HomeEntertainmentFilmEleven ကို ကျော်တက်ပြီး ၂၀၂၂ ခုနှစ်ရဲ့ လူကြိုက်အများဆုံးဇာတ်ကောင် ဖြစ်လာတဲ့ Wednesday

Eleven ကို ကျော်တက်ပြီး ၂၀၂၂ ခုနှစ်ရဲ့ လူကြိုက်အများဆုံးဇာတ်ကောင် ဖြစ်လာတဲ့ Wednesday

Jenna Ortega သရုပ်ဆောင်ထားတဲ့ Wednesday ဇာတ်ကောင်ကတော့ Millie Bobby Brown ရဲ့ Eleven နဲ့ Oscar Isaac ရဲ့ Moon Knight တို့ကို ကျော်တက်ပြီး ၂၀၂၂ ခုနှစ်ရဲ့ လူကြိုက်အများဆုံး ဇာတ်ကောင် ဖြစ်လာခဲ့ပါတယ်။ Wednesday ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ ထွက်ရှိထားခဲ့ပြီး Netflix ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခု ဖြစ်လာကာ Netflix အတွက် စံချိန်တွေလည်း တင်ထားခဲ့ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Addams Family ဇာတ်လမ်းရဲ့ Spin-Off လည်း ဖြစ်ပါတယ်။ အရင်က ထွက်ထားတဲ့ Addams Family ဇာတ်လမ်းတွေထဲမှာတော့ Wednesday ဟာ Supporting Character တစ်ယောက်သာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သူမရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲ ထွက်ရှိလာပြီး မင်းသမီး Jenna Ortega ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကြားမှာ အလွန်ရေပန်စားနေပါတယ်။

ယခုအချိန်မှာတော့ သန်းနဲ့ချီတဲ့ ပရိသတ်တွေက ဇာတ်လမ်းတွဲတွေရဲ့ အပိုင်းတစ်ပိုင်း ထွက်ပြီးတိုင်းမှာ သူတို့ရဲ့ အကြိုက်ဆုံးဇာတ်ကောင်ကို Voting ပေးနိုင်တဲ့ TV Time ဆိုတဲ့ App ဟာ ၂၀၂၂ ခုနှစ်ရဲ့ လူကြိုက်အများဆုံး TV Show ဇာတ်ကောင်တွေကို ဖော်ပြခဲ့ပါတယ်။ ဒီ List ရဲ့ ထိပ်ဆုံးမှာတော့ Jenna Ortega ရဲ့ Wednesday က ရပ်တည်နေပြီး ဒုတိယနေရာမှာတော့ Millie Bobby Brown ရဲ့ Eleven ရှိနေပါတယ်။

၁၉၉၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး ယခုအချိန်ထိ ထွက်ရှိနေဆဲ ဖြစ်တဲ့ One Piece Anime ထဲက Monkey D. Luffy ကတော့ ၂၀၂၂ ခုနှစ်ရဲ့ တတိယမြောက် လူကြိုက်အများဆုံး TV Show ဇာတ်ကောင် ဖြစ်နေပါတယ်။ နံပတ်လေးမှာတော့ The Office ဇာတ်လမ်းတွဲထဲက Michael Scott ၊ နံပတ်ငါးမှာတော့ Peaky Blinders ထဲက Thomas Shelby နဲ့ နံပတ်ခြောက်မှာတော့ Moon Knight ဇာတ်လမ်းတွဲထဲက Steven Grant တို့ အသီးသီး ရပ်တည်နေကြပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular