HomeEntertainmentFilmWW84 ထဲမှာ ဓားနဲ့ ဒိုင်းကို Diana မသုံးရတဲ့ နောက်ကွယ်က အကြောင်းရင်း

WW84 ထဲမှာ ဓားနဲ့ ဒိုင်းကို Diana မသုံးရတဲ့ နောက်ကွယ်က အကြောင်းရင်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonder Woman 1984 ထဲမှာ Diana ဟာ ဘာကြောင့် သူမရဲ့ ဓားနဲ့ ဒိုင်းကို အသုံးမပြုတာလည်းဆိုတဲ့အကြောင်းကို ဒါရိုက်တာ Patty Jenkins နဲ့ Gal Gadot တို့က ရှင်းပြသွားပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာ ဘယ်ဇာတ်ကောင်မှ မသေဆုံးသွားတာကိုလည်း တွေ့ရမှာပါ။ အဲ့ဒီအချက်ကိုလည်း ရုပ်ရှင်ဖန်တီးသူတွေက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ခရစ်စမတ်နေ့တုန်းက HBO Max မှာရော ရုပ်ရှင်ရုံတွေမှာပါ ပြသခဲ့ပါတယ်။ လောလောဆယ်မှာတော့ ကိုဗစ်ကာလအတွင်းမှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ WW84 က box office ဝင်ငွေ အများဆုံး ဖြစ်နေပါတယ်။

photo via screenrant

JoBlo သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဒါရိုက်တာ Patty Jenkins နဲ့ Gal Gadot တို့ဟာ စူပါဟီးရိုးရုပ်ရှင်အများစုမှာ တွေ့ရတတ်တဲ့ အကြမ်းဖက်မှုတွေ ဒီရုပ်ရှင်ထဲမှာ မပါဝင်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာ ဘယ်ဇာတ်ကောင်မှ မသေဆုံးခဲ့တဲ့အချက်နဲ့ Diana က ဓားနဲ့ ဒိုင်းကို အသုံးမပြုခဲ့တာကလည်း ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာပါလို့ ပြောသွားပါတယ်။

“Diana မှာ ဓားနဲ့ ဒိုင်းမရှိသင့်ဘူးလို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အကြောင်းကတော့ Diana က အကြမ်းဖက်တတ်သူ မဟုတ်သလို လူသားတွေကို တိုက်ခိုက်ဖို့အတွက် ကမ္ဘာပေါ်ကို ရောက်နေတာ မဟုတ်ပါဘူး။ သူမက ငြိမ်းချမ်းရေးကို သယ်ဆောင်လာသူပါ။ ဒါ့အပြင် လူသားတွေဟာ သူ့အလိုလိုနေရင်း ဆိုးရွားနေတာ မဟုတ်ဘူးဆိုတာကိုလည်း သူမအနေနဲ့ နားလည်ထားပါတယ် … ” လို့ Gal Gadot  က ပြောသွားပါတယ်။

photo via screenrant

ဆက်လက်ပြီး “ကျွန်မတို့ အကုန်လုံးက အတူတူပါပဲ။ ကျွန်မတို့အားလုံးမှာ မှန်ကန်တဲ့ လုပ်ရပ်တွေကို မလုပ်ခဲ့တဲ့အချိန်တွေ ရှိကြပါတယ်။ Diana ဟာ လူသားတွေအတွက် အကောင်းဆုံးလို့ယူဆတဲ့ လုပ်ရပ်တွေကို လုပ်ခဲ့ပြီး သူမကိုယ်တိုင်က ဉပမာအနေနဲ့ နေထိုင်ပြခဲ့ပါတယ်။ သူမဟာ လူသားတွေ ကောင်းကျိူးအတွက်ဆိုရင် အမြဲတမ်း ဘာမဆိုလုပ်မှာ ဖြစ်သလို ဘာမဆိုပေးဆပ်မှာပါ။ အဲ့ဒီအချက်ကိုလည်း လူသားတွေက တဖြည်းဖြည်းနဲ့ နားလည်လာမယ်လို့ သူမက ခံယူထားပါတယ် … ” လို့ Gal က ဆိုပါတယ်။

ဒါရိုက်တာ Patty Jenkins ကတော့ ” ဒီရုပ်ရှင်ထဲမှာ ဘယ်သူမှ သေဆုံးမသွားခဲ့ပါဘူး။ ဒီရုပ်ရှင်ထဲက လူတွေအကုန်လုံးက တခြားအရာတစ်ခုခုရဲ့ စွမ်းအားအောက်မှာ ရောက်နေကြပြီး အဲ့ဒီအချက်ကလည်း သူတို့ရဲ့အမှား မဟုတ်ပါဘူး။ သူတို့က မင်းကို တိုက်ခိုက်နေရင်တောင် ဒါဟာ သူတို့ရဲ့ အမှားမဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဒီရုပ်ရှင်ထဲမှာ ဘယ်သူမှ မသေဆုံးခဲ့တာ ဖြစ်ပါတယ် … ” လို့ ပြောသွားပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကို ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေထဲမှာ အဲ့ဒီအချက်ကို သတိထားမိတဲ့လူတွေလည်း ရှိပြီး သတိမထားမိခဲ့သူတွေလည်း ရှိပါတယ်။ Gal Gadot ပြောသွားသလိုပဲ Diana ဟာ အကြမ်းဖက်သူ မဟုတ်တာကြောင့် လူဆိုးအချို့နဲ့ တိုက်ခိုက်ရတဲ့ အချိန်မှာတောင် ဖမ်းဆီးရုံပဲ ပြုလုပ်ခဲ့ပြီး ဒဏ်ရာအကြီးအကျယ် ရသွားအောင်တောင် မပြုလုပ်ခဲ့ပါဘူး။

ဇာတ်သိမ်းပိုင်းမှာလည်း လူတွေဟာ Maxwell Lord ရဲ့ စွမ်းအားကြောင့် ပရမ်းပတာတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ Maxwell Lord ကလည်း ဆုတောင်းတွေ ပြည့်စေတဲ့ Dreamstone ကြောင့် အခုလို ဖြစ်သွားတာ ဖြစ်ပါတယ်။ Jenkins ပြောသွားသလိုပဲ ဒါတွေဟာ သူတို့ရဲ့ အမှားမဟုတ်ပါဘူး။ ဒီအချက်တွေကြောင့်ပဲ ဒီရုပ်ရှင်ကို ဖန်တီးသူတွေဟာ အခုလိုအကြမ်းဖက်မှုတွေ အများကြီး မထည့်သွင်းခဲ့သလို ဘယ်သူ့ကိုမှလည်း မသေဆုံးစေခဲ့တာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Wonder Woman 1984 ထဲမွာ Diana ဟာ ဘာေၾကာင့္ သူမရဲ႕ ဓားနဲ႔ ဒိုင္းကို အသုံးမျပဳတာလည္းဆိုတဲ့အေၾကာင္းကို ဒါ႐ိုက္တာ Patty Jenkins နဲ႔ Gal Gadot တို႔က ရွင္းျပသြားပါတယ္။

ဒါ့အျပင္ ဒီ႐ုပ္ရွင္ထဲမွာ ဘယ္ဇာတ္ေကာင္မွ မေသဆုံးသြားတာကိုလည္း ေတြ႕ရမွာပါ။ အဲ့ဒီအခ်က္ကိုလည္း ႐ုပ္ရွင္ဖန္တီးသူေတြက ရည္႐ြယ္ခ်က္ရွိရွိ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ ခရစ္စမတ္ေန႔တုန္းက HBO Max မွာေရာ ႐ုပ္ရွင္႐ုံေတြမွာပါ ျပသခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ ကိုဗစ္ကာလအတြင္းမွာ ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ေတြထဲမွာ WW84 က box office ဝင္ေငြ အမ်ားဆုံး ျဖစ္ေနပါတယ္။

photo via screenrant

JoBlo သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ဒါ႐ိုက္တာ Patty Jenkins နဲ႔ Gal Gadot တို႔ဟာ စူပါဟီး႐ိုး႐ုပ္ရွင္အမ်ားစုမွာ ေတြ႕ရတတ္တဲ့ အၾကမ္းဖက္မႈေတြ ဒီ႐ုပ္ရွင္ထဲမွာ မပါဝင္ခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ထဲမွာ ဘယ္ဇာတ္ေကာင္မွ မေသဆုံးခဲ့တဲ့အခ်က္နဲ႔ Diana က ဓားနဲ႔ ဒိုင္းကို အသုံးမျပဳခဲ့တာကလည္း ရည္႐ြယ္ခ်က္ရွိရွိ ျပဳလုပ္ခဲ့တာပါလို႔ ေျပာသြားပါတယ္။

“Diana မွာ ဓားနဲ႔ ဒိုင္းမရွိသင့္ဘူးလို႔ ကြၽန္မတို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ Diana က အၾကမ္းဖက္တတ္သူ မဟုတ္သလို လူသားေတြကို တိုက္ခိုက္ဖို႔အတြက္ ကမာၻေပၚကို ေရာက္ေနတာ မဟုတ္ပါဘူး။ သူမက ၿငိမ္းခ်မ္းေရးကို သယ္ေဆာင္လာသူပါ။ ဒါ့အျပင္ လူသားေတြဟာ သူ႔အလိုလိုေနရင္း ဆိုး႐ြားေနတာ မဟုတ္ဘူးဆိုတာကိုလည္း သူမအေနနဲ႔ နားလည္ထားပါတယ္ … ” လို႔ Gal Gadot  က ေျပာသြားပါတယ္။

photo via screenrant

ဆက္လက္ၿပီး “ကြၽန္မတို႔ အကုန္လုံးက အတူတူပါပဲ။ ကြၽန္မတို႔အားလုံးမွာ မွန္ကန္တဲ့ လုပ္ရပ္ေတြကို မလုပ္ခဲ့တဲ့အခ်ိန္ေတြ ရွိၾကပါတယ္။ Diana ဟာ လူသားေတြအတြက္ အေကာင္းဆုံးလို႔ယူဆတဲ့ လုပ္ရပ္ေတြကို လုပ္ခဲ့ၿပီး သူမကိုယ္တိုင္က ဉပမာအေနနဲ႔ ေနထိုင္ျပခဲ့ပါတယ္။ သူမဟာ လူသားေတြ ေကာင္းက်ိဴးအတြက္ဆိုရင္ အၿမဲတမ္း ဘာမဆိုလုပ္မွာ ျဖစ္သလို ဘာမဆိုေပးဆပ္မွာပါ။ အဲ့ဒီအခ်က္ကိုလည္း လူသားေတြက တျဖည္းျဖည္းနဲ႔ နားလည္လာမယ္လို႔ သူမက ခံယူထားပါတယ္ … ” လို႔ Gal က ဆိုပါတယ္။

ဒါ႐ိုက္တာ Patty Jenkins ကေတာ့ ” ဒီ႐ုပ္ရွင္ထဲမွာ ဘယ္သူမွ ေသဆုံးမသြားခဲ့ပါဘူး။ ဒီ႐ုပ္ရွင္ထဲက လူေတြအကုန္လုံးက တျခားအရာတစ္ခုခုရဲ႕ စြမ္းအားေအာက္မွာ ေရာက္ေနၾကၿပီး အဲ့ဒီအခ်က္ကလည္း သူတို႔ရဲ႕အမွား မဟုတ္ပါဘူး။ သူတို႔က မင္းကို တိုက္ခိုက္ေနရင္ေတာင္ ဒါဟာ သူတို႔ရဲ႕ အမွားမဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ ဒီ႐ုပ္ရွင္ထဲမွာ ဘယ္သူမွ မေသဆုံးခဲ့တာ ျဖစ္ပါတယ္ … ” လို႔ ေျပာသြားပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ကို ၾကည့္ရႈခဲ့တဲ့ ပရိသတ္ေတြထဲမွာ အဲ့ဒီအခ်က္ကို သတိထားမိတဲ့လူေတြလည္း ရွိၿပီး သတိမထားမိခဲ့သူေတြလည္း ရွိပါတယ္။ Gal Gadot ေျပာသြားသလိုပဲ Diana ဟာ အၾကမ္းဖက္သူ မဟုတ္တာေၾကာင့္ လူဆိုးအခ်ိဳ႕နဲ႔ တိုက္ခိုက္ရတဲ့ အခ်ိန္မွာေတာင္ ဖမ္းဆီး႐ုံပဲ ျပဳလုပ္ခဲ့ၿပီး ဒဏ္ရာအႀကီးအက်ယ္ ရသြားေအာင္ေတာင္ မျပဳလုပ္ခဲ့ပါဘူး။

ဇာတ္သိမ္းပိုင္းမွာလည္း လူေတြဟာ Maxwell Lord ရဲ႕ စြမ္းအားေၾကာင့္ ပရမ္းပတာေတြ ျဖစ္ေနတာ ျဖစ္ပါတယ္။ Maxwell Lord ကလည္း ဆုေတာင္းေတြ ျပည့္ေစတဲ့ Dreamstone ေၾကာင့္ အခုလို ျဖစ္သြားတာ ျဖစ္ပါတယ္။ Jenkins ေျပာသြားသလိုပဲ ဒါေတြဟာ သူတို႔ရဲ႕ အမွားမဟုတ္ပါဘူး။ ဒီအခ်က္ေတြေၾကာင့္ပဲ ဒီ႐ုပ္ရွင္ကို ဖန္တီးသူေတြဟာ အခုလိုအၾကမ္းဖက္မႈေတြ အမ်ားႀကီး မထည့္သြင္းခဲ့သလို ဘယ္သူ႔ကိုမွလည္း မေသဆုံးေစခဲ့တာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular