HomeCelebs Update NewsInternationalYara Flor ရဲ့ Wonder Girl ကို ဇာတ်လမ်းတွဲ ဖန်တီးသွားမယ့် CW

Yara Flor ရဲ့ Wonder Girl ကို ဇာတ်လမ်းတွဲ ဖန်တီးသွားမယ့် CW

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Arrowverse ဟာ တဖြည်းဖြည်းနဲ့ ထပ်ပြီးတော့ ချဲ့ထွင်လာပြီ ဖြစ်ပြီး Wonder Girl တစ်ဖြစ်လည်း လက်တင်မလေး Yara Flor ဆိုတဲ့ ဇာတ်ကောင်ကိုပါ ဇာတ်လမ်းတွဲတစ်ခုအနေနဲ့ CW မှာ ပြသသွားမယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲကိုတော့ ဇာတ်ညွှန်းရေးသူ Greg Berlanti နဲ့ CW တို့က ပူးပေါင်းဖန်တီးသွားမှာ ဖြစ်ပြီး Wonder Girl ဟာ ကိုယ်ပိုင်ဇာတ်လမ်းတွဲကို ပထမဆုံးရရှိခဲ့တဲ့ လက်တင်စူပါဟီးရိုးပဲ ဖြစ်ပါတယ်။

Arrow ဇာတ်လမ်းတွဲကလည်း ပြီးဆုံးသွားပြီ ဖြစ်သလို Supergirl ဇာတ်လမ်းတွဲကလည်း season 6 မှာ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသစ်ထွက်ရှိလာမယ့် Superman & Lois ဇာတ်လမ်းတွဲကတော့ Legends of Tomorrow ၊ Black Lightning ၊ Batwoman နဲ့ Flash တို့လို ဇာတ်လမ်းတွဲတွေနဲ့ သွားပြီး ပေါင်းစပ်မှာ ဖြစ်ပါတယ်။

photo via screenrant

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် CW ဟာ Wonder Woman ဇာတ်လမ်းတွဲကို ဖန်တီးမယ့်အစား လူတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ Wonder Girl နဲ့ မိတ်ဆက်ပေးချင်တာ ဖြစ်ပါတယ်။ Yara Flor ဟာ အမေဇုန် စစ်သည်တော်တစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့ပြီး ဘရာဇီးလူမျိူးတွေရဲ့ မြစ်စောင့်နတ်လည်း ဖြစ်ပါတယ်။ Yara ရဲ့ဇာတ်လမ်းထဲမှာ Wonder Woman ဖြစ်တဲ့ Diana ရဲ့ မွေးရပ်မြေ Themyscira အကြောင်းလည်း အနည်းငယ်တော့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Arrowverse ထဲမှာလည်း အမေဇုန်လူမျိူးတွေ ရှိနေတယ် ဆိုတာကို Legends of Tomorrow season 3 မှာ အတည်ပြုသွားခဲ့ပါတယ်။

photo via screenrant

CW ရဲ့ Arrowverse ဟာ သိပ်မကြာသေးခင်မှာပဲ အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပါတယ်။ လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတွေကလည်း ဇာတ်သိမ်းကို နီးကပ်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Batwoman ဇာတ်လမ်းတွဲထဲမှာလည်း Ruby Rose နေရာမှာ Javicia Leslie ကို အစားထိုးခဲ့ပါသေးတယ်။ ယခုလည်း Wonder Girl ဇာတ်လမ်းတွဲနဲ့ Yara ဇာတ်ကောင်ကို မကြာခင်မှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Yara နေရာမှာ ဘယ်သူက သရုပ်ဆောင်သွားမှာလည်း ဆိုတာနဲ့ ဘယ်အချိန်မှာ ကြည့်ရှုလို့ရမလည်း ဆိုတာတွေကိုတော့ မသိရသေးပါဘူး။

Legos

Source : Screenrant

(Zawgyi Version)

Arrowverse ဟာ တျဖည္းျဖည္းနဲ႔ ထပ္ၿပီးေတာ့ ခ်ဲ႕ထြင္လာၿပီ ျဖစ္ၿပီး Wonder Girl တစ္ျဖစ္လည္း လက္တင္မေလး Yara Flor ဆိုတဲ့ ဇာတ္ေကာင္ကိုပါ ဇာတ္လမ္းတြဲတစ္ခုအေနနဲ႔ CW မွာ ျပသသြားမယ္လို႔ သိရပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲကိုေတာ့ ဇာတ္ၫႊန္းေရးသူ Greg Berlanti နဲ႔ CW တို႔က ပူးေပါင္းဖန္တီးသြားမွာ ျဖစ္ၿပီး Wonder Girl ဟာ ကိုယ္ပိုင္ဇာတ္လမ္းတြဲကို ပထမဆုံးရရွိခဲ့တဲ့ လက္တင္စူပါဟီး႐ိုးပဲ ျဖစ္ပါတယ္။

Arrow ဇာတ္လမ္းတြဲကလည္း ၿပီးဆုံးသြားၿပီ ျဖစ္သလို Supergirl ဇာတ္လမ္းတြဲကလည္း season 6 မွာ အဆုံးသတ္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသစ္ထြက္ရွိလာမယ့္ Superman & Lois ဇာတ္လမ္းတြဲကေတာ့ Legends of Tomorrow ၊ Black Lightning ၊ Batwoman နဲ႔ Flash တို႔လို ဇာတ္လမ္းတြဲေတြနဲ႔ သြားၿပီး ေပါင္းစပ္မွာ ျဖစ္ပါတယ္။

photo via screenrant

Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ CW ဟာ Wonder Woman ဇာတ္လမ္းတြဲကို ဖန္တီးမယ့္အစား လူေတြနဲ႔ သိပ္မရင္းႏွီးေသးတဲ့ Wonder Girl နဲ႔ မိတ္ဆက္ေပးခ်င္တာ ျဖစ္ပါတယ္။ Yara Flor ဟာ အေမဇုန္ စစ္သည္ေတာ္တစ္ေယာက္အေနနဲ႔ ေမြးဖြားလာခဲ့ၿပီး ဘရာဇီးလူမ်ိဴးေတြရဲ႕ ျမစ္ေစာင့္နတ္လည္း ျဖစ္ပါတယ္။ Yara ရဲ႕ဇာတ္လမ္းထဲမွာ Wonder Woman ျဖစ္တဲ့ Diana ရဲ႕ ေမြးရပ္ေျမ Themyscira အေၾကာင္းလည္း အနည္းငယ္ေတာ့ ပါဝင္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Arrowverse ထဲမွာလည္း အေမဇုန္လူမ်ိဴးေတြ ရွိေနတယ္ ဆိုတာကို Legends of Tomorrow season 3 မွာ အတည္ျပဳသြားခဲ့ပါတယ္။

photo via screenrant

CW ရဲ႕ Arrowverse ဟာ သိပ္မၾကာေသးခင္မွာပဲ အေျပာင္းအလဲေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။ လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္လမ္းတြဲေတြကလည္း ဇာတ္သိမ္းကို နီးကပ္လာၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ Batwoman ဇာတ္လမ္းတြဲထဲမွာလည္း Ruby Rose ေနရာမွာ Javicia Leslie ကို အစားထိုးခဲ့ပါေသးတယ္။ ယခုလည္း Wonder Girl ဇာတ္လမ္းတြဲနဲ႔ Yara ဇာတ္ေကာင္ကို မၾကာခင္မွာ ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Yara ေနရာမွာ ဘယ္သူက သ႐ုပ္ေဆာင္သြားမွာလည္း ဆိုတာနဲ႔ ဘယ္အခ်ိန္မွာ ၾကည့္ရႈလို႔ရမလည္း ဆိုတာေတြကိုေတာ့ မသိရေသးပါဘူး။

Legos

Source : Screenrant

RELATED ARTICLES

Most Popular