HomeEntertainmentFilmWhat If...? အပိုင်း(၂)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

What If…? အပိုင်း(၂)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လောလောဆယ်မှာတော့ What If…? ဇာတ်လမ်းတွဲဟာ နှစ်ပိုင်း ထွက်ရှိထားပြီ ဖြစ်ပြီး စုစုပေါင်း ကိုးပိုင်း ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက အကြောင်းအရာကတော့ ကျွန်တော်တို့ အရင်ကမြင်ဖူးခဲ့တဲ့ MCU Timeline နဲ့ မတူညီတဲ့ တခြား Timeline တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ သေးငယ်တဲ့ အမှားလေးတစ်ခု၊ မတူညီတဲ့ ရွေးချယ်မှုတစ်ခုကတောင် လုံးဝမတူညီတဲ့ Timeline အသစ်တွေ ဖြစ်သွားစေတာကို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အပိုင်း(၂)ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Star-Lord ရဲ့ ပထမဆုံး ဇာတ်ဝင်ခန်း
photo via screenrant

What If…? အပိုင်း(၁)ထဲမှာလည်း Captain America: The First Avenger ထဲက ဇာတ်ဝင်ခန်းအများစုရဲ့ ပုံစံတူတွေကို မြင်တွေ့ခဲ့ရသလို အပိုင်း(၂)ထဲမှာလည်း Guardians of the Galaxy ထဲက ဇာတ်ဝင်ခန်းအချို့ရဲ့ ပုံစံတူတွေကို မြင်တွေ့ခဲ့ရပါတယ်။

ပထမဆုံး ဇာတ်ဝင်ခန်းမှာဆိုရင် Star-Lord ဟာ Power Stone ကို ခိုးယူဖို့အတွက် Morag ဂြိုဟ်ပေါ်ကို ရောက်လာပြီး Power Stone ကို ရယူခဲ့တဲ့ ဇာတ်ဝင်ခန်းကလည်း Guardians of the Galaxy Vol. 1 ရဲ့ ပထမဆုံးဇာတ်ဝင်ခန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ကွာခြားချက်ကတော့ Star-Lord ဟာ Peter Quill မဟုတ်ဘဲ T’Challa ဖြစ်နေပြီး Power Stone ကို ယူဖို့အသွားမှာ မကခဲ့တာပဲ ရှိပါတယ်။

(2) Star-Lord မျက်နှာဖုံး
photo via screenrant

Guardians of the Galaxy ထဲမှာတော့ Star-Lord မျက်နှာဖုံးရဲ့ မျက်လုံးဟာ အနီရောင် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း What If…? ထဲမှာတော့ မျက်လုံးအရောင်ဟာ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားပြီး Black Panther နဲ့ နီးစပ်တဲ့ အရောင်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Black Panther ဖြစ်လာဖို့ သောက်ရတဲ့ အသည်းပုံစံအပင်ကလည်း ခရမ်းရောင်ပဲ ဖြစ်ပါတယ်။

(3) နာမည်ကြီးဝရမ်းပြေး Star-Lord
photo via screenrant

Guardians of the Galaxy ထဲမှာတော့ Star-Lord ဟာ Power Stone ကို ခိုးယူပြီး Korath နဲ့ တွေ့တဲ့အချိန်မှာ သူ့ကိုယ်သူ နာမည်ကြီးဝရမ်းပြေး Star-Lord လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း Korath ကတော့ အဲ့ဒီနာမည်ကို တစ်ခါမှတောင် မကြားဖူးခဲ့ပါဘူး။ What If…? ထဲမှာတော့ အဲ့ဒီဇာတ်ဝင်ခန်းဟာ ပြောင်းပြန်ဖြစ်သွားပြီး T’Challa ဟာ သူ့ကိုယ်သူ Star-Lord လို့တောင် မပြောရသေးဘဲ သူ့ကိုမြင်တာနဲ့ Korath က Star-Lord မှန်း တန်းသိခဲ့ပါတယ်။

ဒါ့အပြင် Korath ဟာ Star-Lord ရဲ့ အမာခံပရိသတ်လည်း ဖြစ်ပါတယ်။ ဒီလိုမျိူး ပြောင်းလဲသွားရတဲ့ အကြောင်းရင်းကတော့ T’Challa ဟာ Robinhood လိုမျိူး ချမ်းသာသူတွေဆီက ခိုးယူပြီး ဆင်းရဲသူတွေကို ပြန်လည် ဝေမျှပေးသလို ဂြိုဟ်ပေါင်းများစွာကိုလည်း ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်း ဖြစ်နေလို့ပါပဲ။

(4) Bruce Banner ရဲ့ ဒူးထောက် အရိုအသေပေးခြင်း
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Korath ဟာ Star-Lord ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်ပြီး မတိုက်ခိုက်ခင်မှာ Star-Lord ကို ဒူးထောက် အရိုအသေပေးခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ Avengers: Infinity War ထဲမှာ Bruce Banner က T’Challa ကို ပထမဆုံးတွေ့တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ ဟာသဖြစ်ရပ်တစ်ခု ဖြစ်ပြီး အဲ့ဒီဇာတ်ဝင်ခန်းကို reference အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(5) သွားတွေ အကောင်းတိုင်း ရှိနေသေးတဲ့ Yondu
photo via screenrant

Guardians of the Galaxy ထဲမှာတော့ Yondu ရဲ့ သွားအများစုဟာ ရွှေသွားတုတွေ ဖြစ်ကြပါတယ်။ What If…? ထဲမှာတော့ Yondu ဟာ သွားတုတွေနဲ့ မဟုတ်ဘဲ အကုန်လုံးအကောင်းတိုင်း ဖြစ်နေပါတယ်။ Morag ဂြိုဟ်ကနေ ထွက်လာတဲ့အချိန်မှာတော့ T’Challa ဟာ Ravager တွေသာ သူတို့ရဲ့နည်းလမ်းတွေကို မပြောင်းလဲဘူးဆိုရင် Yondu ရဲ့ သွားတစ်ဝက်လောက်က အခုချိန်မှာ မရှိလောက်တော့ဘူးလို့ ပြောခဲ့ပါတယ်။

(Ravager ဆိုတာကတော့ အာကာသထဲမှာ ခရီးတွေသွားပြီး ခိုးဆိုးလုနှိုက်စတဲ့ မကောင်းမှုတွေကို ကျူးလွန်နေတဲ့လူတွေကို ပြောတာ ဖြစ်ပါတယ်။) အပေါ်မှာဖော်ပြခဲ့သလို Yondu ရဲ့ အဖွဲ့ထဲကို T’Challa ဝင်ရောက်လာကတည်းက အပြောင်းအလဲတွေများစွာ ဖြစ်ခဲ့ပြီး ဒီဇာတ်လမ်းထဲမှာတော့ သူတို့က သူရဲကောင်းတွေ ဖြစ်နေကြပါပြီ။

(6) Mandela
photo via screenrant

ဒီဇာတ်လမ်းထဲမှာလည်း T’Challa ဟာ Peter Quill ရဲ့ ယာဉ်ပျံနဲ့ ဆင်တူတဲ့ ယာဉ်ပျံတစ်ခုကို စီးနင်းတာ မြင်တွေ့ခဲ့ရပါတယ်။ Guardians of the Galaxy ထဲမှာ Peter Quill စီးနင်းတဲ့ ယာဉ်ပျံရဲ့ အမည်ကတော့ Milano ဖြစ်ပြီး ၁၉၈၀ ကျော်လောက်က နာမည်ကြီးမင်းသမီး Alyssa Milano ရဲ့ နာမည်ကို အစွဲပြုပြီး ပေးထားတာ ဖြစ်ပါတယ်။ T’Challa ရဲ့ ယာဉ်ပျံကတော့ Mandela ဖြစ်ပြီး တောင်အာဖရိကရဲ့ သမ္မတဟောင်းဖြစ်သူ Nelson Mandela ရဲ့ နာမည်ကို အစွဲပြုပြီး ပေးထားတာ ဖြစ်ပါတယ်။

(7) Thanos ကို စည်းရုံးနိုင်ခဲ့တဲ့ T’Challa
photo via screenrant

ဒီဇာတ်လမ်းထဲမှာတော့ Thanos ဟာ ဗီလိန်တစ်ယောက် မဟုတ်တော့ဘဲ Yondu ရဲ့ Ravager အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါတယ်။ အကြောင်းကတော့ စကြဝဠာကြီးရဲ့ သက်ရှိတစ်ဝက်ကို ဖျောက်ပစ်မယ့်နည်းထက် ပိုကောင်းတဲ့နည်းတွေ ရှိတယ်ဆိုပြီး T’Challa က Thanos ကို စည်းရုံးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Thanos ရဲ့ သက်ရှိတစ်ဝက်ကို ဖျောက်ပစ်မယ့် အစီအစဉ်ဟာ Ravager တွေကြားက ဟာသတစ်ခုပဲ ဖြစ်နေပါတော့တယ်။

(8) အသက်ရှင်သန်ခဲ့တဲ့ Drax ရဲ့ မိသားစု
photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ T’Challa ဟာ စကြဝဠာထဲမှာ နာမည်ကြီး သူရဲကောင်းတစ်ယောက် ဖြစ်နေပြီး ဂြိုဟ်ပေါင်းများစွာကိုလည်း ကယ်တင်ခဲ့ဖူးပါတယ်။ အဲ့ဒီဂြိုဟ်တွေထဲမှာ Drax ရဲ့ ဂြိုဟ်လည်း အပါအဝင်ဖြစ်ပြီး Ronan ဦးဆောင်တဲ့ Kree တွေရဲ့ ကျူးကျော်မှုကို T’Challa က တားဆီးခဲ့ပါတယ်။ Power Stone ကို ရယူလာပြီး Ravager တွေ အောင်ပွဲခံနေကြတဲ့အချိန်မှာ T’Challa နဲ့ Drax တို့ တွေ့ဆုံခဲ့ကြပြီး T’Challa ရဲ့ ကျေးဇူးကြောင့် သူ့ရဲ့မိသားစုတွေ အသက်ရှင်နိုင်ခဲ့တာပါလို့ Drax က ပြောသွားပါတယ်။

(9) Nebula
photo via screenrant

ဒီဇာတ်လမ်းထဲမှာ ရုပ်ပိုင်းဆိုင်ရာ အများကြီး ပြောင်းလဲသွားတဲ့ ဇာတ်ကောင်ကတော့ Nebula ပဲ ဖြစ်ပါတယ်။ MCU ရဲ့ အဓိက Timeline ထဲမှာတော့ Thanos ဟာ Nebula နဲ့ Gamora တို့ကို ငယ်ငယ်ကတည်းက တိုက်ခိုက်ရေးတွေ လေ့ကျင့်စေခဲ့ပြီး တစ်ခါရှုံးနိမ့်တိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို စက်ပစ္စည်းနဲ့ အစားထိုးစေခဲ့ပါတယ်။

Nebula ကတော့ Gamora ကို ဘယ်တုန်းကမှ မနိုင်ခဲ့တာကြောင့် သူမရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းအများစုဟာ စက်ပစ္စည်းတွေ ဖြစ်နေပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Nebula ရဲ့ မျက်လုံးတစ်ဘက်တည်းကသာ စက်ပစ္စည်းဖြစ်နေပြီး ရွှေရောင်ဆံပင်နဲ့ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ T’Challa ဟာ Nebula ရဲ့ငယ်ဘဝ အချိန်ကတည်းက Thanos ကို နားချနိုင်ခဲ့တာလို့ ယူဆနိုင်ပါတယ်။

(10) လယ်သမားကြီး Thanos
photo via screenrant

Thanos ဟာ အချိန်မီ ပြောင်းလဲသွားပေမယ့်လည်း Nebula ကတော့ သူ့အပေါ်မှာ အငြိုးထားနေတုန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် T’Challa ဟာ သူတို့နှစ်ယောက်ကို အဆင်ပြေသွားအောင် ရင်ကြားစေ့ဖို့ ကြိုးစားနေတယ်လို့ ပြောသွားပါတယ်။ ဒါ့အပြင် T’Challa ဟာ Thanos က တကယ်ပြောင်းလဲသွားပြီး လယ်ယာစိုက်ပျိူးနေတယ်လို့ ပြောသွားပါတယ်။ ဒီအချက်ကတော့ Avengers: Endgame ထဲမှာ Thanos က သူ့ရဲ့အစီအစဉ် အောင်မြင်ပြီးနောက်မှာ အေးအေးလူလူ လယ်ယာလုပ်နေတာကို reference အနေနဲ့ ထည့်သွင်ထားတာပါ။

(11) Black Order
photo via screenrant

ဒီဇာတ်လမ်းထဲမှာ T’Challa ဟာ Thanos ကို နားချနိုင်ခဲ့ပေမယ့်လည်း Black Order အဖွဲ့ကိုတော့ နားချနိုင်ခဲ့ပုံ မပေါ်ပါဘူး။ Thanos ဟာ လမ်းမှန်ကို ရောက်သွားတာကြောင့် စကြဝဠာကြီးရဲ့ ဗီလိန်နေရာက လစ်လပ်သွားပြီး အဲ့ဒီနေရာကိုတော့ The Collector က ဝင်ယူခဲ့ပါတယ်။

ဒါ့အပြင် တစ်ချိန်က Thanos ရဲ့ လက်အောက်မှာရှိခဲ့တဲ့ Black Order အဖွဲ့ကလည်း The Collector လက်အောက်ကို ရောက်သွားပါတယ်။ Black Order အဖွဲ့ထဲမှာတော့ Ebony Maw ၊ Cull Obsidian ၊ Corvus Glaive နဲ့ Proxima Midnight တို့ ပါဝင်ပြီး What If…? ထဲက Black Order က Endgame ထဲက ပိုပြီးစွမ်းအားကြီးတာကို မြင်တွေ့ခဲ့ရပါတယ်။

(12) ခွေးလေး Cosmo
photo via screenrant

ခွေးလေး Cosmo ကတော့ Marvel ကောမစ်ထဲမှာရော၊ MCU ရဲ့ Guardians of the Galaxy ထဲမှာပါ The Collector ရဲ့ စုဆောင်းမှုထဲက တစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ What If…? ထဲမှာလည်း တခြားအရာတွေများစွာ ပြောင်းလဲသွားပေမယ့်လည်း Cosmo ကတော့ The Collector ရဲ့ စုဆောင်းမှုတစ်ခု ဖြစ်နေတုန်းပါပဲ။ ဒါပေမယ့်လည်း Knowhere ကနေ ထွက်လာတဲ့အချိန်မှာတော့ T’Challa က Cosmo ကို သူနဲ့အတူ ခေါ်လာခဲ့ပါတယ်။

(13) The Collector ရဲ့ စုဆောင်းမှုများ
photo via screenrant

Guardians of the Galaxy ထဲမှာတော့ Dark Elf တစ်ယောက်ကို The Collector ရဲ့ အချုပ်ခန်းတစ်ခုထဲမှာ မြင်တွေ့ခဲ့ရသလို What If…? ထဲမှာလည်း ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ Dark Elf ကတော့ Thor: The Dark World ထဲက ဗီလိန်မျိူးစိတ် ဖြစ်ပါတယ်။

ဒါ့အပြင် The Collector ရဲ့ စုဆောင်းမှုထဲမှာ Frost Giant နဲ့ Kronan လည်း ရှိနေပါသေးတယ်။ Frost Giant ကိုတော့ Thor ရုပ်ရှင်ထဲမှာ တွေ့ခဲ့ရပြီး Kronan ကတော့ Thor: Ragnarok ထဲက ကျောက်တုံးလူသား Korg ရဲ့ မျိူးနွယ်ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Howard the Duck ကိုလည်း The Collector ရဲ့ အချုပ်ခန်းတစ်ခုမှာ မြင်တွေ့ခဲ့ရပြီး T’Challa ကို လမ်းညွှန်ပေးခဲ့ပါသေးတယ်။

(14) The Collector ရဲ့ ယာဉ်ပျံများ
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ T’Challa ဟာ ယာဉ်ပျံတွေ အပြည့်ထားထားတဲ့ အခန်းတစ်ခုထဲကို ရောက်သွားပြီး Wakanda က လွှတ်လိုက်တဲ့ ယာဉ်ပျံကိုလည်း ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာ တွေ့ခဲ့ရတဲ့ ယာဉ်တွေကတော့ Peter Quill ရဲ့ Milano ၊ Captain Marvel ရဲ့ ရှေ့ပြေးပုံစံဂျက်၊ Grandmaster ရဲ့ ယာဉ်ပျံ၊ Nova Corps တွေရဲ့ ယာဉ်ပျံ၊ Ronan ရဲ့ Nerocraft နဲ့ Ant-Man ရဲ့ Quantum Bubble Ship တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာ တစ်ခုကတော့ အဲ့ဒီယာဉ်ပျံတွေထဲမှာ Star Wars ထဲက X-Wing နဲ့ အတော်လေး ဆင်တူတဲ့ ယာဉ်ပျံတစ်ခုကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

(15) Korg
photo via screenrant

The Collector နဲ့ T’Challa တို့ တိုက်ခိုက်ကြတဲ့အချိန်မှာတော့ The Collector ပထမဆုံး ရွေးချယ်ခဲ့တဲ့ လက်နက်ဟာ ကျောက်တုံးလက်ကြီးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် The Collector ဟာ “အရမ်းစကားများတဲ့ Kronan ဆီက ရတာလေ … ” လို့ ပြောခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း စကားသိပ်များတဲ့ Kronan ကတော့ Thor: Ragnarok ထဲမှာ ပါဝင်ခဲ့တဲ့ Korg ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီ Timeline ထဲမှာတော့ Korg ဟာ အကြောင်းတစ်ခုခုနဲ့ သေဆုံးသွားပြီး The Collector ရဲ့ စုဆောင်းမှုထဲကတစ်ခု ဖြစ်နေပါတယ်။

(16) The Collector ရဲ့ လက်နက်များ
photo via screenrant

ထုံးစံအတိုင်းပဲ The Collector မှာ လက်နက်တစ်ခုတည်း ရှိတာမဟုတ်ဘဲ သူ စုဆောင်းထားတဲ့ တခြားလက်နက်တွေများစွာ ရှိပါသေးတယ်။ အဲ့ဒီလက်နက်တွေထဲမှာတော့ Captain America ရဲ့ ဒိုင်းနဲ့ Thor ရဲ့ Mjolnir တို့လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီ Timeline ထဲမှာတော့ The Collector က Avengers တွေကို အနိုင်ယူခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

ဒါ့အပြင် The Collector ဟာ Thor: The Dark World ထဲက ဗီလိန်ဖြစ်သူ Malekith ရဲ့ ဓားမြှောင်ကို အသုံးပြုကာ တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ Hela ရဲ့ ခေါင်းစွပ်ကလည်း သူ့ရဲ့စုဆောင်းမှုထဲကတစ်ခု ဖြစ်နေကာ အဲ့ဒီခေါင်းစွပ်ရဲ့အစွမ်းနဲ့လည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

(17) Jump Point
photo via screenrant

အပိုင်း(၂)ရဲ့ အဆုံးသတ်နားမှာတော့ Kraglin ဟာ တစ်ယောက်ယောက်နဲ့ Jump Point အကြောင်းကို ပြောဆိုနေပါတယ်။ Jump Point ဆိုတာကတော့ စကြဝဠာကြီးထဲက ဝေးလံတဲ့နေရာတစ်ခုနဲ့ တစ်ခုကို ချက်ချင်းသွားနိုင်တဲ့ Wormhole တွေ ဖြစ်ပါတယ်။ အဲ့ဒီ Jump Point တွေကတော့ MCU ထဲမှာ မကြာခဏ ပါဝင်ပြီး အမှတ်ရစရာအကောင်းဆုံး ဇာတ်ဝင်ခန်းကတော့ Guardians of the Galaxy Vol. 2 ထဲမှာ Yondu က Ego ဂြိုဟ်ကို သွားဖို့အတွက် Jump Point တွေအများကြီးကို ခုန်ကျော်တဲ့အခန်းပဲ ဖြစ်ပါတယ်။

(18) Ego
photo via screenrant

ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ Peter Quill ဟာ တစ်ယောက်တည်း အလုပ်လုပ်နေတဲ့အချိန်မှာ Ego ရောက်လာတာကို ပြသွားပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Peter ဟာ သူ့ရဲ့ သေဆုံးသွားတဲ့မိခင် ချန်ရစ်ခဲ့တဲ့ Mixtape လေးကို နားထောင်နေပြီး Headphones ကလည်း Guardians of the Galaxy ထဲမှာ Chris Pratt ဝတ်ဆင်တဲ့ Headphones ပဲ ဖြစ်ပါတယ်။

Peter Quill အလုပ်လုပ်နေတဲ့ နေရာကတော့ Dairy Queen ဖြစ်ပြီး အဲ့ဒီနေရာကိုတော့ Guardians of the Galaxy Vol. 2 ထဲမှာ Ego က Peter ကို အသုံးချပြီး ကမ္ဘာအပါအဝင် တခြားဂြိုဟ်တွေကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့အချိန်မှာလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

ဒါကတော့ What If …? အပိုင်း(၂)ထဲက စိတ်ဝင်စားစရာအချက်တချို့နဲ့ easter egg တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေရှိရင်လည်း ကောမန့်မှာ ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေလာေလာဆယ္မွာေတာ့ What If…? ဇာတ္လမ္းတြဲဟာ ႏွစ္ပိုင္း ထြက္ရွိထားၿပီ ျဖစ္ၿပီး စုစုေပါင္း ကိုးပိုင္း ထြက္ရွိမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းရဲ႕ အဓိက အေၾကာင္းအရာကေတာ့ ကြၽန္ေတာ္တို႔ အရင္ကျမင္ဖူးခဲ့တဲ့ MCU Timeline နဲ႔ မတူညီတဲ့ တျခား Timeline ေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ လူတစ္ေယာက္ရဲ႕ ေသးငယ္တဲ့ အမွားေလးတစ္ခု၊ မတူညီတဲ့ ေ႐ြးခ်ယ္မႈတစ္ခုကေတာင္ လုံးဝမတူညီတဲ့ Timeline အသစ္ေတြ ျဖစ္သြားေစတာကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ အပိုင္း(၂)ထဲက Easter Egg ေတြနဲ႔ စိတ္ဝင္စားစရာ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Star-Lord ရဲ႕ ပထမဆုံး ဇာတ္ဝင္ခန္း
photo via screenrant

What If…? အပိုင္း(၁)ထဲမွာလည္း Captain America: The First Avenger ထဲက ဇာတ္ဝင္ခန္းအမ်ားစုရဲ႕ ပုံစံတူေတြကို ျမင္ေတြ႕ခဲ့ရသလို အပိုင္း(၂)ထဲမွာလည္း Guardians of the Galaxy ထဲက ဇာတ္ဝင္ခန္းအခ်ိဳ႕ရဲ႕ ပုံစံတူေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပထမဆုံး ဇာတ္ဝင္ခန္းမွာဆိုရင္ Star-Lord ဟာ Power Stone ကို ခိုးယူဖို႔အတြက္ Morag ၿဂိဳဟ္ေပၚကို ေရာက္လာၿပီး Power Stone ကို ရယူခဲ့တဲ့ ဇာတ္ဝင္ခန္းကလည္း Guardians of the Galaxy Vol. 1 ရဲ႕ ပထမဆုံးဇာတ္ဝင္ခန္းနဲ႔ အတူတူပဲ ျဖစ္ပါတယ္။ ကြာျခားခ်က္ကေတာ့ Star-Lord ဟာ Peter Quill မဟုတ္ဘဲ T’Challa ျဖစ္ေနၿပီး Power Stone ကို ယူဖို႔အသြားမွာ မကခဲ့တာပဲ ရွိပါတယ္။

(2) Star-Lord မ်က္ႏွာဖုံး
photo via screenrant

Guardians of the Galaxy ထဲမွာေတာ့ Star-Lord မ်က္ႏွာဖုံးရဲ႕ မ်က္လုံးဟာ အနီေရာင္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း What If…? ထဲမွာေတာ့ မ်က္လုံးအေရာင္ဟာ ခရမ္းေရာင္အျဖစ္ ေျပာင္းလဲသြားၿပီး Black Panther နဲ႔ နီးစပ္တဲ့ အေရာင္ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ Black Panther ျဖစ္လာဖို႔ ေသာက္ရတဲ့ အသည္းပုံစံအပင္ကလည္း ခရမ္းေရာင္ပဲ ျဖစ္ပါတယ္။

(3) နာမည္ႀကီးဝရမ္းေျပး Star-Lord
photo via screenrant

Guardians of the Galaxy ထဲမွာေတာ့ Star-Lord ဟာ Power Stone ကို ခိုးယူၿပီး Korath နဲ႔ ေတြ႕တဲ့အခ်ိန္မွာ သူ႔ကိုယ္သူ နာမည္ႀကီးဝရမ္းေျပး Star-Lord လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း Korath ကေတာ့ အဲ့ဒီနာမည္ကို တစ္ခါမွေတာင္ မၾကားဖူးခဲ့ပါဘူး။ What If…? ထဲမွာေတာ့ အဲ့ဒီဇာတ္ဝင္ခန္းဟာ ေျပာင္းျပန္ျဖစ္သြားၿပီး T’Challa ဟာ သူ႔ကိုယ္သူ Star-Lord လို႔ေတာင္ မေျပာရေသးဘဲ သူ႔ကိုျမင္တာနဲ႔ Korath က Star-Lord မွန္း တန္းသိခဲ့ပါတယ္။

ဒါ့အျပင္ Korath ဟာ Star-Lord ရဲ႕ အမာခံပရိသတ္လည္း ျဖစ္ပါတယ္။ ဒီလိုမ်ိဴး ေျပာင္းလဲသြားရတဲ့ အေၾကာင္းရင္းကေတာ့ T’Challa ဟာ Robinhood လိုမ်ိဴး ခ်မ္းသာသူေတြဆီက ခိုးယူၿပီး ဆင္းရဲသူေတြကို ျပန္လည္ ေဝမွ်ေပးသလို ၿဂိဳဟ္ေပါင္းမ်ားစြာကိုလည္း ကယ္တင္ေပးခဲ့တဲ့ သူရဲေကာင္း ျဖစ္ေနလို႔ပါပဲ။

(4) Bruce Banner ရဲ႕ ဒူးေထာက္အ႐ိုအေသေပးျခင္း
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Korath ဟာ Star-Lord ရဲ႕ အမာခံပရိသတ္တစ္ေယာက္ ျဖစ္ၿပီး မတိုက္ခိုက္ခင္မွာ Star-Lord ကို ဒူးေထာက္ အ႐ိုအေသေပးခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ Avengers: Infinity War ထဲမွာ Bruce Banner က T’Challa ကို ပထမဆုံးေတြ႕တဲ့အခ်ိန္မွာ ျဖစ္ခဲ့တဲ့ ဟာသျဖစ္ရပ္တစ္ခု ျဖစ္ၿပီး အဲ့ဒီဇာတ္ဝင္ခန္းကို reference အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

(5) သြားေတြ အေကာင္းတိုင္း ရွိေနေသးတဲ့ Yondu
photo via screenrant

Guardians of the Galaxy ထဲမွာေတာ့ Yondu ရဲ႕ သြားအမ်ားစုဟာ ေ႐ႊသြားတုေတြ ျဖစ္ၾကပါတယ္။ What If…? ထဲမွာေတာ့ Yondu ဟာ သြားတုေတြနဲ႔ မဟုတ္ဘဲ အကုန္လုံးအေကာင္းတိုင္း ျဖစ္ေနပါတယ္။ Morag ၿဂိဳဟ္ကေန ထြက္လာတဲ့အခ်ိန္မွာေတာ့ T’Challa ဟာ Ravager ေတြသာ သူတို႔ရဲ႕နည္းလမ္းေတြကို မေျပာင္းလဲဘူးဆိုရင္ Yondu ရဲ႕ သြားတစ္ဝက္ေလာက္က အခုခ်ိန္မွာ မရွိေလာက္ေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္။

(Ravager ဆိုတာကေတာ့ အာကာသထဲမွာ ခရီးေတြသြားၿပီး ခိုးဆိုးလုႏႈိက္စတဲ့ မေကာင္းမႈေတြကို က်ဴးလြန္ေနတဲ့လူေတြကို ေျပာတာ ျဖစ္ပါတယ္။) အေပၚမွာေဖာ္ျပခဲ့သလို Yondu ရဲ႕ အဖြဲ႕ထဲကို T’Challa ဝင္ေရာက္လာကတည္းက အေျပာင္းအလဲေတြမ်ားစြာ ျဖစ္ခဲ့ၿပီး ဒီဇာတ္လမ္းထဲမွာေတာ့ သူတို႔က သူရဲေကာင္းေတြ ျဖစ္ေနၾကပါၿပီ။

(6) Mandela
photo via screenrant

ဒီဇာတ္လမ္းထဲမွာလည္း T’Challa ဟာ Peter Quill ရဲ႕ ယာဥ္ပ်ံနဲ႔ ဆင္တူတဲ့ ယာဥ္ပ်ံတစ္ခုကို စီးနင္းတာ ျမင္ေတြ႕ခဲ့ရပါတယ္။ Guardians of the Galaxy ထဲမွာ Peter Quill စီးနင္းတဲ့ ယာဥ္ပ်ံရဲ႕ အမည္ကေတာ့ Milano ျဖစ္ၿပီး ၁၉၈၀ ေက်ာ္ေလာက္က နာမည္ႀကီးမင္းသမီး Alyssa Milano ရဲ႕ နာမည္ကို အစြဲျပဳၿပီး ေပးထားတာ ျဖစ္ပါတယ္။ T’Challa ရဲ႕ ယာဥ္ပ်ံကေတာ့ Mandela ျဖစ္ၿပီး ေတာင္အာဖရိကရဲ႕ သမၼတေဟာင္းျဖစ္သူ Nelson Mandela ရဲ႕ နာမည္ကို အစြဲျပဳၿပီး ေပးထားတာ ျဖစ္ပါတယ္။

(7) Thanos ကို စည္း႐ုံးႏိုင္ခဲ့တဲ့ T’Challa
photo via screenrant

ဒီဇာတ္လမ္းထဲမွာေတာ့ Thanos ဟာ ဗီလိန္တစ္ေယာက္ မဟုတ္ေတာ့ဘဲ Yondu ရဲ႕ Ravager အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ေနပါတယ္။ အေၾကာင္းကေတာ့ စၾကဝဠာႀကီးရဲ႕ သက္ရွိတစ္ဝက္ကို ေဖ်ာက္ပစ္မယ့္နည္းထက္ ပိုေကာင္းတဲ့နည္းေတြ ရွိတယ္ဆိုၿပီး T’Challa က Thanos ကို စည္း႐ုံးႏိုင္ခဲ့လို႔ပဲ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ Thanos ရဲ႕ သက္ရွိတစ္ဝက္ကို ေဖ်ာက္ပစ္မယ့္ အစီအစဥ္ဟာ Ravager ေတြၾကားက ဟာသတစ္ခုပဲ ျဖစ္ေနပါေတာ့တယ္။

(8) အသက္ရွင္သန္ခဲ့တဲ့ Drax ရဲ႕ မိသားစု
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုပဲ T’Challa ဟာ စၾကဝဠာထဲမွာ နာမည္ႀကီး သူရဲေကာင္းတစ္ေယာက္ ျဖစ္ေနၿပီး ၿဂိဳဟ္ေပါင္းမ်ားစြာကိုလည္း ကယ္တင္ခဲ့ဖူးပါတယ္။ အဲ့ဒီၿဂိဳဟ္ေတြထဲမွာ Drax ရဲ႕ ၿဂိဳဟ္လည္း အပါအဝင္ျဖစ္ၿပီး Ronan ဦးေဆာင္တဲ့ Kree ေတြရဲ႕ က်ဴးေက်ာ္မႈကို T’Challa က တားဆီးခဲ့ပါတယ္။ Power Stone ကို ရယူလာၿပီး Ravager ေတြ ေအာင္ပြဲခံေနၾကတဲ့အခ်ိန္မွာ T’Challa နဲ႔ Drax တို႔ ေတြ႕ဆုံခဲ့ၾကၿပီး T’Challa ရဲ႕ ေက်းဇူးေၾကာင့္ သူ႔ရဲ႕မိသားစုေတြ အသက္ရွင္ႏိုင္ခဲ့တာပါလို႔ Drax က ေျပာသြားပါတယ္။

(9) Nebula
photo via screenrant

ဒီဇာတ္လမ္းထဲမွာ ႐ုပ္ပိုင္းဆိုင္ရာ အမ်ားႀကီး ေျပာင္းလဲသြားတဲ့ ဇာတ္ေကာင္ကေတာ့ Nebula ပဲ ျဖစ္ပါတယ္။ MCU ရဲ႕ အဓိက Timeline ထဲမွာေတာ့ Thanos ဟာ Nebula နဲ႔ Gamora တို႔ကို ငယ္ငယ္ကတည္းက တိုက္ခိုက္ေရးေတြ ေလ့က်င့္ေစခဲ့ၿပီး တစ္ခါရႈံးနိမ့္တိုင္း ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုကို စက္ပစၥည္းနဲ႔ အစားထိုးေစခဲ့ပါတယ္။

Nebula ကေတာ့ Gamora ကို ဘယ္တုန္းကမွ မႏိုင္ခဲ့တာေၾကာင့္ သူမရဲ႕ခႏၶာကိုယ္ အစိတ္အပိုင္းအမ်ားစုဟာ စက္ပစၥည္းေတြ ျဖစ္ေနပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Nebula ရဲ႕ မ်က္လုံးတစ္ဘက္တည္းကသာ စက္ပစၥည္းျဖစ္ေနၿပီး ေ႐ႊေရာင္ဆံပင္နဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ T’Challa ဟာ Nebula ရဲ႕ငယ္ဘဝ အခ်ိန္ကတည္းက Thanos ကို နားခ်ႏိုင္ခဲ့တာလို႔ ယူဆႏိုင္ပါတယ္။

(10) လယ္သမားႀကီး Thanos
photo via screenrant

Thanos ဟာ အခ်ိန္မီ ေျပာင္းလဲသြားေပမယ့္လည္း Nebula ကေတာ့ သူ႔အေပၚမွာ အၿငိဳးထားေနတုန္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ T’Challa ဟာ သူတို႔ႏွစ္ေယာက္ကို အဆင္ေျပသြားေအာင္ ရင္ၾကားေစ့ဖို႔ ႀကိဳးစားေနတယ္လို႔ ေျပာသြားပါတယ္။ ဒါ့အျပင္ T’Challa ဟာ Thanos က တကယ္ေျပာင္းလဲသြားၿပီး လယ္ယာစိုက္ပ်ိဴးေနတယ္လို႔ ေျပာသြားပါတယ္။ ဒီအခ်က္ကေတာ့ Avengers: Endgame ထဲမွာ Thanos က သူ႔ရဲ႕အစီအစဥ္ ေအာင္ျမင္ၿပီးေနာက္မွာ ေအးေအးလူလူ လယ္ယာလုပ္ေနတာကို reference အေနနဲ႔ ထည့္သြင္ထားတာပါ။

(11) Black Order
photo via screenrant

ဒီဇာတ္လမ္းထဲမွာ T’Challa ဟာ Thanos ကို နားခ်ႏိုင္ခဲ့ေပမယ့္လည္း Black Order အဖြဲ႕ကိုေတာ့ နားခ်ႏိုင္ခဲ့ပုံ မေပၚပါဘူး။ Thanos ဟာ လမ္းမွန္ကို ေရာက္သြားတာေၾကာင့္ စၾကဝဠာႀကီးရဲ႕ ဗီလိန္ေနရာက လစ္လပ္သြားၿပီး အဲ့ဒီေနရာကိုေတာ့ The Collector က ဝင္ယူခဲ့ပါတယ္။

ဒါ့အျပင္ တစ္ခ်ိန္က Thanos ရဲ႕ လက္ေအာက္မွာရွိခဲ့တဲ့ Black Order အဖြဲ႕ကလည္း The Collector လက္ေအာက္ကို ေရာက္သြားပါတယ္။ Black Order အဖြဲ႕ထဲမွာေတာ့ Ebony Maw ၊ Cull Obsidian ၊ Corvus Glaive နဲ႔ Proxima Midnight တို႔ ပါဝင္ၿပီး What If…? ထဲက Black Order က Endgame ထဲက ပိုၿပီးစြမ္းအားႀကီးတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

(12) ေခြးေလး Cosmo
photo via screenrant

ေခြးေလး Cosmo ကေတာ့ Marvel ေကာမစ္ထဲမွာေရာ၊ MCU ရဲ႕ Guardians of the Galaxy ထဲမွာပါ The Collector ရဲ႕ စုေဆာင္းမႈထဲက တစ္ခုအေနနဲ႔ ပါဝင္ခဲ့ပါတယ္။ What If…? ထဲမွာလည္း တျခားအရာေတြမ်ားစြာ ေျပာင္းလဲသြားေပမယ့္လည္း Cosmo ကေတာ့ The Collector ရဲ႕ စုေဆာင္းမႈတစ္ခု ျဖစ္ေနတုန္းပါပဲ။ ဒါေပမယ့္လည္း Knowhere ကေန ထြက္လာတဲ့အခ်ိန္မွာေတာ့ T’Challa က Cosmo ကို သူနဲ႔အတူ ေခၚလာခဲ့ပါတယ္။

(13) The Collector ရဲ႕ စုေဆာင္းမႈမ်ား
photo via screenrant

Guardians of the Galaxy ထဲမွာေတာ့ Dark Elf တစ္ေယာက္ကို The Collector ရဲ႕ အခ်ဳပ္ခန္းတစ္ခုထဲမွာ ျမင္ေတြ႕ခဲ့ရသလို What If…? ထဲမွာလည္း ထပ္မံျမင္ေတြ႕ခဲ့ရပါတယ္။ Dark Elf ကေတာ့ Thor: The Dark World ထဲက ဗီလိန္မ်ိဴးစိတ္ ျဖစ္ပါတယ္။

ဒါ့အျပင္ The Collector ရဲ႕ စုေဆာင္းမႈထဲမွာ Frost Giant နဲ႔ Kronan လည္း ရွိေနပါေသးတယ္။ Frost Giant ကိုေတာ့ Thor ႐ုပ္ရွင္ထဲမွာ ေတြ႕ခဲ့ရၿပီး Kronan ကေတာ့ Thor: Ragnarok ထဲက ေက်ာက္တုံးလူသား Korg ရဲ႕ မ်ိဴးႏြယ္ပဲ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Howard the Duck ကိုလည္း The Collector ရဲ႕ အခ်ဳပ္ခန္းတစ္ခုမွာ ျမင္ေတြ႕ခဲ့ရၿပီး T’Challa ကို လမ္းၫႊန္ေပးခဲ့ပါေသးတယ္။

(14) The Collector ရဲ႕ ယာဥ္ပ်ံမ်ား
photo via screenrant

ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ T’Challa ဟာ ယာဥ္ပ်ံေတြ အျပည့္ထားထားတဲ့ အခန္းတစ္ခုထဲကို ေရာက္သြားၿပီး Wakanda က လႊတ္လိုက္တဲ့ ယာဥ္ပ်ံကိုလည္း ရွာေတြ႕ခဲ့ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာ ေတြ႕ခဲ့ရတဲ့ ယာဥ္ေတြကေတာ့ Peter Quill ရဲ႕ Milano ၊ Captain Marvel ရဲ႕ ေရွ႕ေျပးပုံစံဂ်က္၊ Grandmaster ရဲ႕ ယာဥ္ပ်ံ၊ Nova Corps ေတြရဲ႕ ယာဥ္ပ်ံ၊ Ronan ရဲ႕ Nerocraft နဲ႔ Ant-Man ရဲ႕ Quantum Bubble Ship တို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ စိတ္ဝင္စားစရာ တစ္ခုကေတာ့ အဲ့ဒီယာဥ္ပ်ံေတြထဲမွာ Star Wars ထဲက X-Wing နဲ႔ အေတာ္ေလး ဆင္တူတဲ့ ယာဥ္ပ်ံတစ္ခုကိုလည္း ျမင္ေတြ႕ခဲ့ရပါေသးတယ္။

(15) Korg
photo via screenrant

The Collector နဲ႔ T’Challa တို႔ တိုက္ခိုက္ၾကတဲ့အခ်ိန္မွာေတာ့ The Collector ပထမဆုံး ေ႐ြးခ်ယ္ခဲ့တဲ့ လက္နက္ဟာ ေက်ာက္တုံးလက္ႀကီးပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ The Collector ဟာ “အရမ္းစကားမ်ားတဲ့ Kronan ဆီက ရတာေလ … ” လို႔ ေျပာခဲ့ပါတယ္။

အားလုံးသိၾကတဲ့အတိုင္း စကားသိပ္မ်ားတဲ့ Kronan ကေတာ့ Thor: Ragnarok ထဲမွာ ပါဝင္ခဲ့တဲ့ Korg ကို ဆိုလိုတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီ Timeline ထဲမွာေတာ့ Korg ဟာ အေၾကာင္းတစ္ခုခုနဲ႔ ေသဆုံးသြားၿပီး The Collector ရဲ႕ စုေဆာင္းမႈထဲကတစ္ခု ျဖစ္ေနပါတယ္။

(16) The Collector ရဲ႕ လက္နက္မ်ား
photo via screenrant

ထုံးစံအတိုင္းပဲ The Collector မွာ လက္နက္တစ္ခုတည္း ရွိတာမဟုတ္ဘဲ သူ စုေဆာင္းထားတဲ့ တျခားလက္နက္ေတြမ်ားစြာ ရွိပါေသးတယ္။ အဲ့ဒီလက္နက္ေတြထဲမွာေတာ့ Captain America ရဲ႕ ဒိုင္းနဲ႔ Thor ရဲ႕ Mjolnir တို႔လည္း အပါအဝင္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီ Timeline ထဲမွာေတာ့ The Collector က Avengers ေတြကို အႏိုင္ယူခဲ့တယ္လို႔ ယူဆႏိုင္ပါတယ္။

ဒါ့အျပင္ The Collector ဟာ Thor: The Dark World ထဲက ဗီလိန္ျဖစ္သူ Malekith ရဲ႕ ဓားေျမႇာင္ကို အသုံးျပဳကာ တိုက္ခိုက္ခဲ့ပါေသးတယ္။ ဒါတင္မကေသးဘဲ Hela ရဲ႕ ေခါင္းစြပ္ကလည္း သူ႔ရဲ႕စုေဆာင္းမႈထဲကတစ္ခု ျဖစ္ေနကာ အဲ့ဒီေခါင္းစြပ္ရဲ႕အစြမ္းနဲ႔လည္း တိုက္ခိုက္ခဲ့ပါေသးတယ္။

(17) Jump Point
photo via screenrant

အပိုင္း(၂)ရဲ႕ အဆုံးသတ္နားမွာေတာ့ Kraglin ဟာ တစ္ေယာက္ေယာက္နဲ႔ Jump Point အေၾကာင္းကို ေျပာဆိုေနပါတယ္။ Jump Point ဆိုတာကေတာ့ စၾကဝဠာႀကီးထဲက ေဝးလံတဲ့ေနရာတစ္ခုနဲ႔ တစ္ခုကို ခ်က္ခ်င္းသြားႏိုင္တဲ့ Wormhole ေတြ ျဖစ္ပါတယ္။ အဲ့ဒီ Jump Point ေတြကေတာ့ MCU ထဲမွာ မၾကာခဏ ပါဝင္ၿပီး အမွတ္ရစရာအေကာင္းဆုံး ဇာတ္ဝင္ခန္းကေတာ့ Guardians of the Galaxy Vol. 2 ထဲမွာ Yondu က Ego ၿဂိဳဟ္ကို သြားဖို႔အတြက္ Jump Point ေတြအမ်ားႀကီးကို ခုန္ေက်ာ္တဲ့အခန္းပဲ ျဖစ္ပါတယ္။

(18) Ego
photo via screenrant

ဒီအပိုင္းရဲ႕ အဆုံးသတ္မွာေတာ့ Peter Quill ဟာ တစ္ေယာက္တည္း အလုပ္လုပ္ေနတဲ့အခ်ိန္မွာ Ego ေရာက္လာတာကို ျပသြားပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Peter ဟာ သူ႔ရဲ႕ ေသဆုံးသြားတဲ့မိခင္ ခ်န္ရစ္ခဲ့တဲ့ Mixtape ေလးကို နားေထာင္ေနၿပီး Headphones ကလည္း Guardians of the Galaxy ထဲမွာ Chris Pratt ဝတ္ဆင္တဲ့ Headphones ပဲ ျဖစ္ပါတယ္။

Peter Quill အလုပ္လုပ္ေနတဲ့ ေနရာကေတာ့ Dairy Queen ျဖစ္ၿပီး အဲ့ဒီေနရာကိုေတာ့ Guardians of the Galaxy Vol. 2 ထဲမွာ Ego က Peter ကို အသုံးခ်ၿပီး ကမာၻအပါအဝင္ တျခားၿဂိဳဟ္ေတြကို သိမ္းပိုက္ဖို႔ ႀကိဳးစားခဲ့တဲ့အခ်ိန္မွာလည္း ျမင္ေတြ႕ခဲ့ရပါေသးတယ္။

ဒါကေတာ့ What If …? အပိုင္း(၂)ထဲက စိတ္ဝင္စားစရာအခ်က္တခ်ိဳ႕နဲ႔ easter egg ေတြကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ေဆြးေႏြးလိုတဲ့ အေၾကာင္းအရာေတြရွိရင္လည္း ေကာမန႔္မွာ ေဆြးေႏြးေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular