HomeEntertainmentFilmWill Byers ဟာ LGBT တစ်ယောက်ဖြစ်ကြောင်း အရိပ်အမြွက်ပြောပြသွားတဲ့ Stranger Things ရဲ့ထုတ်လုပ်သူ

Will Byers ဟာ LGBT တစ်ယောက်ဖြစ်ကြောင်း အရိပ်အမြွက်ပြောပြသွားတဲ့ Stranger Things ရဲ့ထုတ်လုပ်သူ

Stranger Things ရဲ့ထုတ်လုပ်သူ Shawn Levy ကတော့ Will Byers ဟာ LGBT တစ်ယောက် ဖြစ်နေနိုင်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ အရိပ်အမြွက် ပြောပြသွားပါတယ်။ Will Byers ကတော့ Stranger Things Season 1 ကတည်းက စတင်ပါဝင်ခဲ့သူ ဖြစ်ပြီး ဇာတ်လမ်းက တဖြည်းဖြည်း ရှေ့ဆက်လာတာနဲ့အမျှ သူဟာ LGBT တစ်ယောက် ဖြစ်နေနိုင်တယ်ဆိုတဲ့ အသေးစိတ်အချက်လေးတွေ ပါဝင်လာခဲ့ပါတယ်။

photo via screenrant

မကြာခင်က ထွက်ရှိထားတဲ့ Season 4 ထဲမှာဆိုရင်‌တော့ Will ဟာ LGBT တစ်ယောက် ဖြစ်နိုင်ချေ ပိုများလာတာကို မြင်တွေ့ရပြီး ပရိသတ်တွေကြားမှာလည်း ဒီကိစ္စဟာ ရေပန်းစားလာပါတယ်။ ဒါပေမယ့်လည်း Season 4 ရောက်မှသာ Will က LGBT ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်တွေကို မြင်တွေ့ရတာ မဟုတ်ဘဲ Season 2 နဲ့ 3 မှာကတည်းက ဒီကိစ္စကို ရည်ညွှန်းနေတဲ့ အသေးစိတ်အချက်တွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်တုန်းကပဲ EW နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Will ဟာ LGBT တစ်ယောက်လားဆိုတဲ့ မေးခွန်းကို ထုတ်လုပ်သူ Shawn Levy က အရိပ်အမြွက် ပြောပြသွားပါတယ်။

“Season 4 နောက်ပိုင်းမှာ ကျွန်တော်တို့ ဘယ်လို ဖန်တီးသွားမယ်ဆိုတာတွေ မပါဘဲ ပြောရမယ်ဆိုရင်တော့ Stranger Things ထဲမှာ မတော်တဆ ပါသွားတယ်ဆိုတာ အရမ်းရှားတယ်ဗျ။ ဇာတ်ကောင်တစ်ယောက်ချင်းစီအတွက် တိကျတဲ့ ရည်ရွယ်ချက်တွေနဲ့ နည်းစနစ်တွေ ရှိပြီးသားပါ။ အဲဒီတော့ Volume 1 ကို ကြည့်ပြီး ပရိသတ်တွေက တစ်ခုခုကို ထင်နေတယ်ဆိုရင် အဲဒါက မတော်တဆ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ် …”

photo via screenrant

ပရိသတ်အများစုကတော့ Will ဟာ LGBT တစ်ယောက် ဖြစ်နေပြီး Mike ကို ကြိုက်နေတယ်လို့ ယူဆနေကြပါတယ်။ Season 4 ရဲ့ အပိုင်း(၅)ထဲမှာလည်း Will နဲ့ Mike တို့ စကားပြောနေကြတဲ့ ဇာတ်ဝင်ခန်းထဲမှာ Will ဟာ “တခါတလေကျရင် အဲဒီလိုမျိူး ရိုးသားလိုက်ဖို့က ကြောက်စရာကောင်းတယ်လို့ ငါထင်တယ်။ တကယ်တမ်းမှာ မင်းဘယ်လို ခံစားနေရတယ်ဆိုတာကို ပြောပြဖို့ပေါ့။ အထူးသဖြင့် မင်းဂရုအစိုက်ဆုံးလူတွေကို ရိုးသားဖို့ဆို ပိုဆိုးတာပေါ့။ အကယ်၍ သူတို့က အမှန်တရားကို မကြိုက်ရင်ရော …” လို့ ပြောသွားပါတယ်။

ဒီစကားကတော့ တော်တော်လေးကို သိသာနေပြီး ပရိသတ်တွေ ယူဆထားသလို Will က LGBT တစ်ယောက် ဖြစ်နေမလား ဆိုတာကိုတော့ ဇူလိုင်လမှာ ထွက်ရှိလာမယ့် Vol. 2 ထဲမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular