HomeCelebs Update NewsInternationalJohnny Depp နဲ့လမ်းခွဲပြီးနောက် စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ Winona Ryder

Johnny Depp နဲ့လမ်းခွဲပြီးနောက် စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ Winona Ryder

မင်းသမီး Winona Ryder ကတော့ သူမရဲ့ပုဂ္ဂိုလ်ရေးဘဝက အကြောင်းအရာအချို့ကို ရှားရှားပါးပါး အင်တာဗျူးဖြေပေးထားပါတယ်။ Winona Ryder ဟာ Harper’s BAZAAR မဂ္ဂဇင်းရဲ့ ဇူလိုင်လထုတ် ဒစ်ဂျစ်တယ် issue အတွက် မျက်နှာဖုံးမော်ဒယ်လ် လုပ်ပေးထားပြီး သူမရဲ့လတ်တလော အောင်မြင်နေတဲ့ Netflix ဇာတ်လမ်းတွဲ Stranger Things ထဲက အကြောင်းအရာတွေနဲ့အတူ သူမဘဝထဲက လူအများဆီ မပြောပြဖြစ်တဲ့ တချို့အရာလေးတွေကို ပြောပြထားပါတယ်။

အသက်(၅၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Winona Ryder ဟာ အင်တာဗျူးရဲ့ တစ်နေရာမှာတော့ ၁၉၉၀ ပြည့်နှစ်အစောပိုင်းမှာ Johnny Depp နဲ့ လမ်းခွဲပြီးနောက် သူမ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြထားပါတယ်။ Depp နဲ့ လမ်းခွဲပြီးနောက် သူမရဲ့အခြေအနေဟာ ၁၉၉၀ ကျော်ကာလတွေမှာ ဟောလိဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင် ဖြစ်ခဲ့တဲ့ “Girl, Interrupted” ထဲကအတိုင်းပါပဲလို့ Ryder က အင်တာဗျူးမှာ ပြောထားပါတယ်။ Girl, Interrupted ရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Winona Ryder ၊ Angelina Jolie တို့ အဓိက ပါဝင်ထားတဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့အကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။

Photo Credit: Den Martensen/ Harper’s Bazaar

Depp နဲ့ လမ်းခွဲပြီးနောက် စိတ်ကျန်းမာရေးမှာ နာကျင်ထိခိုက်မှုတွေ ဖြစ်ခဲ့ရတဲ့ Ryder ဟာ စိတ်ရောဂါကုထုံးပညာရှင်က အကြံပြုတဲ့အတိုင်း သူမ ငယ်ငယ်ကပုံစံကို မြင်ယောင်ကာ အဲဒီကောင်မလေးကို သနားကြင်နာဖို့ ကြိုးစားကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

“The House of Spirits ထဲက ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တာလေး မှတ်မိနေသေးတယ်။ Chilean အကျဉ်းထောင်ထဲမှာ နှိပ်စက်ခံရတဲ့ ကောင်မလေးလေ။ ရိုက်ကွင်းမှာ ကျွန်မမျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်အတုတွေကို ကြည့်မိတယ်။ ပြီးတော့ ကျွန်မကိုယ်ကျွန်မ ကောင်မလေးလို့ မြင်ကြည့်ဖို့ ဘယ်လိုမှ အဆင်မပြေခဲ့ဘူး …”

Photo Credit: Den Martensen/ Harper’s Bazaar

“နင့်ကိုယ်နင် ဆက်ဆံတဲ့ပုံစံလိုပဲ ဒီကောင်မလေးကိုလည်း ဆက်ဆံမှာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ခဲ့တယ်။ နောက်တော့မှ ငါဟာ ငါ့ကိုယ်ငါ ဒီလိုပြန်နှိပ်စက်နေမိတာပါလားလို့ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း ပြောမိတယ်။ ဘာလို့လည်းဆိုတော့ ကျွန်မ ကိုယ့်ကိုယ်ကို ဂရုမစိုက်ခဲ့ဘူးလေ …”

“ကျွန်မ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။ ကျွန်မဆီမှာ အဲဒီလို အရမ်းသိုဝှက်တတ်တဲ့ အစိတ်အပိုင်းတစ်ခု ရှိနေတယ်။ ပြောရရင် အဲဒီတုန်းက နေ့ရက်တွေအကြောင်း ကိုယ့်ရင်ထဲမှာပဲ ကိုယ်သိမ်းထားခဲ့တာပေါ့ …” လို့ Ryder က သူမရဲ့ အဲဒီတုန်းက စိတ်အခြေအနေကို ပြောပြခဲ့ပါတယ်။

Photo: johnnydeppandwinonaryder/ Instagram

Winona Ryder ဟာ ၁၉၈၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Great Balls of Fire ရုပ်ရှင်ရဲ့ အထူးပွဲမှာ Johnny Depp နဲ့ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်လအကြာမှာတော့ သူတို့နှစ်ယောက်ဟာ ချစ်သူတွေ ဖြစ်သွားကြပါတယ်။ ချစ်သူတွေဖြစ်ပြီး ငါးလအကြာမှာတော့ Ryder နဲ့ Depp တို့ဟာ စေ့စပ်ခဲ့ကြပြီး လက်ထပ်ဖို့ ရည်ရွယ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၁၉၉၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Edward Scissorhands ရုပ်ရှင်ထဲမှာလည်း အတူတူ သရုပ်ဆောင်ခဲ့ကြပါသေးတယ်။

Ryder နဲ့ Depp တို့ဟာ သိပ်ချစ်ခဲ့ကြပြီး Depp ကတော့ သူ့ရဲ့လက်မောင်းမှာ “Winona Forever” လို့တောင် တက်တူးထိုးခဲ့ပါသေးတယ်။ သို့သော်လည်း စိတ်မကောင်းစရာနဲ့ပဲ ၁၉၉၃ ခုနှစ် ဇွန်လမှာ လမ်းခွဲခဲ့ကြပြီး အဲဒီနောက်မှာတော့ Depp ဟာ သူ့ရဲ့လက်မောင်းက တက်တူးကို “Wino Forever” လို့ ပြုပြင် ပြောင်းလဲခဲ့ပါတယ်။

Vancouver

Source: people/Harper’s BAZAAR

RELATED ARTICLES

Most Popular