HomeCharacterမှော်ဆရာမလေး Zatanna ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

မှော်ဆရာမလေး Zatanna ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Zatanna ဟာ ၁၉၆၄ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hawkman #4 မှာ စတင်ပြီး DC ကောမစ်ထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ Zatanna ဟာ DC universe ထဲက စွမ်းအားအကြီးဆုံး မှော်ပညာရှင်တွေထဲကတစ်ယောက် ဖြစ်ပြီးတော့ backwards magic ဟာ သူမရဲ့ နာမည်အကြီးဆုံး မှော်ပညာတွေထဲကတစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီမှော်ပညာကတော့ သူမ ဖြစ်စေချင်တဲ့ အရာတစ်ခုကို ပြောင်းပြန်ပြောလိုက်ရုံနဲ့ တကယ်ဖြစ်သွားတဲ့ မှော်ပညာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Zatanna နဲ့ ပတ်သက်ပြီးတော့ တစ်ခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။

စွမ်းအားများ
photo via cbr

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ များသောအားဖြင့် Zatanna ဟာ backwards spell ကို အသုံးပြုလေ့ရှိပြီး သူမ ဖြစ်စေချင်တဲ့အရာကို ပါးစပ်ကနေ ပြောင်းပြန်ပြောလိုက်ရုံနဲ့ တကယ်ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် Stop ရဲ့ပြောင်းပြန် Pots လို့ သူမက ပြောလိုက်ရင် ပစ်မှတ်ထားခံလိုက်ရတဲ့သူဟာ လှုပ်လို့မရတော့ဘဲ ရပ်နေမှာ ဖြစ်ပါတယ်။ သူမဟာ မွေးကတည်းက မှော်စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ Homo Magi အဖြစ် မွေးဖွားလာတာ ဖြစ်ပါတယ်။ ဒါတွေအပြင် သူမဟာ မှော်ပညာကို အသုံးပြုပြီးတော့ နောက်ထပ်အရာတွေ အများကြီးကို ပြုလုပ်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ ဒြပ်စင်တွေဖြစ်တဲ့ မီး၊ ရေ၊ လေ၊ မြေ တို့ကို ထိန်းချုပ်နိုင်တဲ့အပြင် မိုးကြိုး၊ အလင်းနဲ့ အမှောင်တို့ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

အရာဝတ္ထုတွေကို သူမရဲ့မှော်ပညာနဲ့ ရွေ့လျားအောင် ပြုလုပ်နိုင်တဲ့ Telekinesis ၊ တစ်ခြားသူတွေရဲ့ စိတ်ကိုဖတ်တာမျိူးနဲ့ မှတ်ဉာဏ်တွေကို ဖျောက်ပစ်တာမျိူးကို ပြုလုပ်နိုင်တဲ့ Telepathy ၊ Teleport တွေလည်း လုပ်နိုင်သလို၊ ဒိုင်မေးရှင်းတွေကြားထဲမှာလည်း ခရီးသွားနိုင်ပါတယ်။ ဒါ့အပြင် reality တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သလို သူမကို ထိခိုက်လာမယ့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို တစ်ခြားသူဆီ လွှဲပြောင်းနိုင်တဲ့ Antipathy နဲ့ အချိန်တွေကို ရှေ့တိုးနောက်ဆုတ် လုပ်လို့ရသလို ဆန္ဒရှိရင် ရပ်ထားလို့တောင် ရပါသေးတယ်။ ရာသီဥတုကိုလည်း ထိန်းချုပ်နိုင်သလို လေပေါ်လည်း ပျံနိုင်ပြီး သူမအပါအဝင် ဒဏ်ရာရနေတဲ့သူတွေကိုလည်း ကုသပေးနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မရှိတော့ဘဲ ဝိဉာဉ်အဖြစ်လည်း ပြောင်းလဲလို့ ရသလို သူမခန္ဓာကိုယ်ရဲ့ အရွယ်အစားကို ကြိုက်သလို ပြောင်းလဲနိုင်ပြီး သူ့ကိုယ်သူလည်း တစ်ခြားအရာတွေအဖြစ် ပြောင်းလဲနိုင်ပါသေးတယ်။ အခုဖော်ပြထားတာတွေကတော့ သူမရဲ့မှော်ပညာကို အသုံးပြုပြီး လုပ်နိုင်တာတွေ ဖြစ်ပြီး မှော်စွမ်းအားဟာ အကန့်အသတ် ရှိတာကြောင့် အကုန်လုံးကိုတော့ စိတ်ကြိုက်သုံးနေလို့ မဖြစ်နိုင်ပါဘူး။

သွေးနဲ့ရေးတဲ့ မန္တန်
photo via cbr

Zatanna ဟာ မှော်ပညာနဲ့ ပတ်သက်လာရင် အလွန်စွမ်းအားကြီးသူ တစ်ယောက်ဖြစ်ပြီး မှော်ပညာကို အသုံးပြုဖို့အတွက် အဓိက လိုအပ်တဲ့ အချက်ကတော့ သူမရဲ့အသံပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ စကားမပြောနိုင်တော့ရင် မှော်ပညာကို အသုံးပြုဖို့အတွက် မလွယ်ကူတော့ပါဘူး။ တကယ်လို့ အဲ့ဒီ့လို အခြေအနေ ရောက်လာပြီ ဆိုရင်တော့ သူမဟာ သူမရဲ့သွေးကို အသုံးပြုပြီး စာလုံးတွေကို ပြောင်းပြန်ရေးကာ မှော်ပညာကို အသုံးပြုနိုင်ပါတယ်။ ကောမစ်တစ်ခုထဲမှာတော့ သူမရဲ့အဖွဲ့ထဲက လူတစ်ယောက် ပျောက်ဆုံးသွားတာကြောင့် သူမဟာ Batman နဲ့ ပူးပေါင်းပြီး ခန့်မှန်းခဲ့ပါတယ်။

ဒါပေမယ့်လည်း အဖြစ်အပျက်တစ်ခုကြောင့် သူမဟာ အဖမ်းခံခဲ့ရပြီး သူမရဲ့လည်ပင်းကို Joker က ဓားနဲ့လှီးပစ်ခဲ့ပါတယ်။ အကြောင်းကတော့ အဲ့လိုပြုလုပ်လိုက်ရင် သူမဟာ မှော်ပညာကို အသုံးမပြုနိုင်တော့သလို သူမကိုယ်သူမလည်း ပြန်လည်ကုသလို့ မရတော့ပါဘူး။ အဲ့ဒီအခါကျတော့မှပဲ ဒီအဖြစ်အပျက်တွေကို Joker က ကြိုးကိုင်ထားတယ်ဆိုတာ သိခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမကို ရေတွေမြုပ်နေတဲ့ လှောင်အိမ်ထဲကို ထည့်ထားခဲ့ပြီး Batman ဆီကို ထွက်သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Batman ဟာ Zatanna ကို ရေနစ်ပြီး အသက်မဆုံးရှုံးခင် ကယ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ သူမရဲ့သွေးတွေကို အသုံးပြုကာ စာလုံးတွေကို ပြောင်းပြန်ရေးပြီး ဒဏ်ရာတွေကို ကုသခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ့သွေးနဲ့ရေးတဲ့ မန္တန်ဟာ သူမ သုံးနေကျ မှော်ပညာထက် ပိုပြီးတော့ အစွမ်းထက်တဲ့ အကြောင်းကိုလည်း Batman ကို ပြောပြခဲ့ပါတယ်။

အနာဂတ်ကိုလည်း ခန့်မှန်းနိုင်ပါသေးတယ်။
photo via cbr

ကောမစ်ထဲက ဇာတ်ကောင်တွေအတွက်တော့ အနာဂတ်ကို ခန့်မှန်းတယ်ဆိုတာဟာ သိပ်ပြီးတော့ ထူးဆန်းတဲ့ အရာ မဟုတ်ပေမယ့် Zatanna ကတော့ နည်းလမ်းဟောင်းအတိုင်းပဲ ခန့်မှန်းတာ ဖြစ်ပါတယ်။ သူမဟာ မှော်ပညာရှင်တစ်ယောက် ဖြစ်တာကြောင့် အနာဂတ်ကို ခန့်မှန်းဖို့အတွက် တားရော့ကတ်တွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ အနာဂတ်ကို ခန့်မှန်းမှုဟာ လုံးဝအတိအကျ မှန်တာမျိူးတော့ မဟုတ်ဘဲ တစ်ခါတစ်လေကျရင် လုံးဝကို မှားယွင်းတဲ့ ခန့်မှန်းမှုတွေလည်း ရှိခဲ့ဖူးပါတယ်။

သူမဟာ Leonardo Da Vinci နဲ့လည်း အမျိူးတော်စပ်ပါတယ်။
photo via cbr

သူမရဲ့ဖခင်ဟာ Golden Age တုန်းက စွမ်းအားကြီးတဲ့ မှော်ဆရာတစ်ယောက် ဖြစ်ပြီး Giovanni John Zatara လို့ ခေါ်ပါတယ်။ ဒါ့အပြင် ပိုပြီးအံ့ဩစရာကောင်းတဲ့ တစ်ချက်ကတော့ သူတို့မိသားစုဟာ Leonardo Da Vinci နဲ့လည်း အမျိူးတော်စပ်ပါတယ်။ ဒါ့အပြင် သူမရဲ့ မိသားစုတွေထဲမှာ သမိုင်းမှာ အောင်မြင်ခဲ့သူတွေ အများကြီး ပါဝင်နေပါတယ်။ နာမည်ကျော် ပြင်သစ် အတွေးအခေါ်ပညာရှင် Nostradamus ၊ စွန့်စားသွားလာသူ တစ်ယောက်ဖြစ်တဲ့ Alessandro Cagliostro ၊ ပြင်သစ်လူမျိူး စာမူကူးယူသူ ဖြစ်တဲ့ Nicholas Flamel ၊ ပြင်သစ်စာရေးဆရာ ဖြစ်တဲ့ Fulcaneli နဲ့ အတ္တလန်တိတ်ရဲ့ဘုရင်ဖြစ်တဲ့ Arion တို့တောင် ပါဝင်ပါတယ်။

သူမရဲ့ဖခင် Zatara နဲ့ Thomas Wayne တို့ဟာ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။
photo via cbr

Zatara နဲ့ Thomas တို့ဟာ တစ်ရက်မှာတော့ ခရီးသွားနေရင်း Martha နဲ့ တွေ့ဆုံခဲ့ကြပြီး Thomas ဟာ Martha နဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Thomas နဲ့ Martha တို့ဟာ Bruce ကို မွေးဖွားခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်လုံးဟာ သေဆုံးသွားကာ Bruce ဟာ မိဘမဲ့ ဖြစ်သွားခဲ့ပါတယ်။ Zatara ကလည်း အဲ့ဒီအဖြစ်အပျက်ကို မတားဆီးလိုက်နိုင်တာကြောင့် သူ့ကိုယ်သူ အပြစ်တင်ကာ ဂေါ်သမ်မြို့က ထွက်ခွာသွားခဲ့ပါတယ်။

အဲ့ဒီအချိန်ကျတော့မှ Zatara ဟာ Sindella နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက် လက်ထပ်လိုက်ကာ Zatanna ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ Sindella ဟာလည်း သေဆုံးသွားတာကြောင့် Zatara ဟာ စိတ်ဓာတ်တွေကျပြီး အရက်သမားလုံးလုံး ဖြစ်သွားခဲ့ပါတယ်။ နှစ်တွေအများကြီး ကြာသွားတဲ့အချိန်မှာတော့ အရွယ်ရောက်နေတဲ့ Bruce ဟာ ထွက်ပြေးလွတ်မြောက်တဲ့ နည်းပညာနဲ့ ပုံရိပ်ယောင် နည်းပညာတေွကို သင်ပေးဖို့ လာရောက် အကူအညီတောင်းခံခဲ့ပါတယ်။ အဲ့ဒီအချိန်မှသာ Zatara ဟာ ပုံမှန်လူတစ်ယောက်လို ပြန်ပြီးဖြစ်လာခဲ့ပါတယ်။

ဒါကတော့ မှော်ဆရာမလေး Zatanna နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Zatanna ဟာ ၁၉၆၄ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Hawkman #4 မွာ စတင္ၿပီး DC ေကာမစ္ထဲမွာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။ Zatanna ဟာ DC universe ထဲက စြမ္းအားအႀကီးဆုံး ေမွာ္ပညာရွင္ေတြထဲကတစ္ေယာက္ ျဖစ္ၿပီးေတာ့ backwards magic ဟာ သူမရဲ႕ နာမည္အႀကီးဆုံး ေမွာ္ပညာေတြထဲကတစ္ခုလည္း ျဖစ္ပါတယ္။ အဲ့ဒီေမွာ္ပညာကေတာ့ သူမ ျဖစ္ေစခ်င္တဲ့ အရာတစ္ခုကို ေျပာင္းျပန္ေျပာလိုက္႐ုံနဲ႔ တကယ္ျဖစ္သြားတဲ့ ေမွာ္ပညာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Zatanna နဲ႔ ပတ္သက္ၿပီးေတာ့ တစ္ျခားစိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေတြကိုလည္း ေဖာ္ျပေပးခ်င္ပါတယ္။

စြမ္းအားမ်ား
photo via cbr

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ မ်ားေသာအားျဖင့္ Zatanna ဟာ backwards spell ကို အသုံးျပဳေလ့ရွိၿပီး သူမ ျဖစ္ေစခ်င္တဲ့အရာကို ပါးစပ္ကေန ေျပာင္းျပန္ေျပာလိုက္႐ုံနဲ႔ တကယ္ျဖစ္လာတာပဲ ျဖစ္ပါတယ္။ ဥပမာေျပာရရင္ Stop ရဲ႕ေျပာင္းျပန္ Pots လို႔ သူမက ေျပာလိုက္ရင္ ပစ္မွတ္ထားခံလိုက္ရတဲ့သူဟာ လႈပ္လို႔မရေတာ့ဘဲ ရပ္ေနမွာ ျဖစ္ပါတယ္။ သူမဟာ ေမြးကတည္းက ေမွာ္စြမ္းအားကို ထိန္းခ်ဳပ္ႏိုင္တဲ့ Homo Magi အျဖစ္ ေမြးဖြားလာတာ ျဖစ္ပါတယ္။ ဒါေတြအျပင္ သူမဟာ ေမွာ္ပညာကို အသုံးျပဳၿပီးေတာ့ ေနာက္ထပ္အရာေတြ အမ်ားႀကီးကို ျပဳလုပ္ႏိုင္ပါေသးတယ္။ အဲ့ဒါကေတာ့ ျဒပ္စင္ေတြျဖစ္တဲ့ မီး၊ ေရ၊ ေလ၊ ေျမ တို႔ကို ထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ မိုးႀကိဳး၊ အလင္းနဲ႔ အေမွာင္တို႔ကိုလည္း ထိန္းခ်ဳပ္ႏိုင္ပါတယ္။

အရာဝတၳဳေတြကို သူမရဲ႕ေမွာ္ပညာနဲ႔ ေ႐ြ႕လ်ားေအာင္ ျပဳလုပ္ႏိုင္တဲ့ Telekinesis ၊ တစ္ျခားသူေတြရဲ႕ စိတ္ကိုဖတ္တာမ်ိဴးနဲ႔ မွတ္ဉာဏ္ေတြကို ေဖ်ာက္ပစ္တာမ်ိဴးကို ျပဳလုပ္ႏိုင္တဲ့ Telepathy ၊ Teleport ေတြလည္း လုပ္ႏိုင္သလို၊ ဒိုင္ေမးရွင္းေတြၾကားထဲမွာလည္း ခရီးသြားႏိုင္ပါတယ္။ ဒါ့အျပင္ reality တစ္ခုလုံးကို ေျပာင္းလဲပစ္ႏိုင္သလို သူမကို ထိခိုက္လာမယ့္ ႐ုပ္ပိုင္းဆိုင္ရာ တိုက္ခိုက္မႈေတြကို တစ္ျခားသူဆီ လႊဲေျပာင္းႏိုင္တဲ့ Antipathy နဲ႔ အခ်ိန္ေတြကို ေရွ႕တိုးေနာက္ဆုတ္ လုပ္လို႔ရသလို ဆႏၵရွိရင္ ရပ္ထားလို႔ေတာင္ ရပါေသးတယ္။ ရာသီဥတုကိုလည္း ထိန္းခ်ဳပ္ႏိုင္သလို ေလေပၚလည္း ပ်ံႏိုင္ၿပီး သူမအပါအဝင္ ဒဏ္ရာရေနတဲ့သူေတြကိုလည္း ကုသေပးႏိုင္ပါတယ္။

႐ုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္မရွိေတာ့ဘဲ ဝိဉာဥ္အျဖစ္လည္း ေျပာင္းလဲလို႔ ရသလို သူမခႏၶာကိုယ္ရဲ႕ အ႐ြယ္အစားကို ႀကိဳက္သလို ေျပာင္းလဲႏိုင္ၿပီး သူ႔ကိုယ္သူလည္း တစ္ျခားအရာေတြအျဖစ္ ေျပာင္းလဲႏိုင္ပါေသးတယ္။ အခုေဖာ္ျပထားတာေတြကေတာ့ သူမရဲ႕ေမွာ္ပညာကို အသုံးျပဳၿပီး လုပ္ႏိုင္တာေတြ ျဖစ္ၿပီး ေမွာ္စြမ္းအားဟာ အကန႔္အသတ္ ရွိတာေၾကာင့္ အကုန္လုံးကိုေတာ့ စိတ္ႀကိဳက္သုံးေနလို႔ မျဖစ္ႏိုင္ပါဘူး။

ေသြးနဲ႔ေရးတဲ့ မႏၲန္
photo via cbr

Zatanna ဟာ ေမွာ္ပညာနဲ႔ ပတ္သက္လာရင္ အလြန္စြမ္းအားႀကီးသူ တစ္ေယာက္ျဖစ္ၿပီး ေမွာ္ပညာကို အသုံးျပဳဖို႔အတြက္ အဓိက လိုအပ္တဲ့ အခ်က္ကေတာ့ သူမရဲ႕အသံပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ စကားမေျပာႏိုင္ေတာ့ရင္ ေမွာ္ပညာကို အသုံးျပဳဖို႔အတြက္ မလြယ္ကူေတာ့ပါဘူး။ တကယ္လို႔ အဲ့ဒီ့လို အေျခအေန ေရာက္လာၿပီ ဆိုရင္ေတာ့ သူမဟာ သူမရဲ႕ေသြးကို အသုံးျပဳၿပီး စာလုံးေတြကို ေျပာင္းျပန္ေရးကာ ေမွာ္ပညာကို အသုံးျပဳႏိုင္ပါတယ္။ ေကာမစ္တစ္ခုထဲမွာေတာ့ သူမရဲ႕အဖြဲ႕ထဲက လူတစ္ေယာက္ ေပ်ာက္ဆုံးသြားတာေၾကာင့္ သူမဟာ Batman နဲ႔ ပူးေပါင္းၿပီး ခန႔္မွန္းခဲ့ပါတယ္။

ဒါေပမယ့္လည္း အျဖစ္အပ်က္တစ္ခုေၾကာင့္ သူမဟာ အဖမ္းခံခဲ့ရၿပီး သူမရဲ႕လည္ပင္းကို Joker က ဓားနဲ႔လွီးပစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ အဲ့လိုျပဳလုပ္လိုက္ရင္ သူမဟာ ေမွာ္ပညာကို အသုံးမျပဳႏိုင္ေတာ့သလို သူမကိုယ္သူမလည္း ျပန္လည္ကုသလို႔ မရေတာ့ပါဘူး။ အဲ့ဒီအခါက်ေတာ့မွပဲ ဒီအျဖစ္အပ်က္ေတြကို Joker က ႀကိဳးကိုင္ထားတယ္ဆိုတာ သိခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမကို ေရေတြျမဳပ္ေနတဲ့ ေလွာင္အိမ္ထဲကို ထည့္ထားခဲ့ၿပီး Batman ဆီကို ထြက္သြားခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ Batman ဟာ Zatanna ကို ေရနစ္ၿပီး အသက္မဆုံးရႈံးခင္ ကယ္တင္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ သူမရဲ႕ေသြးေတြကို အသုံးျပဳကာ စာလုံးေတြကို ေျပာင္းျပန္ေရးၿပီး ဒဏ္ရာေတြကို ကုသခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီ့ေသြးနဲ႔ေရးတဲ့ မႏၲန္ဟာ သူမ သုံးေနက် ေမွာ္ပညာထက္ ပိုၿပီးေတာ့ အစြမ္းထက္တဲ့ အေၾကာင္းကိုလည္း Batman ကို ေျပာျပခဲ့ပါတယ္။

အနာဂတ္ကိုလည္း ခန႔္မွန္းႏိုင္ပါေသးတယ္။
photo via cbr

ေကာမစ္ထဲက ဇာတ္ေကာင္ေတြအတြက္ေတာ့ အနာဂတ္ကို ခန႔္မွန္းတယ္ဆိုတာဟာ သိပ္ၿပီးေတာ့ ထူးဆန္းတဲ့ အရာ မဟုတ္ေပမယ့္ Zatanna ကေတာ့ နည္းလမ္းေဟာင္းအတိုင္းပဲ ခန႔္မွန္းတာ ျဖစ္ပါတယ္။ သူမဟာ ေမွာ္ပညာရွင္တစ္ေယာက္ ျဖစ္တာေၾကာင့္ အနာဂတ္ကို ခန႔္မွန္းဖို႔အတြက္ တားေရာ့ကတ္ေတြကို အသုံးျပဳေလ့ရွိပါတယ္။ ဒါေပမယ့္လည္း သူမရဲ႕ အနာဂတ္ကို ခန႔္မွန္းမႈဟာ လုံးဝအတိအက် မွန္တာမ်ိဴးေတာ့ မဟုတ္ဘဲ တစ္ခါတစ္ေလက်ရင္ လုံးဝကို မွားယြင္းတဲ့ ခန႔္မွန္းမႈေတြလည္း ရွိခဲ့ဖူးပါတယ္။

သူမဟာ Leonardo Da Vinci နဲ႔လည္း အမ်ိဴးေတာ္စပ္ပါတယ္။
photo via cbr

သူမရဲ႕ဖခင္ဟာ Golden Age တုန္းက စြမ္းအားႀကီးတဲ့ ေမွာ္ဆရာတစ္ေယာက္ ျဖစ္ၿပီး Giovanni John Zatara လို႔ ေခၚပါတယ္။ ဒါ့အျပင္ ပိုၿပီးအံ့ဩစရာေကာင္းတဲ့ တစ္ခ်က္ကေတာ့ သူတို႔မိသားစုဟာ Leonardo Da Vinci နဲ႔လည္း အမ်ိဴးေတာ္စပ္ပါတယ္။ ဒါ့အျပင္ သူမရဲ႕ မိသားစုေတြထဲမွာ သမိုင္းမွာ ေအာင္ျမင္ခဲ့သူေတြ အမ်ားႀကီး ပါဝင္ေနပါတယ္။ နာမည္ေက်ာ္ ျပင္သစ္ အေတြးအေခၚပညာရွင္ Nostradamus ၊ စြန႔္စားသြားလာသူ တစ္ေယာက္ျဖစ္တဲ့ Alessandro Cagliostro ၊ ျပင္သစ္လူမ်ိဴး စာမူကူးယူသူ ျဖစ္တဲ့ Nicholas Flamel ၊ ျပင္သစ္စာေရးဆရာ ျဖစ္တဲ့ Fulcaneli နဲ႔ အတၱလန္တိတ္ရဲ႕ဘုရင္ျဖစ္တဲ့ Arion တို႔ေတာင္ ပါဝင္ပါတယ္။

သူမရဲ႕ဖခင္ Zatara နဲ႔ Thomas Wayne တို႔ဟာ သူငယ္ခ်င္းေတြ ျဖစ္ၾကပါတယ္။
photo via cbr

Zatara နဲ႔ Thomas တို႔ဟာ တစ္ရက္မွာေတာ့ ခရီးသြားေနရင္း Martha နဲ႔ ေတြ႕ဆုံခဲ့ၾကၿပီး Thomas ဟာ Martha နဲ႔ ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Thomas နဲ႔ Martha တို႔ဟာ Bruce ကို ေမြးဖြားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ ေသဆုံးသြားကာ Bruce ဟာ မိဘမဲ့ ျဖစ္သြားခဲ့ပါတယ္။ Zatara ကလည္း အဲ့ဒီအျဖစ္အပ်က္ကို မတားဆီးလိုက္ႏိုင္တာေၾကာင့္ သူ႔ကိုယ္သူ အျပစ္တင္ကာ ေဂၚသမ္ၿမိဳ႕က ထြက္ခြာသြားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္က်ေတာ့မွ Zatara ဟာ Sindella နဲ႔ ေတြ႕ဆုံခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ လက္ထပ္လိုက္ကာ Zatanna ကို ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ သိပ္မၾကာခင္မွာပဲ Sindella ဟာလည္း ေသဆုံးသြားတာေၾကာင့္ Zatara ဟာ စိတ္ဓာတ္ေတြက်ၿပီး အရက္သမားလုံးလုံး ျဖစ္သြားခဲ့ပါတယ္။ ႏွစ္ေတြအမ်ားႀကီး ၾကာသြားတဲ့အခ်ိန္မွာေတာ့ အ႐ြယ္ေရာက္ေနတဲ့ Bruce ဟာ ထြက္ေျပးလြတ္ေျမာက္တဲ့ နည္းပညာနဲ႔ ပုံရိပ္ေယာင္ နည္းပညာေတြကို သင္ေပးဖို႔ လာေရာက္ အကူအညီေတာင္းခံခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွသာ Zatara ဟာ ပုံမွန္လူတစ္ေယာက္လို ျပန္ၿပီးျဖစ္လာခဲ့ပါတယ္။

ဒါကေတာ့ ေမွာ္ဆရာမေလး Zatanna နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular