HomeEntertainmentFilmGod ဟာ Lucifer ကို ကောင်းကင်ဘုံက နယ်နှင်ဒဏ် ပေးလိုက်ရတဲ့ အကြောင်းရင်း

God ဟာ Lucifer ကို ကောင်းကင်ဘုံက နယ်နှင်ဒဏ် ပေးလိုက်ရတဲ့ အကြောင်းရင်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘုရားသခင်ဟာ ကောင်းကင်ဘုံကနေ ဘာကြောင့် Lucifer ကို နယ်နှင်ဒဏ် ပေးလိုက်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ Lucifer ရှိုးရဲ့ ဖန်တီးသူ Joe Henderson က ပြောပြလိုက်ပါတယ်။

Lucifer ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူ Joe Henderson ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဒီအကြောင်းကို ပြောပြသွားတာ ဖြစ်ပါတယ်။ တကယ်တော့ Lucifer ဟာ Neil Gaiman ဖန်တီးထားတဲ့ The Sandman ကောမစ်ထဲက ဇာတ်ကောင်ဖြစ်ပြီး ဒီဇာတ်ကောင်ကိုပဲ အခြေခံကာ spin-off ဇာတ်လမ်းတွဲ ဖန်တီးထားတာ ဖြစ်ပါတယ်။

photo via screenrant

Lucifer ဇာတ်လမ်းတွဲကိုတော့ ၂၀၁၆ ခုနှစ်မှာ Fox ရုပ်သံလိုင်းမှ စတင်ပြသခဲ့ပြီး season 3 အပြီးမှာ ဖျက်သိမ်းသွားပါတယ်။ အဲ့ဒီနောက်မှာတော့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် Netflix ဟာ ဒီဇာတ်လမ်းတွဲကို ဝယ်ယူပြီး ဆက်လက် ရိုက်ကူးပြသခဲ့ပါတယ်။

မူလအစီအစဉ်အရ season 5 ဟာ ဇာတ်သိမ်းဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းတွဲ ဖန်တီးသူတွေဟာ season 6 အတွက်ပါ စာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ Netflix ဟာ Season 5 ရဲ့ ပထမပိုင်းကိုတော့ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ စတင်ပြသခဲ့ပြီး နောက်ထပ် ကိုးလအကြာမှာ ဒုတိယပိုင်း ဆက်လက် ထွက်ရှိလာပါတယ်။

ဘုရားသခင်ဟာ ဘာကြောင့် Lucifer ကို ကောင်းကင်ဘုံကနေ နယ်နှင်ဒဏ်ပေးခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့  Comic Book သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Joe Henderson က ပြောပြခဲ့ပါတယ်။ ဘုရားသခင်ဟာ Lucifer ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ နေထိုင်စေပြီး ကိုယ်ပိုင်ဘဝလမ်းကြောင်းကို ပိုင်ဆိုင်စေချင်တဲ့အတွက် နယ်နှင်ဒဏ် ပေးခဲ့တာလို့ Joe က ဖြေကြားထားပါတယ်။

photo via screenrant

” ကျွန်တော့်အတွက်တော့ ဘုရားသခင်က ထူးထူးဆန်းဆန်းတွေ ပြုလုပ်တတ်တယ်ဗျ။ Lucifer ဟာ သူ့ရဲ့ဘဝလမ်းကြောင်းကို သူကိုယ်တိုင် ရှာဖွေဖို့ လိုအပ်နေတယ်ဆိုတာ ဘုရားသခင်ကသိလို့ ကောင်းကင်ဘုံကနေ နယ်နှင်ဒဏ်ပေးလိုက်တာပါ။ Lucifer ဟာ ကောင်းကင်ဘုံမှာပဲ နေရင် သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေ ရှိလာမှာ မဟုတ်ဘူးလေ။ အဲ့ဒီတော့ ဒီလုပ်ရပ်က မှားမှားမှန်မှန် Lucifer အတွက် သူ့ကိုယ်သူ ရှာဖွေတွေ့ရှိနိုင်တဲ့ ခရီးလမ်းကို စေလွှတ်လိုက်တာလို့ မြင်ပါတယ် … “

ဒါကတော့ Joe Henderson ပြောသွားတဲ့ Lucifer နဲ့ ဘုရားသခင်အကြောင်း ဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့လည်း ဒီအချက်ပေါ်မှာ ဘယ်လိုမြင်လည်းဆိုတာ comment မှာ ဆွေးနွေးသွားလို့ ရပါတယ်။ Lucifer season 5 ဟာ အံ့ဩစရာတွေနဲ့ ပြည့်နှက်နေပြီး ကြည့်ရှုသူတွေကို ဇာတ်သိမ်းထိ မထတမ်း ကြည့်ချင်သွားအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း လောလောဆယ်မှာတော့ season 6 ဟာ ဘယ်အချိန်မှာ ထွက်ရှိလာမယ်လို့ မကြေညာသေးပါဘူး။

Legos

Source: Screenrant

(Zawgyi Version)

ဘုရားသခင္ဟာ ေကာင္းကင္ဘုံကေန ဘာေၾကာင့္ Lucifer ကို နယ္ႏွင္ဒဏ္ ေပးလိုက္ရတယ္ဆိုတဲ့ အေၾကာင္းရင္းကိုေတာ့ Lucifer ရႈိးရဲ႕ ဖန္တီးသူ Joe Henderson က ေျပာျပလိုက္ပါတယ္။

Lucifer ဇာတ္လမ္းတြဲရဲ႕ ဖန္တီးသူ Joe Henderson ဟာ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ဒီအေၾကာင္းကို ေျပာျပသြားတာ ျဖစ္ပါတယ္။ တကယ္ေတာ့ Lucifer ဟာ Neil Gaiman ဖန္တီးထားတဲ့ The Sandman ေကာမစ္ထဲက ဇာတ္ေကာင္ျဖစ္ၿပီး ဒီဇာတ္ေကာင္ကိုပဲ အေျခခံကာ spin-off ဇာတ္လမ္းတြဲ ဖန္တီးထားတာ ျဖစ္ပါတယ္။

photo via screenrant

Lucifer ဇာတ္လမ္းတြဲကိုေတာ့ ၂၀၁၆ ခုႏွစ္မွာ Fox ႐ုပ္သံလိုင္းမွ စတင္ျပသခဲ့ၿပီး season 3 အၿပီးမွာ ဖ်က္သိမ္းသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ Netflix ဟာ ဒီဇာတ္လမ္းတြဲကို ဝယ္ယူၿပီး ဆက္လက္ ႐ိုက္ကူးျပသခဲ့ပါတယ္။

မူလအစီအစဥ္အရ season 5 ဟာ ဇာတ္သိမ္းျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္ေတြနဲ႔ ဇာတ္လမ္းတြဲ ဖန္တီးသူေတြဟာ season 6 အတြက္ပါ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၾကပါတယ္။ Netflix ဟာ Season 5 ရဲ႕ ပထမပိုင္းကိုေတာ့ ၂၀၂၀ ခုႏွစ္ ဩဂုတ္လမွာ စတင္ျပသခဲ့ၿပီး ေနာက္ထပ္ ကိုးလအၾကာမွာ ဒုတိယပိုင္း ဆက္လက္ ထြက္ရွိလာပါတယ္။

ဘုရားသခင္ဟာ ဘာေၾကာင့္ Lucifer ကို ေကာင္းကင္ဘုံကေန နယ္ႏွင္ဒဏ္ေပးခဲ့တယ္ဆိုတဲ့ အေၾကာင္းရင္းကိုေတာ့  Comic Book သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ Joe Henderson က ေျပာျပခဲ့ပါတယ္။ ဘုရားသခင္ဟာ Lucifer ကို ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ ေနထိုင္ေစၿပီး ကိုယ္ပိုင္ဘဝလမ္းေၾကာင္းကို ပိုင္ဆိုင္ေစခ်င္တဲ့အတြက္ နယ္ႏွင္ဒဏ္ ေပးခဲ့တာလို႔ Joe က ေျဖၾကားထားပါတယ္။

photo via screenrant

” ကြၽန္ေတာ့္အတြက္ေတာ့ ဘုရားသခင္က ထူးထူးဆန္းဆန္းေတြ ျပဳလုပ္တတ္တယ္ဗ်။ Lucifer ဟာ သူ႔ရဲ႕ဘဝလမ္းေၾကာင္းကို သူကိုယ္တိုင္ ရွာေဖြဖို႔ လိုအပ္ေနတယ္ဆိုတာ ဘုရားသခင္ကသိလို႔ ေကာင္းကင္ဘုံကေန နယ္ႏွင္ဒဏ္ေပးလိုက္တာပါ။ Lucifer ဟာ ေကာင္းကင္ဘုံမွာပဲ ေနရင္ သူ႔ရဲ႕ကိုယ္ပိုင္ေ႐ြးခ်ယ္မႈေတြ ရွိလာမွာ မဟုတ္ဘူးေလ။ အဲ့ဒီေတာ့ ဒီလုပ္ရပ္က မွားမွားမွန္မွန္ Lucifer အတြက္ သူ႔ကိုယ္သူ ရွာေဖြေတြ႕ရွိႏိုင္တဲ့ ခရီးလမ္းကို ေစလႊတ္လိုက္တာလို႔ ျမင္ပါတယ္ … “

ဒါကေတာ့ Joe Henderson ေျပာသြားတဲ့ Lucifer နဲ႔ ဘုရားသခင္အေၾကာင္း ျဖစ္ပါတယ္။ စာဖတ္သူေတြအေနနဲ႔လည္း ဒီအခ်က္ေပၚမွာ ဘယ္လိုျမင္လည္းဆိုတာ comment မွာ ေဆြးေႏြးသြားလို႔ ရပါတယ္။ Lucifer season 5 ဟာ အံ့ဩစရာေတြနဲ႔ ျပည့္ႏွက္ေနၿပီး ၾကည့္ရႈသူေတြကို ဇာတ္သိမ္းထိ မထတမ္း ၾကည့္ခ်င္သြားေအာင္ ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ သို႔ေပမယ့္လည္း ေလာေလာဆယ္မွာေတာ့ season 6 ဟာ ဘယ္အခ်ိန္မွာ ထြက္ရွိလာမယ္လို႔ မေၾကညာေသးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular