HomeCelebs Update NewsInternationalချစ်သူအသစ်ရသွားပြီဖြစ်တဲ့ မင်းသားချော Zac Efron 

ချစ်သူအသစ်ရသွားပြီဖြစ်တဲ့ မင်းသားချော Zac Efron 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော Zac Efron ဟာ ပူပူနွေးနွေး ချစ်သူအသစ်တစ်ယောက် ရသွားပါပြီ။ အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားရဲ့ ချစ်သူကတော့ Vanessa Valladares လို့ခေါ်တဲ့ မော်ဒယ်လ်မလေးတစ်ဦးဖြစ်ပြီး အသက်(၂၅)နှစ်သာ ရှိပါသေးတယ်။

သူတို့နှစ်ဦးကိုတော့ စက်တင်ဘာလ(၇)ရက်နေ့မှာ ဩစတျေးလျနိုင်ငံ Byron Bay က နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်မှာ အတူတွဲပြီး တွေ့လိုက်ရတာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ ထသွားထလာ ပေါ့ပေါ့ပါးပါးပုံစံသာ ဝတ်ဆင်ထားပြီး လက်တွဲထားတာကိုလည်း မြင်တွေ့ခဲ့ရတာကြောင့် ဒီပုံရိပ်တွေကို Daily Mail သတင်းဌာနက တင်လိုက်တည်းက Zac ရဲ့ချစ်သူအဖြစ် ကောလာဟလ ထွက်နေတာ ဖြစ်ပါတယ်။

Photo: _is_ness/ Instagram

သို့ပေမယ့် မနေ့က စက်တင်ဘာလ(၈)ရက်နေ့ သတင်းအရ နှစ်ဘက်စလုံးက ချစ်သူတွေဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်တယ်လို့ hollywood life သတင်းဌာနရဲ့ အဆိုအရ သိရပါတယ်။ သူတို့နှစ်ဦးကို ပထမဆုံး အတူတူ တွဲပြီး တွေ့ရတာကတော့ စက်တင်ဘာလ(၅)ရက်နေ့မှာ ဖြစ်ပါတယ်။ အဲ့ဒီ့တည်းက နှစ်ယောက်လုံးဟာ လုံးဝကို သက်သောင့်သက်သာနဲ့ အတွဲတစ်တွဲလို အဆင်ပြေနေကြတာကို တွေ့ကြရတာပါ။

Photo: _is_ness/ Instagram

ယခုလက်ရှိအချိန်မှာတော့ Vanessa ဟာ မော်ဒယ်လ်တစ်ယောက် ဖြစ်တယ်ဆိုတာက လွဲပြီး တခြားအချက်တွေကိုတော့ မသိရှိကြရသေးပါဘူး။ သို့ပေမယ့် သေချာတာတစ်ခုကတော့ မင်းသားချော Zac ရဲ့ အသည်းနှလုံးကို ကိုင်လှုပ်ထားနိုင်ပြီဆိုတာပါပဲ။

Glasgow

Source: hollywood life, daily mail

(Zawgyi Version)

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာ Zac Efron ဟာ ပူပူေႏြးေႏြး ခ်စ္သူအသစ္တစ္ေယာက္ ရသြားပါၿပီ။ အသက္(၃၂)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မင္းသားရဲ႕ ခ်စ္သူကေတာ့ Vanessa Valladares လို႔ေခၚတဲ့ ေမာ္ဒယ္လ္မေလးတစ္ဦးျဖစ္ၿပီး အသက္(၂၅)ႏွစ္သာ ရွိပါေသးတယ္။

သူတို႔ႏွစ္ဦးကိုေတာ့ စက္တင္ဘာလ(၇)ရက္ေန႔မွာ ဩစေတ်းလ်ႏိုင္ငံ Byron Bay က နာမည္ႀကီး စားေသာက္ဆိုင္တစ္ဆိုင္မွာ အတူတြဲၿပီး ေတြ႕လိုက္ရတာ ျဖစ္ပါတယ္။ ႏွစ္ေယာက္လုံးဟာ ထသြားထလာ ေပါ့ေပါ့ပါးပါးပုံစံသာ ဝတ္ဆင္ထားၿပီး လက္တြဲထားတာကိုလည္း ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ဒီပုံရိပ္ေတြကို Daily Mail သတင္းဌာနက တင္လိုက္တည္းက Zac ရဲ႕ခ်စ္သူအျဖစ္ ေကာလာဟလ ထြက္ေနတာ ျဖစ္ပါတယ္။

Photo: _is_ness/ Instagram

သို႔ေပမယ့္ မေန႔က စက္တင္ဘာလ(၈)ရက္ေန႔ သတင္းအရ ႏွစ္ဘက္စလုံးက ခ်စ္သူေတြျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားလိုက္တယ္လို႔ hollywood life သတင္းဌာနရဲ႕ အဆိုအရ သိရပါတယ္။ သူတို႔ႏွစ္ဦးကို ပထမဆုံး အတူတူ တြဲၿပီး ေတြ႕ရတာကေတာ့ စက္တင္ဘာလ(၅)ရက္ေန႔မွာ ျဖစ္ပါတယ္။ အဲ့ဒီ့တည္းက ႏွစ္ေယာက္လုံးဟာ လုံးဝကို သက္ေသာင့္သက္သာနဲ႔ အတြဲတစ္တြဲလို အဆင္ေျပေနၾကတာကို ေတြ႕ၾကရတာပါ။

Photo: _is_ness/ Instagram

ယခုလက္ရွိအခ်ိန္မွာေတာ့ Vanessa ဟာ ေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္တယ္ဆိုတာက လြဲၿပီး တျခားအခ်က္ေတြကိုေတာ့ မသိရွိၾကရေသးပါဘူး။ သို႔ေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ မင္းသားေခ်ာ Zac ရဲ႕ အသည္းႏွလုံးကို ကိုင္လႈပ္ထားႏိုင္ၿပီဆိုတာပါပဲ။

Glasgow

Source: hollywood life, daily mail

 

RELATED ARTICLES

Most Popular