HomeEntertainmentFilmအလှမ်းဝေးနေဆဲဖြစ်တဲ့ Will Smith ရဲ့ Deadshot ဆိုလိုရုပ်ရှင်

အလှမ်းဝေးနေဆဲဖြစ်တဲ့ Will Smith ရဲ့ Deadshot ဆိုလိုရုပ်ရှင်

Ezra Miller ရဲ့ DCEU က အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ ပရိသတ်တွေ ကာလကြာရှည်စွာ စောင့်စားလာရတဲ့ Deadshot ရဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး update အနည်းငယ် သိရှိလိုက်ရပါတယ်။ Will Smith သရုပ်ဆောင်ထားတဲ့ Deadshot ဇာတ်ကောင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Suicide Squad ရုပ်ရှင်ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

မင်းသား Will Smith ကတော့ မကြာသေးခင်က အော်စကာပွဲမှာ ဖြစ်ပျက်ထားတဲ့ အဖြစ်အပျက်ကြောင့်ပဲ အကြီးအကျယ် ဝေဖန်ခံနေရပြီး ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ပရိသတ်တွေနဲ့ အခြားသရုပ်ဆောင်ဖက်တွေရဲ့ ဝေဖန်မှုကိုပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ သို့သော်လည်း Smith ဟာ Chris Rock နဲ့ သူ ထိခိုက်နစ်နာမိစေခဲ့သူတိုင်းကို တောင်းပန်ကြောင်း ပြောထားပြီး အကယ်ဒမီအဖွဲ့အစည်းကနေ နှုတ်ထွက်ထားပါတယ်။

Photo Credit: Warner Bros.

သို့ပေမယ့်လည်း လက်ရှိကာလမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ DCEU သရုပ်ဆောင်ဟာ Smith တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ Flash သရုပ်ဆောင် Ezra Miller ဟာလည်း ဟာဝိုင်အီကျွန်းက ဘားတစ်ခုမှာ သောင်းကျန်းမှုနဲ့ ရဲအရာရှိတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ဇနီးမောင်နှံနှစ်ဦးရဲ့ အိမ်ထဲကို ဖောက်ဝင်ပြီး ပိုက်ဆံအိတ်ခိုးယူမှု၊ ခြိမ်းခြောက်မှုတွေနဲ့လည်း အမှုတိုင်ကြားခံထားရပါသေးတယ်။

ဒါကြောင့်လည်း Warner Bros. စတူဒီယိုနဲ့ DC Films တို့ဟာ အရေးပေါ် အစည်းအဝေး ထိုင်ခဲ့ရပြီး Ezra Miller နဲ့ ပတ်သက်တဲ့ ပရောဂျက်တွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် Will Smith သရုပ်ဆောင်မယ့် Deadshot ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်တဲ့ update အချို့ကိုလည်း အဆိုပါ အစည်းအဝေးမှာ ပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။

Photo Credit: Warner Bros.

Rolling Stone သတင်းဌာနရဲ့ ဖော်ပြချက်အရ Will Smith သရုပ်ဆောင်မယ့် Deadshot ရုပ်ရှင်ဟာ ပြင်ဆင်မှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ စတူဒီယိုရဲ့ အာရုံစိုက်မှု မရှိနေဘဲ နောက်ကို ရွှေ့ဆိုင်းခံထားရတယ်လို့ သိရပါတယ်။ အကြောင်းကတော့ Will Smith ဘက်က သရုပ်ဆောင်ကြေး ဒေါ်လာသန်း(၂၀) တောင်းဆိုထားတာကြောင့်ပါပဲ။ အခြားအသေးစိတ် အချက်အလက်တွေကိုတော့ မသိရပေမယ့် အနေအထားကတော့ Deadshot ရုပ်ရှင်နဲ့ ပတ်သက်ပြီး ထူးခြားမှု တစုံတရာ မရှိသေးတဲ့ သဘောပါပဲ။

Deadshot ပရောဂျက်ကို ရွှေ့ဆိုင်းခံထားရတာဟာ အော်စကာဆုပေးပွဲမှာ Chris Rock အပေါ် Will Smith ကျူးလွန်ခဲ့တဲ့ လုပ်ရပ်နဲ့တော့ သက်ဆိုင်ခြင်း မရှိဘဲ သရုပ်ဆောင်ကြေး မြင့်မားမှုကြောင့် စတူဒီယိုဘက်က ဘတ်ဂျက်ကို ချိန်ဆနေတာသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သို့သော်လည်းပဲ နဂိုတည်းက သွေးအေးနေတဲ့ ပရောဂျက်ဟာ ဒီဖြစ်ရပ်ကြောင့် ပိုပြီးသွေးအေးသွားဖို့တော့ ရှိနေပါတယ်။ အကြောင်းကတော့ Will Smith ရဲ့ လုပ်ရပ်ကြောင့် Bad Boys 4 ရုပ်ရှင် အပါအဝင် Netflix ရဲ့ ပရောဂျက်တွေဟာလည်း ရပ်ဆိုင်းထားတာကြောင့် ဖြစ်ပါတယ်။

Vancouver

Source: screenrant/rollingstone

RELATED ARTICLES

Most Popular