HomeEntertainmentFilmနိုင်ငံတကာမှာ ဒီဇင်ဘာ (၁၆) ရက်နေ့မှာ ပြသသွားမယ့် Wonder Woman 1984
နိုင်ငံတကာမှာ ဒီဇင်ဘာ (၁၆) ရက်နေ့မှာ ပြသသွားမယ့် Wonder Woman 1984
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
Warner Bros ဟာ Wonder Woman 1984 ကို HBO Max မှာ မပြသခင် ကိုးရက်အလိုဖြစ်တဲ့ ဒီဇင်ဘာ (၁၆) ရက်နေ့မှာ နိုင်ငံတကာမှာ ပြသသွားဖို့ စီစဉ်ခဲ့ပါတယ်။ အစတုန်းကတော့ Wonder Woman 1984 ကို ၂၀၁၉ ခုနှစ်ကတည်းက ပြသဖို့အတွက် စီစဉ်ခဲ့တာ ဖြစ်ပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် ရုံတင်ရက်ရွှေ့သွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ထဲကို ရောက်လာတဲ့အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံပြီးတော့ အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့လအနည်းငယ်တုန်းကတောင် ဒီရုပ်ရှင်ဟာ ၂၀၂၁ အထိတောင် ရုံတင်လို့ရဦးမယ်လို့ မထင်ခဲ့ကြပါဘူး။ အဲ့ဒါကြောင့်ပဲ Warner Bros ဟာ ဒီရုပ်ရှင်ကို ရုံတင်ရက် ထပ်မံမရွှေ့တော့ဘဲ HBO Max မှာ ပြသသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ HBO Max မှာ ဒီဇင်ဘာ (၂၅) ရက်နေ့မှာ စတင်ကြည့်ရှုလို့ ရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါတင်မဟုတ်သေးဘဲ အမေရိကန်နိုင်ငံမှာ ရုပ်ရှင်ရုံတွေ ဖွင့်တဲ့နေရာတွေမှာဆိုရင်လည်း ဒီဇင်ဘာ (၂၅) ရက်နေ့မှာပဲ ရုပ်ရှင်ရုံမှာ သွားကြည့်ရှုလို့ရပါသေးတယ်။
photo via screenrant
ဒါပေမယ့်လည်း နိုင်ငံတကာက ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကို အမေရိကန်နိုင်ငံထက် ရက်အနည်းငယ် စောပြီးတော့ ကြည့်ရှုလို့ရပါမယ်လို့ Variety သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ အမေရိကန်နိုင်ငံမှာ ခရစ်စမတ်နေ့ကျမှသာ ကြည့်လို့ရမှာ ဖြစ်ပေမယ့်လည်း တစ်ခြားနိုင်ငံတွေမှာတော့ ဒီဇင်ဘာ (၁၆) ရက်နေ့မှာ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ HBO Max ဟာ အမေရိကန်နိုင်ငံထဲမှာပဲ ကြည့်ရှုလို့ရတာကြောင့် တစ်ခြားနိုင်ငံတွေအတွက်တော့ ရုံတင်ဖို့ကလွဲပြီးတော့ ရွေးချယ်စရာ မရှိပါဘူး။
ဒါပေမယ့်လည်း နိုင်ငံပေါ်မှာ မူတည်ပြီးတော့ ရုံတင်ရက်ဟာ (၁၆) ရက်အတိအကျ မဟုတ်ဘဲ ပြောင်းလဲသွားနိုင်ပါတယ်။ ဒီရုပ်ရှင်ကလည်း ၂၀၂၀ ခုနှစ်မှာ ထွက်ဖို့အတွက် စီစဉ်ထားတဲ့ တစ်ခြားရုပ်ရှင်တွေအများစုလိုပဲ နောက်ဆုံးမှာတော့ အွန်လိုင်းပေါ်ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံမှာပါ တစ်ခါတည်း ပြသသွားမှာ ဖြစ်ပေမယ့်လည်း အခုအခြေအနေနဲ့က ရုပ်ရှင်ရုံတွေဟာလည်း အများကြီး မဖွင့်သေးသလို လုံးဝကို ပိတ်ထားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဆိုရင်တော့ ထွက်ထွက်ချင်းမှာ ကြည့်လို့ရဦးမှာ မဟုတ်သေးပါဘူး။
Legos
Source : Screenrant
(Zawgyi Version)
photo via screenrant
Legos
Source : Screenrant
RELATED ARTICLES
Most Popular