HomeEntertainmentFilmLoki ရဲ့ ကိုယ်အလေးချိန်က ဘာကြောင့် (၅၂၅) ပေါင်တောင် လေးရတာလဲ?

Loki ရဲ့ ကိုယ်အလေးချိန်က ဘာကြောင့် (၅၂၅) ပေါင်တောင် လေးရတာလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki ဇာတ်လမ်းတွဲရဲ့ ပရိုမိုးရှင်း ဗီဒီယိုထဲမှာတော့ Loki ရဲ့ ကိုယ်ရေးအကျဉ်းဖိုင်ကို မြင်တွေ့ခဲ့ရပြီး အဲ့ထဲမှာတော့ သူက Genderfluid လို့ ဖော်ပြထားပါတယ်။ ဒါတင်မကသေးဘဲ အံ့ဩစရာကောင်းတဲ့ အချက်ကတော့ Loki ရဲ့ ကိုယ်အလေးချိန်ဟာ (၅၂၅) ပေါင်တောင် ရှိတယ်လို့လည်း တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Loki က ပိန်ပိန်ပါးပါးပဲ ဖြစ်ပေမယ့် ဘာကြောင့် ဒီလောက်ကိုယ်အလေးချိန် များနေရလည်း ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

photo via screenrant

Marvel ကောမစ်ထဲမှာတော့ Asgardian တွေဟာ လူသားတွေနဲ့ ခန္ဓာကိုယ်အရွယ်အစား သိပ်မကွာပေမယ့်လည်း ကိုယ်အလေးချိန်ကတော့ လူသားတွေထက် များစွာလေးလံပါတယ်။ အကြောင်းကတော့ Asgardian တွေရဲ့ ခန္ဓာကိုယ်ဟာ လူသားတွေထက် သိပ်သည်းဆ ပိုမိုများပြီး ပိုမိုစွမ်းအားကြီးတာကြောင့် ဖြစ်ပါတယ်။ ကောမစ်ထဲက တရားဝင်ဖော်ပြချက်အရ ဆိုရင်တော့ Thor ရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် (၆၄၀) တောင် ရှိပါတယ်။ ဒီအချက်ကြောင့်ပဲ Thor နဲ့ တစ်ခြား Asgardian တွေရဲ့ ကိုယ်အလေးချိန်အကြောင်းဟာ ရှင်းသွားပေမယ့်လည်း Loki ကတော့ မတူညီဘဲ အနည်းငယ် ရှုပ်ထွေးပါတယ်။

၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Thor ရုပ်ရှင်ထဲမှာတော့ Loki ဟာ Odin ရဲ့ သားအရင်း မဟုတ်ဘဲ Frost Giant တွေရဲ့ ခေါင်းဆောင်ဖြစ်သူ Laufey ရဲ့ သားဆိုတာကို သိခဲ့ရပါတယ်။ Asgardian တွေနဲ့ Frost Giant တွေ စစ်ပွဲအတွင်းမှာ Odin ဟာ စွန့်ပစ်ခံထားရတဲ့ Loki ကို ရှာတွေ့ခဲ့ပြီး မွေးစားခဲ့ပါတယ်။ မွေးခါစ Loki ကို အခုလိုစွန့်ပစ်ထားရတဲ့ အကြောင်းကတော့ Loki ဟာ Frost Giant အတွက် အလွန်အားနည်းနေလို့ပဲ ဖြစ်ပါတယ်။ Odin က Loki ကို ကောက်ချီလိုက်တဲ့အချိန်မှာ Loki ရဲ့ အသားရောင်ဟာ အပြာရောင်ကနေ သာမန်လူသားတွေလို ပြောင်းလဲသွားခဲ့ပါတယ်။ ဒီအချက်ကတော့ Odin ရဲ့ မှော်ပညာကြောင့်လား ဒါမှမဟုတ် Loki ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မှော်ပညာကြောင့် ပုတ်သင်ညိုတွေလို နီးစပ်ရာအရောင် ပြောင်းလဲသွားတာလား ဆိုတာကိုတော့ သေချာမသိရပါဘူး။

photo via screenrant

ဒါ့အပြင် Thor ရုပ်ရှင်ထဲမှာ Loki က သူ့ကိုယ်သူ မွေးစားသားမှန်း သိသွားတဲ့အချိန်မှာ သူ့ရဲ့အသားအရောင်က အပြာရောင် ပြောင်းလဲသွားတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း Loki က များသောအားဖြင့် လူသားတွေလိုပုံစံနဲ့ပဲ နေထိုင်လေ့ရှိပါတယ်။ ဒါကြောင့်ပဲ ဖြစ်နိုင်တာကတော့ Loki ရဲ့ shapeshifting စွမ်းရည်က သူ့ရဲ့ပုံစံကို ပြောင်းလဲပေးပြီး ခန္ဓာကိုယ်ရဲ့ အလေးချိန်ကိုတော့ မပြောင်းလဲနိုင်တာ ဖြစ်ပါလိမ့်မယ်။ အခုလိုမျိူး (၅၂၅) ပေါင် ကိုယ်အလေးချိန် ရှိရတဲ့ အကြောင်းအရင်းကတော့ ရှင်းရှင်းလေးပဲ ဖြစ်ပြီး Loki က Frost Giant ဖြစ်နေလို့ပါ။ Loki ရဲ့ true form ဟာ အပြာရောင်အသားရည်နဲ့ Frost Giant ဖြစ်ပေမယ့်လည်း သူကတော့ လူသားတွေလိုပဲ နေထိုင်လေ့ ရှိပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Loki ဇာတ္လမ္းတြဲရဲ႕ ပ႐ိုမိုးရွင္း ဗီဒီယိုထဲမွာေတာ့ Loki ရဲ႕ ကိုယ္ေရးအက်ဥ္းဖိုင္ကို ျမင္ေတြ႕ခဲ့ရၿပီး အဲ့ထဲမွာေတာ့ သူက Genderfluid လို႔ ေဖာ္ျပထားပါတယ္။ ဒါတင္မကေသးဘဲ အံ့ဩစရာေကာင္းတဲ့ အခ်က္ကေတာ့ Loki ရဲ႕ ကိုယ္အေလးခ်ိန္ဟာ (၅၂၅) ေပါင္ေတာင္ ရွိတယ္လို႔လည္း ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Loki က ပိန္ပိန္ပါးပါးပဲ ျဖစ္ေပမယ့္ ဘာေၾကာင့္ ဒီေလာက္ကိုယ္အေလးခ်ိန္ မ်ားေနရလည္း ဆိုတာကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

photo via screenrant

Marvel ေကာမစ္ထဲမွာေတာ့ Asgardian ေတြဟာ လူသားေတြနဲ႔ ခႏၶာကိုယ္အ႐ြယ္အစား သိပ္မကြာေပမယ့္လည္း ကိုယ္အေလးခ်ိန္ကေတာ့ လူသားေတြထက္ မ်ားစြာေလးလံပါတယ္။ အေၾကာင္းကေတာ့ Asgardian ေတြရဲ႕ ခႏၶာကိုယ္ဟာ လူသားေတြထက္ သိပ္သည္းဆ ပိုမိုမ်ားၿပီး ပိုမိုစြမ္းအားႀကီးတာေၾကာင့္ ျဖစ္ပါတယ္။ ေကာမစ္ထဲက တရားဝင္ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Thor ရဲ႕ ကိုယ္အေလးခ်ိန္ဟာ ေပါင္ (၆၄၀) ေတာင္ ရွိပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Thor နဲ႔ တစ္ျခား Asgardian ေတြရဲ႕ ကိုယ္အေလးခ်ိန္အေၾကာင္းဟာ ရွင္းသြားေပမယ့္လည္း Loki ကေတာ့ မတူညီဘဲ အနည္းငယ္ ရႈပ္ေထြးပါတယ္။

၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Thor ႐ုပ္ရွင္ထဲမွာေတာ့ Loki ဟာ Odin ရဲ႕ သားအရင္း မဟုတ္ဘဲ Frost Giant ေတြရဲ႕ ေခါင္းေဆာင္ျဖစ္သူ Laufey ရဲ႕ သားဆိုတာကို သိခဲ့ရပါတယ္။ Asgardian ေတြနဲ႔ Frost Giant ေတြ စစ္ပြဲအတြင္းမွာ Odin ဟာ စြန႔္ပစ္ခံထားရတဲ့ Loki ကို ရွာေတြ႕ခဲ့ၿပီး ေမြးစားခဲ့ပါတယ္။ ေမြးခါစ Loki ကို အခုလိုစြန႔္ပစ္ထားရတဲ့ အေၾကာင္းကေတာ့ Loki ဟာ Frost Giant အတြက္ အလြန္အားနည္းေနလို႔ပဲ ျဖစ္ပါတယ္။ Odin က Loki ကို ေကာက္ခ်ီလိုက္တဲ့အခ်ိန္မွာ Loki ရဲ႕ အသားေရာင္ဟာ အျပာေရာင္ကေန သာမန္လူသားေတြလို ေျပာင္းလဲသြားခဲ့ပါတယ္။ ဒီအခ်က္ကေတာ့ Odin ရဲ႕ ေမွာ္ပညာေၾကာင့္လား ဒါမွမဟုတ္ Loki ရဲ႕ ခႏၶာကိုယ္ထဲမွာ ရွိေနတဲ့ ေမွာ္ပညာေၾကာင့္ ပုတ္သင္ညိဳေတြလို နီးစပ္ရာအေရာင္ ေျပာင္းလဲသြားတာလား ဆိုတာကိုေတာ့ ေသခ်ာမသိရပါဘူး။

photo via screenrant

ဒါ့အျပင္ Thor ႐ုပ္ရွင္ထဲမွာ Loki က သူ႔ကိုယ္သူ ေမြးစားသားမွန္း သိသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕အသားအေရာင္က အျပာေရာင္ ေျပာင္းလဲသြားတာကိုလည္း ျမင္ေတြ႕ခဲ့ရပါေသးတယ္။ ဒါေပမယ့္လည္း Loki က မ်ားေသာအားျဖင့္ လူသားေတြလိုပုံစံနဲ႔ပဲ ေနထိုင္ေလ့ရွိပါတယ္။ ဒါေၾကာင့္ပဲ ျဖစ္ႏိုင္တာကေတာ့ Loki ရဲ႕ shapeshifting စြမ္းရည္က သူ႔ရဲ႕ပုံစံကို ေျပာင္းလဲေပးၿပီး ခႏၶာကိုယ္ရဲ႕ အေလးခ်ိန္ကိုေတာ့ မေျပာင္းလဲႏိုင္တာ ျဖစ္ပါလိမ့္မယ္။ အခုလိုမ်ိဴး (၅၂၅) ေပါင္ ကိုယ္အေလးခ်ိန္ ရွိရတဲ့ အေၾကာင္းအရင္းကေတာ့ ရွင္းရွင္းေလးပဲ ျဖစ္ၿပီး Loki က Frost Giant ျဖစ္ေနလို႔ပါ။ Loki ရဲ႕ true form ဟာ အျပာေရာင္အသားရည္နဲ႔ Frost Giant ျဖစ္ေပမယ့္လည္း သူကေတာ့ လူသားေတြလိုပဲ ေနထိုင္ေလ့ ရွိပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular