HomeEntertainmentFilmJustice League 2 အတွက်ပါ အစီအစဉ်တွေ ရှိပြီးသားလို့ ပြောလာတဲ့ Zack Snyder

Justice League 2 အတွက်ပါ အစီအစဉ်တွေ ရှိပြီးသားလို့ ပြောလာတဲ့ Zack Snyder

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Zack Snyder ဟာ ၂၀၂၁ခုနှစ်မှာ HBO Max ကနေ ပြသသွားမယ့် Justice League ထွက်ပြီးသွားရင်း Justice League 2 အတွက်ပါ အစီအစဉ်တွေ ရှိနေတယ်လို့ ပြောလိုက်ပါတယ်။

ပထမဆုံး Justice League ဇာတ်ကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိထားပြီး Superman ၊ Batman ၊ Wonder Woman ၊ Flash ၊ Cyborg နဲ့ Aquaman တို့ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ဆိုးဝါးတဲ့ ဝေဖန်မှုတွေလည်း ရရှိခဲ့ပြီး ပရိသတ်တွေကိုလည်း စိတ်ပျက်စေခဲ့ပါတယ်။

မူလတုန်းက အဲ့ဒီရုပ်ရှင်ကို ဒါရိုက်တာ Zack Snyder က ရိုက်ကူးခဲ့ပေမယ့်လည်း မိသားစုအရေးကြောင့် ရိုက်ကူးရေးကနေ ထွက်ခွာသွားခဲ့ရပါတယ်။ အဲ့ဒါကြောင့် Warner Bros ဟာ အဲ့ဒီရုပ်ရှင်ကို အပြီးသတ်ဖို့အတွက် ဒါရိုက်တာ Joss Whedon ကို လွှဲပြောင်း ရိုက်ကူးစေခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ပရိသတ်တွေဟာ နှစ်နဲ့ချီပြီး ကြာအောင် Snyder Cut ကို ရဖို့အတွက် တောင်းဆိုခဲ့ကြပြီး နောက်ဆုံးမှာတော့ ၂၀၂၁ခုနှစ်မှာ HBO Max ကနေ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

photo via screenrant

Joss Whedon ရိုက်ကူးခဲ့တဲ့ Justice League ဗားရှင်းရဲ့ အဓိကပြဿနာကတော့ Zack Snyder ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ဇာတ်လမ်းတွေကို ပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်။ ဥပမာပြောရရင် Cyborg ရဲ့ အရေးကြီးတဲ့ဇာတ်လမ်းတွေကို ပြောင်းလဲပစ်ခဲ့တာမျိူးနဲ့ ဗိုလ်ချုပ် Swanwick ဟာ Martian Manhunter ဖြစ်တယ်ဆိုတဲ့ အချက်တွေကို မထည့်သွင်းခဲ့တာမျိူးပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Martian Manhunter ရဲ့ First Look ကိုလည်း Snyder ဟာ ပရိသတ်တွေကို ဖော်ပြသွားခဲ့ပါသေးတယ်။ Batman v Superman: Dawn of Justice ထဲမှာလည်း Darkseid အကြောင်းကို အရိပ်အမြွက် ပြသွားတာကြောင့် ပရိသတ်တွေဟာ Justice League ထဲမှာတော့ Darkseid ဟာ အဓိကဗီလိန် ဖြစ်လာမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Whedon ရဲ့ ဗားရှင်းထဲမှာတော့ Darkseid ဟာ လုံးဝကို မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် Snyder ရဲ့ဗားရှင်းထဲမှာတော့ အဓိကဗီလိန်အနေနဲ့ မဟုတ်ပေမယ့်လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

Snyder ဟာ ၂၀၂၁မှာ ထွက်လာမယ့် Justic League: Snyder Cut ထွက်လာပြီးသွားရင်တောင် Justice League 2 အတွက် အစီအစဉ်တွေ ရှိနေတယ်လို့ ပြောပြလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းတွေကိုတော့ The Nerd Queens YouTube Channel မှာ live stream လုပ်ခဲ့တုန်းက ပြောသွားတာ ဖြစ်ပါတယ်။

photo via screenrant

Snyder ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ “Snyder Cut ထဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင်တွေကို ရုပ်ရှင်ထဲမှာ ဘာတွေဖြစ်လာမှာလည်း မေးကြရင်တော့ သူတို့တွေက ဇာတ်ညွှန်းကို ရပြီးသွားပြီး ကောင်းတဲ့ရုပ်ရှင်တစ်ခု ဖြစ်လာမယ်လို့ ပြောကြပါလိမ့်မယ်။ ပရိသတ်တွေရဲ့ မေးခွန်းအချို့ကို ဘယ်လိုမျိူး တုံ့ပြန်ရင် မှန်မလည်း၊ ဒါမှမဟုတ် ဘယ်လိုတုံ့ပြန်လိုက်ရင် မိုက်မလည်း ဆိုတာမျိူးတွေကို ကျွန်တော်နဲ့ Ray Porter နှစ်ယောက် ဆွေးနွေးဖြစ်ပါတယ်။ ဒါ့အပြင် Darkseid သာ ကမ္ဘာကို ကျူးကျော်လာရင် ဘယ်လိုတွေ ဖြစ်လာမလည်း ဆိုတာမျိူးဟာ မေးသင့်တဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်…  ”

“ပရိသတ်တွေ သိချင်ကြတာကတော့ အဲ့လိုမျိူး Darkseid က ကျူးကျော်လာရင် ဘာတွေဖြစ်လာမလည်း ဆိုတာကို ကျွန်တော်က ဇာတ်ညွှန်းတွေဘာတွေ ရေးပြီးသွားလား ဆိုတာပါပဲ။ တကယ်တော့ Darkseid က ကမ္ဘာကို ကျူးကျော်လာရင် ဘာတွေဆက်ဖြစ်လာမလည်း ဆိုတာ ကျွန်တော်သိပါတယ်။ အကြောင်းကတော့ အဲ့ဒီအကြောင်းအရာတွေအတွက် အစီအစဉ် ရှိပြီးသားမို့လို့ပါပဲ.. ” ဆိုပြီးတော့ ပြောထားပါတယ်။

photo via screenrant

၂၀၂၁မှာ ထွက်ရှိလာမယ့် Snyder Cut ထဲမှာတော့ Steppenwolf က အဓိကဗီလိန် ဖြစ်တာကြောင့် Darkseid ကတော့ Justice League 2 အတွက် အဓိကဗီလိန် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Darkseid  သာ ကမ္ဘာကို ကျူးကျော်လာရင် ဘာတွေဖြစ်လာမလည်း ဆိုတာကို သိပြီးသားလို့ ပြောလိုက်တာက Snyder ဟာ Justice League 2 အတွက် အစီအစဉ်တွေ ရှိပြီးသားလို့ ပြောလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ်ထွက်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်လာမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Zack Snyder ဟာ ၂၀၂၁ခုႏွစ္မွာ HBO Max ကေန ျပသသြားမယ့္ Justice League ထြက္ၿပီးသြားရင္း Justice League 2 အတြက္ပါ အစီအစဥ္ေတြ ရွိေနတယ္လို႔ ေျပာလိုက္ပါတယ္။

ပထမဆုံး Justice League ဇာတ္ကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိထားၿပီး Superman ၊ Batman ၊ Wonder Woman ၊ Flash ၊ Cyborg နဲ႔ Aquaman တို႔ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ဟာ ဆိုးဝါးတဲ့ ေဝဖန္မႈေတြလည္း ရရွိခဲ့ၿပီး ပရိသတ္ေတြကိုလည္း စိတ္ပ်က္ေစခဲ့ပါတယ္။

မူလတုန္းက အဲ့ဒီ႐ုပ္ရွင္ကို ဒါ႐ိုက္တာ Zack Snyder က ႐ိုက္ကူးခဲ့ေပမယ့္လည္း မိသားစုအေရးေၾကာင့္ ႐ိုက္ကူးေရးကေန ထြက္ခြာသြားခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ Warner Bros ဟာ အဲ့ဒီ႐ုပ္ရွင္ကို အၿပီးသတ္ဖို႔အတြက္ ဒါ႐ိုက္တာ Joss Whedon ကို လႊဲေျပာင္း ႐ိုက္ကူးေစခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ပရိသတ္ေတြဟာ ႏွစ္နဲ႔ခ်ီၿပီး ၾကာေအာင္ Snyder Cut ကို ရဖို႔အတြက္ ေတာင္းဆိုခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ ၂၀၂၁ခုႏွစ္မွာ HBO Max ကေန ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။

photo via screenrant

Joss Whedon ႐ိုက္ကူးခဲ့တဲ့ Justice League ဗားရွင္းရဲ႕ အဓိကျပႆနာကေတာ့ Zack Snyder ႐ိုက္ကူးထားတဲ့ ဇာတ္ဝင္ခန္းေတြနဲ႔ ဇာတ္လမ္းေတြကို ေျပာင္းလဲပစ္ခဲ့တာ ျဖစ္ပါတယ္။ ဥပမာေျပာရရင္ Cyborg ရဲ႕ အေရးႀကီးတဲ့ဇာတ္လမ္းေတြကို ေျပာင္းလဲပစ္ခဲ့တာမ်ိဴးနဲ႔ ဗိုလ္ခ်ဳပ္ Swanwick ဟာ Martian Manhunter ျဖစ္တယ္ဆိုတဲ့ အခ်က္ေတြကို မထည့္သြင္းခဲ့တာမ်ိဴးပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ Martian Manhunter ရဲ႕ First Look ကိုလည္း Snyder ဟာ ပရိသတ္ေတြကို ေဖာ္ျပသြားခဲ့ပါေသးတယ္။ Batman v Superman: Dawn of Justice ထဲမွာလည္း Darkseid အေၾကာင္းကို အရိပ္အႁမြက္ ျပသြားတာေၾကာင့္ ပရိသတ္ေတြဟာ Justice League ထဲမွာေတာ့ Darkseid ဟာ အဓိကဗီလိန္ ျဖစ္လာမယ္လို႔ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Whedon ရဲ႕ ဗားရွင္းထဲမွာေတာ့ Darkseid ဟာ လုံးဝကို မပါဝင္ခဲ့ပါဘူး။ ဒါေၾကာင့္ Snyder ရဲ႕ဗားရွင္းထဲမွာေတာ့ အဓိကဗီလိန္အေနနဲ႔ မဟုတ္ေပမယ့္လည္း ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။

Snyder ဟာ ၂၀၂၁မွာ ထြက္လာမယ့္ Justic League: Snyder Cut ထြက္လာၿပီးသြားရင္ေတာင္ Justice League 2 အတြက္ အစီအစဥ္ေတြ ရွိေနတယ္လို႔ ေျပာျပလိုက္တာ ျဖစ္ပါတယ္။ အဲ့ဒီအေၾကာင္းေတြကိုေတာ့ The Nerd Queens YouTube Channel မွာ live stream လုပ္ခဲ့တုန္းက ေျပာသြားတာ ျဖစ္ပါတယ္။

photo via screenrant

Snyder ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ “Snyder Cut ထဲမွာ ပါဝင္သြားမယ့္ သ႐ုပ္ေဆာင္ေတြကို ႐ုပ္ရွင္ထဲမွာ ဘာေတြျဖစ္လာမွာလည္း ေမးၾကရင္ေတာ့ သူတို႔ေတြက ဇာတ္ၫႊန္းကို ရၿပီးသြားၿပီး ေကာင္းတဲ့႐ုပ္ရွင္တစ္ခု ျဖစ္လာမယ္လို႔ ေျပာၾကပါလိမ့္မယ္။ ပရိသတ္ေတြရဲ႕ ေမးခြန္းအခ်ိဳ႕ကို ဘယ္လိုမ်ိဴး တုံ႔ျပန္ရင္ မွန္မလည္း၊ ဒါမွမဟုတ္ ဘယ္လိုတုံ႔ျပန္လိုက္ရင္ မိုက္မလည္း ဆိုတာမ်ိဴးေတြကို ကြၽန္ေတာ္နဲ႔ Ray Porter ႏွစ္ေယာက္ ေဆြးေႏြးျဖစ္ပါတယ္။ ဒါ့အျပင္ Darkseid သာ ကမာၻကို က်ဴးေက်ာ္လာရင္ ဘယ္လိုေတြ ျဖစ္လာမလည္း ဆိုတာမ်ိဴးဟာ ေမးသင့္တဲ့ ေမးခြန္းတစ္ခုပဲ ျဖစ္ပါတယ္…  ”

“ပရိသတ္ေတြ သိခ်င္ၾကတာကေတာ့ အဲ့လိုမ်ိဴး Darkseid က က်ဴးေက်ာ္လာရင္ ဘာေတြျဖစ္လာမလည္း ဆိုတာကို ကြၽန္ေတာ္က ဇာတ္ၫႊန္းေတြဘာေတြ ေရးၿပီးသြားလား ဆိုတာပါပဲ။ တကယ္ေတာ့ Darkseid က ကမာၻကို က်ဴးေက်ာ္လာရင္ ဘာေတြဆက္ျဖစ္လာမလည္း ဆိုတာ ကြၽန္ေတာ္သိပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီအေၾကာင္းအရာေတြအတြက္ အစီအစဥ္ ရွိၿပီးသားမို႔လို႔ပါပဲ.. ” ဆိုၿပီးေတာ့ ေျပာထားပါတယ္။

photo via screenrant

၂၀၂၁မွာ ထြက္ရွိလာမယ့္ Snyder Cut ထဲမွာေတာ့ Steppenwolf က အဓိကဗီလိန္ ျဖစ္တာေၾကာင့္ Darkseid ကေတာ့ Justice League 2 အတြက္ အဓိကဗီလိန္ ျဖစ္လာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Darkseid  သာ ကမာၻကို က်ဴးေက်ာ္လာရင္ ဘာေတြျဖစ္လာမလည္း ဆိုတာကို သိၿပီးသားလို႔ ေျပာလိုက္တာက Snyder ဟာ Justice League 2 အတြက္ အစီအစဥ္ေတြ ရွိၿပီးသားလို႔ ေျပာလိုက္တာနဲ႔ အတူတူပဲ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တကယ္ထြက္လာတဲ့ အခ်ိန္မွာေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္ထားသလို ျဖစ္လာမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular