HomeEntertainmentFilmSandman ဇာတ်လမ်းတွဲထဲမှာ Corinthian ဟာ ဘာကြောင့် မျက်လုံးတွေကိုစားတာလဲ?

Sandman ဇာတ်လမ်းတွဲထဲမှာ Corinthian ဟာ ဘာကြောင့် မျက်လုံးတွေကိုစားတာလဲ?

The Sandman ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ Netflix ကနေ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Corinthian ဟာ အဓိကဗီလိန်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ Corinthian ဟာ Morpheus က ဖန်တီးထားတဲ့ အိပ်မက်ဆိုးတစ်ခု ဖြစ်ပြီး Dreaming World ထဲကနေ ထွက်ခွာပြီး Waking World ထဲမှာ လူတွေကို လိုက်လံသတ်ဖြတ်နေသူ ဖြစ်ပါတယ်။

photo via screenrant

မူလတုန်းကတော့ Corinthian ဟာ အိပ်မက်ဆိုး ဖြစ်တာကြောင့် Dreaming World ထဲကို ရောက်လာကြတဲ့ လူတွေကိုပဲ သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို သိရှိသွားစေဖို့ အိပ်မက်ထဲမှာ အကြမ်းဖက်ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Corinthian ဟာ အိပ်မက်ဆိုးတစ်ခုဆိုတာထက် ပိုလိုချင်လာတာကြောင့် Waking World ထဲကို ထွက်သွားပြီး လူသားတွေကို လိုက်လံသတ်ဖြတ်ပါတော့တယ်။ ဒါ့အပြင် သူဟာ လူသားတွေကို သတ်ဖြတ်ပြီးသွားရင်း မျက်လုံးတွေကို ဖောက်ထုတ်ကာ စားသုံးလေ့ ရှိတာကိုလည်း ပြသခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Corinthian ဟာ ယခုလိုမျိူး သတ်ဖြတ်တာက သူ့ကို လူသားတစ်ယောက်လို ခံစားရစေတယ်လို့ ပြောပါတယ်။ ကောမစ်ထဲမှာတော့ Corinthian ဟာ လူသားတွေရဲ့ မျက်လုံးကို စားသောက်လိုက်ရင် အဲဒီလူရဲ့ မှတ်ဉာဏ်တွေကို မြင်ရသလို ဖြစ်လာနိုင်ချေရှိတဲ့ အနာဂတ်တွေကိုလည်း မြင်ရနိုင်စွမ်း ရှိပါတယ်။ ဒီစွမ်းရည်ကတော့ Dreaming World ထဲမှာ လူသားတွေ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ပြသဖို့ အသုံးပြုတာ ဖြစ်ပေမယ့်လည်း Waking World ကို ရောက်လာတဲ့အချိန်မှာတော့ သူဟာ ဒီစွမ်းရည်ကို အသုံးပြုပုံ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Season 1 ရဲ့ အဆုံးသတ်မှာတော့ Morpheus ဟာ Corinthian ကို ဖျက်ဆီးလိုက်ပေမယ့်လည်း ကောမစ်ထဲမှာတော့ Morpheus ဟာ နောက်ထပ် Corinthian အသစ်ကို ထပ်မံဖန်တီးခဲ့ပါတယ်။ ဒါကြောင့်ပဲ အသစ်ထွက်ရှိလာမယ့် Season 2 နဲ့ နောက်ထပ် Season တွေထဲမှာလည်း Corinthian ဟာ ထပ်မံပါဝင်လာဖို့ သေချာသလောက် ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Corinthian ဟာ ဒီဇာတ်လမ်းတွဲထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်ကောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular