HomeEntertainmentFilmSupernatural ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းအတွက် အဆိုးရွားဆုံး fan သီအိုရီများ

Supernatural ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းအတွက် အဆိုးရွားဆုံး fan သီအိုရီများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural ဇာတ်လမ်းတွဲဟာ ၂၀၀၅ ခုနှစ်မှာ စတင် ရိုက်ကူးခဲ့တာ ဖြစ်ပြီးတော့ အခုချိန်မှာတော့ season (15) ရောက်နေပြီးတော့ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဇာတ်သိမ်းကို နီးကပ်လာတာနဲ့အမျှ ပရိသတ်တွေဟာ စိတ်ဝင်စားမှုတွေ မြင့်တက်လာပြီးတော့ fan သီရီအိုတွေလည်း အများကြီး ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Supernatural ရဲ့ဇာတ်သိမ်းအတွက် ထွက်ပေါ်လာတဲ့ အဆိုးရွားဆုံး fan သီအိုရီတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Jack နဲ့ Jesse တို့ဟာ တိုက်ခိုက်ကြပါမယ်။
photo via screenrant

Jesse Turner ဟာ မွေးဖွားလာကတည်းက ကမ္ဘာပျက်ကိန်းလို့တောင် တင်စားခေါ်ဝေါ်ခဲ့ပြီးတော့ သူဟာ လူသားတစ်ဝက် demon တစ်ဝက် ဖြစ်ပါတယ်။ အဲ့လိုမျိူး နှစ်မျိူးစပ်ထားတဲ့ သူတွေဟာ ပိုပြီးတော့ စွမ်းအားကြီးကြပြီးတော့ Jack ဟာလည်း လူသားတစ်ဝက် angel တစ်ဝက် ဖြစ်ပါတယ်။ Jesse ကတော့ တစ်ပိုင်းပဲ ပါဝင်ခဲ့ပြီး သူ့ရဲ့စွမ်းအားတွေကို အသုံးပြုမယ့်အစား လူတွေနဲ့ ဝေးရာကို ထွက်ခွာသွားပြီး ဒီဇာတ်လမ်းတွဲထဲမှာ ပြန်လည်မပါဝင်ခဲ့တာ အတော်ကြာပြီ ဖြစ်ပါတယ်။

ဒီသီအိုရီအရဆိုရင် သူဟာ ပြန်လာရုံတင်မကဘဲ ဗီလိန်ဖြစ်သွားပြီး Jack နဲ့ တိုက်ခိုက်ကြမယ်လို့ ပြောထားပါတယ်။ အဲ့လိုမျိူး သူတို့နှစ်ယောက် တိုက်ခိုက်ကြရင်းနဲ့ ကမ္ဘာကြီးဟာ ပျက်စီးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသီအိုရီအတိုင်းဆိုရင် Sam နဲ့ Dean တို့နှစ်ယောက်ဟာ ဘေးမှာရပ်ကြည့်ရုံပဲ တတ်နိုင်မှာ ဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီသီအိုရီဟာ အဆိုးရွားဆုံးတွေထဲက တစ်ခု ဖြစ်နေတာပါ။

(2) God ဟာ အရာအားလုံး အောင်မြင်စွာနဲ့ ဖျက်စီးနိုင်သွားပါမယ်။
photo via screenrant

ဒီသီအိုရီကတော့ ပရိသတ်တွေ တော်တော်များများ မကြိုက်ကြမယ့်အရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီသီအိုရီအရဆိုရင် God ဟာ ဒီကမ္ဘာကြီးကို သူကိုယ်တိုင်ဖန်တီးခဲ့တာ ဖြစ်ပြီး သူကိုယ်တိုင်ပဲ ဖျက်စီးနိုင်ပါတယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် Sam နဲ့ Dean ဟာ သာမန်လူသားတွေ ဖြစ်ပြီး Castiel နဲ့ Jack တို့ကတော့ အစွမ်းတွေရှိပေမယ့်လည်း God ကိုတော့ လုံးဝ ယှဉ်နိုင်မှာ မဟုတ်ပါဘူးဆိုပြီးတော့ ပြောထားပါတယ်။

အဲ့ဒါကြောင့်ပဲ သူဟာ အရာအားလုံးကို အောင်မြင်စွာနဲ့ ဖျက်စီးနိုင်မှာ ဖြစ်ပါတယ်။ ဒီသီအိုရီကို ကြိုက်တဲ့လူတော့ မရှိပေမယ့်လည်း အဲ့ဒီအတိုင်း ဖြစ်မလာနိုင်ဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒီဇာတ်သိမ်းအတိုင်းသာ တကယ်ဖြစ်သွားမယ်ဆိုရင်တော့ ပရိသတ်တွေ အားလုံးအတွက် လုံးဝကို အံ့ဩစရာတစ်ခု ဖြစ်သွားမယ်ဆိုတာတော့ သေချာပါတယ်။

(3) တစ်ခြား timeline က Michael ဟာ Jack ကို ထိန်းချုပ်ပြီး God ကို သတ်ပါမယ်။
photo via screenrant

Season 14 မှာတုန်းက တစ်ခြား timeline က Michael ဟာ Sam နဲ့ Dean တို့ကို ဒုက္ခပေးသွားတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီသီအိုရီအရဆိုရင် အဲ့ဒီ Michael ဟာ Jack ကို ထိန်းချုပ်ပြီးတော့ God ကိုသတ်သွားမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း ဒီသီအိုရီအရဆိုရင် မေးစရာမေးခွန်းတွေ အများကြီးရှိလာပြီးတော့ သိပ်ပြီးတော့ ဖြစ်နိုင်တဲ့အထဲမှာတော့ မပါဘူးလို့ ထင်မိပါတယ်။

အဲ့ဒါကတော့ ဒီသီအိုရီကို ထုတ်ခဲ့တဲ့သူ ပြောတဲ့ Michael က နောက်ထပ် Michael တစ်ယောက်လား ဒါမှမဟုတ် season 14 မှာ သေဆုံးသွားတဲ့ Michael လားဆိုပြီးတော့ မေးစရာ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် season 14 က Michael ဆိုရင်တော့ သူဟာ တကယ်သေဆုံးသွားတာ မဟုတ်ဘဲ သေချင်ယောင်ဆောင်သွားခဲ့တာလား ဆိုတာတွေ မေးစရာ ဖြစ်လာပါတော့တယ်။

(4) Sam နဲ့ Dean ဟာ God ခန့်မှန်းခဲ့သလို တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ကြပါမယ်။
photo via screenrant

ဒီသီအိုရီကတော့ တော်တော်လေးကို လူပြောများနေတဲ့ fan သီအိုရီတစ်ခု ဖြစ်ပါတယ်။ ဇာတ်သိမ်းမှာတော့ Sam နဲ့ Dean ဟာ God ဖြစ်စေချင်သလို တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ကြပြီး ဇာတ်သိမ်းသွားမယ်ဆိုပြီးတော့ ပြောကြပါတယ်။

God ကတော့ သူဖြစ်စေချင်တာ ဖြစ်ပြီးသွားတာကြောင့် တစ်ခြား universe တစ်ခုကို သွားပြီးတော့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကို ထပ်ပြီးတော့ ဖန်တီးပါမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒီအချက်တွေကတော့ ပရိသတ်တွေ လုံးဝကို မဖြစ်စေချင်တဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်ပြီး နှစ်တွေအကြာကြီး အားပေးလာခဲ့တဲ့ ပရိသတ်တွေကို အခုလိုဇာတ်သိမ်းမျိူးနဲ့တော့ နှုတ်မဆက်လောက်ဘူးလို့ ထင်ပါတယ်။

(5) Lucifer ဟာ ပြန်လည်ရှင်သန်လာပါမယ်။
photo via screenrant

ဇာတ်လမ်းထဲက တစ်နေရာမှာတော့ Dean ဟာ ဖြစ်နိုင်ချေရှိတဲ့ အနာဂတ်တွေထဲက တစ်ခုကို အပို့ခံလိုက်ရပါတယ်။ အဲ့ဒီအနာဂတ်မှာတော့ Sam ဟာ Lucifer ရဲ့ vessel ဖြစ်နေပြီးတော့ သူဟာ ကမ္ဘာကြီးကို ဖျက်စီးနေခဲ့ပါတယ်။ ဒါ့အပြင် Lucifer ဟာ အနာဂတ်က Dean ကို သတ်ဖြတ်ခဲ့ပါသေးတယ်။ ဒီသီအိုရီကတော့ အဲ့ဒီအချက်ကို အခြေခံပြီးတော့ ပြောထားတာ ဖြစ်ပါတယ်။

အဲ့ဒါကတော့ Lucifer ဟာ ပြန်လည်ရှင်သန်လာပြီး Chuck နဲ့ ပူးပေါင်းသွားကာ Sam နဲ့ Dean တို့ကို အချင်းချင်း ပြန်လည်သတ်ဖြတ်အောင် ပြုလုပ်မယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီတုန်းက မြင်ခဲ့ရတဲ့ အနာဂတ်ဟာ ၂၀၁၄ ခုနှစ်ဖြစ်ပြီး အချိန်ကာလဟာ တော်တော် ကွာဟနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Chuck ဟာလည်း လောလောဆယ်မှာတော့ Lucifer ကို ပြန်လည် အသက်သွင်းပေးဖို့အတွက် စိတ်ကူးမရှိသေးပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Supernatural ဇာတ္လမ္းတြဲဟာ ၂၀၀၅ ခုႏွစ္မွာ စတင္ ႐ိုက္ကူးခဲ့တာ ျဖစ္ၿပီးေတာ့ အခုခ်ိန္မွာေတာ့ season (15) ေရာက္ေနၿပီးေတာ့ ဇာတ္သိမ္းေတာ့မွာ ျဖစ္ပါတယ္။ ဇာတ္သိမ္းကို နီးကပ္လာတာနဲ႔အမွ် ပရိသတ္ေတြဟာ စိတ္ဝင္စားမႈေတြ ျမင့္တက္လာၿပီးေတာ့ fan သီရီအိုေတြလည္း အမ်ားႀကီး ထြက္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Supernatural ရဲ႕ဇာတ္သိမ္းအတြက္ ထြက္ေပၚလာတဲ့ အဆိုး႐ြားဆုံး fan သီအိုရီေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Jack နဲ႔ Jesse တို႔ဟာ တိုက္ခိုက္ၾကပါမယ္။
photo via screenrant

Jesse Turner ဟာ ေမြးဖြားလာကတည္းက ကမာၻပ်က္ကိန္းလို႔ေတာင္ တင္စားေခၚေဝၚခဲ့ၿပီးေတာ့ သူဟာ လူသားတစ္ဝက္ demon တစ္ဝက္ ျဖစ္ပါတယ္။ အဲ့လိုမ်ိဴး ႏွစ္မ်ိဴးစပ္ထားတဲ့ သူေတြဟာ ပိုၿပီးေတာ့ စြမ္းအားႀကီးၾကၿပီးေတာ့ Jack ဟာလည္း လူသားတစ္ဝက္ angel တစ္ဝက္ ျဖစ္ပါတယ္။ Jesse ကေတာ့ တစ္ပိုင္းပဲ ပါဝင္ခဲ့ၿပီး သူ႔ရဲ႕စြမ္းအားေတြကို အသုံးျပဳမယ့္အစား လူေတြနဲ႔ ေဝးရာကို ထြက္ခြာသြားၿပီး ဒီဇာတ္လမ္းတြဲထဲမွာ ျပန္လည္မပါဝင္ခဲ့တာ အေတာ္ၾကာၿပီ ျဖစ္ပါတယ္။

ဒီသီအိုရီအရဆိုရင္ သူဟာ ျပန္လာ႐ုံတင္မကဘဲ ဗီလိန္ျဖစ္သြားၿပီး Jack နဲ႔ တိုက္ခိုက္ၾကမယ္လို႔ ေျပာထားပါတယ္။ အဲ့လိုမ်ိဴး သူတို႔ႏွစ္ေယာက္ တိုက္ခိုက္ၾကရင္းနဲ႔ ကမာၻႀကီးဟာ ပ်က္စီးသြားမယ္လို႔လည္း ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီသီအိုရီအတိုင္းဆိုရင္ Sam နဲ႔ Dean တို႔ႏွစ္ေယာက္ဟာ ေဘးမွာရပ္ၾကည့္႐ုံပဲ တတ္ႏိုင္မွာ ျဖစ္ၿပီး သူတို႔ႏွစ္ေယာက္လုံးဟာ ဘာမွ လုပ္ႏိုင္မွာ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒီသီအိုရီဟာ အဆိုး႐ြားဆုံးေတြထဲက တစ္ခု ျဖစ္ေနတာပါ။

(2) God ဟာ အရာအားလုံး ေအာင္ျမင္စြာနဲ႔ ဖ်က္စီးႏိုင္သြားပါမယ္။
photo via screenrant

ဒီသီအိုရီကေတာ့ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ား မႀကိဳက္ၾကမယ့္အရာ တစ္ခုလည္း ျဖစ္ပါတယ္။ ဒီသီအိုရီအရဆိုရင္ God ဟာ ဒီကမာၻႀကီးကို သူကိုယ္တိုင္ဖန္တီးခဲ့တာ ျဖစ္ၿပီး သူကိုယ္တိုင္ပဲ ဖ်က္စီးႏိုင္ပါတယ္လို႔ ေျပာထားပါတယ္။ ဒါ့အျပင္ Sam နဲ႔ Dean ဟာ သာမန္လူသားေတြ ျဖစ္ၿပီး Castiel နဲ႔ Jack တို႔ကေတာ့ အစြမ္းေတြရွိေပမယ့္လည္း God ကိုေတာ့ လုံးဝ ယွဥ္ႏိုင္မွာ မဟုတ္ပါဘူးဆိုၿပီးေတာ့ ေျပာထားပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူဟာ အရာအားလုံးကို ေအာင္ျမင္စြာနဲ႔ ဖ်က္စီးႏိုင္မွာ ျဖစ္ပါတယ္။ ဒီသီအိုရီကို ႀကိဳက္တဲ့လူေတာ့ မရွိေပမယ့္လည္း အဲ့ဒီအတိုင္း ျဖစ္မလာႏိုင္ဘူးလို႔လည္း ဘယ္သူမွ မေျပာႏိုင္ပါဘူး။ ဒီဇာတ္သိမ္းအတိုင္းသာ တကယ္ျဖစ္သြားမယ္ဆိုရင္ေတာ့ ပရိသတ္ေတြ အားလုံးအတြက္ လုံးဝကို အံ့ဩစရာတစ္ခု ျဖစ္သြားမယ္ဆိုတာေတာ့ ေသခ်ာပါတယ္။

(3) တစ္ျခား timeline က Michael ဟာ Jack ကို ထိန္းခ်ဳပ္ၿပီး God ကို သတ္ပါမယ္။
photo via screenrant

Season 14 မွာတုန္းက တစ္ျခား timeline က Michael ဟာ Sam နဲ႔ Dean တို႔ကို ဒုကၡေပးသြားတာကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ဒီသီအိုရီအရဆိုရင္ အဲ့ဒီ Michael ဟာ Jack ကို ထိန္းခ်ဳပ္ၿပီးေတာ့ God ကိုသတ္သြားမယ္လို႔ ေျပာထားပါတယ္။ ဒါေပမယ့္လည္း ဒီသီအိုရီအရဆိုရင္ ေမးစရာေမးခြန္းေတြ အမ်ားႀကီးရွိလာၿပီးေတာ့ သိပ္ၿပီးေတာ့ ျဖစ္ႏိုင္တဲ့အထဲမွာေတာ့ မပါဘူးလို႔ ထင္မိပါတယ္။

အဲ့ဒါကေတာ့ ဒီသီအိုရီကို ထုတ္ခဲ့တဲ့သူ ေျပာတဲ့ Michael က ေနာက္ထပ္ Michael တစ္ေယာက္လား ဒါမွမဟုတ္ season 14 မွာ ေသဆုံးသြားတဲ့ Michael လားဆိုၿပီးေတာ့ ေမးစရာ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ season 14 က Michael ဆိုရင္ေတာ့ သူဟာ တကယ္ေသဆုံးသြားတာ မဟုတ္ဘဲ ေသခ်င္ေယာင္ေဆာင္သြားခဲ့တာလား ဆိုတာေတြ ေမးစရာ ျဖစ္လာပါေတာ့တယ္။

(4) Sam နဲ႔ Dean ဟာ God ခန႔္မွန္းခဲ့သလို တစ္ေယာက္နဲ႔ တစ္ေယာက္ သတ္ျဖတ္ၾကပါမယ္။
photo via screenrant

ဒီသီအိုရီကေတာ့ ေတာ္ေတာ္ေလးကို လူေျပာမ်ားေနတဲ့ fan သီအိုရီတစ္ခု ျဖစ္ပါတယ္။ ဇာတ္သိမ္းမွာေတာ့ Sam နဲ႔ Dean ဟာ God ျဖစ္ေစခ်င္သလို တစ္ေယာက္နဲ႔ တစ္ေယာက္ သတ္ျဖတ္ၾကၿပီး ဇာတ္သိမ္းသြားမယ္ဆိုၿပီးေတာ့ ေျပာၾကပါတယ္။

God ကေတာ့ သူျဖစ္ေစခ်င္တာ ျဖစ္ၿပီးသြားတာေၾကာင့္ တစ္ျခား universe တစ္ခုကို သြားၿပီးေတာ့ ေနာက္ထပ္ဇာတ္လမ္းတစ္ပုဒ္ကို ထပ္ၿပီးေတာ့ ဖန္တီးပါမယ္လို႔လည္း ေျပာခဲ့ပါတယ္။ ဒီအခ်က္ေတြကေတာ့ ပရိသတ္ေတြ လုံးဝကို မျဖစ္ေစခ်င္တဲ့ ဇာတ္သိမ္းတစ္ခု ျဖစ္ၿပီး ႏွစ္ေတြအၾကာႀကီး အားေပးလာခဲ့တဲ့ ပရိသတ္ေတြကို အခုလိုဇာတ္သိမ္းမ်ိဴးနဲ႔ေတာ့ ႏႈတ္မဆက္ေလာက္ဘူးလို႔ ထင္ပါတယ္။

(5) Lucifer ဟာ ျပန္လည္ရွင္သန္လာပါမယ္။
photo via screenrant

ဇာတ္လမ္းထဲက တစ္ေနရာမွာေတာ့ Dean ဟာ ျဖစ္ႏိုင္ေခ်ရွိတဲ့ အနာဂတ္ေတြထဲက တစ္ခုကို အပို႔ခံလိုက္ရပါတယ္။ အဲ့ဒီအနာဂတ္မွာေတာ့ Sam ဟာ Lucifer ရဲ႕ vessel ျဖစ္ေနၿပီးေတာ့ သူဟာ ကမာၻႀကီးကို ဖ်က္စီးေနခဲ့ပါတယ္။ ဒါ့အျပင္ Lucifer ဟာ အနာဂတ္က Dean ကို သတ္ျဖတ္ခဲ့ပါေသးတယ္။ ဒီသီအိုရီကေတာ့ အဲ့ဒီအခ်က္ကို အေျခခံၿပီးေတာ့ ေျပာထားတာ ျဖစ္ပါတယ္။

အဲ့ဒါကေတာ့ Lucifer ဟာ ျပန္လည္ရွင္သန္လာၿပီး Chuck နဲ႔ ပူးေပါင္းသြားကာ Sam နဲ႔ Dean တို႔ကို အခ်င္းခ်င္း ျပန္လည္သတ္ျဖတ္ေအာင္ ျပဳလုပ္မယ္ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီတုန္းက ျမင္ခဲ့ရတဲ့ အနာဂတ္ဟာ ၂၀၁၄ ခုႏွစ္ျဖစ္ၿပီး အခ်ိန္ကာလဟာ ေတာ္ေတာ္ ကြာဟေနၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ Chuck ဟာလည္း ေလာေလာဆယ္မွာေတာ့ Lucifer ကို ျပန္လည္ အသက္သြင္းေပးဖို႔အတြက္ စိတ္ကူးမရွိေသးပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular