HomeEntertainmentFilmGlass Onion ထဲမှာ Miles ဟာ ဘာကြောင့် Andi ဆီကို ဖိတ်စာပို့ခဲ့တာလဲ?

Glass Onion ထဲမှာ Miles ဟာ ဘာကြောင့် Andi ဆီကို ဖိတ်စာပို့ခဲ့တာလဲ?

*** SPOILER ALERT ***

Glass Onion: A Knives Out Mystery ထဲမှာတော့ Andi နဲ့ Miles တို့ဟာ အဓိကဇာတ်ကောင်တွေ ဖြစ်ကြပြီး ဒီဇာတ်လမ်းရဲ့ အဓိကလှည့်ကွက်တွေကလည်း သူတို့နှစ်ယောက်နဲ့ပဲ ပတ်သက်နေပါတယ်။ တကယ်တော့ Andi ဟာ ဇာတ်လမ်းမစခင်ကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ကျွန်းပေါ်ကို Andi အဖြစ်နဲ့ ရောက်လာသူကတော့ သူရဲ့ညီမဖြစ်သူ Helen ပဲ ဖြစ်ပါတယ်။

Helen ကို ဒီလိုမျိူး ဟန်ဆောင်စေခဲ့တာကလည်း စုံထောက်ကြီး Benoit Blanc ပဲ ဖြစ်ပြီး Andi ရဲ့သေဆုံးမှုကို စုံစမ်းဖို့အတွက် ယခုလို အကြံပေးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဆုံးသတ်မှာတော့ Andi ကိုသတ်ခဲ့တာဟာ Miles ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စဉ်းစားစရာ ဖြစ်လာတာကတော့ Miles ဟာ Andi ကို သူကိုယ်တိုင် သတ်ခဲ့ပြီးမှ ဘာကြောင့် Andi ဆီကို ဖိတ်စာပို့ခဲ့တာလည်း ဆိုတာပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်း အနည်းငယ်တော့ ရှိနေပါတယ်။ ပထမဆုံးတစ်ခုကတော့ Miles ဟာ Andi ကို မသတ်ခင်မှာ အဲဒီဖိတ်စာကို ပို့ပေးထားတာ ဖြစ်နိုင်ပါတယ်။ Andi က‌တော့ သူမရဲ့လက်ရေးနဲ့ မူရင်းလက်ကိုင်ပဝါကို ပြန်ရှာတွေ့သွားချိန်မှာ အားလုံးကို အီးမေးလ်တစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီအီးမေးလ်ပို့ပြီး ရက်အနည်းငယ်ကြာတော့မှ Miles ရဲ့ကျွန်းပေါ်ကို လူတွေ ရောက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Miles ဟာ သူမရဲ့ အီးမေးလ်ကို မရခင်မှာ ဖိတ်စာကို ပို့လိုက်တယ်လို့ ယူဆနိုင်ပါတယ်။

နောက်ထပ်တစ်ခုကတော့ Miles ဟာ Andi ကို သတ်ပြီးတဲ့နောက်မှာတော့ Andi ရဲ့ သေဆုံးမှုမှာ သူ့ကို သံသယမဝင်နိုင်အောင် ကာဗာလုပ်ထားတဲ့ သဘောမျိူးလည်း ဖြစ်နိုင်ပါတယ်။ Miles နဲ့ Andi တို့ရဲ့ ဆက်ဆံရေးဟာ အစောပိုင်းမှာတော့ ကောင်းပေမယ့် နောက်ပိုင်းမှာတော့ Miles ဟာ Alpha ကုမ္ပဏီတစ်ခုလုံးကို လက်ဝါးကြီးအုပ်ခဲ့တာကြောင့် သူတို့နှစ်ယောက်ဟာ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။

photo via screenrant

ဒါကြောင့်ပဲ Andi တစ်ယောက် အသတ်ခံရတယ်ဆိုတဲ့ သတင်းထွက်လာရင် ပထမဆုံး သံသယဖြစ်မိမှာတော့ Miles ကိုပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် Miles က သူ့ကို သံသယမဖြစ်စေဖို့အတွက် တမင်တကာ ဖိတ်စာကို ပေးပို့ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်းပေါ်ကို Andi ရောက်လာတဲ့ အချိန်မှာတော့ Miles အပါအဝင်အားလုံးဟာ အံ့အားသင့်သွားတာကို တွေ့ရပါတယ်။ Miles ကိုယ်တိုင်ကလည်း “မင်းရောက်လာမယ်လို့ ငါမထင်ထားဘူး”လို့ ပြောခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ Miles ဟာ ဖိတ်စာကို ပို့ခဲ့ပေမယ့် သေဆုံးသွားတဲ့ Andi ရောက်မလာနိုင်ဘူးဆိုတာ သိနေပါတယ်။ ဒီဖြစ်နိုင်ချေ နှစ်ခုထဲမှာတော့ ဒုတိယမြောက်အချက်ဟာ အပေါ်မှာ ဖော်ပြခဲ့တာတွေကြောင့် ပိုပြီးတော့ ဖြစ်နိုင်ချေ ရှိပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular