HomeEntertainmentFilmWhat If...? အပိုင်း(၈)ထဲမှာ Hawkeye ဟာ ဘာကြောင့် လက်တစ်ဘက် ပြတ်နေရတာလဲ?

What If…? အပိုင်း(၈)ထဲမှာ Hawkeye ဟာ ဘာကြောင့် လက်တစ်ဘက် ပြတ်နေရတာလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

What If…? အပိုင်း(၈)ရဲ့ အစမှာတော့ Hawkeye နဲ့ Black Widow တို့ဟာ Ultron ရဲ့ စက်ရုပ်တွေနဲ့ တိုက်ခိုက်နေတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းတွေထဲမှာတော့ Hawkeye ဟာ လက်တစ်ဘက် ပြတ်နေပြီး Bucky Barnes လိုမျိူးပဲ စက်ရုပ်လက် အစားထိုးထားတာ တွေ့ရပါတယ်။ Hawkeye ဟာ ဘာကြောင့် ဒီလို လက်တစ်ဘက် ပြတ်နေရလည်းဆိုတာ သိချင်သူတွေကတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

photo via screenrant

အပိုင်း(၈)ထဲမှာတော့ Hawkeye ဟာ လက်အစားထိုးထားတာကိုပဲ ပြသထားပြီး ဘာကြောင့် လက်တစ်ဘက် ဆုံးရှုံးသွားတာလည်း ဆိုတာကိုတော့ လုံးဝမပြသသွားခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီအပိုင်းဟာ Age of Ultron ရုပ်ရှင်ကို အခြေခံပြီး ဖန်တီးထားတာကြောင့် Age of Ultron ဖြစ်ပျက်ခဲ့တဲ့ အချိန်နဲ့ သိပ်ပြီးကွာခြားမှာ မဟုတ်ပါဘူး။

Age of Ultron ရုပ်ရှင်ရဲ့ အစမှာတော့ Avengers တွေဟာ Sokovia မှာ ရှိတဲ့ Hydra ရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီတိုက်ပွဲအပြီးမှာတော့ Hawkeye ဟာ ဝမ်းဗိုက်နားမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒေါက်တာ Helen Cho ရဲ့ Regeneration နည်းပညာကို အသုံးပြုပြီး ကုသခဲ့ရပါတယ်။

ဒီအပိုင်းထဲမှာတော့ အဲ့ဒီတိုက်ပွဲအတွင်းမှာ Hawkeye ဟာ ဝမ်းဗိုက်အစား လက်မှာ ဒဏ်ရာရသွားတာ ဖြစ်နိုင်ပါတယ်။ Hawkeye ရဲ့ဒဏ်ရာဟာ Age of Ultron ထဲကလို အပေါ်ယံပဲ မဟုတ်ဘဲ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပြီး ဒေါက်တာ Helen Cho ရဲ့ Regeneration နည်းပညာကတောင် မကုသပေးနိုင်တဲ့အထိ ဆိုးရွားသွားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ဆုံးရှုံးသွားတဲ့ လက်နေရာမှာ စက်ရုပ်လက်ကို အစားထိုးခဲ့တာ ဖြစ်နိုင်ပါတယ်။

photo via screenrant

Age of Ultron ထဲမှာတော့ Hawkeye ရဲ့ ဒဏ်ရာကို ကုသဖို့အတွက် Helen Cho ကို ခေါ်လာသူကတော့ Tony Stark ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Tony Stark ဟာ Avengers တွေရဲ့ နည်းပညာတွေကို ထောက်ပံ့နေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီအပိုင်းထဲမှာ Hawkeye ရဲ့ ဆုံးရှုံးသွားတဲ့ လက်နေရာမှာ အစားထိုးခဲ့တဲ့ စက်ရုပ်လက်ကတော့ Tony Stark ကပဲ ဖန်တီးပေးခဲ့တာ ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

What If…? အပိုင္း(၈)ရဲ့ အစမွာေတာ့ Hawkeye နဲ႔ Black Widow တို႔ဟာ Ultron ရဲ့ စက္႐ုပ္ေတြနဲ႔ တိုက္ခိုက္ေနတာကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းေတြထဲမွာေတာ့ Hawkeye ဟာ လက္တစ္ဘက္ ျပတ္ေနၿပီး Bucky Barnes လိုမ်ိဴးပဲ စက္႐ုပ္လက္ အစားထိုးထားတာ ေတြ႕ရပါတယ္။ Hawkeye ဟာ ဘာေၾကာင့္ ဒီလို လက္တစ္ဘက္ ျပတ္ေနရလည္းဆိုတာ သိခ်င္သူေတြကေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရွုနိုင္ပါတယ္။

photo via screenrant

အပိုင္း(၈)ထဲမွာေတာ့ Hawkeye ဟာ လက္အစားထိုးထားတာကိုပဲ ျပသထားၿပီး ဘာေၾကာင့္ လက္တစ္ဘက္ ဆုံးရွုံးသြားတာလည္း ဆိုတာကိုေတာ့ လုံးဝမျပသသြားခဲ့ပါဘူး။ ဒါေပမယ့္လည္း ဒီအပိုင္းဟာ Age of Ultron ႐ုပ္ရွင္ကို အေျခခံၿပီး ဖန္တီးထားတာေၾကာင့္ Age of Ultron ျဖစ္ပ်က္ခဲ့တဲ့ အခ်ိန္နဲ႔ သိပ္ၿပီးကြာျခားမွာ မဟုတ္ပါဘူး။

Age of Ultron ႐ုပ္ရွင္ရဲ့ အစမွာေတာ့ Avengers ေတြဟာ Sokovia မွာ ရွိတဲ့ Hydra ရဲ့ အေျခစိုက္စခန္းကို တိုက္ခိုက္ခဲ့ၾကပါတယ္။ အဲ့ဒီတိုက္ပြဲအၿပီးမွာေတာ့ Hawkeye ဟာ ဝမ္းဗိုက္နားမွာ ဒဏ္ရာရရွိခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ေဒါက္တာ Helen Cho ရဲ့ Regeneration နည္းပညာကို အသုံးျပဳၿပီး ကုသခဲ့ရပါတယ္။

ဒီအပိုင္းထဲမွာေတာ့ အဲ့ဒီတိုက္ပြဲအတြင္းမွာ Hawkeye ဟာ ဝမ္းဗိုက္အစား လက္မွာ ဒဏ္ရာရသြားတာ ျဖစ္နိုင္ပါတယ္။ Hawkeye ရဲ့ဒဏ္ရာဟာ Age of Ultron ထဲကလို အေပၚယံပဲ မဟုတ္ဘဲ ဆိုးဆိုးရြားရြား ဒဏ္ရာရသြားၿပီး ေဒါက္တာ Helen Cho ရဲ့ Regeneration နည္းပညာကေတာင္ မကုသေပးနိုင္တဲ့အထိ ဆိုးရြားသြားတာ ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ဆုံးရွုံးသြားတဲ့ လက္ေနရာမွာ စက္႐ုပ္လက္ကို အစားထိုးခဲ့တာ ျဖစ္နိုင္ပါတယ္။

photo via screenrant

Age of Ultron ထဲမွာေတာ့ Hawkeye ရဲ့ ဒဏ္ရာကို ကုသဖို႔အတြက္ Helen Cho ကို ေခၚလာသူကေတာ့ Tony Stark ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Tony Stark ဟာ Avengers ေတြရဲ့ နည္းပညာေတြကို ေထာက္ပံ့ေနသူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီအပိုင္းထဲမွာ Hawkeye ရဲ့ ဆုံးရွုံးသြားတဲ့ လက္ေနရာမွာ အစားထိုးခဲ့တဲ့ စက္႐ုပ္လက္ကေတာ့ Tony Stark ကပဲ ဖန္တီးေပးခဲ့တာ ျဖစ္နိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular