HomeEntertainmentFilmWitcher Season 3 အပြီးမှာ Geralt ဇာတ်ကောင်ကနေ ထွက်ခွာတော့မယ့် Henry Cavill

Witcher Season 3 အပြီးမှာ Geralt ဇာတ်ကောင်ကနေ ထွက်ခွာတော့မယ့် Henry Cavill

Henry Cavill ဟာ Witcher ဇာတ်လမ်းတွဲရဲ့ Season 3 အပြီးမှာတော့ Geralt ဇာတ်ကောင်နေရာကနေ ထွက်ခွာသွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Netflix ရဲ့ Witcher ဇာတ်လမ်းတွဲ အစမှာကတည်းက Henry Cavill ဟာ Geralt of Rivia အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း တခဲနက် ရရှိထားပါတယ်။ Season 2 ကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ထွက်ရှိခဲ့တာ ဖြစ်ပြီး Season 3 ကတော့ ရှေ့နှစ်ထဲမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲဟာ ၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Netflix အတွက် အလွန်အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ကြည့်ရှုသူစံချိန်တွေလည်း ချိူးဖျက်ခဲ့သလို ဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေကပါ ကြိုက်နှစ်သက်ကြပါတယ်။ ဒီအချက်တွေကြောင့်ပဲ Spin-Off တွေလည်း ထွက်ရှိထားပြီး Nightmare of the Wolf ဆိုတဲ့ Animated Movie ထွက်ရှိထားသလို The Witcher: Blood Origin ကလည်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

သို့သော်လည်း ယခုအချိန်မှာတော့ Henry Cavill ဟာ Witcher Season 3 အပြီးမှာ Geralt နေရာက ထွက်ခွာသွားတော့မယ်လို့ Instagram ကနေ ကြေညာထားပါတယ်။ Season 4 ကနေ စတင်ပြီး Geralt ဇာတ်ကောင်နေရာမှာတော့ Liam Hemsworth က ပါဝင်သရုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ ဒါကြောင့်ပဲ ရှေ့နှစ်ထဲမှာ ထွက်ရှိလာမယ့် Season 3 ထဲမှာတော့ Henry Cavill ကို Geralt အနေနဲ့ နောက်ဆုံးအကြိမ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Henry Cavill (@henrycavill)

Henry Cavill ရဲ့ Witcher ဇာတ်လမ်းတွဲထဲက နှုတ်ထွက်သွားတဲ့ သတင်းဟာ ပရိသတ်တွေအတွက်တော့ သတင်းဆိုးတစ်ခုပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သူဟာ DCEU ရဲ့ Superman အဖြစ် ပြန်လည်သရုပ်ဆောင်တော့မှာ ဖြစ်တာကြောင့် Witcher ဇာတ်လမ်းတွဲအတွက် အချိန်မပေးနိုင်တော့တာ ဖြစ်ပါလိမ့်မယ်။ မကြာခင်မှာတော့ Henry Cavill ရဲ့ Superman ကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်တာကြောင့် DC ပရိသတ်တွေအတွက် ပျော်ရွှင်ရပေမယ့်လည်း Geralt အနေနဲ့ ဆက်လက် မမြင်တွေ့နိုင်တော့တာကြောင့် Witcher ပရိသတ်တွေအတွက်ကတော့ ဝမ်းနည်းစရာလည်း ဖြစ်နေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular