HomeEntertainmentFilm(၆)နှစ်အတွင်း လူကြည့်အများဆုံး ဇာတ်လမ်းတွဲအသစ် ဖြစ်လာတဲ့ Yellowjackets

(၆)နှစ်အတွင်း လူကြည့်အများဆုံး ဇာတ်လမ်းတွဲအသစ် ဖြစ်လာတဲ့ Yellowjackets

မကြာသေးခင်က ထွက်ရှိလာတဲ့ Horror ဇာတ်လမ်းတွဲအသစ် Yellowjackets ဟာ Season 1 ပြီးဆုံးသွားပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်းမှာ လူကြည့်အများဆုံး Season 1 အဖြစ် စံချိန်တင်သွားပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ Ashley Lyle နဲ့ Bart Nickerson တို့က ဖန်တီးထားတာ ဖြစ်ပြီး ၁၉၉၆ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Melanie Lynskey ၊ Tawny Cypress ၊ Ella Purnell နဲ့ Christina Ricci တို့ အဓိက ပါဝင်ထားပါတယ်။

photo via screenrant

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဇာတ်လမ်းတွဲရဲ့ Season 1 ဇာတ်သိမ်းပိုင်းကို ကြည့်ရှုသူဦးရေဟာ (၁.၃)သန်းကျော် ရှိခဲ့ပြီး Showtime ရုပ်သံလိုင်းရဲ့ ဒုတိယမြောက် ကြည့်ရှုသူအများဆုံး ဇာတ်လမ်းတွဲ ဖြစ်လာပါတယ်။

Showtime ရဲ့ ကြည့်ရှုသူအများဆုံး ပထမနေရာမှာတော့ Dexter: New Blood ဇာတ်လမ်းတွဲက ရပ်တည်နေပါတယ်။ Yellowjackets ဇာတ်လမ်းတွဲကိုတော့ အပတ်စဉ်တိုင်းမှာ ရုပ်သံပလက်ဖောင်း ပေါင်းစုံကနေ ကြည့်ရှုသူပေါင်း ခန့်မှန်းချေ (၅)သန်းကျော်ခန့် ရှိနေပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်းမှာ လူအကြည့်အများဆုံး Season 1 ဖြစ်လာတာပါ။

ဒီဇာတ်လမ်းတွဲကတော့ ၁၉၅၄ ခုနှစ်မှာ စာရေးဆရာ William Golding ရေးသားခဲ့တဲ့ Lord of the Flies ဝတ္ထုကို အကြမ်းဖျင်း အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မူလကတော့ ဒီဇာတ်လမ်းတွဲကို Warner Bros. နဲ့ ဖန်တီးဖို့ စီစဉ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Showtime ရုပ်သံလိုင်းဟာ Season (၅)ခု ပါဝင်တဲ့ ဇာတ်လမ်းတွဲအဖြစ် စာချုပ်ချုပ်ကာ မူပိုင်ခွင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ rating အနေနဲ့ IMDb (8.1) ရရှိထားသလို Rotten Tomatoes 100% ရရှိထားပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ Season 2 ဆက်လက် ထွက်ရှိလာမယ်လို့ အတည်ပြုပြီး ဖြစ်ကာ ယခုနှစ်ကုန်ပိုင်းလောက်မှာ ပြသသွားမယ်လို့ သိရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ပါရမီထူးချွန်လွန်းတဲ့ အမျိုးသမီးဘောလုံးအသင်းတစ်သင်းဟာ လေကြောင်းခရီးတစ်ခုကို သွားရင်း Ontario က တောနက်ကြီးထဲကို လေယာဉ်ပျံ ပျက်ကျသွားပါတယ်။ အဲဒီနောက် ကြမ်းတမ်းလွန်းတဲ့ တောတွင်းအဖွဲ့တွေထဲကို မထင်မှတ်ဘဲ ရောက်သွားကြပါတယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်ဆယ့်ငါးနှစ်အကြာမှာတော့ သူတို့ ပြီးဆုံးပြီလို့ ထင်မှတ်ထားခဲ့တဲ့ အရာတွေက တကယ် မပြီးဆုံးသေးဘဲ သူတို့နောက်ကို အရိပ်လို ထပ်မံလိုက်လာတဲ့အခါမှာတော့ ဘာတွေ ဖြစ်ကြမလည်းဆိုတာ မြင်တွေ့ရမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular