HomeEntertainmentFilmWhat If...? ဇာတ်သိမ်းပိုင်းထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

What If…? ဇာတ်သိမ်းပိုင်းထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

What If…? Season 1 ရဲ့ ဇာတ်သိမ်းပိုင်းဖြစ်တဲ့ အပိုင်း(၉)ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေရဲ့ အကြိုက် ဖြစ်ခဲ့ပါတယ်။ အစောပိုင်းက ထွက်ရှိထားတဲ့ အပိုင်းတွေကို ကြည့်ပြီး ဒီဇာတ်လမ်းတွဲက ပျင်းဖို့ကောင်းတယ်လို့ ပြောတဲ့သူတွေတောင်မှ နောက်ဆုံးပိုင်းကို ကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ Watcher ဟာ Infinity Ultron ကို အနိုင်ယူနိုင်ဖို့အတွက် Multiverse ထဲက လူအချို့ကို ရွေးချယ်ပြီး တိုက်ခိုက်ကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ Easter Egg တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) The Lemurian Star
photo via screenrant

Season 1 ရဲ့အစမှာတော့ Peggy Carter ကို အဓိကဇာတ်ကောင်ထားပြီး Captain America: The First Avenger ရုပ်ရှင်ကို အခြေခံကာ ပြန်လည်ဖန်တီးခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ အဲ့ဒီရုပ်ရှင်ရဲ့ Sequel ဖြစ်တဲ့ Captain America: The Winter Soldier ထဲက ဇာတ်ဝင်ခန်းတစ်ခုနဲ့ စတင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ အစမှာတော့ Shield ရဲ့ သင်္ဘောဖြစ်တဲ့ The Lemurian Star ကို Georges Batroc ရဲ့အဖွဲ့က ပြန်ပေးဆွဲထားတာကြောင့် Steve Rogers ဟာ အဲ့ဒီလူဆိုးတွေနဲ့ တိုက်ခိုက်ခဲ့ရပါတယ်။

ဒီအပိုင်းရဲ့ အစမှာလည်း အလားတူပဲ မြင်တွေ့ခဲ့ရပြီး မတူညီတဲ့တစ်ချက်ကတော့ Steve နေရာမှာ Peggy ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဒီအပိုင်းထဲက Peggy ဝတ်ထားတဲ့ ဝတ်စုံဟာ Captain America: The Winter Soldier ထဲက Steve ဝတ်ထားတဲ့ ဝတ်စုံကို အနည်းငယ် ပြုပြင်ပြောင်းလဲထားတာ ဖြစ်ပါတယ်။ ကွာခြားသွားတာကတော့ ရင်ဘတ်က ကြယ်နေရာမှာ ဗြိတိသျှအလံက အစင်းကြားတွေ ဖြစ်နေတာပါပဲ။

(2) Ravager တွေရဲ့ ယာဉ်များ
photo via screenrant

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Cliffhanger နဲ့ ပြီးဆုံးသွားတဲ့ အပိုင်း(၂)ရဲ့ နောက်ဆက်တွဲကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ Ego ဟာ Universe Peter ထဲက ဂြိုဟ်တွေကို သိမ်းပိုက်နိုင်ဖို့အတွက် Quill ရဲ့ စွမ်းအားတွေကို စုပ်ယူခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Ravager တွေရဲ့ ယာဉ်ပျံတွေရောက်လာပြီး T’Challa က Peter Quill ကို ကယ်တင်ခဲ့ပါတယ်။

(3) Gamora နဲ့ Tony Stark
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Infinity War ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Nidavellir ကြယ်သေကြီးကို ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Tony Stark နဲ့ Gamora တို့ နှစ်ယောက်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ Gamora ဟာ Thanos ရဲ့ Armor နဲ့ ဓားကို ကိုင်ဆောင်ထားပြီး Watcher ကလည်း သူမကို “Destroyer of Thanos” လို့ ခေါ်ခဲ့တာကြောင့် ဒီ Universe ထဲမှာတော့ Gamora ဟာ Thanos ကို သတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Tony Stark ကလည်း Hulkbuster ဗားရှင်းတစ်မျိူးကို ဝတ်ဆင်ထားပါသေးတယ်။ သူတို့နှစ်ယောက် ပါဝင်တဲ့ အပိုင်းကတော့ “Iron Man Landed on Skaar” ဆိုတဲ့ အပိုင်းပဲ ဖြစ်ပြီး Season 1 ထဲမှာ မပါဝင်ခဲ့ပါဘူး။ အစတုန်းကတော့ Season 1 ထဲမှာ (၁၀)ပိုင်းပါဝင်လာဖို့ စီစဉ်ပြီးမှ အကြောင်းအမျိူးမျိူးကြောင့် ဒီအပိုင်းကို Season 2 ထဲကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

(4) Thor
photo via screenrant

Watcher ဟာ Las Vegas မှာ စက်ရုပ်တွေနဲ့ တိုက်ခိုက်နေတဲ့ Thor ကို သွားခေါ်တဲ့အချိန်မှာတော့ Thor ဟာ ကြောက်လန့်တကြား အော်ဟစ်နေပြီး တခြားသူတွေကတော့ သူ့ကို ကြောင်ကြည့်နေကြပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ Thor: Ragnarok ထဲက ဇာတ်ဝင်ခန်းနဲ့ ဆင်တူနေပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကတော့ ဖမ်းဆီးခံထားရတဲ့ Thor ဟာ Grandmaster ကိုတွေ့ဖို့ ခေါ်သွားခံရတဲ့အခန်းမှာ အလားတူပဲ ဖြစ်ပျက်ခဲ့ပါတယ်။

(5) Doctor Strange (Thor ရဲ့ Bartender)
photo via screenrant

Doctor Strange ဖန်တီးထားတဲ့ ဘားထဲကို ရောက်သွားတဲ့အချိန်မှာတော့ Thor ဟာ ဘီယာသောက်လို့ရမလားလို့ မေးခဲ့ပြီး Doctor Strange ကတော့ သူ့ရဲ့အစွမ်းနဲ့ ဖန်တီးပေးလိုက်ကာ ဘီယာတစ်ခွက်ကို ကမ်းပေးခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ Thor: Ragnarok ထဲမှာ သူတို့နှစ်ယောက် ပထမဆုံးတွေ့ဆုံကြတဲ့ ဇာတ်ဝင်ခန်းကို Reference ယူထားတာပဲ ဖြစ်ပါတယ်။

(6) Council of the Guardians of All Galaxies
photo via screenrant

Watcher ဟာ Multiverse ထဲက ဇာတ်ကောင်တွေကို လိုက်လံစုစည်းခဲ့ပြီး အဲ့ဒီအဖွဲ့ကို Guardians of the Multiverse လို့ ခေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ အဲ့ဒီအဖွဲ့မရှိပါဘူး။ အနီးစပ်ဆုံး ဆင်တူတာကတော့ Council of the Guardians of All Galaxies ပဲ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ Multiverse ထဲက Guardians of the Galaxy အဖွဲ့ဝင်တွေ စုပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။

(7) Doctor Strange ရဲ့ Duplication Spell
photo via screenrant

Guardians of the Multiverse အဖွဲ့ဟာ Ultron နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်ကြတဲ့အချိန်မှာတော့ Doctor Strange ဟာ Thor ရဲ့ Mjolnir ကို အများကြီးဖြစ်သွားအောင် Spell နဲ့ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ Infinity War ထဲမှာ Doctor Strange က သူ့ကိုယ်သူ ကိုယ်ပွားလိုက်ပြီး Thanos နဲ့ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းကို Reference ယူထားတာ ဖြစ်ပါတယ်။

(8) Captain Carter က Worthy ဖြစ်လား?
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ လေထဲရောက်နေတဲ့ Captain Carter ဟာ ပျံနေတဲ့ Mjolnir တစ်ခုကို ကိုင်ပြီး မြေကြီးပေါ် ဆင်းလာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ မေးစရာရှိလာတာကတော့ သူမကလည်း Steve လိုပဲ Mjolnir ကို ကိုင်ဆောင်ဖို့ ထိုက်တန်မှု ရှိနေတာလားဆိုတာပဲ ဖြစ်ပါတယ်။

Age of Ultron ထဲမှာဆိုရင် Quicksilver ဟာ အလားတူပဲ လေပေါ်ပျံနေတဲ့ Mjolnir ကို ကိုင်လိုက်တဲ့အချိန်မှာ အဲ့ဒီတူရဲ့ အရှိန်အတိုင်း ပါသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူမဟာလည်း အဲ့ဒီလိုပဲ ပြုလုပ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူမဟာ Worthy ဖြစ်နေပြီး အဲ့ဒီအချက်ကို Foreshadow ပြသသွားတာလည်း ဖြစ်နိုင်ပါတယ်။ Season 2 ထဲမှာလည်း Captain Carter ဟာ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်တာကြောင့် ဒီအချက်က တကယ် ဟုတ်မဟုတ်ဆိုတာကို စောင့်ကြည့်ရမှာပါ။

(9) Ivan နဲ့ Alexei
photo via screenrant

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Guardians of the Multiverse အဖွဲ့ဟာ အပိုင်း(၈)မှာ မြင်တွေ့ခဲ့ရတဲ့ Natasha နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ဘယ်သူ့ကိုမှ အယုံမလွယ်တဲ့ Natasha ဟာ Guardians of the Multiverse အဖွဲ့ကိုလည်း သံသယဝင်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ Captain Carter ဟာ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်ကြတဲ့အကြောင်းကို သက်သေပြဖို့အတွက် Natasha အဖေအရင်းရဲ့ အမည်ဖြစ်တဲ့ Ivan နဲ့ Black Widow ရုပ်ရှင်ထဲမှာ Red Guardian အဖြစ်ပါဝင်ခဲ့တဲ့ Alexei တို့ကို ပြောပြခဲ့ပါတယ်။

(10) The Avengers ရုပ်ရှင် Reference
photo via screenrant

What If…? ဇာတ်လမ်းတွဲဟာ အရင်တုန်းက ထွက်ရှိခဲ့တဲ့ MCU ရုပ်ရှင်တွေကို Reference အနေနဲ့ အသုံးပြုခဲ့ပြီး ဒီအပိုင်းထဲမှာလည်း Avengers ရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းအများစုကို ပြန်လည် ဖန်တီးထားပါတယ်။ ဒီဇာတ်ဝင်ခန်းမှာဆိုရင်တော့ Natasha အပါအဝင် Guardians of the Multiverse အဖွဲ့ဟာ စက်ဝိုင်းပုံသဏ္ဍာန် မတ်တပ်ရပ်နေကြပြီး ကင်မရာကလည်း တစ်ယောက်ချင်းစီကို စက်ဝိုင်းပုံသဏ္ဍာန်လည်ပြီး ရိုက်ပြသွားပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Avengers ရုပ်ရှင်ထဲက New York Battle Scene မှာ ရိုက်ပြသွားသလိုပဲ ဖြစ်ပါတယ်။

(11) ကျိူးပဲ့သွားတဲ့ Red Guardian ရဲ့ ဒိုင်း
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Infinity Ultron ဟာ Infinity Stone တွေရဲ့ စွမ်းအားတွေကို အသုံးပြုနေပြီး Guardians of the Multiverse အဖွဲ့ဝင်တွေကတော့ Doctor Strange ရဲ့ Protection Spell တွေကြောင့် ခံသာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Natasha ဟာ Red Guardian ရဲ့ ဒိုင်းကို အသုံးပြုပြီး ကာကွယ်နေသလို Captain Carter ကလည်း သူ့ရဲ့ဒိုင်းနဲ့ ကာကွယ်ထားပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ သူတို့နှစ်ယောက်လုံးကို Doctor Strange က Protection Spell အသုံးပြုပေးထားပေမယ့်လည်း Captain Carter ရဲ့ ဒိုင်းက ဘာမှမဖြစ်ပေမယ့် Red Guardian ရဲ့ ဒိုင်းကတော့ ကြာကြာမခံနိုင်ဘဲ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပါတယ်။ အကြောင်းကတော့ Captain Carter ရဲ့ ဒိုင်းဟာ Vibranium နဲ့ ပြုလုပ်ထားတာဖြစ်ပြီး Red Guardian ရဲ့ ဒိုင်းကတော့ သာမန်သတ္တုနဲ့ ပြုလုပ်ထားတာကြောင့် ဖြစ်ပါတယ်။

(12) Arnim Zola ရဲ့ ကောမစ်ထဲကပုံစံ
photo via screenrant

ဒီဇာတ်ဝင်ခန်းမှာတော့ Natasha ဟာ Arnim Zola ရဲ့ အသိစိတ်ကို ဒေါင်းလုတ်ဆွဲထားတဲ့ Clint ရဲ့ USB မြားကို အသုံးပြုပြီး Ultron ကို ဇာတ်သိမ်းစေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Zola ဟာ Ultron ရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းခဲ့ပြီး Infinity Stone တွေကိုပါ အပိုင်သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Ultron ရဲ့ ခန္ဓာကိုယ်မှာ Zola ရဲ့ မျက်နှာပုံ ပေါ်နေပြီး ဒီအချက်ကတော့ ကောမစ်ထဲက Zola-Tron ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ ပြီးခဲ့တဲ့အပတ်တုန်းက အပိုင်း(၈)ရဲ့ Breakdown မှာလည်း ရေးပေးခဲ့ပါသေးတယ်။

(13) အပိုင်း(၃)ရဲ့ အဆက်
photo via screenrant

Ultron နဲ့ တိုက်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်မှာတော့ အားလုံးဟာ သူတို့နဲ့ သက်ဆိုင်တဲ့ နေရာတွေဆီကို ပြန်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Ultron ဖျက်ဆီးသွားတဲ့ ကမ္ဘာပေါ်က Natasha ဟာ သူမကို တခြားတစ်နေရာကို ပို့ခိုင်းခဲ့ပါတယ်။

Watcher ကတော့ သူမကို တခြား Universe ထဲကို ပို့ပေးခဲ့ပြီး အဲ့ဒီ Universe ကတော့ အပိုင်း(၃)ထဲမှာ Hank Pym မူလ Avenger အဖွဲ့ဝင်တွေကို သတ်ခဲ့တဲ့ Universe ပဲ ဖြစ်ပါတယ်။ အပိုင်း(၃)နောက်ဆုံးခန်းမှာတော့ အဲ့ဒီကမ္ဘာကို Loki က သိမ်းပိုက်ထားပြီး Nick Fury ကတော့ Loki ကို Captain America နဲ့ Captain Marvel တို့ရဲ့ အကူအညီနဲ့ တိုက်ခိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

(14) Steve က Winter Soldier အသစ် ဖြစ်သွားမှာလား?
photo via screenrant

ဒီအပိုင်းရဲ့ Credit Scene ထဲမှာတော့ Captain Carter ဟာ Hydra Stomper ကို ပြန်လည်မြင်တွေ့ခဲ့ပါတယ်။ သူမရဲ့ Universe မှာတော့ Batroc တို့ဟာ Hydra Stomper ကို ရယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ အဲ့ဒီဝတ်စုံအထဲမှာ လူလည်းရှိနေပါတယ်ဆိုပြီး Black Widow က အတည်ပြုခဲ့ပါတယ်။

ဒါကြောင့်ပဲ Captain Carter ဟာ Steve နဲ့ ပြန်လည်တွေ့ဆုံဖို့ မျှော်လင့်ချက် ရရှိသွားပါတယ်။ ဒါပေမယ့်လည်း ဒီ Universe မှာတော့ Peggy က Steve ရဲ့ နေရာကို ရောက်သွားကာ Steve ကတော့ Bucky ရဲ့ နေရာကို ရောက်သွားပါတယ်။ ဒါကြောင့်ပဲ ဖြစ်နိုင်တာကတော့ Steve ဟာ Bucky လိုမျိူး Winter Soldier ဖြစ်သွားနိုင်ပြီး Steve နဲ့ Peggy တို့ နှစ်ယောက် ပြန်လည်ရင်ဆိုင်ရနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

What If…? Season 1 ရဲ့ ဇာတ္သိမ္းပိုင္းျဖစ္တဲ့ အပိုင္း(၉)ကေတာ့ မၾကာခင္ကပဲ ထြက္ရွိလာခဲ့ၿပီး ပရိသတ္ေတြရဲ့ အႀကိဳက္ ျဖစ္ခဲ့ပါတယ္။ အေစာပိုင္းက ထြက္ရွိထားတဲ့ အပိုင္းေတြကို ၾကည့္ၿပီး ဒီဇာတ္လမ္းတြဲက ပ်င္းဖို႔ေကာင္းတယ္လို႔ ေျပာတဲ့သူေတြေတာင္မွ ေနာက္ဆုံးပိုင္းကို ႀကိဳက္ႏွစ္သက္ၾကတာ ေတြ႕ရပါတယ္။ ဒီအပိုင္းထဲမွာေတာ့ Watcher ဟာ Infinity Ultron ကို အနိုင္ယူနိုင္ဖို႔အတြက္ Multiverse ထဲက လူအခ်ိဳ႕ကို ေရြးခ်ယ္ၿပီး တိုက္ခိုက္ၾကပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီအပိုင္းထဲက စိတ္ဝင္စားစရာအခ်က္ေတြနဲ႔ Easter Egg ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရွုနိုင္ပါတယ္။

(1) The Lemurian Star
photo via screenrant

Season 1 ရဲ့အစမွာေတာ့ Peggy Carter ကို အဓိကဇာတ္ေကာင္ထားၿပီး Captain America: The First Avenger ႐ုပ္ရွင္ကို အေျခခံကာ ျပန္လည္ဖန္တီးခဲ့ပါတယ္။ ဒီအပိုင္းထဲမွာေတာ့ အဲ့ဒီ႐ုပ္ရွင္ရဲ့ Sequel ျဖစ္တဲ့ Captain America: The Winter Soldier ထဲက ဇာတ္ဝင္ခန္းတစ္ခုနဲ႔ စတင္ခဲ့ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ရဲ့ အစမွာေတာ့ Shield ရဲ့ သေဘၤာျဖစ္တဲ့ The Lemurian Star ကို Georges Batroc ရဲ့အဖြဲ႕က ျပန္ေပးဆြဲထားတာေၾကာင့္ Steve Rogers ဟာ အဲ့ဒီလူဆိုးေတြနဲ႔ တိုက္ခိုက္ခဲ့ရပါတယ္။

ဒီအပိုင္းရဲ့ အစမွာလည္း အလားတူပဲ ျမင္ေတြ႕ခဲ့ရၿပီး မတူညီတဲ့တစ္ခ်က္ကေတာ့ Steve ေနရာမွာ Peggy ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ဒီအပိုင္းထဲက Peggy ဝတ္ထားတဲ့ ဝတ္စုံဟာ Captain America: The Winter Soldier ထဲက Steve ဝတ္ထားတဲ့ ဝတ္စုံကို အနည္းငယ္ ျပဳျပင္ေျပာင္းလဲထားတာ ျဖစ္ပါတယ္။ ကြာျခားသြားတာကေတာ့ ရင္ဘတ္က ၾကယ္ေနရာမွာ ၿဗိတိသၽွအလံက အစင္းၾကားေတြ ျဖစ္ေနတာပါပဲ။

(2) Ravager ေတြရဲ႕ ယာဥ္မ်ား
photo via screenrant

ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Cliffhanger နဲ႔ ၿပီးဆုံးသြားတဲ့ အပိုင္း(၂)ရဲ့ ေနာက္ဆက္တြဲကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါကေတာ့ Ego ဟာ Universe Peter ထဲက ၿဂိဳဟ္ေတြကို သိမ္းပိုက္နိုင္ဖို႔အတြက္ Quill ရဲ့ စြမ္းအားေတြကို စုပ္ယူခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Ravager ေတြရဲ့ ယာဥ္ပ်ံေတြေရာက္လာၿပီး T’Challa က Peter Quill ကို ကယ္တင္ခဲ့ပါတယ္။

(3) Gamora နဲ႔ Tony Stark
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Infinity War ထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ Nidavellir ၾကယ္ေသႀကီးကို ျပန္လည္ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ Tony Stark နဲ႔ Gamora တို႔ ႏွစ္ေယာက္ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ Gamora ဟာ Thanos ရဲ့ Armor နဲ႔ ဓားကို ကိုင္ေဆာင္ထားၿပီး Watcher ကလည္း သူမကို “Destroyer of Thanos” လို႔ ေခၚခဲ့တာေၾကာင့္ ဒီ Universe ထဲမွာေတာ့ Gamora ဟာ Thanos ကို သတ္ခဲ့တာ ျဖစ္နိုင္ပါတယ္။

ဒါ့အျပင္ Tony Stark ကလည္း Hulkbuster ဗားရွင္းတစ္မ်ိဴးကို ဝတ္ဆင္ထားပါေသးတယ္။ သူတို႔ႏွစ္ေယာက္ ပါဝင္တဲ့ အပိုင္းကေတာ့ “Iron Man Landed on Skaar” ဆိုတဲ့ အပိုင္းပဲ ျဖစ္ၿပီး Season 1 ထဲမွာ မပါဝင္ခဲ့ပါဘူး။ အစတုန္းကေတာ့ Season 1 ထဲမွာ (၁၀)ပိုင္းပါဝင္လာဖို႔ စီစဥ္ၿပီးမွ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဒီအပိုင္းကို Season 2 ထဲကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။

(4) Thor
photo via screenrant

Watcher ဟာ Las Vegas မွာ စက္႐ုပ္ေတြနဲ႔ တိုက္ခိုက္ေနတဲ့ Thor ကို သြားေခၚတဲ့အခ်ိန္မွာေတာ့ Thor ဟာ ေၾကာက္လန႔္တၾကား ေအာ္ဟစ္ေနၿပီး တျခားသူေတြကေတာ့ သူ႔ကို ေၾကာင္ၾကည့္ေနၾကပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ Thor: Ragnarok ထဲက ဇာတ္ဝင္ခန္းနဲ႔ ဆင္တူေနပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းကေတာ့ ဖမ္းဆီးခံထားရတဲ့ Thor ဟာ Grandmaster ကိုေတြ႕ဖို႔ ေခၚသြားခံရတဲ့အခန္းမွာ အလားတူပဲ ျဖစ္ပ်က္ခဲ့ပါတယ္။

(5) Doctor Strange (Thor ရဲ႕ Bartender)
photo via screenrant

Doctor Strange ဖန္တီးထားတဲ့ ဘားထဲကို ေရာက္သြားတဲ့အခ်ိန္မွာေတာ့ Thor ဟာ ဘီယာေသာက္လို႔ရမလားလို႔ ေမးခဲ့ၿပီး Doctor Strange ကေတာ့ သူ႔ရဲ့အစြမ္းနဲ႔ ဖန္တီးေပးလိုက္ကာ ဘီယာတစ္ခြက္ကို ကမ္းေပးခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ Thor: Ragnarok ထဲမွာ သူတို႔ႏွစ္ေယာက္ ပထမဆုံးေတြ႕ဆုံၾကတဲ့ ဇာတ္ဝင္ခန္းကို Reference ယူထားတာပဲ ျဖစ္ပါတယ္။

(6) Council of the Guardians of All Galaxies
photo via screenrant

Watcher ဟာ Multiverse ထဲက ဇာတ္ေကာင္ေတြကို လိုက္လံစုစည္းခဲ့ၿပီး အဲ့ဒီအဖြဲ႕ကို Guardians of the Multiverse လို႔ ေခၚခဲ့ပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ အဲ့ဒီအဖြဲ႕မရွိပါဘူး။ အနီးစပ္ဆုံး ဆင္တူတာကေတာ့ Council of the Guardians of All Galaxies ပဲ ျဖစ္ပါတယ္။ အဲ့ဒီအဖြဲ႕ဟာ Multiverse ထဲက Guardians of the Galaxy အဖြဲ႕ဝင္ေတြ စုေပါင္းဖန္တီးထားတာ ျဖစ္ပါတယ္။

(7) Doctor Strange ရဲ႕ Duplication Spell
photo via screenrant

Guardians of the Multiverse အဖြဲ႕ဟာ Ultron နဲ႔ ထိပ္တိုက္ရင္ဆိုင္ၿပီး တိုက္ခိုက္ၾကတဲ့အခ်ိန္မွာေတာ့ Doctor Strange ဟာ Thor ရဲ့ Mjolnir ကို အမ်ားႀကီးျဖစ္သြားေအာင္ Spell နဲ႔ ျပဳလုပ္ခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ Infinity War ထဲမွာ Doctor Strange က သူ႔ကိုယ္သူ ကိုယ္ပြားလိုက္ၿပီး Thanos နဲ႔ တိုက္ခိုက္တဲ့ ဇာတ္ဝင္ခန္းကို Reference ယူထားတာ ျဖစ္ပါတယ္။

(8) Captain Carter က Worthy ျဖစ္လား?
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ ေလထဲေရာက္ေနတဲ့ Captain Carter ဟာ ပ်ံေနတဲ့ Mjolnir တစ္ခုကို ကိုင္ၿပီး ေျမႀကီးေပၚ ဆင္းလာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ ေမးစရာရွိလာတာကေတာ့ သူမကလည္း Steve လိုပဲ Mjolnir ကို ကိုင္ေဆာင္ဖို႔ ထိုက္တန္မွု ရွိေနတာလားဆိုတာပဲ ျဖစ္ပါတယ္။

Age of Ultron ထဲမွာဆိုရင္ Quicksilver ဟာ အလားတူပဲ ေလေပၚပ်ံေနတဲ့ Mjolnir ကို ကိုင္လိုက္တဲ့အခ်ိန္မွာ အဲ့ဒီတူရဲ့ အရွိန္အတိုင္း ပါသြားတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ သူမဟာလည္း အဲ့ဒီလိုပဲ ျပဳလုပ္သြားတာ ျဖစ္နိုင္ပါတယ္။ ဒါမွမဟုတ္ သူမဟာ Worthy ျဖစ္ေနၿပီး အဲ့ဒီအခ်က္ကို Foreshadow ျပသသြားတာလည္း ျဖစ္နိုင္ပါတယ္။ Season 2 ထဲမွာလည္း Captain Carter ဟာ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္တာေၾကာင့္ ဒီအခ်က္က တကယ္ ဟုတ္မဟုတ္ဆိုတာကို ေစာင့္ၾကည့္ရမွာပါ။

(9) Ivan နဲ႔ Alexei
photo via screenrant

ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Guardians of the Multiverse အဖြဲ႕ဟာ အပိုင္း(၈)မွာ ျမင္ေတြ႕ခဲ့ရတဲ့ Natasha နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ထုံးစံအတိုင္းပဲ ဘယ္သူ႔ကိုမွ အယုံမလြယ္တဲ့ Natasha ဟာ Guardians of the Multiverse အဖြဲ႕ကိုလည္း သံသယဝင္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Captain Carter ဟာ သူတို႔ႏွစ္ေယာက္ဟာ သူငယ္ခ်င္းေတြ ျဖစ္ၾကတဲ့အေၾကာင္းကို သက္ေသျပဖို႔အတြက္ Natasha အေဖအရင္းရဲ့ အမည္ျဖစ္တဲ့ Ivan နဲ႔ Black Widow ႐ုပ္ရွင္ထဲမွာ Red Guardian အျဖစ္ပါဝင္ခဲ့တဲ့ Alexei တို႔ကို ေျပာျပခဲ့ပါတယ္။

(10) The Avengers ႐ုပ္ရွင္ Reference
photo via screenrant

What If…? ဇာတ္လမ္းတြဲဟာ အရင္တုန္းက ထြက္ရွိခဲ့တဲ့ MCU ႐ုပ္ရွင္ေတြကို Reference အေနနဲ႔ အသုံးျပဳခဲ့ၿပီး ဒီအပိုင္းထဲမွာလည္း Avengers ႐ုပ္ရွင္ေတြထဲက ဇာတ္ဝင္ခန္းအမ်ားစုကို ျပန္လည္ ဖန္တီးထားပါတယ္။ ဒီဇာတ္ဝင္ခန္းမွာဆိုရင္ေတာ့ Natasha အပါအဝင္ Guardians of the Multiverse အဖြဲ႕ဟာ စက္ဝိုင္းပုံသ႑ာန္ မတ္တပ္ရပ္ေနၾကၿပီး ကင္မရာကလည္း တစ္ေယာက္ခ်င္းစီကို စက္ဝိုင္းပုံသ႑ာန္လည္ၿပီး ရိုက္ျပသြားပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Avengers ႐ုပ္ရွင္ထဲက New York Battle Scene မွာ ရိုက္ျပသြားသလိုပဲ ျဖစ္ပါတယ္။

(11) က်ိဴးပဲ့သြားတဲ့ Red Guardian ရဲ႕ ဒိုင္း
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Infinity Ultron ဟာ Infinity Stone ေတြရဲ့ စြမ္းအားေတြကို အသုံးျပဳေနၿပီး Guardians of the Multiverse အဖြဲ႕ဝင္ေတြကေတာ့ Doctor Strange ရဲ့ Protection Spell ေတြေၾကာင့္ ခံသာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Natasha ဟာ Red Guardian ရဲ့ ဒိုင္းကို အသုံးျပဳၿပီး ကာကြယ္ေနသလို Captain Carter ကလည္း သူ႔ရဲ့ဒိုင္းနဲ႔ ကာကြယ္ထားပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ သူတို႔ႏွစ္ေယာက္လုံးကို Doctor Strange က Protection Spell အသုံးျပဳေပးထားေပမယ့္လည္း Captain Carter ရဲ့ ဒိုင္းက ဘာမွမျဖစ္ေပမယ့္ Red Guardian ရဲ့ ဒိုင္းကေတာ့ ၾကာၾကာမခံနိုင္ဘဲ အစိတ္စိတ္အမႊာမႊာ ျဖစ္သြားပါတယ္။ အေၾကာင္းကေတာ့ Captain Carter ရဲ့ ဒိုင္းဟာ Vibranium နဲ႔ ျပဳလုပ္ထားတာျဖစ္ၿပီး Red Guardian ရဲ့ ဒိုင္းကေတာ့ သာမန္သတၱဳနဲ႔ ျပဳလုပ္ထားတာေၾကာင့္ ျဖစ္ပါတယ္။

(12) Arnim Zola ရဲ႕ ေကာမစ္ထဲကပုံစံ
photo via screenrant

ဒီဇာတ္ဝင္ခန္းမွာေတာ့ Natasha ဟာ Arnim Zola ရဲ့ အသိစိတ္ကို ေဒါင္းလုတ္ဆြဲထားတဲ့ Clint ရဲ့ USB ျမားကို အသုံးျပဳၿပီး Ultron ကို ဇာတ္သိမ္းေစခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Zola ဟာ Ultron ရဲ့ ခႏၶာကိုယ္ကို အပိုင္သိမ္းခဲ့ၿပီး Infinity Stone ေတြကိုပါ အပိုင္သိမ္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Ultron ရဲ့ ခႏၶာကိုယ္မွာ Zola ရဲ့ မ်က္ႏွာပုံ ေပၚေနၿပီး ဒီအခ်က္ကေတာ့ ေကာမစ္ထဲက Zola-Tron ကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီအခ်က္ကိုေတာ့ ၿပီးခဲ့တဲ့အပတ္တုန္းက အပိုင္း(၈)ရဲ့ Breakdown မွာလည္း ေရးေပးခဲ့ပါေသးတယ္။

(13) အပိုင္း(၃)ရဲ့ အဆက္
photo via screenrant

Ultron နဲ႔ တိုက္ပြဲႀကီး ၿပီးဆုံးသြားတဲ့ အခ်ိန္မွာေတာ့ အားလုံးဟာ သူတို႔နဲ႔ သက္ဆိုင္တဲ့ ေနရာေတြဆီကို ျပန္သြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Ultron ဖ်က္ဆီးသြားတဲ့ ကမၻာေပၚက Natasha ဟာ သူမကို တျခားတစ္ေနရာကို ပို႔ခိုင္းခဲ့ပါတယ္။

Watcher ကေတာ့ သူမကို တျခား Universe ထဲကို ပို႔ေပးခဲ့ၿပီး အဲ့ဒီ Universe ကေတာ့ အပိုင္း(၃)ထဲမွာ Hank Pym မူလ Avenger အဖြဲ႕ဝင္ေတြကို သတ္ခဲ့တဲ့ Universe ပဲ ျဖစ္ပါတယ္။ အပိုင္း(၃)ေနာက္ဆုံးခန္းမွာေတာ့ အဲ့ဒီကမၻာကို Loki က သိမ္းပိုက္ထားၿပီး Nick Fury ကေတာ့ Loki ကို Captain America နဲ႔ Captain Marvel တို႔ရဲ့ အကူအညီနဲ႔ တိုက္ခိုက္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

(14) Steve က Winter Soldier အသစ္ ျဖစ္သြားမွာလား?
photo via screenrant

ဒီအပိုင္းရဲ့ Credit Scene ထဲမွာေတာ့ Captain Carter ဟာ Hydra Stomper ကို ျပန္လည္ျမင္ေတြ႕ခဲ့ပါတယ္။ သူမရဲ့ Universe မွာေတာ့ Batroc တို႔ဟာ Hydra Stomper ကို ရယူဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ အဲ့ဒီဝတ္စုံအထဲမွာ လူလည္းရွိေနပါတယ္ဆိုၿပီး Black Widow က အတည္ျပဳခဲ့ပါတယ္။

ဒါေၾကာင့္ပဲ Captain Carter ဟာ Steve နဲ႔ ျပန္လည္ေတြ႕ဆုံဖို႔ ေမၽွာ္လင့္ခ်က္ ရရွိသြားပါတယ္။ ဒါေပမယ့္လည္း ဒီ Universe မွာေတာ့ Peggy က Steve ရဲ့ ေနရာကို ေရာက္သြားကာ Steve ကေတာ့ Bucky ရဲ့ ေနရာကို ေရာက္သြားပါတယ္။ ဒါေၾကာင့္ပဲ ျဖစ္နိုင္တာကေတာ့ Steve ဟာ Bucky လိုမ်ိဴး Winter Soldier ျဖစ္သြားနိုင္ၿပီး Steve နဲ႔ Peggy တို႔ ႏွစ္ေယာက္ ျပန္လည္ရင္ဆိုင္ရနိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular