HomeCharacterလူအများစု မသိလောက်သေးတဲ့ Wolverine ရဲ့ စိတ်ဝင်စားစရာအကြောင်းများ 

လူအများစု မသိလောက်သေးတဲ့ Wolverine ရဲ့ စိတ်ဝင်စားစရာအကြောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

X-Men တွေထဲက အကြိုက်ဆုံးဇာတ်ကောင်ကို ပြောပါဆိုရင် တော်တော်များများဟာ Wolverine လို့ပဲပြောကြမှာပါ။ သူဟာ X-Men တွေထဲက နာမည်အကြီးဆုံးဇာတ်ကောင်တစ်ယောက်လို့တောင် ပြောလို့ရပါတယ်။ သူ့ရဲ့ပရိသတ်တွေဟာ အများအပြားရှိတဲ့အပြင် Live Action ထဲမှာလည်း သူ့ကိုနောက်ထပ်တစ်ကြိမ်မြင်တွေ့ခွင့်ရဖို့ဆိုတာဟာ ဘယ်ဆီနေမှန်းမသိသေးပါဘူး။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ သူ့ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူဟာ Hulk ရဲ့ကောမစ်ထဲမှာ cameo အဖြစ်နဲ့ စတင်ပြီး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

၁၉၇၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Incredible Hulk #180 ဆိုတဲ့ကောမစ်ထဲမှာ ပထမဆုံးအနေနဲ့ cameo အဖြစ် စတင်ပါဝင်ခဲ့ပြီးတော့ The Incredible Hulk #181 မှာတော့ ဗီလိန်အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ Hulk ဟာကနေဒါနယ်စပ်ကို ဖြတ်သန်းလာတဲ့အခါမှာတော့ ကနေဒါအစိုးရဟာ သူ့ကိုတားဆီးဖို့အတွက် Weapon X ကိုလွှတ်လိုက်ပါတော့တယ်။ Hulk ဟာတောထဲမှာ လျှောက်သွားနေရင်းနဲ့ Wendigo တစ်ကောင်နဲ့တွေ့ကြပြီးတော့ တိုက်ခိုက်ကြပါတော့တယ်။

နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်တိုက်ခိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးကြိုက်ကြတဲ့ Wolverine ဟာရောက်လာပါတော့တယ်။ The Incredible Hulk #181 မှာတော့ Hulk နဲ့ Wolverine တို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ် တိုက်ခိုက်ကြပါတော့တယ်။ သူတို့နှစ်ယောက်ဟာ နောက်ထပ်နှစ်တွေကြာသွားတဲ့အထိ တိုက်ခိုက်နေကြပြီးတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Ultimate Wolverine vs. Hulk ဆိုတဲ့ကောမစ်ထဲမှာတော့ Hulk ဟာ Wolverine ရဲ့ခန္ဓာကိုယ်ကို နှစ်ခြမ်းဆွဲဖြဲခဲ့ဖူးပါသေးတယ်။

သူ့ရဲ့နာမည်အရင်းဟာ James Howlett ဖြစ်ပါတယ်။
photo via screenrant/wikipedia

Wolverine ဟာ ၁၉၇၄ ခုနှစ်ကတည်းက ဖန်တီးခဲ့တာဖြစ်ပေမယ့်လည်း သူ့ရဲ့ origin အကြောင်းကိုတော့ နှစ်တွေအတော်ကြာတဲ့အထိ မဖော်ပြခဲ့ပါဘူး။ သူ့ကိုစတင်ဖန်တီးခဲ့တဲ့အချိန်တုန်းကတော့ သူ့ရဲ့လက်သည်းတွေဟာ သူ့ရဲ့လက်အိတ်မှာ ပါရှိနေတာဖြစ်ပေမယ့်လည်း နှစ်တွေကြာလာတဲ့အချိန်မှာတော့ သူ့ရဲ့လက်သည်းတွေဟာ သူ့ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြောင်းလဲဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ origin ကိုနှစ်တွေအတော်ကြာတဲ့အထိ မဖော်ပြခဲ့တာကြောင့် သီအိုရီတွေအများကြီး ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီထဲက လူပြောများတဲ့သီအိုရီတစ်ခုကတော့ Wolverine ဟာ အပြင်မှာတကယ်ရှိတဲ့ Wolverine ဆိုတဲ့တိရိစ္ဆာန်တစ်ကောင်ကနေ အကြောင်းတစ်မျိုးမျိုးကြောင့် ဗီဇတွေပြောင်းလဲလာပြီးတော့ လူတစ်ယောက်ပုံစံဖြစ်လာခဲ့တာပါဆိုတဲ့ သီအိုရီပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီသီအိုရီဟာ အမှန်မဟုတ်ပါဘူးဆိုပြီး Marvel ကငြင်းပယ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Origins ဆိုတဲ့ကောမစ်ထွက်လာပြီးတော့ အဲ့ဒီကောမစ်ထဲမှာတော့ Wolverine ရဲ့ origin ကိုဖော်ပြခဲ့ပါတယ်။ သူ့ရဲ့နာမည်အရင်းကတော့ James Howlett ဖြစ်ပြီးတော့ ငယ်ဘဝတုန်းက ချုချာတဲ့ကလေးတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့အဖေလို့ထင်မှတ်ထားတဲ့သူတစ်ယောက်ကို Logan လို့ခေါ်တဲ့လူတစ်ယောက် သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ သူ့မှာစွမ်းအားတွေရှိနေတာကို ပထမဆုံးအကြိမ်သတိထားမိခဲ့တဲ့အပြင် Logan ဟာသူ့ရဲ့အဖေအစစ်ဖြစ်နေခဲ့ပါတယ်။ အဲ့လိုနဲ့နောက်ပိုင်းမှာတော့ သူဟာ ထိန်းချုပ်မှုတွေမရှိတော့ဘဲ သောင်းကျန်းနေတဲ့အချိန်မှာတော့ သူ့ကိုယ်သူ Logan ဆိုတဲ့နာမည်ကို ခံယူပြီး နေထိုင်ခဲ့ပါတယ်။

သူဟာ ဘာသာစကားတွေအတော်များများကိုလည်း ကျွမ်းကျင်ပါတယ်။
photo via screenrant

Wolverine ဟာ ၁၉ ရာစုလောက်ကတည်းက မွေးဖွားခဲ့တဲ့သူတစ်ယောက် ဖြစ်ပြီးတော့ သူဟာပုံမှန်လူတွေထက်အများကြီး အသက်ရှည်ရှည်နေနိုင်တာကြောင့် ကမ္ဘာအနှံ့ကိုခရီးသွားကာ အရာတွေတော်တော်များများကို သင်ယူခဲ့ပါတယ်။ ဒါ့အပြင် သူဟာကမ္ဘာစစ်နှစ်ခုလုံးမှာ ပါဝင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ပိုင်းဆိုင်ရာဗျူဟာတွေကိုလည်း ကျွမ်းကျင်ပြီးတော့ တိုက်ခိုက်နည်းတွေအများကြီးကိုလည်း သင်ယူခဲ့ပါတယ်။ သူဟာ English ၊ Russian ၊ Chinese ၊ Cheyenne ၊ Lakota နဲ့ Spanish တို့လိုဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီးတော့ ထိုင်းနဲ့ဗီယက်နမ်တို့လိုစကားတွေကိုလည်း အနည်းငယ်တတ်ပါသေးတယ်။ ဒါ့အပြင် သူဟာ ကမ္ဘာအနှံ့သွားလာပြီး တိုက်ခိုက်ရေးတွေကို သင်ယူထားတဲ့အပြင် ကွန်ပြူတာနဲ့ပတ်သက်ပြီးတော့တောင် ကျွမ်းကျင်ပါတယ်။

သူဟာ Hercules နဲ့လည်း တွဲခဲ့ဖူးပါသေးတယ်။
photo via screenrant

သူဟာ နှစ်တွေအကြာကြီး ရှင်သန်နေတဲ့လူတစ်ယောက်ဖြစ်တာကြောင့် သူတွဲခဲ့ဖူးတဲ့သူတွေကလည်း အတော်များပါတယ်။ သူဟာ ဂျပန်မှာရှိနေတုန်းကဆိုရင် Mariko Yashida နဲ့လည်းတွဲခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း Mariko ရဲ့ဆွေမျိုးတွေဟာ သူနဲ့သဘောမတူကြပေမယ့်လည်း သူမဟာ ဆွေမျိုးတွေနဲ့အတိုက်အခံလုပ်ပြီးတော့ သူနဲ့တွဲခဲ့ကြပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ Mariko ဟာ The Hand လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုရဲ့ သတ်တာကို ခံလိုက်ရပါတယ်။

အဲ့လိုနဲ့ နှစ်တွေကြာသွားတဲ့အခါမှာတော့ သူဟာ X-Men အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး‌တော့ Jean Grey နဲ့လည်း ဘာလိုလိုဖြစ်ခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် alternate universe တွေထဲမှာဆိုရင် သူဟာ Mystique ၊ Red Sonja နဲ့ Storm တို့နဲ့တောင် တွဲခဲ့ဖူးပါသေးတယ်။ တစ်ခြား alternate universe ထဲမှာဆိုရင် သူဟာ ယောင်္ကျားမိန်းမ မရွေးကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်ပြီးတော့ Hercules နဲ့တောင် ချစ်ကြိုက်ခဲ့ကြပါသေးတယ်။

မတော်တဆပြောင်းလဲသွားတဲ့ ခေါင်းစွပ်ဒီဇိုင်း
photo via pinterest

Wolverine ဟာကောမစ်ထဲမှာဆိုရင် အဝါရောင်နဲ့အမည်းရောင်စပ်ထားတဲ့ ဝတ်စုံနဲ့ ခေါင်းစွပ်တတ်ထားတာကို အားလုံးသိကြမှာပါ။ အဲ့ဒီဒီဇိုင်းဟာ ကောမစ်ထဲမှာရှိပြီးတော့ Live Action အဖြစ်ရိုက်ကူးတဲ့အချိန်မှာတော့ ဘယ်တုန်းကမှ အဲ့ဒီဝတ်စုံကို မဝတ်ခဲ့ဖူးပါဘူး။ ဒါ့အပြင် စတင်ဖန်တီးခဲ့တုန်းက သူ့ရဲ့ခေါင်းစွပ်ပုံစံဟာ အခုလို မဟုတ်သေးပါဘူး။ အဲ့လိုပြောင်းလဲသွားတဲ့အကြောင်းအရင်းကတော့ Giant-Size X-Men #1 ဆိုတဲ့ကောမစ်ကို Dave Cockrum ဟာရေးဆွဲခဲ့ပေမယ့် အဲ့ဒီကောမစ်ရဲ့မျက်နှာဖုံးကိုတော့ Gil Kane ကရေးဆွဲခဲ့ပါတယ်။

Dave ဟာအဲ့ဒီကောမစ်ရဲ့မျက်နှာဖုံးကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာ သူရေးဆွဲနေတဲ့ကောမစ်ဟာ ပြီးခါနီးဖြစ်နေပါပြီ။ ဒါပေမယ့်လည်း Gil ဟာအဲ့ဒီမျက်နှာဖုံးထဲမှာ Wolverine ရဲ့ခေါင်းစွပ်ပုံစံကို ဘယ်သူ့ကိုမှမပြောဘဲနဲ့ ပြောင်းလဲပြီး ရေးဆွဲခဲ့ပါတယ်။ အဲ့ဒါကို Dave ကမြင်တဲ့အချိန်မှာတော့ အဲ့ဒီဒီဇိုင်းအသစ်ကို ကြိုက်နှစ်သက်သွားတာကြောင့် သူရေးဆွဲထားတဲ့ကောမစ်ထဲက Wolverine ပါဝင်တဲ့နေရာတိုင်းကို အဲ့ဒီဒီဇိုင်းအသစ်အတိုင်း ပြောင်းလဲရေးဆွဲခဲ့ပါတော့တယ်။

သူဟာ X-Men တစ်ဖွဲ့လုံးကို သတ်ခဲ့ဖူးပါတယ်။
photo via screenrant

ဒီအဖြစ်အပျက်ကတော့ alternate universe တစ်ခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာ‌ Marvel ရဲ့ဗီလိန်တွေဟာ အကုန်လုံးပူးပေါင်းပြီးတော့ အမေရိကကိုသိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်မှာ ဟီးရိုးတွေတော်တော်များများဟာ သေဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့်လည်း Wolverine ကတော့ အသက်ရှင်နေသေးပြီးတော့ သူ့ရဲ့မိသားစုနဲ့အတူ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ပြီး နေနေခဲ့ပါတယ်။ တစ်ရက်မှာတော့ သူဟာ Hulk ရဲ့မိသားစုတွေကို အိမ်ငှားခပေးဖို့အတွက် Hawkeye နဲ့အတူတူ ခရီးထွက်လာခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်ဟာ ဗီလိန်တွေကြီးစိုးနေတာကြောင့် သူတို့ကိုတိုက်ခိုက်ဖို့အတွက် Hawkeye ဟာ သူ့ကိုအကူအညီတွေအကြိမ်ကြိမ်တောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်းသူဟာ နောက်ထပ်တစ်ကြိမ်ဘယ်တော့မှ မတိုက်ခိုက်တော့ဘူးဆိုပြီး အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။ အဲ့လိုမျိုးငြင်းဆန်ခဲ့ရတဲ့အကြောင်းကတော့ X-Men အဖွဲ့တစ်ဖွဲ့လုံးနဲ့ သက်ဆိုင်နေခဲ့ပါတယ်။ ဗီလိန်တွေဟာ ကမ္ဘာကြီးကိုကြီးစိုးနေတဲ့အချိန်မှာတော့ Mysterio ဟာ X-Men အဖွဲ့ကိုရှင်းပစ်ဖို့အတွက် တာဝန်ကျခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Wolverine ရဲ့အိမ်ထဲကို X-Men တွေလာပြီး ကျူးကျော်တိုက်ခိုက်တဲ့ပုံစံမျိုးတွေနဲ့ X-Men တွေကို ဗီလိန်အဖြစ်မြင်သွားအောင် ပုံရိပ်ယောင်တွေဖန်တီးခဲ့ပါတယ်။ အဲ့ဒါကို Wolverine ကတော့ မသိဘဲ X-Men အဖွဲ့တစ်ဖွဲ့လုံးကို သူတစ်ယောက်တည်းနဲ့ သတ်ဖြတ်ပစ်လိုက်ပါတော့တယ်။ သူဟာနောက်ပိုင်းကျမှ အဖြစ်မှန်သိလိုက်ရပြီးတော့ နောက်ကိုဘယ်တော့မှ မတိုက်ခိုက်တော့ဘူးဆိုပြီး စိတ်ဆုံးဖြတ်လိုက်ပါတော့တယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

X-Men ေတြထဲက အႀကိဳက္ဆုံးဇာတ္ေကာင္ကို ေျပာပါဆိုရင္ ေတာ္ေတာ္မ်ားမ်ားဟာ Wolverine လို႔ပဲေျပာၾကမွာပါ။ သူဟာ X-Men ေတြထဲက နာမည္အႀကီးဆုံးဇာတ္ေကာင္တစ္ေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။ သူ႔ရဲ႕ပရိသတ္ေတြဟာ အမ်ားအျပားရွိတဲ့အျပင္ Live Action ထဲမွာလည္း သူ႔ကိုေနာက္ထပ္တစ္ႀကိမ္ျမင္ေတြ႕ခြင့္ရဖို႔ဆိုတာဟာ ဘယ္ဆီေနမွန္းမသိေသးပါဘူး။ အဲ့ဒါေၾကာင့္ ဒီတစ္ခါေတာ့ သူ႔ရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူဟာ Hulk ရဲ႕ေကာမစ္ထဲမွာ cameo အျဖစ္နဲ႔ စတင္ၿပီး ပါဝင္ခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

၁၉၇၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The Incredible Hulk #180 ဆိုတဲ့ေကာမစ္ထဲမွာ ပထမဆုံးအေနနဲ႔ cameo အျဖစ္ စတင္ပါဝင္ခဲ့ၿပီးေတာ့ The Incredible Hulk #181 မွာေတာ့ ဗီလိန္အျဖစ္နဲ႔ ပါဝင္ခဲ့ပါတယ္။ Hulk ဟာကေနဒါနယ္စပ္ကို ျဖတ္သန္းလာတဲ့အခါမွာေတာ့ ကေနဒါအစိုးရဟာ သူ႔ကိုတားဆီးဖို႔အတြက္ Weapon X ကိုလႊတ္လိုက္ပါေတာ့တယ္။ Hulk ဟာေတာထဲမွာ ေလွ်ာက္သြားေနရင္းနဲ႔ Wendigo တစ္ေကာင္နဲ႔ေတြ႕ၾကၿပီးေတာ့ တိုက္ခိုက္ၾကပါေတာ့တယ္။

ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္တိုက္ခိုက္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အားလုံးႀကိဳက္ၾကတဲ့ Wolverine ဟာေရာက္လာပါေတာ့တယ္။ The Incredible Hulk #181 မွာေတာ့ Hulk နဲ႔ Wolverine တို႔ဟာ ပထမဦးဆုံးအႀကိမ္အျဖစ္ တိုက္ခိုက္ၾကပါေတာ့တယ္။ သူတို႔ႏွစ္ေယာက္ဟာ ေနာက္ထပ္ႏွစ္ေတြၾကာသြားတဲ့အထိ တိုက္ခိုက္ေနၾကၿပီးေတာ့ ၂၀၀၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Ultimate Wolverine vs. Hulk ဆိုတဲ့ေကာမစ္ထဲမွာေတာ့ Hulk ဟာ Wolverine ရဲ႕ခႏၶာကိုယ္ကို ႏွစ္ျခမ္းဆြဲၿဖဲခဲ့ဖူးပါေသးတယ္။

သူ႔ရဲ႕နာမည္အရင္းဟာ James Howlett ျဖစ္ပါတယ္။
photo via screenrant/wikipedia

Wolverine ဟာ ၁၉၇၄ ခုႏွစ္ကတည္းက ဖန္တီးခဲ့တာျဖစ္ေပမယ့္လည္း သူ႔ရဲ႕ origin အေၾကာင္းကိုေတာ့ ႏွစ္ေတြအေတာ္ၾကာတဲ့အထိ မေဖာ္ျပခဲ့ပါဘူး။ သူ႔ကိုစတင္ဖန္တီးခဲ့တဲ့အခ်ိန္တုန္းကေတာ့ သူ႔ရဲ႕လက္သည္းေတြဟာ သူ႔ရဲ႕လက္အိတ္မွာ ပါရွိေနတာျဖစ္ေပမယ့္လည္း ႏွစ္ေတြၾကာလာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕လက္သည္းေတြဟာ သူ႔ရဲ႕အစိတ္အပိုင္းတစ္ခုအေနနဲ႔ ေျပာင္းလဲေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ origin ကိုႏွစ္ေတြအေတာ္ၾကာတဲ့အထိ မေဖာ္ျပခဲ့တာေၾကာင့္ သီအိုရီေတြအမ်ားႀကီး ထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒီထဲက လူေျပာမ်ားတဲ့သီအိုရီတစ္ခုကေတာ့ Wolverine ဟာ အျပင္မွာတကယ္ရွိတဲ့ Wolverine ဆိုတဲ့တိရိစာၦန္တစ္ေကာင္ကေန အေၾကာင္းတစ္မ်ိဳးမ်ိဳးေၾကာင့္ ဗီဇေတြေျပာင္းလဲလာၿပီးေတာ့ လူတစ္ေယာက္ပုံစံျဖစ္လာခဲ့တာပါဆိုတဲ့ သီအိုရီပဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲ့ဒီသီအိုရီဟာ အမွန္မဟုတ္ပါဘူးဆိုၿပီး Marvel ကျငင္းပယ္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ Origins ဆိုတဲ့ေကာမစ္ထြက္လာၿပီးေတာ့ အဲ့ဒီေကာမစ္ထဲမွာေတာ့ Wolverine ရဲ႕ origin ကိုေဖာ္ျပခဲ့ပါတယ္။ သူ႔ရဲ႕နာမည္အရင္းကေတာ့ James Howlett ျဖစ္ၿပီးေတာ့ ငယ္ဘဝတုန္းက ခ်ဳခ်ာတဲ့ကေလးတစ္ေယာက္ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူ႔ရဲ႕အေဖလို႔ထင္မွတ္ထားတဲ့သူတစ္ေယာက္ကို Logan လို႔ေခၚတဲ့လူတစ္ေယာက္ သတ္ျဖတ္ခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ သူ႔မွာစြမ္းအားေတြရွိေနတာကို ပထမဆုံးအႀကိမ္သတိထားမိခဲ့တဲ့အျပင္ Logan ဟာသူ႔ရဲ႕အေဖအစစ္ျဖစ္ေနခဲ့ပါတယ္။ အဲ့လိုနဲ႔ေနာက္ပိုင္းမွာေတာ့ သူဟာ ထိန္းခ်ဳပ္မႈေတြမရွိေတာ့ဘဲ ေသာင္းက်န္းေနတဲ့အခ်ိန္မွာေတာ့ သူ႔ကိုယ္သူ Logan ဆိုတဲ့နာမည္ကို ခံယူၿပီး ေနထိုင္ခဲ့ပါတယ္။

သူဟာ ဘာသာစကားေတြအေတာ္မ်ားမ်ားကိုလည္း ကြၽမ္းက်င္ပါတယ္။
photo via screenrant

Wolverine ဟာ ၁၉ ရာစုေလာက္ကတည္းက ေမြးဖြားခဲ့တဲ့သူတစ္ေယာက္ ျဖစ္ၿပီးေတာ့ သူဟာပုံမွန္လူေတြထက္အမ်ားႀကီး အသက္ရွည္ရွည္ေနႏိုင္တာေၾကာင့္ ကမာၻအႏွံ႔ကိုခရီးသြားကာ အရာေတြေတာ္ေတာ္မ်ားမ်ားကို သင္ယူခဲ့ပါတယ္။ ဒါ့အျပင္ သူဟာကမာၻစစ္ႏွစ္ခုလုံးမွာ ပါဝင္တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ပိုင္းဆိုင္ရာဗ်ဴဟာေတြကိုလည္း ကြၽမ္းက်င္ၿပီးေတာ့ တိုက္ခိုက္နည္းေတြအမ်ားႀကီးကိုလည္း သင္ယူခဲ့ပါတယ္။ သူဟာ English ၊ Russian ၊ Chinese ၊ Cheyenne ၊ Lakota နဲ႔ Spanish တို႔လိုဘာသာစကားေတြကို ကြၽမ္းကြၽမ္းက်င္က်င္ေျပာတတ္ၿပီးေတာ့ ထိုင္းနဲ႔ဗီယက္နမ္တို႔လိုစကားေတြကိုလည္း အနည္းငယ္တတ္ပါေသးတယ္။ ဒါ့အျပင္ သူဟာ ကမာၻအႏွံ႔သြားလာၿပီး တိုက္ခိုက္ေရးေတြကို သင္ယူထားတဲ့အျပင္ ကြန္ျပဴတာနဲ႔ပတ္သက္ၿပီးေတာ့ေတာင္ ကြၽမ္းက်င္ပါတယ္။

သူဟာ Hercules နဲ႔လည္း တြဲခဲ့ဖူးပါေသးတယ္။
photo via screenrant

သူဟာ ႏွစ္ေတြအၾကာႀကီး ရွင္သန္ေနတဲ့လူတစ္ေယာက္ျဖစ္တာေၾကာင့္ သူတြဲခဲ့ဖူးတဲ့သူေတြကလည္း အေတာ္မ်ားပါတယ္။ သူဟာ ဂ်ပန္မွာရွိေနတုန္းကဆိုရင္ Mariko Yashida နဲ႔လည္းတြဲခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း Mariko ရဲ႕ေဆြမ်ိဳးေတြဟာ သူနဲ႔သေဘာမတူၾကေပမယ့္လည္း သူမဟာ ေဆြမ်ိဳးေတြနဲ႔အတိုက္အခံလုပ္ၿပီးေတာ့ သူနဲ႔တြဲခဲ့ၾကပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ Mariko ဟာ The Hand လို႔ေခၚတဲ့အဖြဲ႕အစည္းတစ္ခုရဲ႕ သတ္တာကို ခံလိုက္ရပါတယ္။

အဲ့လိုနဲ႔ ႏွစ္ေတြၾကာသြားတဲ့အခါမွာေတာ့ သူဟာ X-Men အဖြဲ႕ဝင္တစ္ေယာက္ျဖစ္လာၿပီး‌ေတာ့ Jean Grey နဲ႔လည္း ဘာလိုလိုျဖစ္ခဲ့ဖူးပါေသးတယ္။ ဒါ့အျပင္ alternate universe ေတြထဲမွာဆိုရင္ သူဟာ Mystique ၊ Red Sonja နဲ႔ Storm တို႔နဲ႔ေတာင္ တြဲခဲ့ဖူးပါေသးတယ္။ တစ္ျခား alternate universe ထဲမွာဆိုရင္ သူဟာ ေယာက်ၤားမိန္းမ မေ႐ြးႀကိဳက္ႏွစ္သက္သူတစ္ေယာက္ ျဖစ္ၿပီးေတာ့ Hercules နဲ႔ေတာင္ ခ်စ္ႀကိဳက္ခဲ့ၾကပါေသးတယ္။

မေတာ္တဆေျပာင္းလဲသြားတဲ့ ေခါင္းစြပ္ဒီဇိုင္း
photo via pinterest

Wolverine ဟာေကာမစ္ထဲမွာဆိုရင္ အဝါေရာင္နဲ႔အမည္းေရာင္စပ္ထားတဲ့ ဝတ္စုံနဲ႔ ေခါင္းစြပ္တတ္ထားတာကို အားလုံးသိၾကမွာပါ။ အဲ့ဒီဒီဇိုင္းဟာ ေကာမစ္ထဲမွာရွိၿပီးေတာ့ Live Action အျဖစ္႐ိုက္ကူးတဲ့အခ်ိန္မွာေတာ့ ဘယ္တုန္းကမွ အဲ့ဒီဝတ္စုံကို မဝတ္ခဲ့ဖူးပါဘူး။ ဒါ့အျပင္ စတင္ဖန္တီးခဲ့တုန္းက သူ႔ရဲ႕ေခါင္းစြပ္ပုံစံဟာ အခုလို မဟုတ္ေသးပါဘူး။ အဲ့လိုေျပာင္းလဲသြားတဲ့အေၾကာင္းအရင္းကေတာ့ Giant-Size X-Men #1 ဆိုတဲ့ေကာမစ္ကို Dave Cockrum ဟာေရးဆြဲခဲ့ေပမယ့္ အဲ့ဒီေကာမစ္ရဲ႕မ်က္ႏွာဖုံးကိုေတာ့ Gil Kane ကေရးဆြဲခဲ့ပါတယ္။

Dave ဟာအဲ့ဒီေကာမစ္ရဲ႕မ်က္ႏွာဖုံးကိုပထမဆုံးျမင္လိုက္ရတဲ့အခ်ိန္မွာ သူေရးဆြဲေနတဲ့ေကာမစ္ဟာ ၿပီးခါနီးျဖစ္ေနပါၿပီ။ ဒါေပမယ့္လည္း Gil ဟာအဲ့ဒီမ်က္ႏွာဖုံးထဲမွာ Wolverine ရဲ႕ေခါင္းစြပ္ပုံစံကို ဘယ္သူ႔ကိုမွမေျပာဘဲနဲ႔ ေျပာင္းလဲၿပီး ေရးဆြဲခဲ့ပါတယ္။ အဲ့ဒါကို Dave ကျမင္တဲ့အခ်ိန္မွာေတာ့ အဲ့ဒီဒီဇိုင္းအသစ္ကို ႀကိဳက္ႏွစ္သက္သြားတာေၾကာင့္ သူေရးဆြဲထားတဲ့ေကာမစ္ထဲက Wolverine ပါဝင္တဲ့ေနရာတိုင္းကို အဲ့ဒီဒီဇိုင္းအသစ္အတိုင္း ေျပာင္းလဲေရးဆြဲခဲ့ပါေတာ့တယ္။

သူဟာ X-Men တစ္ဖြဲ႕လုံးကို သတ္ခဲ့ဖူးပါတယ္။
photo via screenrant

ဒီအျဖစ္အပ်က္ကေတာ့ alternate universe တစ္ခုမွာ ျဖစ္ခဲ့တာျဖစ္ၿပီး အဲ့ဒီအခ်ိန္မွာ‌ Marvel ရဲ႕ဗီလိန္ေတြဟာ အကုန္လုံးပူးေပါင္းၿပီးေတာ့ အေမရိကကိုသိမ္းပိုက္ထားပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်ိန္မွာ ဟီး႐ိုးေတြေတာ္ေတာ္မ်ားမ်ားဟာ ေသဆုံးသြားခဲ့ပါၿပီ။ ဒါေပမယ့္လည္း Wolverine ကေတာ့ အသက္ရွင္ေနေသးၿပီးေတာ့ သူ႔ရဲ႕မိသားစုနဲ႔အတူ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ကိုင္ၿပီး ေနေနခဲ့ပါတယ္။ တစ္ရက္မွာေတာ့ သူဟာ Hulk ရဲ႕မိသားစုေတြကို အိမ္ငွားခေပးဖို႔အတြက္ Hawkeye နဲ႔အတူတူ ခရီးထြက္လာခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်ိန္ဟာ ဗီလိန္ေတြႀကီးစိုးေနတာေၾကာင့္ သူတို႔ကိုတိုက္ခိုက္ဖို႔အတြက္ Hawkeye ဟာ သူ႔ကိုအကူအညီေတြအႀကိမ္ႀကိမ္ေတာင္းခဲ့ပါတယ္။

ဒါေပမယ့္လည္းသူဟာ ေနာက္ထပ္တစ္ႀကိမ္ဘယ္ေတာ့မွ မတိုက္ခိုက္ေတာ့ဘူးဆိုၿပီး အႀကိမ္ႀကိမ္ျငင္းဆိုခဲ့ပါတယ္။ အဲ့လိုမ်ိဳးျငင္းဆန္ခဲ့ရတဲ့အေၾကာင္းကေတာ့ X-Men အဖြဲ႕တစ္ဖြဲ႕လုံးနဲ႔ သက္ဆိုင္ေနခဲ့ပါတယ္။ ဗီလိန္ေတြဟာ ကမာၻႀကီးကိုႀကီးစိုးေနတဲ့အခ်ိန္မွာေတာ့ Mysterio ဟာ X-Men အဖြဲ႕ကိုရွင္းပစ္ဖို႔အတြက္ တာဝန္က်ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Wolverine ရဲ႕အိမ္ထဲကို X-Men ေတြလာၿပီး က်ဴးေက်ာ္တိုက္ခိုက္တဲ့ပုံစံမ်ိဳးေတြနဲ႔ X-Men ေတြကို ဗီလိန္အျဖစ္ျမင္သြားေအာင္ ပုံရိပ္ေယာင္ေတြဖန္တီးခဲ့ပါတယ္။ အဲ့ဒါကို Wolverine ကေတာ့ မသိဘဲ X-Men အဖြဲ႕တစ္ဖြဲ႕လုံးကို သူတစ္ေယာက္တည္းနဲ႔ သတ္ျဖတ္ပစ္လိုက္ပါေတာ့တယ္။ သူဟာေနာက္ပိုင္းက်မွ အျဖစ္မွန္သိလိုက္ရၿပီးေတာ့ ေနာက္ကိုဘယ္ေတာ့မွ မတိုက္ခိုက္ေတာ့ဘူးဆိုၿပီး စိတ္ဆုံးျဖတ္လိုက္ပါေတာ့တယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular