HomeEntertainmentFilmဒရာမာအသစ်တစ်ခုမှာ ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ဖို့ ရှိနေတဲ့ YoonA နဲ့ Lee Jong Suk 

ဒရာမာအသစ်တစ်ခုမှာ ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ဖို့ ရှိနေတဲ့ YoonA နဲ့ Lee Jong Suk 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Girls’ Generation အဖွဲ့ဝင် YoonA နဲ့ မင်းသား Lee Jong Suk တို့ နှစ်ယောက်ကို ဒရာမာအသစ်တစ်ခုမှာ အတူမြင်ရဖို့ ရှိနေပါတယ်။ ဒရာမာရဲ့အမည်ကတော့ Big Mouth လို့ သိရပြီး ယခုအခါမှာ နှစ်ဘက်စလုံးနဲ့ ဆွေးနွေးနေဆဲလို့ ဆိုပါတယ်။

ဒီအကြောင်းကိုတော့ မေလ(၁၈)ရက်နေ့မှာ စတင်ပြီး သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါသတင်းအရ YoonA ဟာ Lee Jong Suk နဲ့ ဇနီးမောင်နှံ နှစ်ယောက်အသွင် သရုပ်ဆောင်ရမှာလို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး YoonA ရဲ့ အေဂျင်စီဖြစ်တဲ့ SM ကတော့ သူမအနေနဲ့ ဒရာမာရဲ့ ကမ်းလှမ်းချက်ကို ရရှိထားပြီး စဉ်းစားနေဆဲ ဖြစ်ကာ သူမဘက်က သဘောကျနေပါတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo: yoona_lim/ Instagram

Big Mouth ရဲ့ ဇာတ်လမ်းပုံစံကတော့ လူသတ်မှုတစ်ခုကို အမှတ်တမဲ့ လက်ခံရရှိခဲ့ရာက စုံစမ်းစစ်ဆေးရင်း ဖုံးကွယ်ထားတဲ့ ကြောက်စရာ အမှန်တရားတွေကို ရင်ဆိုင်ရတော့မယ့် တတိယတန်းစား ရှေ့နေတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ အာဏာတွေ၊ စည်းစိမ်တွေကို မက်မောပြီး လက်ဝါးကြီးအုပ်ထားချင်တဲ့ ကြောက်စရာ လူတန်းစားတွေဆီကနေ ကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်ဖို့ သူတို့ထက် ပိုဆိုးယုတ်တဲ့ လုပ်ရပ်တွေကို မဖြစ်မနေ လုပ်လာရပြီး လူဆိုးတွေကို ပြန်အပြစ်ပေးမယ့် ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။

Photo: jongsuk0206/ Instagram

ဒီဇာတ်လမ်းမှာ ပါဝင်မယ့် အဓိကဇာတ်ကောင် ရှေ့နေ Park Chang Ho နေရာက ပါဝင်ဖို့ Lee Jong Suk ကို ကမ်းလှမ်းထားပြီး ဆွေးနွေးနေဆဲလို့ သိရပါတယ်။ YoonA ကတော့ Park Chang Ho ရဲ့ ဇနီးဖြစ်သူ Go Mi Ho ဆိုတဲ့ အမျိုးသမီးနေရာကနေ ပါဝင်ရမှာ ဖြစ်ပါတယ်။ Go Mi Ho ကတော့ Park Chang Ho ကို ရှေ့နေတစ်ယောက် ဖြစ်လာအောင် ထောက်ပံ့ပေးခဲ့သူဖြစ်ပြီး ကျောင်းသူဘဝတုန်းက ကျက်သရေရှိရှိနဲ့ တည်ငြိမ်အေးဆေးသူ ဖြစ်ခဲ့သလောက် ယခုအခါ စကားပြော ရဲတင်းပြီး အပြောဆိုးသူတစ်ယောက် ဖြစ်လာသူပါ။

Photo: yoona_lim/ Instagram

တကယ်လို့ ဒီဒရာမာထဲကိုသာ YoonA က လက်ခံလိုက်မယ်ဆိုရင် ယခုနှစ် အစောပိုင်းက ပြီးစီးသွားတဲ့ Hush စီးရီးနောက်ပိုင်း ပထမဆုံး ပရိသတ်ရှေ့  ပြန်လည်ပေါ်ထွက်လာမယ့် ဒရာမာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ While You Were Sleeping ၊ Hotel Del Luna တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Oh Choong Hwan က ရိုက်ကူးပေးမှာဖြစ်ပြီး ယခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ရိုက်ကူးရေး စတင်မယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

Girls’ Generation အဖြဲ႕ဝင္ YoonA နဲ႔ မင္းသား Lee Jong Suk တို႔ ႏွစ္ေယာက္ကို ဒရာမာအသစ္တစ္ခုမွာ အတူျမင္ရဖို႔ ရွိေနပါတယ္။ ဒရာမာရဲ႕အမည္ကေတာ့ Big Mouth လို႔ သိရၿပီး ယခုအခါမွာ ႏွစ္ဘက္စလုံးနဲ႔ ေဆြးေႏြးေနဆဲလို႔ ဆိုပါတယ္။

ဒီအေၾကာင္းကိုေတာ့ ေမလ(၁၈)ရက္ေန႔မွာ စတင္ၿပီး သတင္းထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ အဆိုပါသတင္းအရ YoonA ဟာ Lee Jong Suk နဲ႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္အသြင္ သ႐ုပ္ေဆာင္ရမွာလို႔ သိရပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး YoonA ရဲ႕ ေအဂ်င္စီျဖစ္တဲ့ SM ကေတာ့ သူမအေနနဲ႔ ဒရာမာရဲ႕ ကမ္းလွမ္းခ်က္ကို ရရွိထားၿပီး စဥ္းစားေနဆဲ ျဖစ္ကာ သူမဘက္က သေဘာက်ေနပါတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

Photo: yoona_lim/ Instagram

Big Mouth ရဲ႕ ဇာတ္လမ္းပုံစံကေတာ့ လူသတ္မႈတစ္ခုကို အမွတ္တမဲ့ လက္ခံရရွိခဲ့ရာက စုံစမ္းစစ္ေဆးရင္း ဖုံးကြယ္ထားတဲ့ ေၾကာက္စရာ အမွန္တရားေတြကို ရင္ဆိုင္ရေတာ့မယ့္ တတိယတန္းစား ေရွ႕ေနတစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ အာဏာေတြ၊ စည္းစိမ္ေတြကို မက္ေမာၿပီး လက္ဝါးႀကီးအုပ္ထားခ်င္တဲ့ ေၾကာက္စရာ လူတန္းစားေတြဆီကေန ကိုယ္တိုင္နဲ႔ မိသားစုကို ကာကြယ္ဖို႔ သူတို႔ထက္ ပိုဆိုးယုတ္တဲ့ လုပ္ရပ္ေတြကို မျဖစ္မေန လုပ္လာရၿပီး လူဆိုးေတြကို ျပန္အျပစ္ေပးမယ့္ ဇာတ္လမ္းမ်ိဳး ျဖစ္ပါတယ္။

Photo: jongsuk0206/ Instagram

ဒီဇာတ္လမ္းမွာ ပါဝင္မယ့္ အဓိကဇာတ္ေကာင္ ေရွ႕ေန Park Chang Ho ေနရာက ပါဝင္ဖို႔ Lee Jong Suk ကို ကမ္းလွမ္းထားၿပီး ေဆြးေႏြးေနဆဲလို႔ သိရပါတယ္။ YoonA ကေတာ့ Park Chang Ho ရဲ႕ ဇနီးျဖစ္သူ Go Mi Ho ဆိုတဲ့ အမ်ိဳးသမီးေနရာကေန ပါဝင္ရမွာ ျဖစ္ပါတယ္။ Go Mi Ho ကေတာ့ Park Chang Ho ကို ေရွ႕ေနတစ္ေယာက္ ျဖစ္လာေအာင္ ေထာက္ပံ့ေပးခဲ့သူျဖစ္ၿပီး ေက်ာင္းသူဘဝတုန္းက က်က္သေရရွိရွိနဲ႔ တည္ၿငိမ္ေအးေဆးသူ ျဖစ္ခဲ့သေလာက္ ယခုအခါ စကားေျပာ ရဲတင္းၿပီး အေျပာဆိုးသူတစ္ေယာက္ ျဖစ္လာသူပါ။

Photo: yoona_lim/ Instagram

တကယ္လို႔ ဒီဒရာမာထဲကိုသာ YoonA က လက္ခံလိုက္မယ္ဆိုရင္ ယခုႏွစ္ အေစာပိုင္းက ၿပီးစီးသြားတဲ့ Hush စီးရီးေနာက္ပိုင္း ပထမဆုံး ပရိသတ္ေရွ႕  ျပန္လည္ေပၚထြက္လာမယ့္ ဒရာမာ ျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ While You Were Sleeping ၊ Hotel Del Luna တို႔ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Oh Choong Hwan က ႐ိုက္ကူးေပးမွာျဖစ္ၿပီး ယခုႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္မွာ ႐ိုက္ကူးေရး စတင္မယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

 

 

RELATED ARTICLES

Most Popular