HomeEntertainmentFilmToy Story ရဲ့ မူလဇာတ်ညွှန်းထဲမှာ ဗီလိန်ဖြစ်ခဲ့တဲ့ Woody

Toy Story ရဲ့ မူလဇာတ်ညွှန်းထဲမှာ ဗီလိန်ဖြစ်ခဲ့တဲ့ Woody

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Woody ကတော့ လူတိုင်းကြိုက်ကြတဲ့ Toy Story ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် မူလဇာတ်ညွှန်းအတိုင်း ဆိုရင်တော့ Woody ကို ဒီဇာတ်လမ်းရဲ့ အဓိကဗီလိန်အဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး Toy Story ကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Disney အတွက် အောင်မြင်မှုတွေများစွာ ရရှိခဲ့တဲ့ Animation တစ်ကားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Toy Story ဟာ Animation လောကရဲ့ ပထမဆုံး 3D ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

photo via screenrant

Toy Story ရဲ့ ဇာတ်လမ်းအစမှာကတည်းက Woody အကြောင်းကို ပြသခဲ့တာ ဖြစ်ပြီး သူဟာ Andy ရဲ့ အကြိုက်ဆုံးအရုပ် ဖြစ်တာကြောင့် တခြားအရုပ်တွေရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Andy ဟာ Buzz Lightyear ကို ဝယ်ယူလာပြီး Buzz က Andy ရဲ့ အကြိုက်ဆုံးအရုပ် ဖြစ်လာတာကြောင့် Woody ဟာ မနာလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ Woody နဲ့ Buzz တို့နှစ်ယောက်ရဲ့ အားကျဖို့ကောင်းတဲ့ ခင်မင်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

Toy Story ကို ဖန်တီးနေတဲ့ အချိန်မှာတော့ Woody ကို ဗီလိန်အဖြစ် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ မူလဇာတ်ညွှန်းထဲမှာတော့ Woody ဟာ တခြားအရုပ်တွေအပေါ်မှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေသူအဖြစ် ဖန်တီးခဲ့ပါတယ်။ အဲ့ဒီဇာတ်ညွှန်းထဲမှာဆိုရင် Woody ဟာ Buzz ကို တမင်တကာ ပြတင်းပေါက်ပေါ်က တွန်းချတဲ့ ဇာတ်ဝင်ခန်းတောင် ပါဝင်ခဲ့ပါတယ်။

အကြောင်းကတော့ Woody ဟာ Buzz မရှိတော့မှ Andy ရဲ့ အကြိုက်ဆုံးအရုပ် ပြန်ဖြစ်သွားမယ်လို့ ယူဆတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ တခြားမကောင်းတဲ့ လုပ်ရပ်တွေများစွာ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဘယ်လိုလုပ်ရပ်တွေလည်း ဆိုတာတော့ မသိရပါဘူး။ ဒါတင်မကသေးဘဲ အဲ့ဒီအချိန်တုန်းက Woody ရဲ့ ပုံစံဟာ ကျွန်တော်တို့ သိထားသလို မဟုတ်ဘဲ ကြောက်ဖို့ကောင်းတဲ့ ရုပ်သေးရုပ်ပုံစံမျိူး ဖြစ်ပါတယ်။

photo via screenrant

အစတုန်းကတော့ ဒီဗားရှင်းကို “Black Friday Reel” လို့ ခေါ်ပြီး ၁၉၉၃ ခုနှစ်မှာ အစမ်းပြသခဲ့တဲ့ အချိန်မှာတော့ ဆိုးရွားတဲ့ မှတ်ချက်တွေများစွာ ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ Disney ဟာ ဒီရုပ်ရှင်ဖန်တီးရေးကို ဖျက်သိမ်းလုနီးပါး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Pixar ဟာ ဒီဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် အချိန်နှစ်ပတ်သာ ရရှိခဲ့ပြီး အဲ့ဒီအချိန်အတွင်းမှာပဲ Pixar ဟာ ကျွန်တော်တို့ သိထားတဲ့ Toy Story ဇာတ်လမ်းကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Woody ကေတာ့ လူတိုင္းႀကိဳက္ၾကတဲ့ Toy Story ဇာတ္လမ္းထဲက အဓိကဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္ မူလဇာတ္ညႊန္းအတိုင္း ဆိုရင္ေတာ့ Woody ကို ဒီဇာတ္လမ္းရဲ့ အဓိကဗီလိန္အျဖစ္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ပထမဆုံး Toy Story ကေတာ့ ၁၉၉၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး Disney အတြက္ ေအာင္ျမင္မွုေတြမ်ားစြာ ရရွိခဲ့တဲ့ Animation တစ္ကားပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Toy Story ဟာ Animation ေလာကရဲ့ ပထမဆုံး 3D ဇာတ္လမ္းလည္း ျဖစ္ပါတယ္။

photo via screenrant

Toy Story ရဲ့ ဇာတ္လမ္းအစမွာကတည္းက Woody အေၾကာင္းကို ျပသခဲ့တာ ျဖစ္ၿပီး သူဟာ Andy ရဲ့ အႀကိဳက္ဆုံးအ႐ုပ္ ျဖစ္တာေၾကာင့္ တျခားအ႐ုပ္ေတြရဲ့ ေခါင္းေဆာင္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Andy ဟာ Buzz Lightyear ကို ဝယ္ယူလာၿပီး Buzz က Andy ရဲ့ အႀကိဳက္ဆုံးအ႐ုပ္ ျဖစ္လာတာေၾကာင့္ Woody ဟာ မနာလို ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒါဟာ Woody နဲ႔ Buzz တို႔ႏွစ္ေယာက္ရဲ့ အားက်ဖို႔ေကာင္းတဲ့ ခင္မင္မွုရဲ့ အစပဲ ျဖစ္ပါတယ္။

Toy Story ကို ဖန္တီးေနတဲ့ အခ်ိန္မွာေတာ့ Woody ကို ဗီလိန္အျဖစ္ ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။ မူလဇာတ္ညႊန္းထဲမွာေတာ့ Woody ဟာ တျခားအ႐ုပ္ေတြအေပၚမွာ အာဏာရွင္ဆန္ဆန္ အုပ္ခ်ဳပ္ေနသူအျဖစ္ ဖန္တီးခဲ့ပါတယ္။ အဲ့ဒီဇာတ္ညႊန္းထဲမွာဆိုရင္ Woody ဟာ Buzz ကို တမင္တကာ ျပတင္းေပါက္ေပၚက တြန္းခ်တဲ့ ဇာတ္ဝင္ခန္းေတာင္ ပါဝင္ခဲ့ပါတယ္။

အေၾကာင္းကေတာ့ Woody ဟာ Buzz မရွိေတာ့မွ Andy ရဲ့ အႀကိဳက္ဆုံးအ႐ုပ္ ျပန္ျဖစ္သြားမယ္လို႔ ယူဆတာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ တျခားမေကာင္းတဲ့ လုပ္ရပ္ေတြမ်ားစြာ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး ဘယ္လိုလုပ္ရပ္ေတြလည္း ဆိုတာေတာ့ မသိရပါဘူး။ ဒါတင္မကေသးဘဲ အဲ့ဒီအခ်ိန္တုန္းက Woody ရဲ့ ပုံစံဟာ ကၽြန္ေတာ္တို႔ သိထားသလို မဟုတ္ဘဲ ေၾကာက္ဖို႔ေကာင္းတဲ့ ႐ုပ္ေသး႐ုပ္ပုံစံမ်ိဴး ျဖစ္ပါတယ္။

photo via screenrant

အစတုန္းကေတာ့ ဒီဗားရွင္းကို “Black Friday Reel” လို႔ ေခၚၿပီး ၁၉၉၃ ခုႏွစ္မွာ အစမ္းျပသခဲ့တဲ့ အခ်ိန္မွာေတာ့ ဆိုးရြားတဲ့ မွတ္ခ်က္ေတြမ်ားစြာ ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Disney ဟာ ဒီ႐ုပ္ရွင္ဖန္တီးေရးကို ဖ်က္သိမ္းလုနီးပါး ျဖစ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Pixar ဟာ ဒီဇာတ္လမ္းနဲ႔ ဇာတ္ေကာင္ေတြကို ျပန္လည္ျပဳျပင္ဖို႔အတြက္ အခ်ိန္ႏွစ္ပတ္သာ ရရွိခဲ့ၿပီး အဲ့ဒီအခ်ိန္အတြင္းမွာပဲ Pixar ဟာ ကၽြန္ေတာ္တို႔ သိထားတဲ့ Toy Story ဇာတ္လမ္းကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular