HomeEntertainmentFilmWonder Man ဇာတ်လမ်းတွဲကို ဖန်တီးနေတဲ့ Marvel စတူဒီယို

Wonder Man ဇာတ်လမ်းတွဲကို ဖန်တီးနေတဲ့ Marvel စတူဒီယို

Marvel စတူဒီယိုဟာ Disney+ က ပြသသွားမယ့် Wonder Man ဇာတ်လမ်းတွဲအသစ်ကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Shang-Chi and the Legend of Ten Rings ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Destin Daniel Cretton က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ Marvel စတူဒီယိုဟာ ၂၀၂၁ ခုနှစ်မှာတော့ ဇာတ်လမ်းတွဲတွေကိုပါ စတင်ထုတ်လုပ်ပြီး MCU ကို ပိုမိုကြီးမားလာအောင် ဖန်တီးနေပါတယ်။ ယခုဆိုရင်တော့ ကြေညာထားတဲ့ ဇာတ်ကားစာရင်းထဲမှာ မပါဝင်တဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုကို ဖန်တီးနေပြီ ဖြစ်ပါတယ်။

photo via screenrant

မူလတုန်းကတော့ Shang-Chi and the Legend of Ten Rings ရုပ်ရှင်ရဲ့ ဒါရိုက်တာဟာ ဇာတ်လမ်းတွဲတစ်ခု ဖန်တီးနေတယ်လို့ပဲ သိခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲဟာ Xialing နဲ့ Ten Rings အဖွဲ့အသစ်အကြောင်းကို မြင်တွေ့ရမယ့် Spin-Off ဇာတ်လမ်းတွဲ ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါ့အပြင် Kevin Feige ကလည်း ဒီဒါရိုက်တာရဲ့ ဇာတ်လမ်းတွဲဟာ ပရိသတ်တေွ မမျှော်လင့်ထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်လိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။ သို့သော်လည်း ယခုသိလိုက်ရတဲ့ သတင်းတွေအရ အဲဒီဇာတ်လမ်းတွဲဟာ Shang-Chi ရဲ့ Spin-Off မဟုတ်ဘဲ Wonder Man ဇာတ်လမ်းတွဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ Marvel စတူဒီယိုဟာ Wonder Man ဇာတ်လမ်းတွဲကို ဖန်တီးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်ရွေးချယ်ခြင်းနဲ့ ဇာတ်ညွှန်းပြင်ဆင်ခြင်းတွေကို ပြုလုပ်နေပြီး ရှေ့နှစ်ထဲမှာတော့ ရိုက်ကူးရေး စတင်သွားနိုင်ပါတယ်။ ဇာတ်ညွှန်းအဖွဲ့ ခေါင်းဆောင်နေရာမှာတော့ ဇာတ်ညွှန်းရေးဆရာ Andrew Guest က ပါဝင်လာမယ်လို့ သိရပါတယ်။

photo via screenrant

Simon Williams တဖြစ်လည်း Wonder Man ဟာ ၁၉၆၄ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့တာ ဖြစ်ပြီး Marvel ကောမစ်ရဲ့ အစောဆုံးဇာတ်ကောင်တွေထဲမှာ ပါဝင်ပါတယ်။ Wonder Man ဟာ အစတုန်းကတော့ ဗီလိန်တစ်ယောက် ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ West Coast Avengers အဖွဲ့ရဲ့ မူလအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူဟာ Vision နဲ့ ဆက်စပ်မှု ရှိနေပြီး ကောမစ်ထဲမှာတော့ Simon ရဲ့ ဦးနှောက်လှိုင်းတွေကို အခြေခံပြီး Vision ကို ဖန်တီးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့်ပဲ Vision သေဆုံးသွားပြီး နောက်မှာတော့ Wanda Maximoff ဟာ Simon နဲ့လည်း ချစ်ကြိုက်ခဲ့ပါသေးတယ်။ Simon ကတော့ Ionic Energy တွေကို အသုံးပြုပြီး တယ်လီပို့ပြုလုပ်ခြင်း၊ ခန္ဓာကိုယ်အရွယ်အစား ပြောင်းလဲနိုင်ခြင်းနဲ့ Energy တွေကို လိုအပ်သလို အသုံးပြုနိုင်ခြင်းစတဲ့ အစွမ်းတွေ ပိုင်ဆိုင်ပါတယ်။ ဒီလိုဇာတ်ကောင်ကိုတော့ MCU က ဘယ်လို ဖန်တီးသွားဦးမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular