HomeEntertainmentFilmWhat If...? အပိုင်း(၃)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

What If…? အပိုင်း(၃)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။
***SPOILER ALERT***

What If…? အပိုင်း(၃)ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ အပိုင်း(၃)ထဲမှာတော့ Nick Fury ဟာ Avengers တွေကို စတင်ဖွဲ့စည်းဖို့ စီစဉ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အရင်တုန်းက ကြည့်ခဲ့ရတဲ့ MCU ရုပ်ရှင်တွေနဲ့ မတူညီတဲ့အချက်ကတော့ မူလ Avengers အဖွဲ့ဝင်တွေနေရာမှာ လျာထားခံရသူတွေဟာ Avengers မဖြစ်ခင်မှာတင် အကြောင်းအမျိူးမျိူးနဲ့ သေဆုံးကုန်ကြတာပါပဲ။ အပိုင်း(၃)ကလည်း ထုံးစံအတိုင်းပဲ စိတ်ဝင်စားစရာ Easter Egg တွေနဲ့ ယခင် MCU ဇာတ်လမ်းတွေရဲ့ Reference တွေ ပါဝင်နေပါတယ်။

(1) Iron Man 2 Reference
photo via screenrant

What If…? အပိုင်း(၁)နဲ့ (၂)ထဲမှာတော့ Captain America: The First Avenger နဲ့ Guardians of the Galaxy တို့ကို အခြေခံပြီး ဖန်တီးထားပါတယ်။ အပိုင်း(၃)ကတော့ MCU Phase 1 ရဲ့ ရုပ်ရှင်တွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ Iron Man 2 ထဲမှာ Tony က ဒိုးနပ်စားနေပြီး Fury က Avenger အဖွဲ့အကြောင်းကို လာရောက်ပြောပြတဲ့ ဇာတ်ဝင်ခန်းကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ Tony ဟာ သူ့ရင်ဘတ်က Reactor ကြောင့် အဆိပ်သင့်နေပြီး Black Widow ကတော့ အဆိပ်သင့်နေတာကို နှောင့်နှေးသွားအောင် ဆေးတစ်မျိူး ထိုးပေးခဲ့ပါတယ်။ What If…? ထဲမှာ ပြောင်းလဲသွားတဲ့ အချက်ကတော့ ဆေးထိုးပြီးပြီးချင်းမှာပဲ Tony ဟာ လဲကျသေဆုံးသွားပါတယ်။

(2) အရက်စွဲနေတဲ့ Tony
photo via screenrant

Watcher ဟာ Avengers တွေအကြောင်း ပြောပြနေရင်း “Tony ဟာ အပြင်လောကမှာရှိတဲ့ ဗီလိန်တွေနဲ့ ရင်ဆိုင်ရုံတင် မဟုတ်ဘဲ သူ့ရဲ့ စိတ်အတွင်းပိုင်းက မကောင်းဆိုးဝါးနဲ့လည်း ရင်ဆိုင်နေရတယ် …” လို့ ပြောသွားပါတယ်။ ကောမစ်ထဲမှာတော့ Tony ဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် အရက်စွဲသွားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ဒီအချက်ကိုတော့ MCU ထဲမှာ မပြသွားခဲ့ပါဘူး။ အခုချိန်မှာတော့ Watcher ရဲ့ ပြောစကားကြောင့်ပဲ Iron Man 2 ထွက်ရှိခဲ့တဲ့အချိန် အပိုင်းအခြားလောက်မှာ MCU ထဲက Tony ဟာလည်း ကောမစ်ထဲကလိုပဲ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် အရက်စွဲသွားသေးတယ်လို့ ယူဆနိုင်ပါတယ်။

(3) Captain America: Winter Soldier Reference
photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Black Widow က ဆေးထိုးပြီးပြီးချင်းမှာ Tony ဟာ သေဆုံးသွားတာကြောင့် S.H.I.E.L.D. က သူမကို စစ်ဆေးဖို့ ဖမ်းဆီးသွားပါတယ်။ အဲ့ဒီနောက်မှာတော့ Crossbone အပါအဝင် S.H.I.E.L.D. ထဲမှာ စိမ့်ဝင်နေတဲ့ တခြား Hydra အေးဂျင့်တွေဟာ သူမကို Alexander Pierce ဆီ ခေါ်ဆောင်သွားပါတယ်။

လမ်းခရီးမှာတော့ Black Widow တစ်ယောက်တည်းက သူမအနားမှာ ပတ်လည်ဝိုင်းနေတဲ့ အေးဂျင့်တွေကို တိုက်ခိုက်သွားပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ Captain America: Winter Soldier ထဲမှာ Cap နဲ့ Hydra အေးဂျင့်တွေ ဓာတ်လှေကားထဲမှာ တိုက်ခိုက်ကြတဲ့ ဇာတ်ဝင်ခန်းကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

(4) Stanley’s Pizza
photo via screenrant

Black Widow ဟာ ဖမ်းဆီးခံရရာက လွတ်မြောက်လာပြီးမှာတော့ The Incredible Hulk ထဲက Bruce Banner ရဲ့ ချစ်သူဖြစ်ခဲ့သူ Betty Ross ဆီကို သွားရောက်ခဲ့ပါတယ်။ Betty ဆီကို ရောက်သွားတဲ့အချိန်မှာတော့ Stanley’s Pizza ဆိုတဲ့ ဦးထုပ်နဲ့ အင်္ကျီကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ Bruce Banner ပုန်းနေတာကို Black Widow က သိသွားပါတယ်။

The Incredible Hulk ထဲမှာတော့ Bruce ဟာ အစိုးရလက်က ရှောင်ပုန်းနေချိန်မှာ Stanley’s Pizza ဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါကို Easter Egg အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပြီး အားလုံးသတိထားမိကြသလို Stan Lee ကို ရည်ညွှန်းတဲ့ Easter Egg တစ်ခုလည်း ဖြစ်ပါသေးတယ်။

(5) The Incredible Hulk Reference
photo via screenrant

The Incredible Hulk ထဲမှာ Bruce က Betty ကို လာတွေ့တဲ့အချိန်မှာ စစ်တပ်က ရောက်လာပြီး တိုက်ခိုက်ခဲ့ကြတဲ့ ဇာတ်ဝင်ခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ What If…? ထဲမှာတော့ ဒီနေရာမှာ Bruce တစ်ယောက်တည်း မဟုတ်ဘဲ Black Widow ပါ ရှိနေပြီး အကြောင်းတစ်ခုကြောင့် ထိန်းချုပ်ရခက်လွန်းတဲ့ Hulk တောင်မှ သေဆုံးသွားခဲ့ပါတယ်။

(6) အိမ်ရှေ့စံမင်းသားဖြစ်သွားတဲ့ Loki
photo via screenrant

Thor ဟာ ကမ္ဘာပေါ်မှာ Clint ရဲ့ မြားချက်ကြောင့် သေဆုံးသွားပြီး Odin ကလည်း Odinsleep အခြေအနေ ဖြစ်နေတာကြောင့် Loki ဟာ အိမ်ရှေ့စံမင်းသား ဖြစ်သွားပါတယ်။ ဒီနေရာမှာတော့ Thor လိုလူမျိုးက ဘာကြောင့် Clint ရဲ့ မြားချက်နဲ့ သေသွားတာလည်းဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။

အကြောင်းကတော့ အဲ့ဒီအချိန်တုန်းက ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor ဇာတ်လမ်းထဲကလိုပဲ Odin ဟာ Thor ကို နယ်နှင်ဒဏ်ပေးခဲ့ပြီး စွမ်းအားတွေလည်း မရှိအောင် ပြုလုပ်ထားပါတယ်။ ဒါကြောင့်ပဲ Thor ဟာ Mjolnir ကို မထိုက်တန်မချင်း သာမန်လူတစ်ယောက်လိုပဲ ဖြစ်နေတာကြောင့် Clint ရဲ့ မြားက သူ့ကို သေသွားစေတာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Loki ဟာ Thor ရဲ့ သေဆုံးမှုကို လက်စားချေဖို့အတွက် ကမ္ဘာပေါ်ရောက်လာပြီး Fury တို့နဲ့ တွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers ရုပ်ရှင်ထဲက Loki ပြောခဲ့တဲ့ စကားဖြစ်တဲ့ “နတ်ဘုရားရှေ့မှာ ဒူးထောက်စမ်း …” ဆိုတဲ့ စကားကို ဒီဇာတ်ဝင်ခန်းမှာ ပြန်ပြောသွားပါတယ်။ အဲ့ဒီနောက်မှာတော့ Loki ဟာ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ Casket of Ancient Winters ကို အသုံးပြုပြီး Fury တို့ကို တိုက်ခိုက်ခဲ့ပါသေးတယ်။

(7) Coulson ရဲ့ Password
photo via screenrant

Black Widow ဟာ သေဆုံးသွားတဲ့ Avengers တွေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းဖို့အတွက် Avengers ဖွဲ့စည်းရေးဖိုင်လ်တွေကို ဝင်ကြည့်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ Password လိုအပ်နေတာကြောင့် Coulson ရဲ့ Password ကို မေးမြန်းခဲ့ပါတယ်။

Coulson ရဲ့ Password ကတော့ “SteveSteveSteveIHeartSteve0704” ဆိုပြီး ဖြစ်နေပါတယ်။ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers ရုပ်ရှင်ထဲမှာလည်း Coulson ဟာ Cap ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်တာကို ပြသခဲ့ပါသေးတယ်။ Password အနောက်က ဂဏန်းလေးလုံးကလည်း Cap ရဲ့ မွေးနေ့ဖြစ်တဲ့ ဂျူလိုင်လ (၄)ရက်နေ့ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

(8) Yellowjacket
photo via screenrant

အပိုင်း(၃)ရဲ့ အဆုံးသတ်နားမှာတော့ Hank Pym ဟာ Ant-Man မဟုတ်ဘဲ Yellowjacket ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ Hank Pym တစ်ယောက် အခုလိုဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ သူရဲ့ဇနီး Janet နဲ့ သမီးဖြစ်သူ Hope တို့ဟာ S.H.I.E.L.D. မစ်ရှင်တွေ ပြုလုပ်ရင်း သေဆုံးသွားတာကြောင့် ဖြစ်ပါတယ်။ Fury ရဲ့ ပြောစကားအရဆိုရင် Hope ဟာ ယူကရိန်းနိုင်ငံ Odessa မြို့နားမှာ အသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဒီအချက်ကတော့ Captain America: Winter Soldier ထဲမှာ Black Widow ပြောခဲ့တဲ့ စကားတစ်ခုနဲ့ ဆက်စပ်နေပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာတော့ Black Widow ဟာ မစ်ရှင်တစ်ခုမှာ Winter Soldier နဲ့ တွေ့ဆုံဖူးတဲ့အကြောင်းကို Cap ကို ပြောပြခဲ့ပါတယ်။

အဲ့ဒီမစ်ရှင်ကတော့ Black Widow ဟာ အီရန်နိုင်ငံက ပညာရှင်တစ်ယောက်ကို ကယ်တင်လာရတာ ဖြစ်ပြီး Winter Soldier က အဲ့ဒီပညာရှင်ကို သတ်ပစ်ခဲ့တာကြောင့် Black Widow ရဲ့ မစ်ရှင်ကျဆုံးခဲ့ပါတယ်။ What If…? ထဲမှာတော့ Black Widow ကယ်တင်ခဲ့ရတဲ့ ပညာရှင်ဟာ Hope ဖြစ်နေပြီး Winter Soldier ကပဲ သတ်ပစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

(9) ကမ္ဘာကြီးကို ထိန်းချုပ်လိုက်တဲ့ Loki
photo via screenrant

ဒီ Timeline ထဲမှာတော့ Thor အပါအဝင် Avengers တွေက သေဆုံးကုန်သလို Odin ကလည်း အိပ်ပျော်နေတာကြောင့် အခုချိန်မှာ Loki ကို တားဆီးနိုင်မယ့်သူ ဘယ်သူမှ မရှိတော့ပါဘူး။ Loki ကလည်း ဒီလိုအခွင့်အရေးမျိူးကို လက်လွှတ်မခံဘဲ Asgardian စစ်တပ်ကို အသုံးပြုပြီး ကမ္ဘာကြီးကို ထိန်းချုပ်လိုက်ပါတော့တယ်။ ဒါ့အပြင် လေပေါ်ပျံနေတဲ့ သင်္ဘောတွေကလည်း နေရာအနှံ့မှာ ရှိနေပြီး အဲ့ဒီသင်္ဘောတွေကိုတော့ Thor: The Dark World ထဲမှာ မြင်တွေ့ခဲ့ရပါသေးတယ်။

(10) Captain နှစ်ယောက်
photo via screenrant

Fury ဟာ သူ စီစဉ်ထားတဲ့ Avengers အဖွဲ့ဝင်တွေအားလုံး သေဆုံးသွားပေမယ့်လည်း လက်မလျှော့ခဲ့ဘဲ ရေခဲနေတဲ့ Captain America ကို ရှာတွေ့ခဲ့သလို Captain Marvel ကိုလည်း ခေါ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Captain နှစ်ယောက်ဟာ ကမ္ဘာကြီးကို ထိန်းချုပ်ထားတဲ့ Loki ကို ပူးပေါင်းပြီး တိုက်ခိုက်သွားနိုင်ပါတယ်။ ဒါ့အပြင် ဒီ Timeline ထဲမှာတော့ ကျွန်တော်တို့တွေ သိထားတဲ့ Avengers တွေအများစုဟာ သေဆုံးကုန်ပြီ ဖြစ်တာကြောင့် အသစ်ဖြစ်လာမယ့် Avengers အဖွဲ့ဟာ ကျွန်တော်တို့ သိထားတာနဲ့ အတော်လေး ကွာခြားနေမှာပါ။

ဒါကတော့ What If …? အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

***SPOILER ALERT***
(Zawgyi Version)

What If…? အပိုင္း(၃)ကေတာ့ မၾကာေသးခင္ကပဲ ထြက္ရွိလာပါတယ္။ အပိုင္း(၃)ထဲမွာေတာ့ Nick Fury ဟာ Avengers ေတြကို စတင္ဖြဲ႕စည္းဖို႔ စီစဥ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အရင္တုန္းက ၾကည့္ခဲ့ရတဲ့ MCU ႐ုပ္ရွင္ေတြနဲ႔ မတူညီတဲ့အခ်က္ကေတာ့ မူလ Avengers အဖြဲ႕ဝင္ေတြေနရာမွာ လ်ာထားခံရသူေတြဟာ Avengers မျဖစ္ခင္မွာတင္ အေၾကာင္းအမ်ိဴးမ်ိဴးနဲ႔ ေသဆုံးကုန္ၾကတာပါပဲ။ အပိုင္း(၃)ကလည္း ထုံးစံအတိုင္းပဲ စိတ္ဝင္စားစရာ Easter Egg ေတြနဲ႔ ယခင္ MCU ဇာတ္လမ္းေတြရဲ႕ Reference ေတြ ပါဝင္ေနပါတယ္။

(1) Iron Man 2 Reference
photo via screenrant

What If…? အပိုင္း(၁)နဲ႔ (၂)ထဲမွာေတာ့ Captain America: The First Avenger နဲ႔ Guardians of the Galaxy တို႔ကို အေျခခံၿပီး ဖန္တီးထားပါတယ္။ အပိုင္း(၃)ကေတာ့ MCU Phase 1 ရဲ႕ ႐ုပ္ရွင္ေတြကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ Iron Man 2 ထဲမွာ Tony က ဒိုးနပ္စားေနၿပီး Fury က Avenger အဖြဲ႕အေၾကာင္းကို လာေရာက္ေျပာျပတဲ့ ဇာတ္ဝင္ခန္းကို အေျခခံၿပီး ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။

အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ Tony ဟာ သူ႔ရင္ဘတ္က Reactor ေၾကာင့္ အဆိပ္သင့္ေနၿပီး Black Widow ကေတာ့ အဆိပ္သင့္ေနတာကို ေႏွာင့္ေႏွးသြားေအာင္ ေဆးတစ္မ်ိဴး ထိုးေပးခဲ့ပါတယ္။ What If…? ထဲမွာ ေျပာင္းလဲသြားတဲ့ အခ်က္ကေတာ့ ေဆးထိုးၿပီးၿပီးခ်င္းမွာပဲ Tony ဟာ လဲက်ေသဆုံးသြားပါတယ္။

(2) အရက္စြဲေနတဲ့ Tony
photo via screenrant

Watcher ဟာ Avengers ေတြအေၾကာင္း ေျပာျပေနရင္း “Tony ဟာ အျပင္ေလာကမွာရွိတဲ့ ဗီလိန္ေတြနဲ႔ ရင္ဆိုင္႐ုံတင္ မဟုတ္ဘဲ သူ႔ရဲ႕ စိတ္အတြင္းပိုင္းက မေကာင္းဆိုးဝါးနဲ႔လည္း ရင္ဆိုင္ေနရတယ္ …” လို႔ ေျပာသြားပါတယ္။ ေကာမစ္ထဲမွာေတာ့ Tony ဟာ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာ အခက္အခဲေတြေၾကာင့္ အရက္စြဲသြားခဲ့ပါေသးတယ္။

ဒါေပမယ့္လည္း ဒီအခ်က္ကိုေတာ့ MCU ထဲမွာ မျပသြားခဲ့ပါဘူး။ အခုခ်ိန္မွာေတာ့ Watcher ရဲ႕ ေျပာစကားေၾကာင့္ပဲ Iron Man 2 ထြက္ရွိခဲ့တဲ့အခ်ိန္ အပိုင္းအျခားေလာက္မွာ MCU ထဲက Tony ဟာလည္း ေကာမစ္ထဲကလိုပဲ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြေၾကာင့္ အရက္စြဲသြားေသးတယ္လို႔ ယူဆႏိုင္ပါတယ္။

(3) Captain America: Winter Soldier Reference
photo via screenrant

အေပၚမွာ ေဖာ္ျပထားသလိုပဲ Black Widow က ေဆးထိုးၿပီးၿပီးခ်င္းမွာ Tony ဟာ ေသဆုံးသြားတာေၾကာင့္ S.H.I.E.L.D. က သူမကို စစ္ေဆးဖို႔ ဖမ္းဆီးသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Crossbone အပါအဝင္ S.H.I.E.L.D. ထဲမွာ စိမ့္ဝင္ေနတဲ့ တျခား Hydra ေအးဂ်င့္ေတြဟာ သူမကို Alexander Pierce ဆီ ေခၚေဆာင္သြားပါတယ္။

လမ္းခရီးမွာေတာ့ Black Widow တစ္ေယာက္တည္းက သူမအနားမွာ ပတ္လည္ဝိုင္းေနတဲ့ ေအးဂ်င့္ေတြကို တိုက္ခိုက္သြားပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ Captain America: Winter Soldier ထဲမွာ Cap နဲ႔ Hydra ေအးဂ်င့္ေတြ ဓာတ္ေလွကားထဲမွာ တိုက္ခိုက္ၾကတဲ့ ဇာတ္ဝင္ခန္းကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။

(4) Stanley’s Pizza
photo via screenrant

Black Widow ဟာ ဖမ္းဆီးခံရရာက လြတ္ေျမာက္လာၿပီးမွာေတာ့ The Incredible Hulk ထဲက Bruce Banner ရဲ႕ ခ်စ္သူျဖစ္ခဲ့သူ Betty Ross ဆီကို သြားေရာက္ခဲ့ပါတယ္။ Betty ဆီကို ေရာက္သြားတဲ့အခ်ိန္မွာေတာ့ Stanley’s Pizza ဆိုတဲ့ ဦးထုပ္နဲ႔ အက်ႌကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ Bruce Banner ပုန္းေနတာကို Black Widow က သိသြားပါတယ္။

The Incredible Hulk ထဲမွာေတာ့ Bruce ဟာ အစိုးရလက္က ေရွာင္ပုန္းေနခ်ိန္မွာ Stanley’s Pizza ဆိုင္မွာ အလုပ္လုပ္ခဲ့ပါတယ္။ ဒါကို Easter Egg အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ၿပီး အားလုံးသတိထားမိၾကသလို Stan Lee ကို ရည္ၫႊန္းတဲ့ Easter Egg တစ္ခုလည္း ျဖစ္ပါေသးတယ္။

(5) The Incredible Hulk Reference
photo via screenrant

The Incredible Hulk ထဲမွာ Bruce က Betty ကို လာေတြ႕တဲ့အခ်ိန္မွာ စစ္တပ္က ေရာက္လာၿပီး တိုက္ခိုက္ခဲ့ၾကတဲ့ ဇာတ္ဝင္ခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ What If…? ထဲမွာေတာ့ ဒီေနရာမွာ Bruce တစ္ေယာက္တည္း မဟုတ္ဘဲ Black Widow ပါ ရွိေနၿပီး အေၾကာင္းတစ္ခုေၾကာင့္ ထိန္းခ်ဳပ္ရခက္လြန္းတဲ့ Hulk ေတာင္မွ ေသဆုံးသြားခဲ့ပါတယ္။

(6) အိမ္ေရွ႕စံမင္းသားျဖစ္သြားတဲ့ Loki
photo via screenrant

Thor ဟာ ကမာၻေပၚမွာ Clint ရဲ႕ ျမားခ်က္ေၾကာင့္ ေသဆုံးသြားၿပီး Odin ကလည္း Odinsleep အေျခအေန ျဖစ္ေနတာေၾကာင့္ Loki ဟာ အိမ္ေရွ႕စံမင္းသား ျဖစ္သြားပါတယ္။ ဒီေနရာမွာေတာ့ Thor လိုလူမ်ိဳးက ဘာေၾကာင့္ Clint ရဲ႕ ျမားခ်က္နဲ႔ ေသသြားတာလည္းဆိုတဲ့ ေမးခြန္း ျဖစ္လာပါတယ္။

အေၾကာင္းကေတာ့ အဲ့ဒီအခ်ိန္တုန္းက ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor ဇာတ္လမ္းထဲကလိုပဲ Odin ဟာ Thor ကို နယ္ႏွင္ဒဏ္ေပးခဲ့ၿပီး စြမ္းအားေတြလည္း မရွိေအာင္ ျပဳလုပ္ထားပါတယ္။ ဒါေၾကာင့္ပဲ Thor ဟာ Mjolnir ကို မထိုက္တန္မခ်င္း သာမန္လူတစ္ေယာက္လိုပဲ ျဖစ္ေနတာေၾကာင့္ Clint ရဲ႕ ျမားက သူ႔ကို ေသသြားေစတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ Loki ဟာ Thor ရဲ႕ ေသဆုံးမႈကို လက္စားေခ်ဖို႔အတြက္ ကမာၻေပၚေရာက္လာၿပီး Fury တို႔နဲ႔ ေတြ႕ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Avengers ႐ုပ္ရွင္ထဲက Loki ေျပာခဲ့တဲ့ စကားျဖစ္တဲ့ “နတ္ဘုရားေရွ႕မွာ ဒူးေထာက္စမ္း …” ဆိုတဲ့ စကားကို ဒီဇာတ္ဝင္ခန္းမွာ ျပန္ေျပာသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Loki ဟာ ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor ဇာတ္လမ္းထဲမွာ ပါဝင္ခဲ့တဲ့ Casket of Ancient Winters ကို အသုံးျပဳၿပီး Fury တို႔ကို တိုက္ခိုက္ခဲ့ပါေသးတယ္။

(7) Coulson ရဲ႕ Password
photo via screenrant

Black Widow ဟာ ေသဆုံးသြားတဲ့ Avengers ေတြရဲ႕ ကိစၥနဲ႔ ပတ္သက္ၿပီး စုံစမ္းဖို႔အတြက္ Avengers ဖြဲ႕စည္းေရးဖိုင္လ္ေတြကို ဝင္ၾကည့္ဖို႔ လိုအပ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ Password လိုအပ္ေနတာေၾကာင့္ Coulson ရဲ႕ Password ကို ေမးျမန္းခဲ့ပါတယ္။

Coulson ရဲ႕ Password ကေတာ့ “SteveSteveSteveIHeartSteve0704” ဆိုၿပီး ျဖစ္ေနပါတယ္။ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Avengers ႐ုပ္ရွင္ထဲမွာလည္း Coulson ဟာ Cap ရဲ႕ အမာခံပရိသတ္တစ္ေယာက္ ျဖစ္တာကို ျပသခဲ့ပါေသးတယ္။ Password အေနာက္က ဂဏန္းေလးလုံးကလည္း Cap ရဲ႕ ေမြးေန႔ျဖစ္တဲ့ ဂ်ဴလိုင္လ (၄)ရက္ေန႔ကို ရည္ၫႊန္းတာပဲ ျဖစ္ပါတယ္။

(8) Yellowjacket
photo via screenrant

အပိုင္း(၃)ရဲ႕ အဆုံးသတ္နားမွာေတာ့ Hank Pym ဟာ Ant-Man မဟုတ္ဘဲ Yellowjacket ျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။ Hank Pym တစ္ေယာက္ အခုလိုျဖစ္သြားရတဲ့ အေၾကာင္းရင္းကေတာ့ သူရဲ႕ဇနီး Janet နဲ႔ သမီးျဖစ္သူ Hope တို႔ဟာ S.H.I.E.L.D. မစ္ရွင္ေတြ ျပဳလုပ္ရင္း ေသဆုံးသြားတာေၾကာင့္ ျဖစ္ပါတယ္။ Fury ရဲ႕ ေျပာစကားအရဆိုရင္ Hope ဟာ ယူကရိန္းႏိုင္ငံ Odessa ၿမိဳ႕နားမွာ အသတ္ခံလိုက္ရတယ္လို႔ ဆိုပါတယ္။

ဒီအခ်က္ကေတာ့ Captain America: Winter Soldier ထဲမွာ Black Widow ေျပာခဲ့တဲ့ စကားတစ္ခုနဲ႔ ဆက္စပ္ေနပါတယ္။ အဲ့ဒီ႐ုပ္ရွင္ထဲမွာေတာ့ Black Widow ဟာ မစ္ရွင္တစ္ခုမွာ Winter Soldier နဲ႔ ေတြ႕ဆုံဖူးတဲ့အေၾကာင္းကို Cap ကို ေျပာျပခဲ့ပါတယ္။

အဲ့ဒီမစ္ရွင္ကေတာ့ Black Widow ဟာ အီရန္ႏိုင္ငံက ပညာရွင္တစ္ေယာက္ကို ကယ္တင္လာရတာ ျဖစ္ၿပီး Winter Soldier က အဲ့ဒီပညာရွင္ကို သတ္ပစ္ခဲ့တာေၾကာင့္ Black Widow ရဲ႕ မစ္ရွင္က်ဆုံးခဲ့ပါတယ္။ What If…? ထဲမွာေတာ့ Black Widow ကယ္တင္ခဲ့ရတဲ့ ပညာရွင္ဟာ Hope ျဖစ္ေနၿပီး Winter Soldier ကပဲ သတ္ပစ္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။

(9) ကမာၻႀကီးကို ထိန္းခ်ဳပ္လိုက္တဲ့ Loki
photo via screenrant

ဒီ Timeline ထဲမွာေတာ့ Thor အပါအဝင္ Avengers ေတြက ေသဆုံးကုန္သလို Odin ကလည္း အိပ္ေပ်ာ္ေနတာေၾကာင့္ အခုခ်ိန္မွာ Loki ကို တားဆီးႏိုင္မယ့္သူ ဘယ္သူမွ မရွိေတာ့ပါဘူး။ Loki ကလည္း ဒီလိုအခြင့္အေရးမ်ိဴးကို လက္လႊတ္မခံဘဲ Asgardian စစ္တပ္ကို အသုံးျပဳၿပီး ကမာၻႀကီးကို ထိန္းခ်ဳပ္လိုက္ပါေတာ့တယ္။ ဒါ့အျပင္ ေလေပၚပ်ံေနတဲ့ သေဘၤာေတြကလည္း ေနရာအႏွံ႔မွာ ရွိေနၿပီး အဲ့ဒီသေဘၤာေတြကိုေတာ့ Thor: The Dark World ထဲမွာ ျမင္ေတြ႕ခဲ့ရပါေသးတယ္။

(10) Captain ႏွစ္ေယာက္
photo via screenrant

Fury ဟာ သူ စီစဥ္ထားတဲ့ Avengers အဖြဲ႕ဝင္ေတြအားလုံး ေသဆုံးသြားေပမယ့္လည္း လက္မေလွ်ာ့ခဲ့ဘဲ ေရခဲေနတဲ့ Captain America ကို ရွာေတြ႕ခဲ့သလို Captain Marvel ကိုလည္း ေခၚခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Captain ႏွစ္ေယာက္ဟာ ကမာၻႀကီးကို ထိန္းခ်ဳပ္ထားတဲ့ Loki ကို ပူးေပါင္းၿပီး တိုက္ခိုက္သြားႏိုင္ပါတယ္။ ဒါ့အျပင္ ဒီ Timeline ထဲမွာေတာ့ ကြၽန္ေတာ္တို႔ေတြ သိထားတဲ့ Avengers ေတြအမ်ားစုဟာ ေသဆုံးကုန္ၿပီ ျဖစ္တာေၾကာင့္ အသစ္ျဖစ္လာမယ့္ Avengers အဖြဲ႕ဟာ ကြၽန္ေတာ္တို႔ သိထားတာနဲ႔ အေတာ္ေလး ကြာျခားေနမွာပါ။

ဒါကေတာ့ What If …? အပိုင္း(၃)ထဲက စိတ္ဝင္စားစရာအခ်က္ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular