HomeEntertainmentFilmDoctor Strange ကို ဖမ်းသွားတဲ့သူတွေက ဘယ်သူတွေလဲ?

Doctor Strange ကို ဖမ်းသွားတဲ့သူတွေက ဘယ်သူတွေလဲ?

Doctor Strange in the Multiverse of Madness ရဲ့ အသစ်ထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ Doctor Strange ကို ဖမ်းဆီးသွားတာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် သူ့ကို လက်ထိပ်ခတ်ထားပြီး ဘေးပတ်လည်မှာ စက်ရုပ်တွေဝန်းရံကာ အခန်းတစ်ခန်းထဲကို လိုက်ပို့တာ မြင်တွေ့ခဲ့ရပါတယ်။

အခန်းထဲကို ရောက်သွားတဲ့အချိန်မှာတော့ လူတစ်စုဟာ ထိုင်ခုံတွေမှာ ထိုင်နေကြပြီး ဘယ်သူတွေလည်း ဆိုတာကိုတော့ မပြသသွားပါဘူး။ သေချာတာတစ်ခုကတော့ အဲ့ဒီလူစုထဲမှာ Professor X ပါဝင်နေတာပဲ ဖြစ်ပါတယ်။ အဲ့ဒီလူတစ်စုကတော့ Illuminati အဖွဲ့ ဖြစ်နေနိုင်တယ်ဆိုတဲ့ ယူဆချက်ကတော့ လောလောဆယ်မှာ ရေပန်းစားနေပါတယ်။

Illuminati တွေက ဘယ်သူတွေလဲ?
photo via screenrant

Illuminati အဖွဲ့ကတော့ ကမ္ဘာပေါ်မှာ တည်ရှိနေတာ ကြာမြင့်ပြီ ဖြစ်ပြီး Superhero အသိုင်းအဝိုင်းရဲ့ အဓိကကျောရိုးတစ်ခုဆိုလည်း မမှားပါဘူး။ သူတို့တွေဟာ ကမ္ဘာကို ကာကွယ်ဖို့အတွက် တိတ်တဆိတ် တည်ရှိနေကြပြီး သူတို့တစ်ယောက်ချင်းစီမှာ မတူညီတဲ့ အရာတွေကို ကိုယ်စားပြုကြပါတယ်။

Namor ကတော့ Atlantis ကို ကိုယ်စားပြုထားတဲ့ Anti-Hero တစ်ယောက်ပဲ ဖြစ်ပါတယ်။ Iron Man ကတော့ Avengers တွေကို ကိုယ်စားပြုတဲ့ သာမန်လူသားတစ်ယောက် ဖြစ်ပြီး Black Bolt ကတော့ Inhuman မျိူးနွယ်ကို ကိုယ်စားပြုတဲ့ ဘုရင်တစ်ယောက် ဖြစ်ပါတယ်။ Reed Richard ကတော့ တိုးတက်တဲ့ သိပ္ပံပညာတွေကို ထောက်ပံ့ပေးပြီး Professor X ကတော့ Mutant တွေကို ကိုယ်စားပြုပါတယ်။ နောက်ဆုံးအဖွဲ့ဝင်ကတော့ Doctor Strange ပဲ ဖြစ်ပြီး မှော်ပညာရှင်တွေကို ကိုယ်စားပြုပါတယ်။

သူတို့တွေဟာ ကမ္ဘာကြီးကို လုံခြုံစေဖို့အတွက် အဖြစ်အပျက်တွေကို နောက်ကွယ်က ကြိုးကိုင်ကာ လိုသလို ပြောင်းလဲဖို့ တာဝန်ရှိတယ်လို့ ယူဆထားကြပါတယ်။ တခါတရံမှာတော့ သူတို့တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ပိုမိုဆိုးရွားတဲ့ ကိစ္စတွေကို ဖြစ်လာစေခဲ့ပါတယ်။ ဥပမာပြောရရင် ကမ္ဘာပေါ်မှာ သောင်းကျန်းမှုတွေ ပြုလုပ်နေတဲ့ Hulk ကို အာကာသထဲ နယ်နှင်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ Hulk ဟာ ကမ္ဘာပေါ်ကို ပြန်ရောက်လာပြီး လက်စားချေမှု ပြုလုပ်ကာ World War Hulk အဖြစ်အပျက် ဖြစ်လာပါတော့တယ်။

Illuminati အဖွဲ့ကို ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ့် MCU
photo via screenrant

ကောမစ်ထဲက Illuminati အဖွဲ့ဟာ Multiverse နဲ့ ပတ်သက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပေမယ့်လည်း များသောအားဖြင့်တော့ သူတို့ဟာ သူတို့ရဲ့ကိုယ်ပိုင် Universe ကိုပဲ ကာကွယ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရသလို ဆိုရင်တော့ MCU ရဲ့ Illuminati ဟာ မတူညီတဲ့ Universe က ဇာတ်ကောင်တွေနဲ့ ဖွဲ့စည်းထားပြီး Multiverse နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းကြတာ ဖြစ်နိုင်ပါတယ်။

Doctor Strange ကတော့ Multiverse နဲ့ ပတ်သက်ပြီး ပြဿနာတွေ ပြုလုပ်ထားတာကြောင့် အခုလိုမျိူး ဖမ်းဆီးခံခဲ့ရတာလို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Doctor Strange in the Multiverse of Madness ကတော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ကား ဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular