HomeEntertainmentFilmWreck-It Ralph ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Wreck-It Ralph ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Wreck-It Ralph ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားတဲ့ Animation ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Animation ကတော့ Box-Office မှာ ဝင်ငွေ ဒေါ်လာ (၄၇၁)သန်းကျော် ရရှိခဲ့ပြီး အော်စကာတစ်ဆုအတွက်တောင် စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ ဒီ Animation ဟာ ပရိသတ်တွေကြားထဲမှာ ရေပန်းစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ Ralph Breaks the Internet ဆိုပြီး ထပ်မံထွက်ရှိခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် Wreck-It Ralph ဇာတ်လမ်း ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ဒီ Animation ထဲမှာ ဇာတ်ကောင်ပေါင်း (၁၈၀)ကျော် ပါဝင်ပါတယ်။

photo via screenrant

ဒီ Animation ထဲမှာတော့ Disney နဲ့ Nintendo တို့ရဲ့ ဇာတ်ကောင်တွေ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲက ဇာတ်ကောင်ပေါင်း (၆၀)ခန့်ဟာ Disney ရဲ့ ဇာတ်ကောင်တွေ ဖြစ်ပြီး Cameo ပါဝင်ခဲ့တဲ့ ဇာတ်ကောင်အများစုကတော့ Nintendo ကပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာတော့ Street Fighter ဂိမ်းထဲက ဇာတ်ကောင်တွေ ဖြစ်တဲ့ M. Bison ၊ Ryu ၊ Ken ၊ Zangief တို့ ပါဝင်ထားပြီး Pac-man ၊ Orange Ghost ၊ Pooka ၊ Frygar ၊ Clyde ၊ Sonic ၊ Dr. Eggman ၊ Bowser ၊ Neff ၊ Q-Bert ၊ Yuni တို့အပြင် တခြားဇာတ်ကောင်တွေများစွာလည်း ပါဝင်ထားပါတယ်။

(2) Ralph ကို Bulldozer အဖြစ်တောင် ဖန်တီးဖို့ နီးစပ်ခဲ့ပါသေးတယ်။

photo via screenrant

ဒီ Animation ထဲက အဓိကဇာတ်ကောင် ဖြစ်တဲ့ Ralph ကိုတော့ လူသန်ကြီးတစ်ယောက်ပုံစံနဲ့ မြင်တွေ့ခဲ့ရပေမယ့်လည်း အစတုန်းကတော့ အဲဒီပုံစံနဲ့ ဘာမှမဆိုင်တဲ့ ဒီဇိုင်းတွေကို စဉ်းစားခဲ့ကြပါသေးတယ်။ မဖန်တီးဖြစ်လိုက်တဲ့ ဒီဇိုင်းတွေထဲမှာတော့ မကောင်းဆိုးဝါးမိစ္ဆာ၊ Ogre ၊ ဂူအောင်းလူသား၊ Bigfoot နဲ့ လူဝံတို့တောင် ပါဝင်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဒီဇိုင်းတွေထက်စာရင် နောက်ဆုံးဖန်တီးဖြစ်သွားတဲ့ လူသန်ကြီးပုံစံကတော့ ပရိသတ်တွေကြားမှာ ပိုပြီးလူကြိုက်များစေခဲ့ပါတယ်။

(3) Animation Team ဟာ နေရာတွေများစွာကို သွားရောက်လေ့လာခဲ့ရပါတယ်။

photo via screenrant

ဒီ Animation ကို ဖန်တီးဖို့အတွက် Animation Team ဟာ နေရာတွေများစွာကို သွားရောက်လေ့လာခဲ့ရပါတယ်။ Animation Team ဟာ ဂျာမနီနိုင်ငံ Cologne မြို့မှာ ရှိတဲ့ မုန့်ဖုတ်စက်ရုံတွေ၊ သကြားလုံးစက်ရုံတွေနဲ့ World Confection Convention တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။ ဒီခရီးစဉ်တွေကြောင့်ပဲ ဒီ Animation ထဲမှာ ပါဝင်တဲ့ Sugar Rush ဂိမ်းနဲ့ Candy တွေနဲ့ အလှဆင်ထားတဲ့ ကားပြိုင်ပွဲတို့ကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ Vanellope က ကားတစ်စီးကို တည်ဆောက်တဲ့ ဇာတ်ဝင်ခန်းကို ဖန်တီးဖို့အတွက် Detroit မြို့ကို သွားရောက်ခဲ့ပြီး ကားတွေကို ဘယ်လိုတည်ဆောက်ကြတယ် ဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။

(4) Production Team ဟာလည်း ဂိမ်းတွေများစွာကို ကစားခဲ့ရပါတယ်။

photo via screenrant

Production Team ဟာ ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် ဂိမ်းတွေများစွာကို မတူညီတဲ့ Platform တွေမှာ မတူညီတဲ့ Controller တွေ၊ Joystick တွေနဲ့ ကစားခဲ့ရပါတယ်။ အကြောင်းကတော့ ဒီဇာတ်လမ်းထဲက ဂိမ်းတွေကို ဖန်တီးတဲ့ အချိန်မှာ တကယ် ဂိမ်းကစားနေရတာနဲ့ အနီးစပ်ဆုံး တူညီအောင် ဖန်တီးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ဂိမ်းတွေကို ဘယ်လိုဖန်တီးကြတယ်ဆိုတာ လေ့လာဖို့အတွက်လည်း ဂိမ်းထုတ်လုပ်ရေးတွေများစွာကို သွားရောက်ခဲ့ကြရပါသေးတယ်။

(5) Sugar Rush ဂိမ်းထဲက ပတ်ဝန်းကျင်ဒီဇိုင်းဟာ ဗိသုကာပညာရှင် Antoni Gaudi ရဲ့ ဒီဇိုင်းတွေကို အခြေခံထားတာပါ။

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် Animation Team ဟာ နေရာတွေများစွာကို သွားရောက် လည်ပတ်ခဲ့ကြပေမယ့်လည်း ဒီတစ်ခုကတော့ Visual Artist ဖြစ်သူ Lorelay Bove ရဲ့ ငယ်ဘဝတုန်းက စိတ်ကူးစိတ်သန်းကို ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ သူမကတော့ စပိန်နိုင်ငံမှာ ကြီးပြင်းလာသူ ဖြစ်ပြီး ငယ်ငယ်တုန်းကတော့ ဗိသုကာပညာရှင် Antoni Gaudi ရဲ့ ဒီဇိုင်းတွေဟာ Candy House တွေနဲ့ ဆင်တူတယ်လို့ ထင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဒီဇာတ်လမ်းထဲက Sugar Rush ဂိမ်းရဲ့ ပတ်ဝန်းကျင် အနေအထားကို ဖန်တီးတဲ့အချိန်မှာ အဲဒီအချက်တွေကို အခြေခံပြီး ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

(6) Hero’s Duty ဂိမ်းထဲက (၉၉)ထပ်မြင့် အဆောက်အဦးကြီးဟာ Manhattan မြို့က မိုးမျှော်တိုက်တွေကို အခြေခံပြီး ဖန်တီးထားတာပါ။

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Animation Team ဟာ ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် တကယ့်လောကမှာရှိတဲ့ အရာတွေများစွာကို သေချာလေ့လာပြီးမှ ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Hero’s Duty ဂိမ်းထဲမှာ မြင်တွေ့ခဲ့ရတဲ့ (၉၉)ထပ်မြင့် အဆောက်အဦးကြီးကတော့ Manhattan မြို့မှာ ရှိတဲ့ မိုးမျှော်တိုက်ကြီးကို အခြေခံကာ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းထဲက Game Central Station ကို ဖန်တီးဖို့အတွက်လည်း New York မြို့ရဲ့ Grand Central Station ကို အခြေခံပြီး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular