HomeCelebs Update NewsInternationalBillie Eilish ရဲ့ ချစ်သူ Matthew Tyler Vorce ဆိုတာ ဘယ်သူလဲ??

Billie Eilish ရဲ့ ချစ်သူ Matthew Tyler Vorce ဆိုတာ ဘယ်သူလဲ??

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Billie Eilish ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ရင် တော်တော်လေး သိုသိပ်တတ်သူ ဖြစ်ပါတယ်။ သို့သော်လည်း ယခုလက်ရှိ သူမနဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Matthew Tyler Vorce နဲ့ ပတ်သက်ပြီး တချို့အချက်တွေကိုတော့ သိထားရပါတယ်။

Billie ဟာ Matthew နဲ့ တွဲနေတယ်လို့ ပရိသတ်တွေကို တရားဝင်ထုတ်ပြောထားခြင်း မရှိပေမယ့် သူတို့နှစ်ဦး တွဲသွားတွဲလာ လုပ်နေတဲ့ပုံရိပ်တွေကတော့ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက Disney Land မှာ အတူတူ တွဲပြီး ပထမဆုံးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် အောက်တိုဘာလ(၂၁)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အဆိုတော် Doja Cat ရဲ့ မွေးနေ့ပါတီမှာလည်း နှစ်ယောက်သား အတူတူပျော်နေကြတာကို တွေ့လိုက်ရပါသေးတယ်။

Photo Credit: Cosmopolitan

ချစ်သူအသစ် Matthew နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို တရားဝင် ထုတ်ပြောတာမျိုး မရှိသေးပေမယ့် ပြီးခဲ့တဲ့မေလတုန်းက ပရိသတ်တွေနဲ့ အမေးအဖြေ ဗွီဒီယိုတစ်ခုမှာတော့ အရိပ်အမြွက် ပြောထားတာ ရှိပါတယ်။ အဲဒါကတော့ ပရိသတ်တစ်ယောက်ဟာ သူမအနေနဲ့ လတ်တလော နောက်ဆုံးလုပ်ထားတဲ့ ပထမဆုံးအရာတစ်ခုကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Elle

ဒီမေးခွန်းကိုတော့ Billie က “အင်း … အဖြေကတော့ တော်တော်လေး ရှင်းလင်းပါတယ်။ ဒီတစ်ခုကို မဖြေတော့ဘူးနော်။ မနေ့တုန်းက ပထမဆုံးအကြိမ်အဖြစ် ဒိတ်လုပ်ခဲ့တယ်။ ဟုတ်ပြီလား … ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါကြောင့် မီဒီယာတွေမှာ Billie ရဲ့ချစ်သူလို့ ဖော်ပြခံနေရတဲ့ Matthew Tyler Vorce က ဘယ်သူလည်းဆိုတာကိုတော့ သိထားရသလောက် ဖော်ပြပေးလိုက်ပါတယ်။

Matthew ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို Podcast Host တစ်ယောက်လည်း ဖြစ်ပါတယ်။
Photo: corduroygraham/ Instagram

သူ့ရဲ့ IG က bio မှာတော့ “Actor. Writer. Degenerate” လို့ ရေးထားတာ တွေ့ရပါတယ်။ သူဟာ လော့စ်အိန်ဂျလိစ်မြို့မှာ လက်ရှိနေထိုင်နေတယ်လို့ location အရ သိရပါတယ်။ Matthew ကတော့ အသက်(၂၉)နှစ် ရှိပြီဖြစ်ပြီး Billie ထက် ဆယ်နှစ်တိတိ ကြီးပါတယ်။

IMDb ရဲ့ ဖော်ပြချက်အရ ရုပ်သံဇာတ်လမ်းတွဲအချို့မှာ သရုပ်ဆောင်ထားတာ တွေ့ရပြီး horror podcast series တစ်ခုကို တင်ဆက်နေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ podcast series အမည်ကတော့ Searching For Putty Man ဖြစ်ပြီး horror နဲ့ ပတ်သက်လို့ တကယ် ဝါသနာထုံသူ ဖြစ်ပုံရပါတယ်။

ဆိုရှယ်မီဒီယာမှာ ပြဿနာတက်ထားဖူးပါတယ်။
Photo: corduroygraham/ Instagram

အဲဒါကတော့ ကံမကောင်းစွာနဲ့ပဲ Matthew ဟာ Facebook နဲ့ Twitter မှာ လိင်တူတွေကို ရှုံ့ချထားပြီး လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေကို အတိတ်မှာ သုံးစွဲခဲ့ဖူးတယ်လို့ user များစွာက စွပ်စွဲပြောဆိုခြင်းကို ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း Matthew ဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်ကြောင်း ပြန်လည်ပြောကြားခဲ့ရပါတယ်။

သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ Billie နဲ့ relationship အကြောင်းတွေကို သိုသိပ်ထားပါတယ်။
Photo: corduroygraham/ Instagram

Matthew နဲ့ Billie တို့ဟာ public မှာ အတူတွဲ တွေ့ထားရပေမယ့် နှစ်ဘက်စလုံးက သူတို့ရဲ့ အချစ်ရေးအကြောင်းကို သိုသိပ်ထားကြတာ တွေ့ရပါတယ်။ နှစ်ယောက်စလုံးရဲ့ Instagram အကောင့်တွေမှာ တွဲနေပါတယ်လို့ တရားဝင် ထုတ်ပြောလာခြင်း မရှိသေးသလို သူတို့ရဲ့ ပတ်သက်မှုအကြောင်းကိုလည်း တခြားမီဒီယာတွေမှာ ထုတ်ပြောထားခြင်း မရှိသေးပါဘူး။ သို့သော်လည်း နှစ်ယောက်စလုံးကတော့ လောလောဆယ်မှာ အေးအေးဆေးဆေးနဲ့ ချစ်ခရီးလျှောက်လှမ်းနေတယ်လို့ ယူဆရပါတယ်။

“ကျွန်မမှာ relationship တွေ ရှိပေမယ့် ကျွန်မကတော့ အကုန်လုံးကို သိုဝှက်ထားပါတယ်။ ကျွန်မရဲ့ ထားခဲ့ဖူးတဲ့ relationship တွေမှာလည်း နည်းနည်းလေးပဲဖြစ်ဖြစ် လူတွေသိအောင် ပြခဲ့မိတယ်ဆိုရင်တောင် ကျွန်မမှာ နောင်တရရပါတယ်။ public ကို တကယ်ချပြပြီး လူသိရှင်ကြား တွဲတဲ့လူတွေကလည်း ပြီးရင် ပြတ်ကြတာပါပဲ။ အဲတော့ ကျွန်မလည်း ဆိုးဆိုးဝါးဝါးကြီးတွေ ဖြစ်လာမှာ ကြောက်ပါတယ် …  ” လို့ မနှစ်က Roman Kemp နဲ့ ပြုလုပ်ခဲ့တဲ့ Capital Breakfast အစီအစဉ်မှာ Billie က ပြောဖူးပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Billie Eilish ဟာ သူမရဲ့ အခ်စ္ေရးနဲ႔ ပတ္သက္ရင္ ေတာ္ေတာ္ေလး သိုသိပ္တတ္သူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ယခုလက္ရွိ သူမနဲ႔ တြဲေနတယ္လို႔ သတင္းထြက္ေနတဲ့ Matthew Tyler Vorce နဲ႔ ပတ္သက္ၿပီး တခ်ိဳ႕အခ်က္ေတြကိုေတာ့ သိထားရပါတယ္။

Billie ဟာ Matthew နဲ႔ တြဲေနတယ္လို႔ ပရိသတ္ေတြကို တရားဝင္ထုတ္ေျပာထားျခင္း မရွိေပမယ့္ သူတို႔ႏွစ္ဦး တြဲသြားတြဲလာ လုပ္ေနတဲ့ပုံရိပ္ေတြကေတာ့ ပ်ံ႕ႏွံ့ေနတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးကိုေတာ့ ၿပီးခဲ့တဲ့ ဇြန္လတုန္းက Disney Land မွာ အတူတူ တြဲၿပီး ပထမဆုံးေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီေနာက္ ေအာက္တိုဘာလ(၂၁)ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ အဆိုေတာ္ Doja Cat ရဲ့ ေမြးေန႔ပါတီမွာလည္း ႏွစ္ေယာက္သား အတူတူေပ်ာ္ေနၾကတာကို ေတြ႕လိုက္ရပါေသးတယ္။

Photo Credit: Cosmopolitan

ခ်စ္သူအသစ္ Matthew နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကို တရားဝင္ ထုတ္ေျပာတာမ်ိဳး မရွိေသးေပမယ့္ ၿပီးခဲ့တဲ့ေမလတုန္းက ပရိသတ္ေတြနဲ႔ အေမးအေၿဖ ဗြီဒီယိုတစ္ခုမွာေတာ့ အရိပ္အႁမြက္ ေျပာထားတာ ရွိပါတယ္။ အဲဒါကေတာ့ ပရိသတ္တစ္ေယာက္ဟာ သူမအေနနဲ႔ လတ္တေလာ ေနာက္ဆုံးလုပ္ထားတဲ့ ပထမဆုံးအရာတစ္ခုကို ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Elle

ဒီေမးခြန္းကိုေတာ့ Billie က “အင္း … အေျဖကေတာ့ ေတာ္ေတာ္ေလး ရွင္းလင္းပါတယ္။ ဒီတစ္ခုကို မေျဖေတာ့ဘူးေနာ္။ မေန႔တုန္းက ပထမဆုံးအႀကိမ္အျဖစ္ ဒိတ္လုပ္ခဲ့တယ္။ ဟုတ္ၿပီလား … ” လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ဒါေၾကာင့္ မီဒီယာေတြမွာ Billie ရဲ့ခ်စ္သူလို႔ ေဖာ္ျပခံေနရတဲ့ Matthew Tyler Vorce က ဘယ္သူလည္းဆိုတာကိုေတာ့ သိထားရသေလာက္ ေဖာ္ျပေပးလိုက္ပါတယ္။

Matthew ဟာ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္သလို Podcast Host တစ္ေယာက္လည္း ျဖစ္ပါတယ္။
Photo: corduroygraham/ Instagram

သူ႔ရဲ့ IG က bio မွာေတာ့ “Actor. Writer. Degenerate” လို႔ ေရးထားတာ ေတြ႕ရပါတယ္။ သူဟာ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ လက္ရွိေနထိုင္ေနတယ္လို႔ location အရ သိရပါတယ္။ Matthew ကေတာ့ အသက္(၂၉)ႏွစ္ ရွိၿပီျဖစ္ၿပီး Billie ထက္ ဆယ္ႏွစ္တိတိ ႀကီးပါတယ္။

IMDb ရဲ့ ေဖာ္ျပခ်က္အရ ႐ုပ္သံဇာတ္လမ္းတြဲအခ်ိဳ႕မွာ သ႐ုပ္ေဆာင္ထားတာ ေတြ႕ရၿပီး horror podcast series တစ္ခုကို တင္ဆက္ေနသူလည္း ျဖစ္ပါတယ္။ သူ႔ရဲ့ podcast series အမည္ကေတာ့ Searching For Putty Man ျဖစ္ၿပီး horror နဲ႔ ပတ္သက္လို႔ တကယ္ ဝါသနာထုံသူ ျဖစ္ပုံရပါတယ္။

ဆိုရွယ္မီဒီယာမွာ ျပႆနာတက္ထားဖူးပါတယ္။
Photo: corduroygraham/ Instagram

အဲဒါကေတာ့ ကံမေကာင္းစြာနဲ႔ပဲ Matthew ဟာ Facebook နဲ႔ Twitter မွာ လိင္တူေတြကို ရွုံ႔ခ်ထားၿပီး လူမ်ိဳးေရးခြဲျခားတဲ့ စကားလုံးေတြကို အတိတ္မွာ သုံးစြဲခဲ့ဖူးတယ္လို႔ user မ်ားစြာက စြပ္စြဲေျပာဆိုျခင္းကို ခံခဲ့ရပါတယ္။ ဒါေၾကာင့္လည္း Matthew ဘက္က ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေတာင္းပန္ေၾကာင္း ျပန္လည္ေျပာၾကားခဲ့ရပါတယ္။

သူ႔ရဲ့ ပုဂၢိဳလ္ေရးဘဝနဲ႔ Billie နဲ႔ relationship အေၾကာင္းေတြကို သိုသိပ္ထားပါတယ္။
Photo: corduroygraham/ Instagram

Matthew နဲ႔ Billie တို႔ဟာ public မွာ အတူတြဲ ေတြ႕ထားရေပမယ့္ ႏွစ္ဘက္စလုံးက သူတို႔ရဲ့ အခ်စ္ေရးအေၾကာင္းကို သိုသိပ္ထားၾကတာ ေတြ႕ရပါတယ္။ ႏွစ္ေယာက္စလုံးရဲ့ Instagram အေကာင့္ေတြမွာ တြဲေနပါတယ္လို႔ တရားဝင္ ထုတ္ေျပာလာျခင္း မရွိေသးသလို သူတို႔ရဲ့ ပတ္သက္မွုအေၾကာင္းကိုလည္း တျခားမီဒီယာေတြမွာ ထုတ္ေျပာထားျခင္း မရွိေသးပါဘူး။ သို႔ေသာ္လည္း ႏွစ္ေယာက္စလုံးကေတာ့ ေလာေလာဆယ္မွာ ေအးေအးေဆးေဆးနဲ႔ ခ်စ္ခရီးေလၽွာက္လွမ္းေနတယ္လို႔ ယူဆရပါတယ္။

“ကၽြန္မမွာ relationship ေတြ ရွိေပမယ့္ ကၽြန္မကေတာ့ အကုန္လုံးကို သိုဝွက္ထားပါတယ္။ ကၽြန္မရဲ့ ထားခဲ့ဖူးတဲ့ relationship ေတြမွာလည္း နည္းနည္းေလးပဲျဖစ္ျဖစ္ လူေတြသိေအာင္ ျပခဲ့မိတယ္ဆိုရင္ေတာင္ ကၽြန္မမွာ ေနာင္တရရပါတယ္။ public ကို တကယ္ခ်ျပၿပီး လူသိရွင္ၾကား တြဲတဲ့လူေတြကလည္း ၿပီးရင္ ျပတ္ၾကတာပါပဲ။ အဲေတာ့ ကၽြန္မလည္း ဆိုးဆိုးဝါးဝါးႀကီးေတြ ျဖစ္လာမွာ ေၾကာက္ပါတယ္ …  ” လို႔ မႏွစ္က Roman Kemp နဲ႔ ျပဳလုပ္ခဲ့တဲ့ Capital Breakfast အစီအစဥ္မွာ Billie က ေျပာဖူးပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular