HomeCharacterWhat If...? အပိုင်း(၁)ထဲက Watcher ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

What If…? အပိုင်း(၁)ထဲက Watcher ရဲ့ ကောမစ် Origin နဲ့ စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ What If…? ဇာတ်လမ်းတွဲကိုတော့ ဇာတ်ကြောင်းပြောသူအနေနဲ့ Watcher က ပြောပြနေတာ ဖြစ်ပါတယ်။ Uatu The Watcher ကိုတော့ Stan Lee နဲ့ Jack Kirby တို့က ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပြီး ၁၉၆၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Fantastic Four #13 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ Uatu The Watcher ရဲ့ ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက် တချို့ကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကောမစ်ထဲက Origin
photo via screenrant

Watcher တွေဟာ အလွန်ရှေးကျတဲ့ မျိူးနွယ်စုတွေ ဖြစ်ကြပြီး Multiverse ကြီးကို စောင့်ကြည့်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အသက်ရှင်သန်နေတာ အလွန်ကြာမြင့်နေပြီ ဖြစ်တာကြောင့် သူတို့ရဲ့ မျိူးနွယ်စုနာမည်ကိုတောင် မမှတ်မိကြတော့ပါဘူး။ သူတို့ဟာ စောင့်ကြည့်သူတွေ ဖြစ်တာကြောင့် သူတို့ကိုယ်သူတို့ Watcher လို့ပဲ နာမည်ခံယူထားတာ ဖြစ်ပါတယ်။ မူလကတော့ Watcher တွေဟာ သိပ်ပြီးတိုးတက်မှုမရှိတဲ့ မျိူးစိတ်တွေကို သူတို့ရဲ့ နည်းပညာတွေနဲ့ အသိပညာတွေ မျှဝေပေးခဲ့ကြပါတယ်။

သူတို့တွေဟာ စိတ်ကောင်းနဲ့ အခုလိုကူညီခဲ့ပေမယ့်လည်း သူတို့မျှဝေပေးခဲ့တဲ့ နည်းပညာတွေနဲ့ အသိပညာတွေကြောင့် Prosilicus ဂြိုဟ်ဟာ နျူကလီယားစစ်ပွဲ ဖြစ်ပွားပြီး ဂြိုဟ်တစ်ခုလုံး ပျက်စီးသွားပါတယ်။ အဲ့ဒီအချိန်ကစပြီး Watcher တွေဟာ တခြားမျိူးနွယ်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဘယ်တော့မှ ပါဝင်ပတ်သက်ခြင်း မလုပ်တော့ဘူးလို့ ကျိန်ဆိုခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ အဲ့ဒီ Watcher တွေဟာ မတူညီတဲ့ နေရာတွေကို စောင့်ကြည့်ဖို့ တာဝန်ကျခဲ့ပြီး Uatu ကတော့ ကမ္ဘာကို စောင့်ကြည့်ဖို့ ရောက်လာခဲ့ပါတယ်။

Uatu ကတော့ သူ့ရဲ့စည်းကမ်းကို ဖောက်ဖျက်ခဲ့ပြီး ကမ္ဘာပေါ်က စူပါဟီးရိုးတွေနဲ့ တိုက်ရိုက်ပတ်သက်မှုတွေ ရှိခဲ့ပါတယ်။ ကောမစ်တစ်ခုထဲမှာတော့ Uatu ဟာ Molecule Man နဲ့ Kang the Conqueror တို့ရဲ့ အန္တရာယ်တွေကို Fantastic Four အဖွဲ့က သိရှိအောင် သတိပေးခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Uatu ဟာ Galactus ကြောက်ရွံ့တဲ့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ Ultimate Nullifier ကိုလည်း Fantastic Four အဖွဲ့က ရရှိနိုင်အောင် ကူညီပေးခဲ့ပြီး Galactus နဲ့ Fantastic Four တို့ရဲ့ တိုက်ပွဲကိုလည်း ဝင်ရောက်ကူညီပေးခဲ့ပါတယ်။

စွမ်းအားများ
photo via screenrant

အသိပညာကိုသာ စွမ်းအားလို့ သတ်မှတ်မယ်ဆိုရင် Uatu က အလွန်စွမ်းအားကြီးမားသူ ဖြစ်ပါတယ်။ Watcher တွေအားလုံးလိုပဲ Uatu ဟာ အရာအားလုံးကို သိမြင်နိုင်စွမ်း ရှိပြီး အရင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၊ လောလောဆယ် ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အရာတွေကိုပါ သိရှိနေသူ ဖြစ်ပါတယ်။

Uatu ဟာ အရာဝတ္ထုတွေကို စိတ်နဲ့ ရွေ့လျားနိုင်ခြင်း၊ အာရုံခံစားနိုင်တဲ့ သက်ရှိအားလုံးရဲ့စိတ်ကို ဖတ်နိုင်ခြင်း၊ စိတ်ချင်းဆက်သွယ်နိုင်ခြင်းနဲ့ တခြားသူတွေရဲ့ အာရုံခံစားမှုတွေကို ပြောင်းလဲပစ်နိုင်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ Uatu ဟာ သူအပါအဝင် တခြားသူတွေကို Space ၊ Time ရဲ့ ကြိုက်တဲ့နေရာကို တယ်လီပို့လုပ်နိုင်ပြီး သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပုံစံကိုလည်း ပြောင်းလဲပစ်နိုင်ပါတယ်။

Cosmic Energy တွေကိုလည်း Galactus နီးပါး ထိန်းချုပ်နိုင်ပါသေးတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ သူဟာ မသေမျိူးတစ်ယောက် ဖြစ်ပြီး ရရှိထားတဲ့ ဒဏ်ရာတွေကိုလည်း အတွေးတစ်ခုတည်းနဲ့ ပြန်လည် ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။ Watcher တွေထဲက အသက်အကြီးဆုံးတွေဆိုရင် Reality တစ်ခုလုံးကိုတောင် စိတ်ကြိုက် ချယ်လှယ်နိုင်ပါတယ်။ တစ်ခေါက်တုန်းကဆိုရင် သေဆုံးသွားတဲ့ Watcher တစ်ယောက်ဟာ အသက်ပြန်ရှင်ဖို့ ရွေးချယ်လိုက်ရုံနဲ့ ပြန်လည် အသက်ရှင်လာတာတောင် ရှိပါသေးတယ်။

ဒါကတော့ What If …? ဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)မှာ ပါဝင်ခဲ့တဲ့ Watcher နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ What If…? ဇာတ္လမ္းတြဲကိုေတာ့ ဇာတ္ေၾကာင္းေျပာသူအေနနဲ႔ Watcher က ေျပာျပေနတာ ျဖစ္ပါတယ္။ Uatu The Watcher ကိုေတာ့ Stan Lee နဲ႔ Jack Kirby တို႔က ပူးေပါင္းဖန္တီးခဲ့တာ ျဖစ္ၿပီး ၁၉၆၃ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Fantastic Four #13 ေကာမစ္ထဲမွာ စတင္ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ Uatu The Watcher ရဲ႕ ေကာမစ္ထဲက Origin နဲ႔ စိတ္ဝင္စားစရာအခ်က္ တခ်ိဳ႕ကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

ေကာမစ္ထဲက Origin
photo via screenrant

Watcher ေတြဟာ အလြန္ေရွးက်တဲ့ မ်ိဴးႏြယ္စုေတြ ျဖစ္ၾကၿပီး Multiverse ႀကီးကို ေစာင့္ၾကည့္ေနၾကသူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ အသက္ရွင္သန္ေနတာ အလြန္ၾကာျမင့္ေနၿပီ ျဖစ္တာေၾကာင့္ သူတို႔ရဲ႕ မ်ိဴးႏြယ္စုနာမည္ကိုေတာင္ မမွတ္မိၾကေတာ့ပါဘူး။ သူတို႔ဟာ ေစာင့္ၾကည့္သူေတြ ျဖစ္တာေၾကာင့္ သူတို႔ကိုယ္သူတို႔ Watcher လို႔ပဲ နာမည္ခံယူထားတာ ျဖစ္ပါတယ္။ မူလကေတာ့ Watcher ေတြဟာ သိပ္ၿပီးတိုးတက္မႈမရွိတဲ့ မ်ိဴးစိတ္ေတြကို သူတို႔ရဲ႕ နည္းပညာေတြနဲ႔ အသိပညာေတြ မွ်ေဝေပးခဲ့ၾကပါတယ္။

သူတို႔ေတြဟာ စိတ္ေကာင္းနဲ႔ အခုလိုကူညီခဲ့ေပမယ့္လည္း သူတို႔မွ်ေဝေပးခဲ့တဲ့ နည္းပညာေတြနဲ႔ အသိပညာေတြေၾကာင့္ Prosilicus ၿဂိဳဟ္ဟာ န်ဴကလီယားစစ္ပြဲ ျဖစ္ပြားၿပီး ၿဂိဳဟ္တစ္ခုလုံး ပ်က္စီးသြားပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး Watcher ေတြဟာ တျခားမ်ိဴးႏြယ္ေတြနဲ႔ ပတ္သက္တဲ့ကိစၥေတြကို ဘယ္ေတာ့မွ ပါဝင္ပတ္သက္ျခင္း မလုပ္ေတာ့ဘူးလို႔ က်ိန္ဆိုခဲ့ၾကပါတယ္။ သိပ္မၾကာခင္မွာပဲ အဲ့ဒီ Watcher ေတြဟာ မတူညီတဲ့ ေနရာေတြကို ေစာင့္ၾကည့္ဖို႔ တာဝန္က်ခဲ့ၿပီး Uatu ကေတာ့ ကမာၻကို ေစာင့္ၾကည့္ဖို႔ ေရာက္လာခဲ့ပါတယ္။

Uatu ကေတာ့ သူ႔ရဲ႕စည္းကမ္းကို ေဖာက္ဖ်က္ခဲ့ၿပီး ကမာၻေပၚက စူပါဟီး႐ိုးေတြနဲ႔ တိုက္႐ိုက္ပတ္သက္မႈေတြ ရွိခဲ့ပါတယ္။ ေကာမစ္တစ္ခုထဲမွာေတာ့ Uatu ဟာ Molecule Man နဲ႔ Kang the Conqueror တို႔ရဲ႕ အႏၲရာယ္ေတြကို Fantastic Four အဖြဲ႕က သိရွိေအာင္ သတိေပးခဲ့ပါတယ္။ ဒါတင္မကေသးဘဲ Uatu ဟာ Galactus ေၾကာက္႐ြံ႕တဲ့ တစ္ခုတည္းေသာ လက္နက္ျဖစ္တဲ့ Ultimate Nullifier ကိုလည္း Fantastic Four အဖြဲ႕က ရရွိႏိုင္ေအာင္ ကူညီေပးခဲ့ၿပီး Galactus နဲ႔ Fantastic Four တို႔ရဲ႕ တိုက္ပြဲကိုလည္း ဝင္ေရာက္ကူညီေပးခဲ့ပါတယ္။

စြမ္းအားမ်ား
photo via screenrant

အသိပညာကိုသာ စြမ္းအားလို႔ သတ္မွတ္မယ္ဆိုရင္ Uatu က အလြန္စြမ္းအားႀကီးမားသူ ျဖစ္ပါတယ္။ Watcher ေတြအားလုံးလိုပဲ Uatu ဟာ အရာအားလုံးကို သိျမင္ႏိုင္စြမ္း ရွိၿပီး အရင္က ျဖစ္ပ်က္ခဲ့သမွ် အရာအားလုံး၊ ေလာေလာဆယ္ ျဖစ္ပ်က္ေနတဲ့ အရာေတြနဲ႔ အနာဂတ္မွာ ျဖစ္လာႏိုင္တဲ့ အရာေတြကိုပါ သိရွိေနသူ ျဖစ္ပါတယ္။

Uatu ဟာ အရာဝတၳဳေတြကို စိတ္နဲ႔ ေ႐ြ႕လ်ားႏိုင္ျခင္း၊ အာ႐ုံခံစားႏိုင္တဲ့ သက္ရွိအားလုံးရဲ႕စိတ္ကို ဖတ္ႏိုင္ျခင္း၊ စိတ္ခ်င္းဆက္သြယ္ႏိုင္ျခင္းနဲ႔ တျခားသူေတြရဲ႕ အာ႐ုံခံစားမႈေတြကို ေျပာင္းလဲပစ္ႏိုင္ျခင္းတို႔ကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။ ဒါတင္မကေသးဘဲ Uatu ဟာ သူအပါအဝင္ တျခားသူေတြကို Space ၊ Time ရဲ႕ ႀကိဳက္တဲ့ေနရာကို တယ္လီပို႔လုပ္ႏိုင္ၿပီး သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာပုံစံကိုလည္း ေျပာင္းလဲပစ္ႏိုင္ပါတယ္။

Cosmic Energy ေတြကိုလည္း Galactus နီးပါး ထိန္းခ်ဳပ္ႏိုင္ပါေသးတယ္။ ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ သူဟာ မေသမ်ိဴးတစ္ေယာက္ ျဖစ္ၿပီး ရရွိထားတဲ့ ဒဏ္ရာေတြကိုလည္း အေတြးတစ္ခုတည္းနဲ႔ ျပန္လည္ ေပ်ာက္ကင္းေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ Watcher ေတြထဲက အသက္အႀကီးဆုံးေတြဆိုရင္ Reality တစ္ခုလုံးကိုေတာင္ စိတ္ႀကိဳက္ ခ်ယ္လွယ္ႏိုင္ပါတယ္။ တစ္ေခါက္တုန္းကဆိုရင္ ေသဆုံးသြားတဲ့ Watcher တစ္ေယာက္ဟာ အသက္ျပန္ရွင္ဖို႔ ေ႐ြးခ်ယ္လိုက္႐ုံနဲ႔ ျပန္လည္ အသက္ရွင္လာတာေတာင္ ရွိပါေသးတယ္။

ဒါကေတာ့ What If …? ဇာတ္လမ္းတြဲရဲ႕ အပိုင္း(၁)မွာ ပါဝင္ခဲ့တဲ့ Watcher နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာအခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular