HomeEntertainmentFilmThe World of The Married ရဲ့ ကျန်အပိုင်းအားလုံး (၁၉)နှစ်ကျော်မှ ကြည့်လို့ရမယ်လို့ကြေငြာ

The World of The Married ရဲ့ ကျန်အပိုင်းအားလုံး (၁၉)နှစ်ကျော်မှ ကြည့်လို့ရမယ်လို့ကြေငြာ

ယခုလက်ရှိ လူကြိုက်များနေတဲ့ JTBC ရဲ့ The World of The Married ဇာတ်လမ်းတွဲဟာ လာမယ့်အပိုင်းအားလုံး အသက်(၁၉)နှစ်ကျော်မှ ကြည့်လို့ရမှာဖြစ်တယ်လို့ ဆင်ဆာနဲ့ အသက်ကန့်သတ်ချက်ကို ဖော်ပြလိုက်ပါတယ်။

ဒီစီးရီးရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ဖောက်ပြန်မှုကြောင့် ဖြစ်လာတဲ့ အိမ်ထောင်သည်လင်မယားနှစ်ယောက်ရဲ့ အချစ်အမုန်း လွန်ဆွဲတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဂျီဆွန်ဝူးဆိုတဲ့ အမျိုးသမီးဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး မပြောင်းလဲတဲ့အချစ်နဲ့ ချစ်ပေးတဲ့ ခင်ပွန်းသည်နဲ့အတူ သိပ်ချစ်ရတဲ့သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ ဘဝဟာ အရာရာ ပြီးပြည့်စုံနေတယ်လို့ ထင်ရပေမယ့် အက်ကြောင်းလေးတစ်ခု ထင်လာတဲ့အခါမှာတော့ သူမရဲ့ပျော်ရွှင်မှုတွေအားလုံး ပျောက်ဆုံးသွားပါတော့တယ်။

ဇာတ်လမ်းတွဲက ထုတ်လုပ်ရေးအဖွဲ့သားတစ်ဦးရဲ့ ဧပြီလ(၂၃)ရက်နေ့ ပြောကြားချက်အရ အပိုင်း(၉)ကစပြီး ကျန်တဲ့ဇာတ်သိမ်း အပိုင်း(၁၆)အထိ အပိုင်းအားလုံးဟာ အသက်(၁၉)နှစ်ပြည့်မှ ကြည့်လို့သင့်တော်မယ်လို့ ဆိုပါတယ်။

Photo via drama milk

” ဇာတ်လမ်းရဲ့ ဒုတိယပိုင်း တစ်ဝက်လုံးဟာ အပြောင်းအလဲတွေ ဖြစ်လာတော့မှာပါ။ ဇာတ်ကောင်တွေကြားက စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတွေက ပိုပြင်းထန်လာမှာဖြစ်ပြီး ကာရိုက်တာအချိုးအကွေ့တွေနဲ့ သူတို့နှစ်ဦးကြားက အခြေအနေတွေက လုံးဝပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။ ကာရိုက်တာတွေကြားက ပဋိပက္ခတွေကို ပိုပြီးထင်ထင်ရှားရှား ပြချင်လို့ ဆင်ဆာကန့်သတ်ချက်ကိုလည်း ကျန်အပိုင်းအားလုံးအတွက် (၁၉)နှစ်အပေါင်း အဖြစ် သတ်မှတ်လိုက်ရတာ ဖြစ်ပါတယ်…” လို့ ပြောထားပါတယ်။

ဆက်လက်ပြီး ” အခုလို အသက်ကန့်သတ်ချက် သတ်မှတ်လိုက်ရတာနဲ့ ပတ်သက်ပြီး ရုပ်သံလွှင့်တဲ့အပိုင်းမှာ စိုးရိမ်မှုတွေ မြင့်တက်လာမလားဆိုတာကိုလည်း ကျွန်တော်တို့ဘက်က နားစွင့်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဒရာမာကို ကြိုက်နှစ်သက်ပြီး အားပေးကြလို့ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်… ” လို့ ဆိုထားပါတယ်။

Source: soompi

LaNina

 

RELATED ARTICLES

Most Popular