဟာမိတ္တပ္ေတြအေၾကာင္းကို ရိုက္ကူးထားတာ ျဖစ္ပါတယ္။ ဂ်ာမနီေတြနဲ႔ ရင္ဆိုင္ေနရတဲ့ မဟာမိတ္ေတြဟာ Dunkirk ၿမိဳ႕ကေန ဆုတ္ခြာဖို႔ ႀကိဳးစားၾကတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Harry Styles ၊ Tom Hardy နဲ႔ Cillian Murphy တို႔ ပါဝင္ထားၿပီး ေအာ္စကာသုံးဆု ရရွိထားပါတယ္။

(1) American Sniper (ေဒၚလာ ၅၄၇ သန္းေက်ာ္)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အီရတ္စစ္ပြဲကေန အိမ္ျပန္လာတဲ့ စနိုက္ပါတစ္ေယာက္အေၾကာင္းကို ရိုက္ျပထားတာ ျဖစ္ပါတယ္။ သူဟာ စစ္ပြဲကေန အိမ္ျပန္ေရာက္လာေပမယ့္လည္း စစ္ပြဲအတြင္းမွာ ျမင္ေတြ႕ခဲ့ရတဲ့ ေသြးထြက္သံယိုေတြေၾကာင့္ စိတ္ဒဏ္ရာရေနၿပီး အဲ့ဒီအခ်က္ေၾကာင့္ပဲ သူ႔ရဲ့အိမ္ေထာင္ေရးနဲ႔ဘဝကို ထိခိုက္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Bradley Cooper ၊ Sienna Miller နဲ႔ Luke Grimes တို႔ ပါဝင္ထားၿပီး ေအာ္စကာတစ္ဆု ရရွိထားပါတယ္။

ဒါကေတာ့ ဇာတ္လမ္းလည္းေကာင္းၿပီး ဝင္ေငြအရလည္း အေအာင္ျမင္ဆုံးျဖစ္တဲ့ စစ္ကားငါးကား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္ကားေတြရွိရင္လည္း ျပန္လည္မၽွေဝေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular