HomeEntertainmentFilmWhat If...? အပိုင်း(၄) နဲ့ ပတ်သက်ပြီး နောင်တတစ်ခု ရပါတယ်ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာ

What If…? အပိုင်း(၄) နဲ့ ပတ်သက်ပြီး နောင်တတစ်ခု ရပါတယ်ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

What If…? ရဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ A.C. Bradley ဟာ အပိုင်း(၄) နဲ့ ပတ်သက်ပြီး နောင်တတစ်ခု ရပါတယ်လို့ ပြောခဲ့ပါတယ်။ What If…? ရဲ့ အဓိကဇာတ်လမ်းကတော့ MCU ရုပ်ရှင်တွေထဲမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အဓိကအဖြစ်အပျက်တွေ ပြောင်းလဲသွားတဲ့အခါ ဘာတွေဖြစ်သွားမလည်း ဆိုတာကို ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ အပိုင်း(၄) ထဲမှာတော့ Doctor Strange ဟာ ကားမတော်တဆမှုမှာ သူ့ရဲ့လက်အစား အချစ်ကို ဆုံးရှုံးလိုက်ရရင် ဘာတွေဖြစ်သွားမလည်း ဆိုတာကို ဖော်ပြထားပါတယ်။

photo via screenrant

Christine Palmer သေဆုံးသွားပြီးတဲ့ နောက်မှာတော့ Doctor Strange ဟာ သူမကို ကယ်တင်ဖို့အတွက် နည်းလမ်းရှာဖွေရင်း Kamar-Taj ကို ရောက်သွားကာ Ancient One ဆီမှာ Mystic Art တွေကို လေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Time Stone ကို အသုံးပြုခဲ့ပြီး Christine ကို ကယ်တင်ဖို့ အကြိမ်များစွာ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ သေဆုံးမှုဟာ အဲ့ဒီ Timeline ဟာ “Absolute Point” ဖြစ်နေတာကြောင့် ဘယ်လိုမှပြောင်းလဲလို့ မရခဲ့ပါဘူး။

The GOAT Movie Podcast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Bradley ဟာ အပိုင်းလေးနဲ့ ပတ်သက်ပြီး သူနောင်တရခဲ့တဲ့ အချက်တစ်ခုကို ပြောပြခဲ့ပါတယ်။

” ဒီ Doctor Strange အပိုင်းကို ၂၀၁၉ ဖေဖော်ဝါရီကတည်းက ရေးခဲ့တာပါ။ အဲ့ဒီအပိုင်းထဲမှာ Absolute Point အစား Nexus Point လို့ သုံးသင့်တယ်လို့ ထင်တယ်ဗျ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက Loki ရဲ့ ဇာတ်ညွှန်းက ရေးတောင် မရေးရသေးပါဘူး။ ဒါကြောင့် ကျွန်တော်က ဒီ Animation ရဲ့ ဇာတ်ညွှန်းတွေကို (၂)နှစ်လောက် စောပြီး ရေးခဲ့ရတာပါ။ အဲ့ဒါက အတော်လေးကို ခက်ခဲပါတယ် “

photo via screenrant

Loki ဟာ MCU ကို ပြောင်းလဲခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက တစ်ခု ဖြစ်ပါတယ်။ ပရိသတ်တွေအများစုကလည်း Online ပေါ်မှာ Christine Palmer ရဲ့ သေဆုံးမှုကို “Absolute Point” လို့ မခေါ်သင့်ဘဲ “Nexus Event” လို့ ခေါ်သင့်ပါတယ်ဆိုပြီး ပြောဆိုနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Bradley ကတော့ ဒီ Animation အတွက် ဇာတ်ညွှန်းတွေကို (၂)နှစ်တောင် စောပြီး ရေးထားတာ ဖြစ်တာကြောင့် အခုချိန်မှာတော့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီး အလွဲလေးတွေ အနည်းငယ်ရှိနေနိုင်တာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

Legos

Source: Screenrant

(Zawgyi Version)

What If…? ရဲ႕ ဇာတ္ၫႊန္းေရးဆရာျဖစ္တဲ့ A.C. Bradley ဟာ အပိုင္း(၄) နဲ႔ ပတ္သက္ၿပီး ေနာင္တတစ္ခု ရပါတယ္လို႔ ေျပာခဲ့ပါတယ္။ What If…? ရဲ႕ အဓိကဇာတ္လမ္းကေတာ့ MCU ႐ုပ္ရွင္ေတြထဲမွာ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတဲ့ အဓိကအျဖစ္အပ်က္ေတြ ေျပာင္းလဲသြားတဲ့အခါ ဘာေတြျဖစ္သြားမလည္း ဆိုတာကို ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ အပိုင္း(၄) ထဲမွာေတာ့ Doctor Strange ဟာ ကားမေတာ္တဆမႈမွာ သူ႔ရဲ႕လက္အစား အခ်စ္ကို ဆုံးရႈံးလိုက္ရရင္ ဘာေတြျဖစ္သြားမလည္း ဆိုတာကို ေဖာ္ျပထားပါတယ္။

photo via screenrant

Christine Palmer ေသဆုံးသြားၿပီးတဲ့ ေနာက္မွာေတာ့ Doctor Strange ဟာ သူမကို ကယ္တင္ဖို႔အတြက္ နည္းလမ္းရွာေဖြရင္း Kamar-Taj ကို ေရာက္သြားကာ Ancient One ဆီမွာ Mystic Art ေတြကို ေလ့လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Time Stone ကို အသုံးျပဳခဲ့ၿပီး Christine ကို ကယ္တင္ဖို႔ အႀကိမ္မ်ားစြာ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမရဲ႕ ေသဆုံးမႈဟာ အဲ့ဒီ Timeline ဟာ “Absolute Point” ျဖစ္ေနတာေၾကာင့္ ဘယ္လိုမွေျပာင္းလဲလို႔ မရခဲ့ပါဘူး။

The GOAT Movie Podcast နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ Bradley ဟာ အပိုင္းေလးနဲ႔ ပတ္သက္ၿပီး သူေနာင္တရခဲ့တဲ့ အခ်က္တစ္ခုကို ေျပာျပခဲ့ပါတယ္။

” ဒီ Doctor Strange အပိုင္းကို ၂၀၁၉ ေဖေဖာ္ဝါရီကတည္းက ေရးခဲ့တာပါ။ အဲ့ဒီအပိုင္းထဲမွာ Absolute Point အစား Nexus Point လို႔ သုံးသင့္တယ္လို႔ ထင္တယ္ဗ်။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုန္းက Loki ရဲ႕ ဇာတ္ၫႊန္းက ေရးေတာင္ မေရးရေသးပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္က ဒီ Animation ရဲ႕ ဇာတ္ၫႊန္းေတြကို (၂)ႏွစ္ေလာက္ ေစာၿပီး ေရးခဲ့ရတာပါ။ အဲ့ဒါက အေတာ္ေလးကို ခက္ခဲပါတယ္ “

photo via screenrant

Loki ဟာ MCU ကို ေျပာင္းလဲခဲ့တဲ့ ဇာတ္လမ္းတြဲေတြထဲက တစ္ခု ျဖစ္ပါတယ္။ ပရိသတ္ေတြအမ်ားစုကလည္း Online ေပၚမွာ Christine Palmer ရဲ႕ ေသဆုံးမႈကို “Absolute Point” လို႔ မေခၚသင့္ဘဲ “Nexus Event” လို႔ ေခၚသင့္ပါတယ္ဆိုၿပီး ေျပာဆိုေနၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Bradley ကေတာ့ ဒီ Animation အတြက္ ဇာတ္ၫႊန္းေတြကို (၂)ႏွစ္ေတာင္ ေစာၿပီး ေရးထားတာ ျဖစ္တာေၾကာင့္ အခုခ်ိန္မွာေတာ့ အေသးစိတ္အခ်က္အလက္ေတြနဲ႔ ပတ္သက္ၿပီး အလြဲေလးေတြ အနည္းငယ္ရွိေနႏိုင္တာ အထူးအဆန္းေတာ့ မဟုတ္ပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular