HomeEntertainmentFilmရုပ်ရှင် (၇)ကားရဲ့ ရုံတင်ရက်တွေကို ရွှေ့ပြောင်းလိုက်တဲ့ Warner Bros.

ရုပ်ရှင် (၇)ကားရဲ့ ရုံတင်ရက်တွေကို ရွှေ့ပြောင်းလိုက်တဲ့ Warner Bros.

Warner Bros. စတူဒီယိုဟာ ရုပ်ရှင် (၇)ကားရဲ့ ရုံတင်ရက်တွေကို ရွှေ့ပြောင်းလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်ရှင် (၇)ကားထဲမှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ DC ရုပ်ရှင်(၅)ကား ပါဝင်နေပါတယ်။ Warner Bros. ဟာ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်မှာ သူတို့ရဲ့ ပရောဂျက်အားလုံးကို HBO Max နဲ့ ရုပ်ရှင်ရုံမှာ တစ်ရက်တည်း ပြသခဲ့ပြီး ယခုနှစ်အတွင်းမှာတော့ သူတို့ရဲ့ ပရောဂျက်တွေကို အပြောင်းအလဲတွေ ပြုလုပ်လာပါတယ်။

photo via screenrant

၂၀၂၂ ခုနှစ်ကတော့ DC ရုပ်ရှင်တွေ အများစု ထွက်ရှိလာမယ့် နှစ်တစ်နှစ် ဖြစ်ပြီး The Batman ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံး DC ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ မူလကတော့ DC League of Super-Pets နဲ့ Black Adam တို့ကို ယခုနှစ် အလယ်ပိုင်းလောက်မှာ ထွက်ရှိလာဖို့ စီစဉ်ထားပြီး The Flash နဲ့ Aquaman 2 တို့ကတော့ ယခုနှစ် နှောင်းပိုင်းမှာ ရုံတင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

သို့သော်လည်း ယခုအချိန်မှာတော့ Warner Bros. ဟာ ပရောဂျက် (၇)ခုရဲ့ ရုံတင်ရက်တွေကို ရွှေ့ပြောင်းလိုက်ပြီလို့ သိရပါတယ်။ DC League of Super-Pets ကိုတော့ မေလ (၂၀)ရက်ကနေ Black Adam ရုပ်ရှင် ထွက်ရှိဖို့ စီစဉ်ထားတဲ့ ဇူလိုင်လ (၂၉)ရက်ကို ပြောင်းရွှေ့လိုက်ပါတယ်။ ဒါကြောင့်ပဲ Black Adam ကတော့ အောက်တိုဘာလ (၂၁)ရက်နေ့ကို နောက်ဆုတ်သွားပြီ ဖြစ်ပါတယ်။ အလားတူပဲ ဇွန်လ (၂)ရက်နေ့မှာ ထွက်ရှိလာမယ့် Shazam!: Fury of the God ကိုတော့ ဒီဇင်ဘာလ (၁၆)ရက်ကို နောက်ဆုတ်သွားပါတယ်။

photo via screenrant

ကနဦးတုန်းက ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာဖို့ စီစဉ်ထားတဲ့ The Flash နဲ့ Aquaman and the Lost Kingdom တို့ကိုတော့ ၂၀၂၃ ခုနှစ်ကို ရွှေ့ဆိုင်းသွားပါတယ်။ The Flash ကတော့ ၂၀၂၃ ခုနှစ် ဇွန်လ (၂၃)ရက်နဲ့ Aquaman 2 ကတော့ ၂၀၂၃ ခုနှစ် မတ်လ (၁၇)ရက်ကို ရောက်မှသာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ DC ရုပ်ရှင်တွေ မဟုတ်တဲ့ Wonka ကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နဲ့ The Meg 2: The Trench ရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ (၄)ရက်တို့မှာ အသီးသီး ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular