HomeCelebs Update NewsInternationalကောမစ်ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်ရတာဟာ လူပြက်တွေရဲ့အလုပ်ဆိုတဲ့ Yahya Abdul-Mateen II

ကောမစ်ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်ရတာဟာ လူပြက်တွေရဲ့အလုပ်ဆိုတဲ့ Yahya Abdul-Mateen II

Aquaman ရုပ်ရှင်ထဲမှာ Black Manta အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Yahya Abdul-Mateen II ကတော့ ကောမစ်ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်ရတာဟာ လူပြက်တွေရဲ့ အလုပ်လို့ ပြောလိုက်ပါတယ်။ သူကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Aquaman ရုပ်ရှင်ထဲမှာ ဒုတိယဗီလိန်အနေနဲ့ ပါဝင်ခဲ့ပြီး ဒီရုပ်ရှင်ကတော့ box-office မှာ ဒေါ်လာ(၁)ဘီလျံကျော်ခဲ့တဲ့ DCEU ရဲ့ ပထမဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။

Aquaman ရုပ်ရှင်ထဲမှာတော့ Aquaman ဟာ Black Manta ကို အနိုင်ယူခဲ့ပေမယ့်လည်း ဒီရုပ်ရှင်ရဲ့ Credit Scene မှာတော့ Black Manta ဟာ မသေဆုံးသေးတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ သူဟာ Aquaman and the Lost Kingdom ထဲမှာ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Black Manta နေရာမှာ သရုပ်ဆောင်ထားတဲ့ Yahya Abdul-Mateen II ကတော့ ဒီရုပ်ရှင်အပြင် တခြားနာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ The Trial of the Chicago 7 ၊ Candyman နဲ့ Ambulance တို့လို ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

Photo Credit: DC/ Warner Bros Discovery

Vulture သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Yahya Abdul-Mateen II ဟာ သူသရုပ်ဆောင်ခဲ့ဖူးတဲ့ တခြားရုပ်ရှင်တွေနဲ့ ကောမစ်အခြေခံရုပ်ရှင်တွေကို နှိုင်းယှဉ်ပြီး ပြောဆိုသွားပါတယ်။

“အရာအားလုံးက အမှန်တရားကို ဖော်ထုတ်ဖို့ပဲဗျ။ ဒါပေမယ့် တခါတလေကျရင် ကိုယ်က ဘယ်ရုပ်ရှင်အမျိူးအစားထဲမှာ ပါနေလည်းဆိုတာ သိဖို့လိုတယ်လေ။ aquaman လိုပေါ့။ အဲဒါတွေက လူပြက်တွေရဲ့အလုပ်ပဲ။ Aquaman က The Trial of the Chicago 7 မှ မဟုတ်တာဗျာ။ အဲဒါကို ဘဝကြီး လုပ်မနေပါနဲ့။ ဒီလောကမှာ ကောင်းကောင်း ရှင်သန်နိုင်ဖို့အတွက်တော့ ဒီဂိမ်းတွေကို ကစားနေရဦးမှာပါပဲ …”

Photo Credit: DC/ Warner Bros Discovery

ယခုအချိန်မှာတော့ စူပါဟီးရိုးရုပ်ရှင်တွေဟာ တဖြည်းဖြည်းနဲ့ လူကြိုက်များလာပြီး box-office မှာလည်း ဝင်ငွေအများစုကို သိမ်းပိုက်ထားပါတယ်။ သို့ပေမယ့်လည်း ရုပ်ရှင်လောကမှာတော့ ဝေဖန်မှုတွေများစွာနဲ့ ကြုံတွေ့နေရပါတယ်။ နာမည်ကြီး ဒါရိုက်တာ Martin Scorsese ဟာ စူပါဟီးရိုးရုပ်ရှင်တွေကို Theme Park ရုပ်ရှင်တွေလို့ ဝေဖန်ပြီး နောက်မှာတော့ ယခုအချိန်အထိ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေဟာ စူပါဟီးရိုးရုပ်ရှင်တွေကို ဆက်လက် ဝေဖန်လာကြတာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular