HomeCharacterBlack Panther အကြောင်း သင်မသိသေးတဲ့အချက်များ

Black Panther အကြောင်း သင်မသိသေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Panther ဟာ ၁၉၆၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Fantastic Four #52 မှာ ပထမဦးဆုံး Marvel ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပြီး သူ့ရဲ့နာမည်အရင်းကတော့ T’Challa လို့ခေါ်ပါတယ်။ သူဟာလည်း Avengers အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့ Live Action မှာ ပေါ်လာတာ မကြာသေးပေမယ့်လည်း လူကြိုက်များတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သူ့ရဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

သူ့ရဲ့ ဝတ်စုံမှာပါတဲ့ လက်သည်းဟာ ထူးခြားတဲ့ Vibranium နဲ့ပြုလုပ်ထားတာပါ။
photo via cbr

Live Action ထဲမှာဆိုရင် Civil War မှာ သူနဲ့ Cap တို့ကို တိုက်ခိုက်ကြရင်းနဲ့ Cap ရဲ့ဒိုင်းဟာ အစင်းကြောင်းကြီး ထင်သွားတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ကောမစ်ထဲမှာဆိုရင်တော့ သူ့ရဲ့လက်သည်းဟာ ထူးခြားတဲ့ Vibranium နဲ့ပြုလုပ်ထားတာကြောင့် သာမန် Vibranium ထက်ကို ပိုပြီးတော့ မာကြောပါတယ်။

အဲ့ဒီအချက်ကြောင့်ပဲ Civil War ထဲမှာ Cap ရဲ့ဒိုင်းဟာ အဲ့လိုအစင်းကြောင်း ထင်သွားတယ်လို့ ပြောလို့လည်း ရပါတယ်။ Vibranium ဟာ စုစုပေါင်း (၅) မျိူးရှိပြီးတော့ အဲ့ဒီငါးမျိူးလုံးကိုတော့ Wakanda မှာ မတွေ့နိုင်ပါဘူး။ အန္တာတိကမှာရှိတဲ့ The Savage Land လို့ခေါ်တဲ့ နေရာမှာတော့ Anti-Metal လို့ခေါ်တဲ့ Vibranium တစ်မျိုးကို ရှာတေွ့နိုင်ပါတယ်။ အဲ့ဒီ Vibranium အမျိုးအစားဟာ သာမန် Vibranium ထက်ပိုပြီး မာကြောတဲ့အပြင် သူနဲ့ထိတွေ့လိုက်တဲ့ တစ်ခြား သတ္တုတွေကိုလည်း အရည်ဖျော်ပစ်နိုင်စွမ်း ရှိပါသေးတယ်။

ဝတ်စုံမပါတဲ့ T’Challa
photo via cbr

သူ့ရဲ့ဝတ်စုံဟာ တိုက်ခိုက်တဲ့အချိန်မှာ အရမ်းကို အရေးပါပြီးတော့ လုပ်ဆောင်ချက်တွေ အများကြီးကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဝတ်စုံမပါဘဲနဲ့ဆိုရင်တောင် သူဟာ သာမန်လူတစ်ယောက်ဆိုတာထက်ကို အများကြီးပိုပါတယ်။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားတာကြောင့် သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းဟာလည်း တော်တော်လေးကို ကောင်းမွန်ပြီးတော့ အသည်းပုံစံရှိတဲ့ ဆေးဘက်ဝင်အပင်ကြောင့်လည်း သူ့ရဲ့လုပ်နိုင်စွမ်းတွေက သာမန်လူတွေထက် ကျော်လွန်နေခဲ့ပါတယ်။

သူ့ရဲ့ခံနိုင်စွမ်းနဲ့ လျင်မြန်မှုတွေဟာလည်း သာမန်လူသားထက်ကို ကျော်လွန်နေတဲ့အပြင် သူ့ရဲ့အမြင်အာရုံကလည်း အရမ်းကို ကောင်းမွန်ပါတယ်။ သူ့ရဲ့အမြင်အာရုံဟာ အကွာအဝေးနဲ့ တိကျမှုမှာလည်း သာမန်လူတွေထက် များစွာသာလွန်နေတာကြောင့် သာမန်လူတွေ မြင်ရတဲ့အကွာအဝေးထက် ပိုပြီးမြင်ရတဲ့အပြင် အရမ်းကိုမှောင်မိုက်နေတဲ့အချိန်မှာလည်း သူ့အတွက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဒါ့အပြင် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရောင်ခြည်တွေကိုလည်း မြင်နိုင်ပြီးတော့ အဲ့ဒီရောင်ခြည်တွေမှာ ပါဝင်တဲ့ သတင်းအချက်အလက်တွေကိုလည်း မြင်နိုင်ပါသေးတယ်။

သူ့ရဲ့ အနံ့ခံအာရုံ
photo via cbr

ခွေးတွေဟာ ကြောက်လန့်မှုကို အနံ့ခံနိုင်ပြီးတော့ လူတစ်ယောက် ကြောက်လန့်နေတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ရဲ့အနံ့ပြောင်းလဲမှုကို အခြေခံပြီးတော့ သူတို့ဟာ ကြောက်လန့်မှုကို အနံ့ခံပါတယ်။ အမဲလိုက်ခွေးတွေဆိုရင် ဆယ်ရက်လောက်ကြာနေတဲ့ အနံ့တစ်ခုကိုတောင်မှ မိုင်ပေါင်း (၁၀၀) ကျော်အထိ အနံ့ခံနိုင်ပါတယ်။

T’Challa ရဲ့ အနံ့ခံအာရုံကလည်း အရမ်းကိုကောင်းမွန်တာကြောင့် အဲ့လိုမျိုး အနံ့ခံနိုင်တဲ့အပြင် ကြောက်လန့်မှုကိုလည်း အနံ့ခံနိုင်ပါတယ်။ ဒါ့အပြင် အံ့ဩစရာတစ်ခုကတော့ လူတစ်ယောက်ဟာ လိမ်ပြောနေတယ်ဆိုရင်လည်း သူဟာ အနံ့ခံပြီးတော့ သိရှိနိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ သင်သာ T’Challa ရှေ့မှာ အလိမ်အညာတွေကို ပြောနေမယ်ဆိုရင်တော့ သူဟာ ချက်ချင်းကို သိရှိသွားမှာ ဖြစ်ပါတယ်။

Shuri ဟာလည်း Black Panther ဖြစ်ခဲ့ဖူးပါတယ်။
photo via cbr

၂၀၀၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Black Panther #2 ထဲမှာတော့ T’Challa ရဲ့ညီမဖြစ်သူ Shuri ကို ပရိသတ်တွေနဲ့ ပထမဆုံးမိတ်ဆက်ပေးခဲ့ပါတယ်။ တစ်ရက်မှာတော့ T’Challa ဟာ Doctor Doom နဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာ ဒဏ်ရာရသွားကြောင့် Shuri ဟာ Black Panther အနေနဲ့ အချိန်ခဏလောက် နေထိုင်ခဲ့ပါတယ်။ သူမဟာ အသည်းပုံစံရှိတဲ့ ဆေးဘက်ဝင်အပင်ကို စားသုံးပြီးနောက်မှာတောင် Panther God ဟာ သူမကို ဘာစွမ်းအားမပေးခဲ့ပါဘူး။ ဒါပေမယ့်လည်း သူမဟာ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားတွေ ရှိပါသေးတယ်။

အဲ့ဒါတွေကတော့ သူမဟာ မှော်ပညာကို အသုံးပြုပြီးတော့ တိရစ္ဆာန်အဖြစ်ကို ပြောင်းလဲလို့ရတဲ့ အစွမ်းဖြစ်ပါတယ်။ သူမပြောင်းလဲလို့ရတဲ့ တိရစ္ဆာန်ကတော့ ငှက်ဖြစ်ပြီးတော့ သူ့ကိုယ်သူ ငှက်အကြီးကြီးအဖြစ် ပြောင်းလို့ရသလို ပုံမှန်အရွယ်အစားငှက်တွေအများကြီးအဖြစ်လည်း ပြောင်းလဲလို့ရပါတယ်။ ဒါ့အပြင် သူတစ်ယောက်တည်းမဟုတ်ဘဲ သူ့ရဲ့ဘေးနားမှာ ရှိနေတဲ့သူတွေကိုပါ ငှက်ဖြစ်သွားအောင် ပြောင်းလဲပစ်လို့ ရပါသေးတယ်။ နောက်ထပ်တစ်ခုကတော့ သူ့ရဲ့အရေပြားကို သေနတ်နဲ့ပစ်တာကို ခံနိုင်ရည်ရှိတဲ့အထိ မာကျောသွားအောင်လည်း ပြုလုပ်လို့ ရပါသေးတယ်။

ကိုယ်ပျောက်နိုင်တဲ့ ဝတ်စုံ
photo via cbr

Live Action ထဲမှာတော့ သူ့ရဲ့ဝတ်စုံကို ဆွဲကြိုးထဲမှာ ထည့်ထားပြီးတော့ လိုအပ်တဲ့အချိန်မှာ အမြန်ဆုံးအသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ သူ့ရဲ့ဝတ်စုံဟာ ဒီထက်ကို ပိုပြီးတော့ အဆင့်မြင့်ပါတယ်။ အဲ့ဒီဝတ်စုံကတော့ အလင်းစွမ်းအင်ကို အသုံးပြုပြီးတော့ သူ့ကိုယ်သူ လုံးဝကိုယ်ပျောက်သွားအောင် ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီဝတ်စုံနဲ့အတူတူ သူပါကိုယ်မပျောက်သွားချင်ဘူးဆိုရင် သူ့ရဲ့ဝတ်စုံကို အလင်းယိုင်တာကိုအသုံးပြုပြီးတော့ သာမန်အဝတ်အစားတွေရဲ့ပုံစံ ဖြစ်သွားအောင်လည်း ပြုလုပ်နိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ အဲ့ဒီဝတ်စုံကို အချိန်ပြည့်ဝတ်ထားနိုင်ပြီးတော့ LA ထဲက ဝတ်စုံထက်ကို ပိုပြီးတော့ မြန်မြန်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

တယ်လီပို့ လုပ်နိုင်ခြင်း
photo via cbr

Marvel ဇာတ်ကောင်တွေထဲမှာ စွမ်းအားကြီးမားတဲ့ ဇာတ်ကောင်တွေဆိုရင် လူတော်တော်များများဟာ Hulk နဲ့ Thor တို့ကို ပြေးမြင်လေ့ရှိကြပါတယ်။ T’Challa ဟာလည်း Marvel ရဲ့စွမ်းအားကြီး ဇာတ်ကောင်တွေထဲမှာ ပါဝင်ပြီးတော့ တစ်ချို့ကောမစ်တွေထဲမှာဆိုရင် သူဟာ Namor နဲ့တိုက်ခိုက်ခဲ့ပြီး အနိုင်ရခဲ့တဲ့အပြင် Silver Surfer နဲ့ Thanos တို့ကိုတောင် ယှဉ်ပြီးတော့ တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် Infinity Stone တွေအပြည့်တပ်ထားတဲ့ Infinity Gauntlet ကိုတောင် ဝတ်ဆင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ကောမစ်တွေမှာတော့ အဲ့လောက်ထိမကြမ်းဘဲ ထွက်ပြေးခဲ့ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ အဲ့လိုအချိန်တွေဆိုရင်တော့ သူ့ရဲ့ဝတ်စုံဟာ တစ်ခြားနေရာတစ်ခုခုကို တယ်လီပို့လုပ်နိုင်ပါတယ်။

မှော်ဝတ်စုံများ
photo via cbr

Iron Man ရဲ့ဝတ်စုံဟာ အကြမ်းခံပြီးတော့ ဖျက်စီးရေးအပိုင်းမှာလည်း တော်တော်လေးကို အားကောင်းပေမယ့်လည်း အထူးအခြေအနေတွေထက် သက်သက်တီထွင်ထားတဲ့ Hulkbuster လိုမျိုး ဝတ်စုံတွေလည်း ရှိပါတယ်။ Black Panther ဟာလည်း အဲ့လိုမျိုးပဲ ဖြစ်ပြီးတော့ သူ့ရဲ့သာမန်ဝတ်စုံထက်ကို ထူးခြားတဲ့ ဝတ်စုံနှစ်ခုရှိပါသေးတယ်။

ထုံးစံအတိုင်း သူ့ရဲ့ဝတ်စုံတွေအားလုံးကို Vibranium နဲ့ပြုလုပ်ထားပေမယ့်လည်း အဲ့ဒီနှစ်ခုကတော့ တော်တော်လေးကို ထူးခြားပါတယ်။ နာမည်တွေကတော့ Heavenly Armor နဲ့ Light Armor လို့ခေါ်ပြီးတော့ နှစ်ခုလုံးရဲ့လုပ်ဆောင်ချက်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ အဲ့ဒီဝတ်စုံတွေမှာ သုံးထားတဲ့ Vibranium တွေရဲ့ မာကြောမှုကို မှော်ပညာကို အသုံးပြုပြီးတော့ ပိုမိုမာကြောအောင် ပြုလုပ်ထားတဲ့အပြင် အဲ့ဒီဝတ်စုံကိုဝတ်ထားတဲ့အချိန်မှာ အသုံးပြုသူအပေါ်မှာ ဘာမှော်ပညာမှ သက်ရောက်မှုမရှိအောင်လည်း ပြုလုပ်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Black Panther ဟာ ၁၉၆၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Fantastic Four #52 မွာ ပထမဦးဆုံး Marvel ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ၿပီး သူ႔ရဲ႕နာမည္အရင္းကေတာ့ T’Challa လို႔ေခၚပါတယ္။ သူဟာလည္း Avengers အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ၿပီးေတာ့ Live Action မွာ ေပၚလာတာ မၾကာေသးေပမယ့္လည္း လူႀကိဳက္မ်ားတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သူ႔ရဲ႕အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔ရဲ႕ ဝတ္စုံမွာပါတဲ့ လက္သည္းဟာ ထူးျခားတဲ့ Vibranium နဲ႔ျပဳလုပ္ထားတာပါ။
photo via cbr

Live Action ထဲမွာဆိုရင္ Civil War မွာ သူနဲ႔ Cap တို႔ကို တိုက္ခိုက္ၾကရင္းနဲ႔ Cap ရဲ႕ဒိုင္းဟာ အစင္းေၾကာင္းႀကီး ထင္သြားတာကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ေကာမစ္ထဲမွာဆိုရင္ေတာ့ သူ႔ရဲ႕လက္သည္းဟာ ထူးျခားတဲ့ Vibranium နဲ႔ျပဳလုပ္ထားတာေၾကာင့္ သာမန္ Vibranium ထက္ကို ပိုၿပီးေတာ့ မာေၾကာပါတယ္။

အဲ့ဒီအခ်က္ေၾကာင့္ပဲ Civil War ထဲမွာ Cap ရဲ႕ဒိုင္းဟာ အဲ့လိုအစင္းေၾကာင္း ထင္သြားတယ္လို႔ ေျပာလို႔လည္း ရပါတယ္။ Vibranium ဟာ စုစုေပါင္း (၅) မ်ိဴးရွိၿပီးေတာ့ အဲ့ဒီငါးမ်ိဴးလုံးကိုေတာ့ Wakanda မွာ မေတြ႕ႏိုင္ပါဘူး။ အႏၲာတိကမွာရွိတဲ့ The Savage Land လို႔ေခၚတဲ့ ေနရာမွာေတာ့ Anti-Metal လို႔ေခၚတဲ့ Vibranium တစ္မ်ိဳးကို ရွာေတြ႕ႏိုင္ပါတယ္။ အဲ့ဒီ Vibranium အမ်ိဳးအစားဟာ သာမန္ Vibranium ထက္ပိုၿပီး မာေၾကာတဲ့အျပင္ သူနဲ႔ထိေတြ႕လိုက္တဲ့ တစ္ျခား သတၱဳေတြကိုလည္း အရည္ေဖ်ာ္ပစ္ႏိုင္စြမ္း ရွိပါေသးတယ္။

ဝတ္စုံမပါတဲ့ T’Challa
photo via cbr

သူ႔ရဲ႕ဝတ္စုံဟာ တိုက္ခိုက္တဲ့အခ်ိန္မွာ အရမ္းကို အေရးပါၿပီးေတာ့ လုပ္ေဆာင္ခ်က္ေတြ အမ်ားႀကီးကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း ဝတ္စုံမပါဘဲနဲ႔ဆိုရင္ေတာင္ သူဟာ သာမန္လူတစ္ေယာက္ဆိုတာထက္ကို အမ်ားႀကီးပိုပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္ထားတာေၾကာင့္ သူ႔ရဲ႕တိုက္ခိုက္ႏိုင္စြမ္းဟာလည္း ေတာ္ေတာ္ေလးကို ေကာင္းမြန္ၿပီးေတာ့ အသည္းပုံစံရွိတဲ့ ေဆးဘက္ဝင္အပင္ေၾကာင့္လည္း သူ႔ရဲ႕လုပ္ႏိုင္စြမ္းေတြက သာမန္လူေတြထက္ ေက်ာ္လြန္ေနခဲ့ပါတယ္။

သူ႔ရဲ႕ခံႏိုင္စြမ္းနဲ႔ လ်င္ျမန္မႈေတြဟာလည္း သာမန္လူသားထက္ကို ေက်ာ္လြန္ေနတဲ့အျပင္ သူ႔ရဲ႕အျမင္အာ႐ုံကလည္း အရမ္းကို ေကာင္းမြန္ပါတယ္။ သူ႔ရဲ႕အျမင္အာ႐ုံဟာ အကြာအေဝးနဲ႔ တိက်မႈမွာလည္း သာမန္လူေတြထက္ မ်ားစြာသာလြန္ေနတာေၾကာင့္ သာမန္လူေတြ ျမင္ရတဲ့အကြာအေဝးထက္ ပိုၿပီးျမင္ရတဲ့အျပင္ အရမ္းကိုေမွာင္မိုက္ေနတဲ့အခ်ိန္မွာလည္း သူ႔အတြက္ အရာအားလုံးကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ပါတယ္။ ဒါ့အျပင္ သာမန္မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ ေရာင္ျခည္ေတြကိုလည္း ျမင္ႏိုင္ၿပီးေတာ့ အဲ့ဒီေရာင္ျခည္ေတြမွာ ပါဝင္တဲ့ သတင္းအခ်က္အလက္ေတြကိုလည္း ျမင္ႏိုင္ပါေသးတယ္။

သူ႔ရဲ႕ အနံ႔ခံအာ႐ုံ
photo via cbr

ေခြးေတြဟာ ေၾကာက္လန႔္မႈကို အနံ႔ခံႏိုင္ၿပီးေတာ့ လူတစ္ေယာက္ ေၾကာက္လန႔္ေနတဲ့အခ်ိန္မွာ ျဖစ္ေပၚလာတဲ့ ခႏၶာကိုယ္ရဲ႕အနံ႔ေျပာင္းလဲမႈကို အေျခခံၿပီးေတာ့ သူတို႔ဟာ ေၾကာက္လန႔္မႈကို အနံ႔ခံပါတယ္။ အမဲလိုက္ေခြးေတြဆိုရင္ ဆယ္ရက္ေလာက္ၾကာေနတဲ့ အနံ႔တစ္ခုကိုေတာင္မွ မိုင္ေပါင္း (၁၀၀) ေက်ာ္အထိ အနံ႔ခံႏိုင္ပါတယ္။

T’Challa ရဲ႕ အနံ႔ခံအာ႐ုံကလည္း အရမ္းကိုေကာင္းမြန္တာေၾကာင့္ အဲ့လိုမ်ိဳး အနံ႔ခံႏိုင္တဲ့အျပင္ ေၾကာက္လန႔္မႈကိုလည္း အနံ႔ခံႏိုင္ပါတယ္။ ဒါ့အျပင္ အံ့ဩစရာတစ္ခုကေတာ့ လူတစ္ေယာက္ဟာ လိမ္ေျပာေနတယ္ဆိုရင္လည္း သူဟာ အနံ႔ခံၿပီးေတာ့ သိရွိႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သင္သာ T’Challa ေရွ႕မွာ အလိမ္အညာေတြကို ေျပာေနမယ္ဆိုရင္ေတာ့ သူဟာ ခ်က္ခ်င္းကို သိရွိသြားမွာ ျဖစ္ပါတယ္။

Shuri ဟာလည္း Black Panther ျဖစ္ခဲ့ဖူးပါတယ္။
photo via cbr

၂၀၀၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Black Panther #2 ထဲမွာေတာ့ T’Challa ရဲ႕ညီမျဖစ္သူ Shuri ကို ပရိသတ္ေတြနဲ႔ ပထမဆုံးမိတ္ဆက္ေပးခဲ့ပါတယ္။ တစ္ရက္မွာေတာ့ T’Challa ဟာ Doctor Doom နဲ႔တိုက္ခိုက္ၿပီးတဲ့ေနာက္မွာ ဒဏ္ရာရသြားေၾကာင့္ Shuri ဟာ Black Panther အေနနဲ႔ အခ်ိန္ခဏေလာက္ ေနထိုင္ခဲ့ပါတယ္။ သူမဟာ အသည္းပုံစံရွိတဲ့ ေဆးဘက္ဝင္အပင္ကို စားသုံးၿပီးေနာက္မွာေတာင္ Panther God ဟာ သူမကို ဘာစြမ္းအားမေပးခဲ့ပါဘူး။ ဒါေပမယ့္လည္း သူမဟာ သူ႔ရဲ႕ကိုယ္ပိုင္စြမ္းအားေတြ ရွိပါေသးတယ္။

အဲ့ဒါေတြကေတာ့ သူမဟာ ေမွာ္ပညာကို အသုံးျပဳၿပီးေတာ့ တိရစာၦန္အျဖစ္ကို ေျပာင္းလဲလို႔ရတဲ့ အစြမ္းျဖစ္ပါတယ္။ သူမေျပာင္းလဲလို႔ရတဲ့ တိရစာၦန္ကေတာ့ ငွက္ျဖစ္ၿပီးေတာ့ သူ႔ကိုယ္သူ ငွက္အႀကီးႀကီးအျဖစ္ ေျပာင္းလို႔ရသလို ပုံမွန္အ႐ြယ္အစားငွက္ေတြအမ်ားႀကီးအျဖစ္လည္း ေျပာင္းလဲလို႔ရပါတယ္။ ဒါ့အျပင္ သူတစ္ေယာက္တည္းမဟုတ္ဘဲ သူ႔ရဲ႕ေဘးနားမွာ ရွိေနတဲ့သူေတြကိုပါ ငွက္ျဖစ္သြားေအာင္ ေျပာင္းလဲပစ္လို႔ ရပါေသးတယ္။ ေနာက္ထပ္တစ္ခုကေတာ့ သူ႔ရဲ႕အေရျပားကို ေသနတ္နဲ႔ပစ္တာကို ခံႏိုင္ရည္ရွိတဲ့အထိ မာေက်ာသြားေအာင္လည္း ျပဳလုပ္လို႔ ရပါေသးတယ္။

ကိုယ္ေပ်ာက္ႏိုင္တဲ့ ဝတ္စုံ
photo via cbr

Live Action ထဲမွာေတာ့ သူ႔ရဲ႕ဝတ္စုံကို ဆြဲႀကိဳးထဲမွာ ထည့္ထားၿပီးေတာ့ လိုအပ္တဲ့အခ်ိန္မွာ အျမန္ဆုံးအသုံးျပဳႏိုင္ေအာင္ ျပဳလုပ္ထားပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ သူ႔ရဲ႕ဝတ္စုံဟာ ဒီထက္ကို ပိုၿပီးေတာ့ အဆင့္ျမင့္ပါတယ္။ အဲ့ဒီဝတ္စုံကေတာ့ အလင္းစြမ္းအင္ကို အသုံးျပဳၿပီးေတာ့ သူ႔ကိုယ္သူ လုံးဝကိုယ္ေပ်ာက္သြားေအာင္ ျပဳလုပ္ႏိုင္တာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ အဲ့ဒီဝတ္စုံနဲ႔အတူတူ သူပါကိုယ္မေပ်ာက္သြားခ်င္ဘူးဆိုရင္ သူ႔ရဲ႕ဝတ္စုံကို အလင္းယိုင္တာကိုအသုံးျပဳၿပီးေတာ့ သာမန္အဝတ္အစားေတြရဲ႕ပုံစံ ျဖစ္သြားေအာင္လည္း ျပဳလုပ္ႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီဝတ္စုံကို အခ်ိန္ျပည့္ဝတ္ထားႏိုင္ၿပီးေတာ့ LA ထဲက ဝတ္စုံထက္ကို ပိုၿပီးေတာ့ ျမန္ျမန္အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

တယ္လီပို႔ လုပ္ႏိုင္ျခင္း
photo via cbr

Marvel ဇာတ္ေကာင္ေတြထဲမွာ စြမ္းအားႀကီးမားတဲ့ ဇာတ္ေကာင္ေတြဆိုရင္ လူေတာ္ေတာ္မ်ားမ်ားဟာ Hulk နဲ႔ Thor တို႔ကို ေျပးျမင္ေလ့ရွိၾကပါတယ္။ T’Challa ဟာလည္း Marvel ရဲ႕စြမ္းအားႀကီး ဇာတ္ေကာင္ေတြထဲမွာ ပါဝင္ၿပီးေတာ့ တစ္ခ်ိဳ႕ေကာမစ္ေတြထဲမွာဆိုရင္ သူဟာ Namor နဲ႔တိုက္ခိုက္ခဲ့ၿပီး အႏိုင္ရခဲ့တဲ့အျပင္ Silver Surfer နဲ႔ Thanos တို႔ကိုေတာင္ ယွဥ္ၿပီးေတာ့ တိုက္ခိုက္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ Infinity Stone ေတြအျပည့္တပ္ထားတဲ့ Infinity Gauntlet ကိုေတာင္ ဝတ္ဆင္ခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕ေကာမစ္ေတြမွာေတာ့ အဲ့ေလာက္ထိမၾကမ္းဘဲ ထြက္ေျပးခဲ့ရတဲ့အခ်ိန္ေတြ ရွိခဲ့ပါတယ္။ အဲ့လိုအခ်ိန္ေတြဆိုရင္ေတာ့ သူ႔ရဲ႕ဝတ္စုံဟာ တစ္ျခားေနရာတစ္ခုခုကို တယ္လီပို႔လုပ္ႏိုင္ပါတယ္။

ေမွာ္ဝတ္စုံမ်ား
photo via cbr

Iron Man ရဲ႕ဝတ္စုံဟာ အၾကမ္းခံၿပီးေတာ့ ဖ်က္စီးေရးအပိုင္းမွာလည္း ေတာ္ေတာ္ေလးကို အားေကာင္းေပမယ့္လည္း အထူးအေျခအေနေတြထက္ သက္သက္တီထြင္ထားတဲ့ Hulkbuster လိုမ်ိဳး ဝတ္စုံေတြလည္း ရွိပါတယ္။ Black Panther ဟာလည္း အဲ့လိုမ်ိဳးပဲ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕သာမန္ဝတ္စုံထက္ကို ထူးျခားတဲ့ ဝတ္စုံႏွစ္ခုရွိပါေသးတယ္။

ထုံးစံအတိုင္း သူ႔ရဲ႕ဝတ္စုံေတြအားလုံးကို Vibranium နဲ႔ျပဳလုပ္ထားေပမယ့္လည္း အဲ့ဒီႏွစ္ခုကေတာ့ ေတာ္ေတာ္ေလးကို ထူးျခားပါတယ္။ နာမည္ေတြကေတာ့ Heavenly Armor နဲ႔ Light Armor လို႔ေခၚၿပီးေတာ့ ႏွစ္ခုလုံးရဲ႕လုပ္ေဆာင္ခ်က္ကေတာ့ အတူတူပဲ ျဖစ္ပါတယ္။ အဲ့ဒီဝတ္စုံေတြမွာ သုံးထားတဲ့ Vibranium ေတြရဲ႕ မာေၾကာမႈကို ေမွာ္ပညာကို အသုံးျပဳၿပီးေတာ့ ပိုမိုမာေၾကာေအာင္ ျပဳလုပ္ထားတဲ့အျပင္ အဲ့ဒီဝတ္စုံကိုဝတ္ထားတဲ့အခ်ိန္မွာ အသုံးျပဳသူအေပၚမွာ ဘာေမွာ္ပညာမွ သက္ေရာက္မႈမရွိေအာင္လည္း ျပဳလုပ္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular